Tuesday, June 17, 2014
--- မိုးတွေ ရွာလာ ပီ ဆိုရင် ---- တောသားပဲ ပြောကြပါစေ--- ရွာသားပဲ ပြောကြပါစေ ---- ဗျာ ----။ ကျွန်တော်ကတော့ အမေနဲ့  ရွာကို သိတ်လွမ်းတယ် ရွာကို အရမ်း လွမ်းတဲ့ရောဂါက ဖြောက်လို့  မရပါဘူး----- ရွာမှာ သာအေးတို့  မိထွေးတို့  နေလို့ ထိုင်လို့ ကောင်းကြရဲလားပေါ့ --- လူကြုံ ဖြစ်ဖြစ် ဖုန်းလေးဖြစ်ဖြစ် လာခဲ့ရင်တော့ မေးလိုက်ရတာအမေါ --- ကျွန်တော်ရွာက တောကျတယ်ပြောကြပါစေ ပြောပြော တကယ်တော့ ဘယ်သူဖြစ်ဖြစ် ကို့ ရွာဓလေ့ မမေ့မဖြောက် နိုင်ကြပါဘူး --- စကားတွေအားရပါးရပြောကြရင်း ညဘတ် ရေနွေးဝိုင်းကြီး နဲ့ အဖေါ်တွေပီးပြောကြတာ ပျှော်စရာ--- ခုခေတ်ဆိုတော့ အရက်ပေါ့ --- အရက်ဝိုင်းမှာ သာရေးနာရေးပြော ရှေးဟောင်းနှောင်းဖြစ်ပြောကြရင်း အိမ်ပြန်နောက်ကျတတ်စမြဲပါ----။ ---- ဒီအချိန် ကျွန်တော်တို့  ရွာမှာဆိုရင်တော့ ဗျာ----- မိုးကြီးရင် ညဘတ် ဖားတွေကောက်ကြရင်း သူငယ်ချင်းတွေ လူဆုပီး ချက်စားကြပါတယ်-- မနက် လယ်ထွန်ဘို့  အိမ်ပြန်နောက်ကျရင် --တွေ့ ရာ စပါးကျီ မှာအိပ်ကြရင်း သူငယ်ချင်းတွေ မခွဲခဲ့ကြပါဘူး------မိုးလင်းတော့လည်း လယ်နား ကိုင်းနီးတဲ့ သူငယ်ချင်း ထပ်တွေ့ ကြရင်း ကံသင်းစုံမှာ စကားတွေပြောကြ အလုပ်ကမတွင်ပါဘူး ---- မနက်စောစော ဘယ်လောက်ဖြုတ်ကိုက်ကိုက် ရွှ့ံတောထဲပဲ သွားနေရပါစေ မိုးလေးရွာပီဆိုအိမ်ကိုသတိရတယ် ဗျ ----လယ်ကံသင်း ထမင်းစားရတဲ့အရသာ ဘာနဲ့ မှမလဲနိုင်ပါဘူး -- လေလေးကတစ်ဖြူဖြူး နဲ့  စားရတာတစ်မျိုး ဗျ--- ရေသန့်  ဆပ်ပြာ မသုံးဖြစ် လယ်ရေမှာ မျက်နှာသစ် လယ်ရေနဲ့  လတ်ရေဆေး လယ်ထဲက ထွက်တဲ့ဆန်ကိုစား ကြီးပြင်းလာသူ ဆိုတော့ လည်း လယ်သမားကို ချစ်တယ် ----- လယ်သမားကိုလေးစားတယ်---။ ကျုပ်တို့  လယ်သမားတွေ ခင်ဗျားတို့ လို အစားအသောက် ကောင်းကောင်းကြီးတွေ မစားနိုင်ရှာပါဘူး---- အိမ်အကောင်း အခန်းကောင်းကောင်းမှာ အဲဂွန်းကြီးတွေနဲ့  မနေနိုင်ကြပါဘူး---- ကားတွေလည်းမစီးနိုင်ပါဘူး ဗျာ---ဒါပေမဲ့ ကျုပ်တို့ ပေးတဲ့ကံ ကျုပ်တို့ ဖြစ်လာတဲ့ ဘ၀တော့ ကျုပ်တို့ ပျှော်တယ်-- ဘာ့ကြောင်းများ ခင်းဗျားတို့  လယ်သမားတွေနိုမ်ချင်ကြတာလည်း---- လယ်တွေဘာ့ကြောင့်သိမ်းကြတာလည်း ဗျာ----ကျုပ်တို့  မြန်လူမျိုး တရားဒေသနာမှာ သေရင်ကို့ နောက်ပါသည့်ဆိုတာ မရှိ့ ပါဘူး --- ကျုပ်တို့ သေရင်လည်းဘာမှ မပါပါဘူး----- ကျုပ်တို့ ဘ၀ မျိုးဆတ်နောင်ရေးအတွက် ခင်ဗျားတို့ အတွက် အရေးမကြီးပေမဲ့ ကျုပ်တို့ က အရေးကြီးတယ်---- ကျုပ်တို့ ဘိုးဘွားပိုင်လယ်အလုပ် ကျုပ်တို့ အလုပ်ကလယ် ကျုပ်တို့ လုပ်တတ်တာ လယ် ---လယ်ထဲမှာ ဘ၀ကိုယ်တစ်လည်လည် အဆုံးသတ်ကြပေမဲ့ ကျုပ်တို့ လယ်သမားကျုပ်တို့ ပျှော်တယ်----- ကျုပ်တို့ တောသူတောင်သားဘ၀ ကျုပ်တို့  ပျှော်တယ်--- လယ်ထွန်ချိန်ရောက်တိုင်း ------ လယ်တောထဲ လယ်သမားမိသားစု တိုင်းက ဆင်းသတ်လာသူတိုင်း မိုးဦးကျတိုင်း သတိရကြပါတယ် ဗျာ----- လယ်သမားထိရင် နာတတ်ကြပါတယ်---- အမေနဲ့  ရွာကိုလွမ်းတယ်-- ခြံပေါက်နွားကြီးတွေကိုလည်း သတိရတယ်---- မိုးနံ့ လေးသင်းနေတဲ့ လယ်ကွပ် လေကောင်းလေသန့် ရတဲ့ ကံသင်းပေါ်မှာ ပြေးလွှားခဲ့တဲ့ ငယ်စဉ်ဘ၀ကို အရမ်းသတိရမိပါတယ် ဗျာ--------
Subscribe to:
Post Comments (Atom)
No comments:
Post a Comment