Tuesday, January 7, 2014

ရန်ကုန်ဆိုတာ က တစ်နေ့ စရိတ်တစ်နေ့  သိသာလှပါတယ်။ စက်ရုံ အလုပ်တစ်ခုရဘို့  များ ဗျာ ။ တောမှာဆိုရင် ပုဆိုး လည်ပင်းသိုင်းပီး လိုက်သွားရုံပါပဲ မဟုတ်လား ။ ခုတော့ ဗျာ လေဘာတွေ ရော ထောက်ခံစာတွေရော စုံလို့  ။ စက်မှု့ စုံ လမ်းတွေ အလွတ်ကျက်ရင်း စက်ရုံတွေ တိုင်းကို လိုက်ကြည့်ရတာအမော ။ အထည်ချုပ်စက်ရုံ ဖိနပ်စက်ရုံတွေ ပေါတော့ အမျိုးသမီးတွေ နေရာရတယ် ဗျ ။ အလုပ်ခေါ်တဲ့ ဆိုင်းဘုတ်တွေ ကြည့်လိုက်ရင် ( ၀န်ထမ်းအလို ရှိ့ သည် --။ လုံချုံရေး --ကျား/ ၅ ဦး ။ အထွေထွေ အမျိုးသမီး ဘွဲ့ တစ်ခုခုရ ( ၅၀) ဦး ။ ရုပ်ရည်ချောမောပြေပြစ်ပီး ဆက်ဆံရေး ကောင်းမွန်သူ ဦးစားပေးမည် ) ။ ဟော ဗျာ ကျုပ်တို့ ယောက်ျားတွေ လုံချုံရေးလောက် ပေါ့ ဗျာ ။ ချိုချဉ်စက်ရုံ သကြားကြို ရုံနဲ့  သံရည်ကြို စက်ရုံ ဘီယာ ဆိုင်စားပွဲထိုး အကြမ်းအလုပ်များအတွက်သာ ယောက်ကျားလေး ခေါ်ကြ ပြောကြတာ ။ စက်ရုံလစာ နဲ့ ယေက်ျားလေး အသုံးစရိတ်က မလောက်နိုင်တာကိုး ။ ပါတ်ဆံများများကိုင်ချင် အကြမ်းအလုပ်ပေါ့ ။ ရန်ကုန်ရောက်ကာစ ဆိုတော့လည်း အဆက်အသွယ်မှ မရှိ့ သေးတော့ စက်ရုံအလုပ်ပဲ လုပ်မယ်ပေါ့ ။ တစ်နေကုန် စက်မှု့ ဇုန် မရိုးနိုင်အောင် လမ်းလျှောက်ရင်း ခေါ်လေမလားဆိုပီး လိုက်ကြည့်ရတာအမော ဗျ ။ စက်ရုံတစ်ရုံ အလုပ်လျှောက်တာ အင်တာ ဗျူးပါသေးတယ် ။ လျှောက်တာက လည်း မတ်မတ်မောမော ဟုတ်ဘူးဗျ ။ ဥယျဉ်မှူး ခေါ်တာဗျ ။ စက်ရုံက ပလပ်စတစ် ခုံတို ဘာတို့ လုပ်တဲ့ စက်ရုံ ဗျ ။ ဥယျဉ်မှူးခေါ်တယ်ဆိုတော့ လည်း ထူးတော့ထူးဆန်း ဗျ ။ ဥယျဉ်မှူး အထွေထွေ အလိုရှိ့ သည် ။ ကျား ( ၃ ) ဦး ။ ရုပ်ရည်အသင့်အတင့်ရှိ့ ရမည် ။ ( ၁၀ ) တန်းအောင်မြင်ပီး လုပ်ငန်းအတွေ့ အကြုံ ရှိ့ သူ ဦးစားပေးမည်။ ဟောဗျာ မြန်မာနိုင်ငံ ခေတ်ကြီးက လည်း ပညာရေးကို မြှင့်တင်နေပါလား ။ အံ့သြမိတာကိုး ။ နောက်ဆိုရင် ( ၁၀ ) အောင် ဘွဲ့ ရ ဆိုက်ကားသမားတောင်ရွေးစီးကြမလား မသိဘူးနော် ။ ထားပါ ။ အင်တာ ဗျူး ၀င်ဆိုတော့လည်း အလုပ်ပဲ ရ လေမလားပေါ့ ။ ဥယျဉ်မှူး ခေါ်တယ်ဆိုတော့ ကိုကလည်း တောသားဆိုတော့ လုပ်နိုင်တာကိုး ။ သူမေးသမျှတော့ ဖြေနိုင်မှာ ပဲလေ ။ ဘာစိုက်မလဲ လာပေါ့ ဗျာ ။ ပြည်သူတွေ စားသုံးနေတဲ့ စပါးတောင် စိုက်နေတာ ကျန်တဲ့ အပင်လာ ကြိုက်သလို လာ စိုက်နိုင်တာကိုး ။ ကျုပ်အလှည့် ရောက်တယ်ဆိုရင်ပဲ ကြောက်တာကိုး ။ အင်တာဗျူး အတွေ့ အကြုံ လည်းမရှိ့ လေတော့ ရင်တော့ခုန်တာပေါ့ ။ ပါတဲ့ ပါတ်ဆံက ပြတ်တော့မယ်လေ ။ အလုပ်ကလေးတစ်ခုတော့ လိုချင်တာကိုး ။ ရုံးခန်းတယ် ၀င်သွားတယ်ဆိုရင်ပဲ ။ စကားမပီ တဲ့တရုတ်ကြီး ဗျ ။ နှဖူးကပြောင်တော့ မျက်နှာချိုတယ် ထင်ရတာကိုး ။ ရယ်စရာကြီးလေ ။ သူကပဲ မိတ်ဆတ်တယ် ဗျ ။ ကျုပ်ဖေါင်တွေ စာရွက်တွေ သူလှန်ဖတ်ရင်း မီးက အလုပ်ကို တစ်ကယ်လုပ်မှာလားတဲ့ ။ ကျွန်တော်ကလည်း လုပ်မယ်ပေါ့ ။ မျှော်မှန်းလစာ ဘယ်လောက်လိုချင်လဲ ဆိုလာပြန်ရော ။ မြန်မာပြည်မှာနေပါများတဲ့ တရုတ်ကြီးဆိုတော့ စကားသာမပီတာ အကုန်သိ ။ ဦးသန်းရွှေ မွေးနေ့ တောင်သိရင်သိနေမှာ ဗျ ။ ကျုပ်ကလည်း စက်ရုံကပေးမဲ့ လစာရရင်တော်ပီပေါ့ ။ တရုတ်ကြီးသဘောကျသွားတယ် ထင်ပါတယ် ။ ပြောင်နေတဲ့ နှဖူးကို ကိုင်ရင်း လုပ်ငန်းအတွေ့ အကြုံ ရှိ့ လား တဲ့ ။ ဟဟား ကျုပ်ဆိုတဲ့ ကောင်စိုက်ပျိုးရေးနဲ့  ပါတ်သတ်လို့  ဘွဲ့ သာမရတာ မျိုးရိုးအလိုက် လုပ်လာတဲ့ လုပ်ငန်းလေ ။ ပြောပြတာကိုး ။ စပါးကိုဘယ် လိုစိုက်တယ် နွားကိုဘယ်လိုမောင်းတယ် ထယ်ပြန်ပါတ်ပီးမှ ထယ်ထိုးရတဲ့အကြောင်း ပျိုးခင်းကို မိုးလေးဖွဲဖွဲကျမှ ကျဲရတဲ့အကြောင်း ရေများရင် မျိုးစပါးတွေ ရေနဲ့ မျောပါနိုင်ကြောင်း ဖြုတ်ကိုက်ကြောင်း ချင်ပါကိုက်ကြောင်း ရှင်းပြတာပေါ့ ။ သူကလည်း သဘောကျတယ် ထင်ပါတယ် ။ခေါင်းညှိန့် နေတာကိုး ။ ပြောအားရှိ့ တော့လည်း စပါးသိမ်းတာက အစအကုန်ပြောပြလိုက်တာပေါ့ ။ တရုတ်ကြီးကပဲ ဒီစက်ရုံမှာ အထွေထွေ အကုန်လုပ်ရမှာတဲ့ ။ အင်းပေါ့ ။ လစာကောင်းရင်တော့ လုပ်ရ လုပ်ရလေ ။ တရုတ်ကြီးကပဲ စက်ရုံ ကပေးတဲ့လစာက အစမ်းခန့် မှာ ( ၂၅၀၀၀) တဲ့ ။ လေးလ ပါမစ်နစ်ရမှ တိုးပေးမှာ တဲ့ ။ ကျုပ် မျက်လုံးပြူးသွားတော့ ။ အဆောင်ခတင် ( ၁၃၀၀၀ ) ဧည့်စာရင်းက တစ်ပါတ်သုံးရာ ဗျ ။ စားစရိတ်က ဆီနဲ့ ဆားနဲ့ စားတောင် မိန်းကလေးဆိုရင် တော့ပြတ်စီးမဲ့ပုံ ဗျ ။ အလုပ်ရရင်မဆိုးဘူးပေါ့ ။ ဖြစ်သမျှအကြောင်းအကောင်း ။ တရုတ်ကြီးကပဲ နှပ်ချီးကော်ရင်း နောက်နေ့  အောင်စာရင်း ချိတ်မယ် ဆိုပဲ ။ စက်ရုံက ပြန်ထွက်တယ်ဆိုရင်ပဲ ။ ဥယျဉ်နဲ့  တူတာမတွေ့  ။ ဘယ်ဟာကိုစိုက်ခိုင်းပီး ဘယ်ဟာလုပ်ခိုင်းမှာလည်း မတွေးနိုင်ပါဘူး ။ အဲလိုဗျ ။ အလုပ်လျှောက်တဲ့ သူချင်းမေးကြည့်တော့ ခေါ်တာသာ ဥယျဉ်မှူး ပီးရင်အကုန်ခိုင်းတာကွ ။ အထွေထွေပါ ပါတယ်တွေ့ လား ။ မင်းကိုခိုင်းပြပါလိမ့်မယ် တရုတ်တွေက မိန်းကလေးတွေသာ မျက်နှာသာ ပေးတာ ။ ကျားဆိုရင်တော့ ကွာ ထမင်းတောင် လမ်းလျှောက်ရင်းမစားရ ကံကောင်းတဲ့ ဗျ ။ အော်ရန်ကုန် ရန်ကုန် ။ ( ဆတ်ရန် )


No comments:

Post a Comment