Wednesday, December 10, 2014

စီးပွားရေးသမားတွေက ငွေမတ်တယ် အစိုးရကအခွန်မတ်တယ် ချစားလဒ်စားတာနဲ့ တိုင်းပြည်လည်းအခွံ ဖြစ်တော့မယ်

မေခနဲ့ မလိခ ပေါင်းစည်း ပီးစီးဆင်းလာတဲ့ မြစ် ပေါက်ဖွားလာတဲ့ မြစ်----အဲဒါ ဧရာဝတီမြစ်တဲ့ ----
--
တစ်ဘို့ စား လူ့ ငနွား စီးပွားရေးသမားတွေက ငွေမတ်
အစိုးရက အကျင့်ပျတ် အခွန်မတ်
အခွန်အခွန် တိုင်းပြည်လည်း အခွံဖြစ်တော့ မယ်---
--
ဒီနှစ်ပြောင်းရမလား နောင်နှစ်ပြောင်းရမယ် တွေးစိတ်ကဖို
ကမ်းပါးတွေပြိုတော့  မြစ်ကြောင်းတွေတိမ်ကော ရေဒလဟောတတ် ပျတ်လိုက်တဲ့ သီးနှံ ----
သောင်တွေကထပ် ရွာအခြေပျတ်မို့ 
နေပူပူ ခြေရာထပ် နောင်အတွက်တော့ ကောင်းနိုင်ပမလား---
ဧရာဝတီ ဧရာဝတီ ခွင့်လွှတ်ပါ့ ဧရာဝတီ --ခောတ်ကြီးက အခွင့်အရေးကောင်း ငွေအကြောင်းပြောရင် အာဏာတတ်
လဒ်မစားပဲ နေနိုင်ပ --ဟိုလူကတိတ်တစ်ခိုး ဒီလူကတိတ်တစ်ခိုး  ကျိတ်ပိုးကာဂွင်စဉ်တော့ ---လုပ်ငန်းရှင်ကြီးတို့ ရေ အာဏာရှင်ကြီးတို့  တစ်ဖြေးဖြေးနဲ့နေဝင်ချိန်  ပိန်လိမ်ကစီးဆင်း သူကတော့သူအလုပ်သူလုပ် ပြည်သူကထမင်းတစ်လုပ် ချွေးသုတ်ကာ ရှောက်စမ်း  သောင်ပြင်က တဲတန်းစီ-----
( ရေးတော့ ရေးကြည့်တာပါပဲ မကောင်းရင် ဝေဖန်ပေးကြပါ)

No comments:

Post a Comment