Wednesday, March 26, 2014

သင်္ချာ နေ့ ကပေါ့ရှင်-------။ ကျွန်မက သင်္ချာဆိုတော်တော် တုန်း -- အမေက ဖင်လှန်ရိုက်ပီး ကျူရှင်တွေ ခဏခဏ ပို့ လို့ သာ သင်္ချာမှန်း သိတာ ---နောက် မို့ ဆို့  ဝေးသေး----။ မွေးရာပါ ဘီဇက ကိုတော်တော် တုန်းတာရှင့်--------- သင်္ချာကို ဘယ်လောက် မုန်းသလဲဆို ရင် အပေါင်း အနုတ်အမြောက် အစား ပါတာမှန်သမျှ ဘာမှကိုမလုပ်တာ ပါရှင် -------ကုသိုလ်ကံ ပါရမီ မပါတာ အမေမသိ ဘူး -- သူသိတာ စာမေးပွဲအောင်စေချင်တာ တစ်ခုတဲ ---- ထားပါရှင်---- ကျွန်မ တုန်းတာမပြောပါတော့ဘူး -- စာမေးပွဲ အစစ်ကြီးလည်းရောက်ရော အမေ က သူ့ သမီးလေး အောင်ပါစေ ဆိုပီး မငိုက်ရလေအောင် အချိုတစ်ပွဲ အချဉ်တစ်ပွဲ ဖွယ်ဖွယ်ရာရာတွေ ချက်ကျွေး ပြုတ်ကျွေးတယ် ရှင့်  ----- ကျွန်မ ကတော့ စားကောင်းသောက်ကောင်း ဟိုရေး ဒီရေး---သင်္ချာတွက်သရောင် ဘာရောင်ရောင်--အမေတို့ က ကျွန်မလောက် နားမလည်ကြတာ ကိုး----- စားလိုက် ငိုက်လိုက် ပေါ့ ရှင် ----။ စာမေးပွဲ ခန်းလည်း ရောက်ရော --- နားမလည် နိုင်တဲ့ မေးခွန်းတွေ ဖက်ပီး စိတ်ပျတ်နေမိတယ်-- မြန် မာနိုင်ငံ စာစစ်အဖွဲ့  ဦးနှောက်ကို တော်တော် လေးစားသွားတယ် --- ကျွန်မ မှ နာမလည် နိုင်တာကိုး---။ ဟိုကြည့် ဒီကြည့်ပေါ့ရှင် --- သူများတွေ ပြောတော့ မေးခွန်းသတ်တယ်ဆိုပဲ -- ဘာသတ်သတ် ဘယ်လိုသတ်သတ် ကျွန်မ မှ နားမလည် နိုင်တာ ကိုး --- မရှက်ပါဘူး ရှင်ပြော ပြ ရမှာပဲ ---- ကျွန်မဘေး ခုံက ကိုငုတ်တုတ် ကျွန်မ ထက်ဆိုးတဲ့ ကိုငုတ်တုတ် ကြီးပေါ့ -- မြန်မာ စာတောင် ငုတ်တုတ် ထိုင်သူလေ --- ထားပါ---ရှင်---။ အဖေါ် ရမလားလို့  သူ့ ကိုကြည့်တော့ ဒီနေ့ မှ ဖြေနေ လိုက်တာ အားရပါးရ ---။ ကျွန်မ အားတတ်သွားတာပေါ့ -- စာမေးပွဲ ဆိုတာ ဘေးကောင်းရင်လည်း အောင်တတ်တာကိုး --။ ကျွတ်ကလေး စုပ်ပီး ပြုံး ပြ လိုက်တယ် -- သူက လတ်တောင် အုပ်လိုက်သေးတယ်--။ မတူမတန်တဲ့ သဘောပေါ့ နော် --- ။ ကိုယ်က လိုချင်သူဆိုတော့ လည်း မျက်စာလေး ပစ်မေးလေး ထိုးပြတယ်---။ ကိုတော်ချောက မျက်မှောင်ကြီးကုတ်ပီး သူစာသူ ဆက်ရေးနေတယ် လေ --- ။ တော်တော် ပြောပေါက်ကတ်တယ် စာမရပါဘူး ဆိုမှ ----။ စာမေးပွဲ အချိန်ကလည်း တစ်ဝါတ်ကျိုးနေပီ ရှင့် --။ နောက်ဆုံး ကျိုးစားကြည့်တယ်--- ကျွတ်ကလေး စုပ် မေးလေး ထိုးပြတော့ ---- ကိုတော်ချောက အသံသြသြ ကြီးနဲ့  ပြန်ပြောတယ်ရှင့် ---- ။-- မောင်----- လို့  ခေါ်မှ စာပြ မယ်တဲ့ --။ အမလေးတော် စာမေးပွဲ မအောင်ချင်နေပါစေ -- နောက်နှစ်ပေါ့ -- ကိုမှာလည်း မာန ရှိ့ တာကိုး ။ စကားမပြောပဲ နှတ်ခမ်းဆူ ပီးနေလိုက်တယ်-- ။ သူ ကတော့ စာဆက်ရေးနေတယ်လေ ---- ။ သေချာစဉ်းစား တော့ ဒီတစ်ခါပဲ ခေါ်ရမှာလေ -- ဒီသင်္ချာလေး အောင်မှတ်လောက် ဖြေနိုင်တောင် နောက်နေ့  ဘာသာတွေ ကျွန်မ ဖြေနိုင်မှာပါ -- ။ အကြိမ်ကြိမ် စဉ်းစားပီး မောင်လို့  ခေါ်ဘို့ သဘောတူလိုက်တယ်---။ ---- အဲဒါနဲ့  --- မတိုးမကျယ် စာပြချင်စိတ်ရှိ့ သွားအောင် ခပ်ချွဲချွဲလေး ခေါ်ပစ်လိုက် တယ်လေ ----မောင်--။ ကိုတော်ချောက သူ့ ခေါနေတဲ့ သွားကြီး ဖြဲပီး ဟဲဟဲ တဲ့ --- ။ ပီးတော့ အသံသြသြ ကြီးနဲ့  --- မောင်လည်း မေးခွန်းတွေ ကူးချနေတာလေ ---- နေ့ တိုင်း ထိုင်ရတာ ပြင်းလို့ တဲ့ ---- ဟော့တော်--- ကို့ နှဖူး ကိုပြန်ရိုက်ပီး -------- သေ လိုက် ပါ တော့ ရှင် - - -- ။


No comments:

Post a Comment