Sunday, September 29, 2013
တောမှာ ဆိုရင် နိုင်ငံရေးဆို ဝေးဝေးကရှောင်ကြတယ် ဗျ။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ တောင်သူလယ်သမားတွေ ကိုး။ မနက်မိုးလင်းထွန်းတုန်းတပ် လယ်ထဲဆင်း ပြန်လာရင်မိသားစု နဲ့ နွေးနွေးထွေးထွေးနေ တောသားဘ၀ပဲ ရိုးရှင်းပါတယ်။ နိုင်ငံရေးဆို ဝေးဝေး ။ ဘီဘီစီ နားထောင်ရင် ထောက်လှမ်းရေးက လာချောင်းတော့မလို ဦးသန်းရွှေပုံသွင်းခဲ့ တဲ့ စနစ်အောက်မှာ နေခဲ့ ကြရတာကိုး ။ လုပ်အားပေး ဒဏ်ငွေရိုက်မယ် ဆိုတိုင်းကြောက်လန့် ပီး သွားလိုက်ကြရတာ။ ပေါ်တာ ဆိုလဲ ကြောက်လိုက်ကြတာ ကောက်ရိုးပုံ သွားတောင်အိပ်ကြတာလေ။ တောသားရိုးပါတယ်။ ခောတ်စနစ်ရဲ့ ချယ်လှယ်မှု့ အောက်မှာ အခွင့်အရေးဆို တာ တစ်ခုမှ နားမလည်။ လူ့ အခွင့်အရေး ကိုယ်ပိုင်အခွင့် အရေးတွေဆုံးရှုံး ခဲ့ ကြတယ်။ ထမင်းသုံးနပ်ပုံမှန်စားရရင်တော်ပီ ဆိုပီး နုန်အခဲ့ ကြတယ်။ ခုတော့ ခောတ်တွေပြောင်းပီ ဗျ။ ပြောင်းလဲလာတဲ့ ခောတ်နဲ့ အညီ စီးကမ်းရှိ့ဘို့လိုအပ်လာကြပါ ပီ။ အားလုံးသောပြည်သူတွေ စီးကမ်းရှိပီလား ။ လူ့အခွင့်အရေး ကိုယ်ပိုင်အခွင့်အရေးရှိတယ်ဆိုတိုင်း စီးကမ်းမရှိ့ကြရင်လည်း တိုင်းပြည်တိုးတတ်မှု့ မှာ နှောင့်နှေးပါလိမ့် မယ်။ လူအခွင့်အရေးဆိုတာကတော့ ဗျာ ကိုလုပ်ချင်တာ တားမြစ်ခံရရင် လူ့အခွင့်အရေးနဲ့ မညီပါဘူး ။ ဥပဒေနဲ့ လွတ်ကင်းသည် ဖြစ်စေ မလွတ်ကင်းသည်ဖြစ် စေ ကိုလုပ်တာ ကိုယ်ခံရဲ ရမယ်။ ဥပဒေတွေက ချမှတ် ထားမှာပါ။ လွတ်လပ်စွာနေ မိုက်လေကြုက်လေ ဗျ။ စီးကမ်းကအရေးကြီး ပြန်ရော။ ကျောင်းတွေ မှာ ချိတ်ထားတဲ့ ဆောင်ပုတ်တွေက စိတ်ဓါတ်စီးကမ်း ပညာ ဆိုပဲ။ ကျောင်းဆရာ ဆရာမ တွေ ကလေးတွေကို စီးကမ်းကောင်းအောင်သင်နိုင်မှ သင်ရိုးညွှန်းစနစ်သစ်ပြောင်းမှ သာ နောင်အနာဂါတ် ကျုပ်တို့ မျိုးဆက်လတ် တိုင်းပြည်က တိုးတတ်မှာ ပါ။ ကျုပ်တို့ စနစ်ဆိုး မှာ အခွင့် အရေးတွေဆုံး ရှုံး ခဲ့ ပေမယ် နောင်လာမဲ့ကျုပ်တို့ မျိုးဆက်တော့ လူ့အခွင့် အရေးတွေ မဆုံးရှုံးစေချင်ပါဘူး။
Subscribe to:
Post Comments (Atom)
မှန်တယ်ဗျို့ 
ReplyDelete