Thursday, April 17, 2014

မင်္ဂလာ နှစ်သစ်မှာ ပျှော်ရွှင်ကြပါစေ ----------- ။ --တစ်နှစ်ကူး တိုင်း လူတွေလည်း ပျှော်မြူးကြပါတယ် -- ပျှော်ရွှင်ချင်းကို အသတ်လည်း ပျှော်သွားတဲ့ လူငယ်တွေ လည်း မနည်း ပါဘူး -- သင်္ကြန်ဆိုတာ တစ်နှစ်ပါတ်လုံး ဆိုးမိုက်ခဲ့တာတွေ ကို အတာရေနဲ့  ဆေးကြောကြတာပါ -- မြန်မာတို့ ရဲ့  ခါသင်္ကြန်ဆိုတာ တစ်နှစ်မှ လေး ရက် ၀ါနှစ်ခါထက်ရင် ငါးရ့က် လူငယ်တွေ အပျှော်က အားမရတတ်ကြပါဘူး ---လူငယ်တွေပဲ ဗျာ ပျှော်ကြရွှင်ကြ စနောက်ကြ အမုန်းတွေပွား ကြ ရန်မီးတွေ သောကတွေ အပူတွေနဲ့  သင်္ကြန်ရဲ့  အရသာက မအေးမြတော့ပါဘူး -- ချမ်းလာကြပါတယ် ကျောချမ်း ကြောက်ချမ်း တွေနဲ့  ။ အမျိုးသမီးတွေ ဆိုလည်း မြန်မာပြည် အရပ်ရပ်မှာ ချွတ်လိုက်ကြတာ အပြိုင်အဆိုင် ဖင်လိမ်ကသူက က နဲ့ ။ -- ကျုပ်တို့ ရဲ့  သင်္ကြန် ဟိုတစ်ချိန်က သံချပ်တွေ အပြိုင်အဆိုင် လူထုရဲ့  ခံစားနေရတဲ့ အပူကို သံချပ်ထိုး ရင်ဖွင့်ကြရင်း ငွေဖလားနဲ့  ရေပါတ်ကြတာ ပျှော်စရာပါ ။ ဘုန်းကြီးကျောင်းမှာ ဥပုဒ်သီလဆောက်တည်ရင်း သတ်သတ်လွတ်စားကြပါတယ် ။ ညစာရှောင်ကြပါတယ် -- ဆယ်ပါးသီလ ကိုလုံအောင်ထိန်းကြရင်း မြန်မာတို့  သင်္ကြန်က အေးမြလှပါတယ် ----- ခုတော့ ဗျာ ---- နိုင်ငံခြား တိုင်းတစ်ပါး သူတွေက မြန်မာရိုးရာဝတ်စုံနဲ့  ရေပါတ်ကြတာ ဂုဏ်ယူစရာပါ -- ကျုပ်တို့ မြန်မာ မတွေမှာ တော့ သံတိုင်ကြီးကိုပါတ်ပီး တွန့် လိန်ကနေလိုက်တာ ဗွီဒီယို ထဲကအတိုင်း -- ။ မင်းသမီး ဖြစ်ချင်ကြတယ်ပါတယ် ။ အနုပညာရှင်မင်းသမီးတွေက စလို့  ချွတ်တော့ အရိုင်းတောသူ တောဂေါ်လီမတွေ အားကျတာ မဆန်းပါဘူး ။ ယျဉ်ကျေးမှု့ တွေ ပြောက်ပါတော့မယ် --- အတာကူးတဲ့ နှစ်ဦး အမူးမပါပဲ မပျှော်ကြတော့ပါဘူး --အရက်ပုလင်းကြီး ခါးခြားထိုး အင်္ကျီကြီး ချွတ်ပီး ဖိုက်တာလုပ်ပီး ကနေလိုက်တာ ဗျာ -- ထားပါ ကိုယ်ပိုင်လွတ်လပ်ခွင့် ဘယ်သူကိုယ်မှ ဒု့က်ခ မပေးရင် ဒီမိုကရေစီ ပေါ့ ။ ဆိုင်ကယ်ကြီး ဗလူးဗလူး နဲ့ လမ်းသလားရင်း ၀င်တိုးမိရင်တော့ ဗျာ -- သေခဲ့ရင် ကျိုးခဲံ့ ရင်အားလုံးက အပူသောက အပူ တွေနဲ့  ကိုအတွက်နဲ့  သင်္ကြန်က သရုပ်ပျတ်ရပါတယ် --- အတာသင်္ကြန်ကြီး အောင်မြင်စွာ ပီးဆုံးသွားတော့လည်း မှု့ ခင်း သတင်းများမှာတော့ လူသတ်မှုတွေ ဆိုင်ကယ်မှောက်မှု့ တွေ ကားတိုက်မှု့ တွေ သွေးသံတွေက ရဲရဲ သွေးနဲ့ ဖြန်းတဲ့ အတာသင်္ကြန်လား ဗျာ ။ ဖေါ်ချွတ်တွေ များတဲ့ အတာသင်္ကြန်လား ဗျာ -- ပျှော်လိုက်ကြတာနော် ------ ။ --တစ်ခုထူးခြားတာက အခါကြီး ရက်ကြီး ပြည်သူတွေသားငါး သတ်တာရှောင်ကြပေမဲ့ သေစေနိုင်တဲ့ သေနတ်ကြီး လတ်နတ်ကြီးတွေနဲ့  ပစ်ခတ်နေကြတာ မြန်မာအစိုးရတတ်နဲ့  ကေအိုင်အေ စစ်တတ် --- ။ ဘယ်အညိုးတွေ ကိုယ်ကျိုးတွေ နဲ့  တိုက်နေကြတာလည်းဆိုတာ မသိပါဘူး ။ စစ်ပြေးပြည်သူတွေလည်း လူပါပဲ ပျှော်ချင်ကြမှာပါ ------။ FB မှာလည်း ဘာသာရေး အမုန်းပွားတဲ့ ရေးသားမှု့ တွေ မြင်မကောင်းပါပဲ ။ ကျုပ်တို့ မြန်မာပြည် အစစအရာရာ ပြု့ ပြင် ပြောင်းလဲနေချိန်မှာ တစ်ယောက်တစ်ပေါက် ဗျာ ။ နိုင်ငံရေးသမားက တစ်မျိုး ဘာသာရေးက တစ်မျိုး အခွင့်အရေးက တစ်မျိုး လယ်သိမ်းယာသိမ်းက တစ်မျိုး စစ်တွေက တစ်မျိုးနဲ့  တစ်နှစ်ကူးပြန်ပီပေါ့ -- ကျုပ်တို့ မြန်မာပြည်က ပေါက်ကွဲတော့မဲ့ ဗုံးကြီးလိုပဲ ဖြစ်နေပါပီ ။ အားလုံးသော ပြည်သူတွေ နှစ်သစ်မှာ ပျှော်ရွှင်စွာနဲ့  ဖြတ်သန်း ရင်း ငြိမ်းချမ်းရေးဆုတောင်းကြရအောင် -------- ယနေ့  နှစ်သစ်မှစ ရွေ့  ကျုပ်တို့  မြန်မာပြည် သောကအပူတွေ ကင်းဝေးပီး ငြမ်းချမ်းပါစေ ဗျာ ----

No comments:

Post a Comment