Saturday, March 1, 2014

တစ်ခါ တစ်ခါကြတော လောက ကြီးက မတရားဘူးထင်ရတယ် ဗျ -- အသက်တစ်ရာ မနေရပေမဲ့ အမှု့ တစ်ရာတော့ ရင်ဆိုင်ကြရတာ ပါပဲ -- ကျွန်တော်မနက်စောစော ဗျ --အိမ်နောက်ဖေးမှာ ငှက်တွေကို အစာကျွေးတယ် ဗျ -- အစာကျွေးတယ်ဆိုတာလဲ ခွံ့  ကျွေးတာမဟုတ်ပါဘူး ဗန်းထဲ ထည့်ထား ပီး ၀ရမ်တာမှာ ချထားလိုက်ရော -- လာစား ကြတယ် ဗျ -- လာမစားပြန်ရင်လည်း စိတဲ တစ်မျိုးကြီး ဗျ -- လာစားတဲ့ ငှက်ကလေးတွေ ကြည့်ရင်းး ပျှော်တော့ ပျှော်စရာကောင်း ခွံ့  ကျွေးတဲ့ ငှက်ကလေးတွေ ရှိ့ သလို သူများစားမှာ မနာလိုတဲ့ ငှက်ကလေးတွေလည်း ရှိ့ ပြန်ရော လိုက်ခွပ်ကြတာ ညံလို့  --ထားပါ သတ်တ၀ါ ပဲ --။ သတ်တ၀ါတွေ တောင် လောဘ ဒေါသ မာန မကင်းကြတာ လူဆိုရင်ဝေးရော -------- လူတွေ မှာပိုပီး လောဘ ဒေါသ ပိုများကြပါတယ် -- မနက်ခင်းရဲ့  ပျှော်ရွှင်စရာတွေ ခံစားနေတုန်း မကြပါဘူး-----။ ညီလေး -- အကိုအော်တော့မယ် ကွာ တဲ့-- ဘာတုန်း ဦးလေးကလည်း မနက်အစော ကြီးရှိ့ သေး ဗျာ --မူးနေတယ် ထင်မှာ ပေါ့ -- ဘယ်လို အော်မှာတုန်း--။ ညီလေး-- VOA တို့  BBC တို့ ကိုသိလား ---- ။ --သိတာပေါ့ ဦးလေးရယ် အသံလွှင်ဌာန တွေလေ -- မနက်တိုင်း နားထောင်ဖြစ်ပါတယ်---။ အကို ရင်ဖွင့်ချင်လို့  --။ ဟာ ဦးလေးကလည်း ဘာတွေဖွင့်မှာတုန်း ကျွန်တော့်  ကိုယ်အရင်ဖွင့် ( အဲ ) ရင်ဖွင့် ဗျာ ---။ ညီလေး သိတဲ့ အတိုင်းလေ အကိုက ရွှေတောင်မြို့ နယ် ရွှေဟင်းသာ အုပ်စု စကားများ ရွာမှာနေတာလေ -- အကိုနာမည်က ညွန့် တင် စကားများရွာမှာ နေတာကြပီ--။ အကိုတို့ ရွာတွေက မြစ်ကြောင်းအရ ကမ်းပါးပြိုတာတွေ ရှိ့ တော့ မြေဂရမ် ရယ်လို့ အတိအကျ မရှိ့  ဘူးးး -- ကမ်းပါး ပြိုရင်ရွာပြောင်းရတာလေ--ထားပါ -- ။ အကိုအလုပ်က ( ၁၀) တောင် စက်တတ်လှေ လေးနဲ့  ရွာက ဈေးသယ် ခရီးသယ် လေးငါးခြောက်ရောက် လောက်ပို့ ရတယ်ပေါ့ -- ကိုင်းပေါ်ချိန်ဆိုရင် ကုန်စိမ်းတောင်းတွေ ပို့ ရတယ်ပေါ့ -- ဆီဘိုးနဲ့  စားစရိတ်သာသာ ပါပဲ -- အကိုတို့ လှေ က စက်တတ်မှ စက်လှေ လတ်နဲ့ လှော်လည်း ရတယ် ။ လေလံခွံက တော့ ဆွဲရတယ် ကွ ။ ရွှေတောင်မြို့ ယ် ပဒေသာရွာက ဦးညွန့် ဟန် -- ထုံးဘိုမြို့ က ဦးလေကို တို့ က လေလံဆွဲတယ်ကွ သူတို့ စီက ပဲ ပြန်စွဲရတယ်--။ အရင်တုန်းက လေလံဈေးက မသိသာဘူး -- ထုံးဘို စိပင်ဦးသန်းထွားဆိုသူ နဲ့ ပေါင်းပီး လေလံဈေးတွေတတ်ကုန်ပါရော -- တစ်နေ့ ခ တောင်မနဲ ရျာနေရတာ ကြာတော့ မပေးနိုင်တော့ ဘူး---အကိုတို့  မပေးချင်လို့ မဟုတ်ပါဘူး -- ဒီမိုကရေစီ ခေတ်ပဲကွာ အခွံတွေ လေလံတွေ ထားပါ -- ။ အကိုတို့ လို လမ်းပမ်းဆတ်သွယ်ရေး မကောင်းတဲ့ ရွာမျိုးကြ ကျမ်းမာရေး အရ သွားလာရေးအရ လှေဆိုတာ ရှိ့ မှလေ ။ အခွံဆောင်နေရတယ် ဆိုတာတော့ ကွာ မြန်မာ လူမျိုး မြန်မာနိုင်ငံသား မှတ်ပုံတင်ကိုင်ပီး နိုင်ငံသားတစ်ယောက်အနေနဲ့  လွတ်လပ်စွာ သွားလာခွင့် ရယ်လို့ ရှိ့ သင့်ပါတယ် ။ အကို ( ၁၀ ) တောင် စက်တတ်လှေလေးနဲ့  လိုင်းကြေးပေးပီး ဆွဲရတယ်ပေါ့ ။ အရင်နှစ်ကစပီး စားဘို့ နေနေသာ လိုင်းကြေးသာ ဦးစားပေးရှာနေရတော့ ဘယ်လိုမှ မကိုက်ဘူးကွ ။ လိုင်းစွဲရတာ လည်း ဘာပြေစာ ဘာဘောင်ချာမှ မပါပဲ ပါတ်ဆံပေးစွဲ ရတာ ခံရခက်ကြီးကွ ။ ဘာအာမခံချက်မှ မရှိ့ ပဲ နားလည်မှု့ ပေါ့ -- ။ အကိုတို့ လည်း ဘယ်လိုမှ နားမလည်နိုင်တော့ ဘူး ။ လှေစွဲတယ်ဆိုတာလည်း ရွာသားတွေ သွားရေး လာရေး ကျမ်းမာရေး တစ်ခါတစ်လေ ဆီဘိုးရှုံးပီး ပါတ်ဆံမရတဲ့ နေ့ တွေလည်း အများကြီး --ထားပါ အလုပ်မရှိ့ တော့ လည်း ရှိ့ တဲ့ အလုပ်ကလေး လုပ်ရတာကိုး -- ။ အရင်နှစ်က လိုင်းကျေးမပေးတော့ လေလံ ခေါင်း ညွန့် ဟန်တို့  လေကို တို့  ထုံးဘိုစီပင်နဲ့ ပေါင်းပီး ချိန်ခြောက်ပါရော -- ရဲနဲ့ လာလိုက် ပါးဆပ်နဲ့  ချိန်းခြောက်လိုက် အမျိုးမျိုးပေါ့ ကွာ ။ နောက်ဆုံးပန်းတောင်းမြို့ နယ် ပန်းတေင်းမှာ တရားစွဲကြရော - --စီပင်ပုဒ်မ နဲ့  စွဲတယ်ဆိုပါတော့ ကွာ ။ တစ်နှစ်ပါလုံးအမှု့ ရင်ဆိုင်ရတယ် ။ ပီးတော့လည်းပီးသွားတယ် ဒဏ်ငွေတစ်ထောင်နဲ့  ပီးသွားရော -- -။ တရားစီရင်ရေးကလည်း ကွာ ဒဏ်ငွေတစ်ထောင်ဖြစ်စေ ထောင်ချမည် ဖြစ်စေ အဲလောက်ကြီးတော့ အချန်မစွဲသင့်ဘူး -- အကိုတို့ မှာ လမ်းစရိတ် စားစရိတ် လူကြီးတွေ ကျွေးတာမွေးတာ ရှေ့ နေခတွေ နဲ့  နှစ်သိန်းကျော်လောက် ရှောသွားရော ။ အမှု့ ရင်ဆိုင်ရတာ နှစ်ယောက်နော် တစ်ယောက်နှစ်သိန်း ကျော် ။ တရားလို ဘတ်တော့ မသိတော့ဘူး -- ။ ပီးသွားတော့ လည်း အကိုတို့  လှေ လေးတော့ စွဲဖြစ်တယ်ကွ -- -။ ဒိနေ့ တော့ ထုံးဘို အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေ တို့ နဲ့  စီပင်သန်းထွားတို့  နဲ့  ပေါင်းပီး အကိုတို့ ကို ထုံးဘို အုပ်ချုပ်ရေးရုံးခေါ်ပါရော -- ။ ညွန်ဟန် နဲ့ လေကို ပေါ့ကွာ လာခေါ်တာတောင် တရားခံခေါ်နည်း ကား - ထားပါ -- ဘာမှန်းမသိ ရုံးရောက်တော့ အကိုနဲ့  အတူစွဲနေတဲ့ ကျော်ဝင်းရော နှစ်ရောက်စလုံး နောက်နေ့ လှေမထွက်ရတော့ ပါဘူး ဆိုပီး ထုံးဘို အုပ်ချုပ်ရေး ရုံးမှာ အတင်းလတ်မှတ် ထိုးခိုင်းတယ်ကွ ။ စင်းစားအုန်းမယ် ဆိုလည်း မရဘူး -- တိုင်မယ်တောမယ် ဆိုပဲ -- အိမ်က သားသမီး စားဝတ်နေရေးအသာထား နောက်တစ်ခါ အမှု့ ရင်ဆိုင်ရမယ်ဆိုတော့ လည်း တွေဝေ စရာကြီး -- ။ အကိုတို့  လတ်မှတ်ထိုး ခဲ့ ရပါတယ် စိတ်ထဲမပါတဲ့ လတ်မှတ် -- လူတစ်ရောက်ရဲ့  လွတ်လပ်စွာ သွားလာခွင့် ပိတ်ပင်တာ မတရားပါဘူး -- နိုင်ငံတော်အစိုး ရကိုမဲပေးခဲ့  တာ ၀န်ထမ်းနဲ့ ပေါင်းပီး ချစားမှု့  ပပြောက်အောင်ပါ ။ ဒီမိုကရေစီကို လိုလား လို့ ပါ ။ ကျွန်တော်တင်မဟုတ် ကျွန်တော်တို့  ရွာသားတွေရဲ့  ကျမ်းမာရေးအရ သွားလာရေးအရ သွားလာခွင့်ကို ဘာမှန်းမသိတဲ့လေလံ ဘာမှန်းမသိတဲ့ လိုင်းကြေး ဘာမှန်းမသိတဲ့အခွံ ဘာပြေစာ ဘာဘောင်ချာမှ မပါပဲ ပေးကမ်းနေရတာတွေ ပပြောက်သင့်ပါပီ ။ သမ်မတ ကြီးခင်ဗျား လူတစ်ရောက်ရဲ့  သွားလာ ခွင့်ကို အုပ်ချုပ်ရေးမှူး ၀န်ထမ်းနဲ့ ပေါင်းပီး တားမြစ်တာ ဒီမိုကရေစီ မကျပါဘူး- --- အောက်ခြေ နင်းပြား ပြည်သူတွေအပေါ် ခရိုနီစီးပွားရေးသမား တွေ ၀န်ထမ်းနဲ့ ပေါင်းပီး လဒ်စား ချစား မှု့ တွေကို တိုက်ဖျတ်ပေးပါ ။ ဒီမိုကရေ အုပ်ချုပ်ရေးဆိုပီး အောက်ခြေမှာ ချစားနေရင်တော့ ဗိုလ်ချုပ်ပြောသလို ဘယ်ပါတီ ဘယ်အစိုးရတတ်တတ် ဖာသည်လို တိုင်းပြည် ဖြစ်နေမှာပါပဲ----ခင်ဗျား ( ကျွန်တော်လည်း စိတ်မကောင်းရုံက လွဲပီး အကောင်းဆုံးအကြံ ဆိုလို့  --- ဦးလေး ---အော်သာ အော်တော့ ဗျာ-----)


No comments:

Post a Comment