Sunday, April 27, 2014

ကျွန်တော်ကို ဦးလေးတစ်ယောက်က မေးဘူးတယ် ဗျ -----ငါ့တူကြီးရင် ဘာဝါသနာပါလဲ ဘာလုပ်မလဲ တဲ့ ---- ဘယ်သူကို ချစ်မှာလည်း တဲ့ --- ဗျာ ---အဲဒီ အရွယ်ကျွန်တော်တော် ငယ်ငယ် ကလေးဘ၀တုန်းကပါ -- အသက် ၈ နှစ် ၉ နှစ်လောက်က ဗျ ---။ ကျွန်တော်ကလည်း မွေးထဲက ရှာအရမ်း ရှည် အမေကတောင် ပြောသေး နင့်အဖေတောင် အဲလောက်မရှည်ဘူး တဲ့ --- ဟောဗျာ အရင်းမရှိ့ အဖျားမရှိ့  မရှည်နေပေါ့ အမေပဲသိမှာပေါ့ လို့ ပြန်ပြောလိုက်တာပေါ့ ------ ။ ကြီးလာတော့လည်း ပြန်မပြော နားမထောင် ဘယ်လောက်နားသတ်သာလိုက်လဲ ဟုတ်ကဲ့ပါ ဆိုပီးလမ်းဘေးမူးလဲနေတဲ့ အချိန်ကများတာကိုး ---- ။ အဲလိုပေါ့ သူမေးတဲ့ မေးခွန်းတွေကို ကျွန်တော် ၈ နှစ်အရွယ်က စိတ်စိတ်ရှည်ရှည် ရှာရှည်ရှည်နဲ့ ဖြေပေးလိုက်ပါတယ် ---- ။ ကျွန်တော်ကြီး ရင် ၀ါးစီကြီးကိုင်ပီး ဆေးပြင်းလိပ်ကြီး လတ်ကြားညုပ်ပီး မော်တော်ပီကယ်လုပ်ချင်တာပေါ့ ပြောလိုက်တယ် -- ကုသိုလ်လည်းရ ၀မ်းလည်းဝ လေ ။ အဖြူဝမ်းစပ်ကြီးနဲ့  အဝေးကကြည့်ရင် ဖိုးသူတော်ကြီး အလှူခံနေတယ်ပေါ့ ဗျာ ။ အဲဒါနဲ့  ဘယ်သူကို အချစ်ဆုံးလဲ ဆိုတော့လည်း ကျွန်တော်ဘကြီးကို အချစ်ဆုံးလို့  ပြောလိုက်တယ် -- ဟာကွာ မင်းကလည်း အမေမဟုတ်ဘူးလားတဲ့ -- ဦးလေးကလည်း ပေါ့ အမေလူဖြစ်အောင် အဘလုပ်ခဲ့လို့  လူဖြစ်ခဲ့တာလေ --- ကျွန်တော်ကလည်း တစ်လမ်းမောင်းသမား ဗျ --- ဦးလေးကလည်း အင်းဟုတ်ပါပီတဲ့ အဘနို့ ဘိုး ဘယ်လို ကြေအောင်ဆပ်မလည်း တဲ့ ဗျာ ။ သူကလည်း ကလေးနဲ့  တုပီး ကပ်မေးတာကိုး ။ ကျွန်တော်ကလည်း ဘယ်ရမလဲ အဘနို့ ဘိုး နေနေသာ အဘ ဘောတစ်လုံးဘိုးတောင် မကျေသေးပါဘူး ဦးလေးရယ် -- အဘ ဘောက အကြီးကြီးတွေလေ တစ်လုံးတစ်လုံး ထန်းသီးလုံးလောက်ရှိ့ တယ် ဗျ ---- ။ ဦးလေး လဲလတ်ဖျားခါသွားလောက်အောင် ရှာကရှည်တာကိုး --- ။ အဘကျေးဇူးတွေက ကျွန်တော်အပေါ်မနဲ ပါဘူး ---- အဘက ဆေးတွေဘာတွေ ဖေါ်တယ် ဗျ ။ လေဆေးတဲ့ ဗျာ -- ။ ကျွန်တော်တို့  ရွာနဲ့  နီးတဲ့မြို့ မှာ ဆေးဖေါ်ဘို့ သွားဝယ်ရင် ကျွန်တော် အမြဲပါနေကြ ဗျ --- နွယ်ချိုတို့  လေးညှင်းတို့  အစုံပါပဲ ဗျာ ။ အဘက စာအုပ်ကြီးသမား ဆိုတော့ ဆေးစာအတိုင်း ဖေါ်ရတာကိုး ---------- လေဆေးကို မိသားစု စားဘို့ ဆိုပီး တစ်နှစ်စာ ဖေါ်ရတယ်လေ ----- ။ အဘက ဆေးလိုက်တယ်ပဲ ပြောရမလား ခွေး ကိုက်ရင်လည်း မန်းပေးနေကြ ဂါတာက ဥုံ ဥုံ ဥုံ နဲ့ ၀မ်းခေါင်းသံကြီးနဲ့ ဆိုတော့ သတွေးတွေ စင်တာကိုး --- ဒါပေမဲ့ ပြောက်သွားတတ်တယ် ---- ဆေးဖေါ်ပီးရင် သူအရင်စားတယ် ပီးရင်အမေကြီးကိုကျွေးတယ် ကောင်းတယ်လို့ ပြောရင် တစ်မိသားစုလုံးကျွေးတယ် ဗျ ------- ပီးရင်တော့ အဘလေဆေး လေအောင်တယ်ပဲ ပြောရမှာကိုး-----တစ်မိသားစုလုံး ဘဲဥသာစားလိုက်ရရင်တော့ ဗျာ ပြောမနေနဲ့ တော့ နံလိုက်မဲ့ တစ်မိသားစုလုံး -- အဘက အဲလို ငယ်ငယ်က သူ့ ဘောကြီးမမ ပီး ဂျွန်းထိုးသင်ပေးတာတွေ သူ့ ဘောာကြီးမပီး သိုင်းသင်ပေးတာတွေ ကျွန်တော်ဘကြီး ကျေးဇူးတွေမနဲ့  ပါဘူး ။ တစ်ခုရှိ့  တာက ကျွန်တော် ဘကြီး သေသာသွားတယ် ဆိုင်ကယ်အရမ်းစီးချင်တာ ဗျ ။ သူဘောကြီးနဲ့  ဘယ်လို့ စီးမရပါဘူး သေသာသွားတယ် ဆိုင်ကယ် မစီးလိုက်ရပါဘူး ဗျာ ။ ----- ၁၃၆၅ တန်ဆောင်မုန်းလဆန်း လပြည့်ကျော် ၁ ရက်နေ့  သူခိုးလေး ညမှာ ဆေးဘတ်ဝင်မယ်ဇလီဖူး သုတ်စားပီး ဦးနှောက်ကျောပြတ်ပီး ဆုံးသွားပါတယ် ။ မြေးထဲက အဘအချစ်ဆုံးမြေးတစ်ယောက်အနေနဲ့  အဘရဲ့  နို့ တစ်လုံးဘိုး မပြောနဲ့  ဘောတစ်လုံးဘိုးတောင်ကျွန်တော်မကျေသေးပါဘူး ဗျာ -- အမေ့ နို့ ဘိုး ကျေအောင် ဆပ်နိုင်ဘို့ ဝေး ကျွန်တော် မြေးဆိုးသားဆိုး ခုအချိန်ထိ ဆိုးမိုက်တုန်း ပါပဲ ဗျာ --------


No comments:

Post a Comment