Tuesday, April 8, 2014

ပြောရရင်တော့ အရှည်ကြီးပါ --- ကျွန်တော်နာမည် မောင်မေ့ -- မေ့ဆိုမှ တော်တော်မေ့ ပါတယ် ဗျာ -- ငယ်ငယ် ကကျောင်းသွားရင်စာအုပ်မေ့ ခဲတံမေ့ ဘော့ပင်မေ့ ဗျ ။ အမေက ဈေးဝယ်ခိုင်းရင်လည်း ဈေးဘိုးပေးဘို့ မေ့တဲ့ ကောင် ဗျ --။ အမေ့ကောင်း နော် ။ အသက်ကလေး ရ လာတော့လည်း လယ်ထွန်သွားနွားမေ့ သူ ဗျ ။ အိမ်က မိန်းမတောင် ခဏ ခဏ မေ့ကျန်တတ်လို့  ရွာကပေးထားတဲ့ နာမည်က ကိုမေ့ ဆိုပါတော့ ဗျာ ---- ။ ဖြစ်ပုံက ဒီလိုပါ ---- ။ လမ်းတွေလည်း စုံခဲ့ပါ တယ် လူတွေလည်း အများကြီးတွေ့  ခဲ့ တယ် အားလုံးက ပြုံးပီး ကြည့်ကြတယ် အားလုံးနဲ့  ငါ မဆိုင်သလို ပြုံးပြရင်း ----။ ရွာမှာ တစ်ပေါင်းလဆို ဘုရားပွဲက တစ်အားစည်ကား တာ ဗျ ။ ကျွန်တော်ရွာတောင်ပိုင်း ဘုရားပွဲပေါ့ ဗျာ ။ နဲနဲ တော့ လှန်းတယ် ဗျ ။ မနီးမဝေး လေးပေါ့ -- ။ ကျွန်တော်ကလည်း ပွဲ ဆိုဝါသနာပါသူ ကိုး ---- ငယ်ငယ်က ဘုရားပွဲမသွားရရင် ထမင်းမစားပဲ နေဘူးတယ် -- တစ်အားချစ်တဲ့ ဘကြီးက လိုက်ပို့ မယ်ဆိုပီး ထမင်းချော့ကျွေးလို့  စားတာ ဗျ ။ ---- ပွဲဝါသနာ အိုးပေါ့ ဗျာ -- ဒါတောင် ဆယ်တန်း မအောင်လို့  အောင်များအောင်ရင်ရွှေမန်းတင်မောင်တို့  လို အနုပညာ ကျောင်းတတ်မဲ့ သူ ဗျ ။ ထားပါ ---- ။ ပွဲဈေးကား တစ်အားစီတော့ ညတိုင်းမသွားရရင် အိပ်မပျှော်ပါဘူး -- ။ အခါတိုင်းညတွေ အိမ်က မိန်းမလုပ်သူက လိုက်တယ် ဗျ ။ ဒီည တော့ သူပွဲကိုက်လို့  တဲ့ ဗျာ ။ ပွဲနောက်ဆုံးည ဆိုတော့ ကျုပ်မှာ နေမရဘူး ဗျ ။ သွားချင်နေတာကိုး -- မိန်းမလုပ်သူ ကလည်း အဖေါ် ခေါ်မရတော့ အခတ်တွေ့ နေတာကိုး ---။ ကြံရာမရတော့လည်း ကျုပ်တစ်ရောက်ထဲ သွားမယ်ဆိုပီး မိန်းမကို ထားခဲ့တာပေါ့ ဗျာ -----။ တောဓလေ့ တောရွာဆိုတော့ အရမ်းပူ နွေအခါဆိုတော့ လည်း --ပူတာကိုး ။ လေပြေလေးနဲ့  ပွဲကြည့်ရရင် အရမ်းကောင်းပေါ့ -- ပွဲဈေးက ဆိုင်းသံကလည်း လာချင်အောင်ခေါ်နေသလား ကောင်း ဗျ ။ တစ်ယေက်ထဲ ပဲ ထွက်လာလိုက်တာ ရွာနောက်လမ်း ချောင်းဘေးက သွားရတာကိုး -- ပူလွန်းတော့ လည်း ရေမြင်တော့ ရေချိုးချင်တာနဲ့  ရေဆင်းချိုးရော ဗျ --- ။ တောရွာဆိုတော့ လည်း ရေအနက်ကို ဆင်းရင်း ပုဆိုးခေါင်းပေါင်း ပီး ရေချိုးကြတာကိုး ။ ကျွန်တော်က လည်း အပေါင်းအသင်းနည်းတော့ လည်း တစ်ယောက်ထဲ လွတ်လွတ်လပ်လပ် -- ။ရေချိုးလို့  ၀ မှပဲ ပွဲဈေး ဆတ်သွားတာပေါ့ ။ ဆိုင်းကလည်း ကောင်း ဗျာ ----- ။ ပွဲဈေးရောက်တော့ ပွဲထွက်တယ် ထင်ပါတယ် လူနည်းနည်းတော့ ပါးသွား တာကိုး ---။ လူတွေက ကျွန်တော်ကို ကြည့်ပီး ပြုံးကြတယ် ဗျ -- မဟုတ်မှလွဲရော မင်းသာနဲ့  များမှားနေသလားပေါ့ အလိုက်သင့် ပြန်ပြုံး ပြလိုက်တယ် --- ။ နေရာတိုင်းမှာ ပြုံးကြည့်နေကြတာ -- ရှက်လာတာပေါ့ ဗျာ ။ ပွဲဈေးခဏ ပတ်ပီး ပွဲထဲဝင်တော့ လည်း ပြု့းကြည့်နေလိုက်ကြတာ ဘာမှန်းကိုမသိပါ ဗျာ ။ ပွဲနောက်ဆုံးလည်း အဆင်မပြေ ဗျ ။ မင်းသားနဲ့ များ မှားနေသလား ပေါ့ ။ ဇတ်စင်ရှေ့  သွားကြည့် ပါရော ။ မင်းသမီးကလည်း အသံကောင်း ။ ဇတ်စင်ရှေ့ ဆိုတော့ မီးကလည်း ကောင်းတာကိုး ။ ဆင်ထောင့်လေး ကပ်ပီးကြည့်တယ်ဆိုရင်ပဲ ပရိတ်သတ်က ရယ်လိုက်ကြတာ ဗျာ -- ။ မင်းသမီးက ရယ်စရာမပြော ပဲ သူဟာသူ သီချင်းဆိုနေတာ ဗျ ။ ကျွန်တော်လည်း ရောရောင်ပီး ရယ်လိုက်တာပေါ့ ။ ပီးတော့ ကလားကါ ချလိုက်ရော ။ ဇတ်ဆင်ထည်က ဇတ်အဖွဲသားတွေ ကုလားကါ ပေါက်က လာလာ ချောင်းတယ် ဗျ ။ ပီးတော့ ပြုံးတယ် ။ ဇတ်ကလည်း ပြန်မထွက်သေးဘူး ပရိတ်သတ်ကလည်း တစ်ဟားဟား နဲ့  ရယ်လိုက်ကြတာ --။ ပွဲကြည့်ချင်ပါတယ်ဆိုမှ ကျုပ်ကို ၀ိုင်းအကြည့် ခံနေရတယ် ဗျ ။ ကြာတော့ ကျုပ်လည်း ပြန်ချင်လာတာ နဲ့  ပြန်လာပါရော ။ ပြန်လာတော့ လည်း ပြုံးပီးကြည့်တယ် ဟားတိုက်ရယ်ကြ တယ် -- ။ ဟော ဗျာ -----ဘာမှန်းကိုမသိ -- ။ မှန်ဆိုင်ရှေ့  ရောက်တယ်ဆိုရင် မင်းသားနဲ့  ဘာတွေတူနေလည်းလို့  ကြည့်မိပါတယ် --- ဟောဗျာ ။ ကျုပ်ဖွားဖတ်တော်က ပြူးကြည်ပီး ခေါင်းခါနေတယ် -- မှန်ဆိုင်ပိုင်ရှင်အဒေါ်ကြီးက ရယ်လိုက်တာ -- ပွဲဈေးတန်းထဲက လူတွေက ရယ်-- ဘာလုပ်လို့  ဘာကိုင်ရမှန်းမသိပါဘူး ။ ရှက်ရှက်နဲ့  ပြေးမိပြေးရာ ပြေးရော ဗျာ ။ လမ်းပေါ် စုန်ပြေးတာပေါ့ ။ လမ်းမှာလည်း ရယ်လိုက်ကြ ကျုပ်ဦးတည်ရာ ကျုပ်ပြေးတာပေါ့ ။ အိမ်ရောက်တော့ မိန်းမ က မီးအိမ်လေးနဲ့  ထွက်လာရော -- ကျုပ်ကတော့ မောတုန်း -- ။ ဟောတော် ကိုမေ့ လုပ်ချလိုက်ပြပီ --- သူက လတ်ညိုးထိုး ရယ်တာပေါ့ ဗျာ -- သူထိုးတဲ့ နေရာကြည့်မိမှ ဖွားဖတ်တော်က ရမ်းတုန်း ဗျ ။ ပြေးလာတဲ့ အချိန်နဲ့  ဆိုတော့ -- လည်း -- ကျုပ်လည်း ပုဆိုးဘယ်မှာ ထားခဲ့မိသလည်း ခေါင်းကုတ် စဉ်းစားမှပဲ ဟောဗျာ ကျုပ်ပုဆိုး ရေချိုးတုန်းက ခေါင်းမှာ ခုထက်ထိ ခေါင်းမှာ ရှိ့ တုန်းပါပဲ ဗျာ -- ----- ---

1 comment:

  1. Situs Judi Slot Online Deposit Pulsa Tanpa Potongan
    Situs Judi Slot Online Deposit Pulsa Tanpa Potongan. Deposit luckyclub.live pulsa terbaik & casino hanya. Daftar, mainkan, slot gacor, pragmatic play,

    ReplyDelete