Friday, September 27, 2013

ပြည်သူတွေ စီးကမ်းရှိပီလား ။ ကျုပ်တို့လိုချင်တဲ့ ဒီမိုကရေစီ နဲ့ ရော စီးကမ်းတစ်ကျနေ နိုင်ပီလား ။ ကျုပ်တို့နိုင်ငံက နိုင်ငံရေးသမား အခွင့်အရေးသမားက သိပ်ပေါ ဗျ။ ကျုပ်သိတဲ့ ဒီမိုကရေစီက စီးကမ်းပြည့်ဝ မှသာ တိုးတတ်မှာပါ။ ကျုပ်တို့ မြန်မာလူမျိုးက ပြောတော့ ဘုရား တရာ လုပ်လိုက်တော့ ဆောက်တစ်လွဲ ။ တရားသမားတွေ မယင်ငယ်နေတာ အများကြီး ။ ယုံမယုံတော့ မသ်ပါဘူး ။ အဖက်ဖက်က နုန်ချာနေတဲ့ ကျုပ်တို့နိုင်ငံမှာ ကိုယ်ကျိုးသမားကရှိပြန်ရော။ နိုင်ငံ စီးပွားရေးကို လတ်ဝါးကြီးအုပ်ထားတဲ့ ခရိုနီ လုပ်ငန်းရှင်တွေကများသား ဗျ။ ဦးတေဇ ကတော့ သူသစ်ခုတ်ခဲ့ လို့ ပရဟိတလုပ်ငန်းတွေနဲ့ အစားထိုးမယ်ဆိုပဲ။ အရင်တုန်းက ပြည်သူကိုထုတ်ထားတဲ့ သစ်ခုတ်ခြင်းဥပဒေ သစ်တစ်ပင်ခုတ်ထောင်သုံးနှစ် သူဘာလို့ ထောင်မကျ။ ဘဘ ကြီးတွေ နုတ်ကိုငွေနဲ့ ပိတ်ခဲ့ တာကိုး။ ထားပါ ။ ပီးခဲ့ ပါပီနော့ ။ မပီးသေးတာတွေ အများ ကြီး ။ ကျုပ်က သဘာဝဓါတ်ငွေ့ တွေဘာတွေတော့ နားမလည်ပါဘူး ။ တရုတ်ပြည်ကြီးကတော့ မီးတွေထိန်ထိန်သာနေတာ ဗျ။ အားကျစရာတော့ ကောင်းသား ဗျ။ ကျုပ်တို့နိုင်ငံက သဘာဝဓါတ်ငွေတွေ ၀ယ်ပီးလင်းနေတယ်ဆိုတာ ကလေးကအစ ခွေးအဆုံး အကုန်သိပါတယ်။ သိလဲသိသင့်ပါတယ် ဗျာ ။ ကျုပ်တို့ နိုင်ငံက ခုဆိုရင် မျက်စိ ကျနေတဲ့ နိုင်ငံတွေက အများကြီး ။ ဘဲဥလိုပေါ့။ အပေါ်ကတော့ ပြောင်နေပီ ။ အတွင်းအနှစ်တွေပဲရှိတော့တာကိုး ။ ယူကြတော့ ကျုပ်တို့မှာ ပညာရှင်တွေမှမရှိတာကိုး ။ ပညာရှင်တွေမွေးထုတ်မဲ့ကျောင်းတွေက ထရံကာ ဓနိမိုး ကောင်းကြရောဗျ။ သင်ရိုးညွှန်းက ဘလချာ ။ ငါ့သားလေး ကျောင်းပီး ရင်ဆိုက်ကား လှလှကြီးအဖေ၀ယ်ပေးမယ် ဆိုတဲ့ အဖေတွေကအများကြီး။ ကဲ ဘယ်လိုလုပ်ကြမလဲ လှည်းဘီးနွန် ထဲ ကျွံ နေသည်။ ဘာလုပ်ကြမတုန်း။

No comments:

Post a Comment