Monday, September 30, 2013

ပါတီတွေ တော် တော် များတဲ့ နိုင်ငံ ဆိုတော့ခေါင်းဆောင်ဖြစ် ချင်တဲ့ လူတွေများလို့ ပေါ့။ အားလုံးက ကိုယ်ကျိုးစွန့် ပီးတစ်ကယ် အလုပ် လုပ်မယ်ဆိုတာ ကို အပြောကြည့်ယုံ နဲ့ မရဘူးနော်။ ကျွန်တော် ဆရာကြီးလုပ်တာတော့ မဟုတ်ပါဘူး ။ မင်းသားကြီးလုပ်ပါဆိုရင် ပါတ်မကြီးထိုးဖေါက်မဲ့ လူစားမျိုးပါ။ ရှင်းရှင်းပြောရရင် မျောက်ဖိုးစိန်ပေါ့ ဗျာ။ ဘာလို့ လိုက်ထောက်ပြနေလဲ ဆိုရင် ကျွန့် တော် ၀ါသနာ ဗျ။ အမြင်မတော် ရင်ပြောချင်တယ်။ မဟုတ်တာ လုပ်တာတော့ မကြိုက်ဘူး ဗျ။ မှနအောင်တော့ နေကြည့် တယ်။ ထားပါ ။ အဓိက တော့ ခေါင်းဆောင်လုပ်ချင်တဲ့ လူတွေကို ပြောချင်တာ ။ ဗိုလ်အောင်ဒင် ပြတ်ဇတ်မှာ ခေါင်းဆောင်လုပ်ချင်ငါ့ လိုသေနတ်ပစ်တတ်အောင် ကျိုးစား တဲ့ ဗျာ ။ ဟုတ်တော့ ဟုတ်တယ် ဗျ။ မြန်မာ စကားပုံက များသား နော့ ။ သောက်တစ်လွဲ တွေပါပဲ ။ ပြောတိုင်း ဆောင်ပုဒ် ရှိ့တိုင်းသာ လုပ်ကြရင်တော့ ဗျာ ။ ကျုပ်တို့ တိုင်းပြည် မလေး ထိုင်း စင်ကာပူ တို့ ဆိုတာ စာရင်းထဲ တောင် ရှိမှာ မဟုတ်ဘူး ။ ဟိုတုန်းက မြန်မာကို အားကျတဲ့ နိုင်ငံ တွေ ဗျ။ ဘာ့ကြောင့် အောက်ကျ ကျန်ခဲ့ လဲ ဆိုရင် ခေါင်းဆောင်တွေ ခေါင်းရှောင်ကြ လို့ပါ ။ ကျုပ်တို့ ပြည်သူတွေ ဘယ်လောက် သနားဘို့ ကောင်း လဲ ။ တိုင်းတစ်ပါးသွား စီးပွားရှာနေကြတာ ။ ဘယ်လောက်အောက်ကျလဲ ။ ကိုတိုင်ကြုံ မှ သိကြမှာ။ မလေးမှာလဲ ဗမာ တွေ အသတ်ခံ လိုက်ကြရတာ ။ ခံရခက်ကြီး ဗျ။ အစိုးရအနေနဲ့ ပြည်သူကို အလုပ်နဲ့ ၀င်ငွေ ကုန်ဈေးနုန်း ထိန်းချုပ်ပေးနိုင်ရင်တော့ ဗျာ။ တစ်ချားနိုင်ငံ သွားနေစရာတောင်မလိုဘူး ။ ချမ်းသာလိုက်ကြ တာ ဗိုလ်ကြီးတွေ အိမ်တွေမှ ကျုပ်တို့ တစ်သတ်ရှာတောင် သူတို့အိမ်တစ်လုံးဘိုါ် မရနိုင်ပါဘူး ။ လတ်တစ်ဆုပ်စာ လူတစ်စုသာ ကောင်းစား ပီးပြည်သူကတောင်းစားနေရတာ မဖြစ်သင့်ပါဘူး ။ နိုင်ငံရေးလုပ်တာ ဘာ့ကြောင့်လဲ ဆိုတာကိုယ် လွှတ်တော်ဝန်ကြီးတွေကို မေးကြည့်ချင်ပါတယ်။ ကိုယ်လုပ်ခွင့်ရတဲ့ အချိန်လေး ချမ်းသာချင်လို့ လား ဒါမှမဟုတ် လွှတ်တော်ထဲ ၀င်ငိုက်ချင်လို့ လားဆိုတာကို မေးချင်ပါတယ် ဗျာ ။

No comments:

Post a Comment