Thursday, January 16, 2014

ရန်ကုန်မှာ နေပါများတော့လည်း ဗျာ --ကား ကြပ်ကြပ်မှာ တွယ်စီးတတ်လာပီ ခိုးစီးတတ်လာပါပီ ။ လူကြပ်ကြပ်မှာနေရသလို အခန်းကြပ်ကြပ်မှာ အိပ်တတ်လာပါပီ ။ ထူးခြားတာက အဆောင်မှာရေချိုးရဲလာပါပီ ။ လူတောသူတော စကားပြောရဲလာသလို လူပါးလဲဝလာတာကိုး ။ ရွာမှာဆိုရင်တော့ ဗျာ -- လူကြားထဲ စကားဝင်မပြောရဲဘူး ဗျ ။ လူတောမတိုးရဲ ဘူးပဲပြောကြပါစေတော့ ။ သ၊ီချင်းကတော့ ဆိုရဲတယ် ။ လူတော့ထဲစကားဝင်မပြောရဲ တဲ့ဆိုးကျိုးကတော့ ဗျာ စကားပြောရမှာကြောက်တတ်လာပီး စကားတွေ ထစ်လာတတ်တယ် ဗျ။ ပြောရဲဆိုရဲ ရှိမှလည်း စကားမထစ်တော့ မှာ ။ ရန်ကုန်မှာ နေတာတစ်လ လောက်ပဲရှိသေးတယ် လူကတော့ ဘာမှဖြစ်မလာဘူး ဗျ ။ စက်မှု့ ဇုန်ထဲတော့ သွားတတ်လာတတ်နေပါပီ ။ အင်တာ ဗျူးမေးတဲ့ မန်နေဂျာတရုတ်ကြီးတွေရဲ့  မေးခွန်းကိုမထစ်မငေါ့ ဖြေတတ်ပီ ။ လူက ကြွဆောင်းဆောင်းနဲ့  ရွာစရိုက်ပြောက်ပီး ပဲများတတ်လာခဲ့ပီ ။ ပါတ်ဆံကတော့ မရှိ့  ။ ဒီလိုပါပဲဗျာ ။ လူဆိုတာ ရှိ့ တာလေးနဲ့  ရောင့်ရဲပီး နေတတ်ရင်လူဖြစ်တာပဲနော့ ။ ထားပါ အလုပ်မရှိ့  အလုပ်မရလို့  ပါတ်ဆံမရပေါ့ ။ ဘ၀ထဲ အကြာကြီးနေရအုန်းမှာပဲ အေးအေးဆေးဆေးပေါ့ ။ ဆားပလင်းနှင်းမောင် လိုဆေးပြင်းလိပ်ကြီးဘေးတစ်ဆောင်းကိုက် ၀င်းဦးလို ဟားတိုက်ရယ်လိုက်ချင်ပါတယ် ။ အလုပ်က လိုက်လေပြေးလေ ဗျ ။ အလုပ်နောက်လိုက်တော့ မရဘူးဗျ ။ မလိုက်ပဲနေတော့လည်း အဆောင်သူငယ်ချင်းတစ်ယောက်ရဲ့  စက်ရုံက လူလိုတယ်တဲ့ ။ လိုက်ပေါ့ ။ တစ်ခါတည်း ခန့် တာ ဗျ ။ အမွှေးတိုင် ဖရောင်းတိုင်စက်ရုံပေါ့ ။ ၀င်းဝင်း စက်ရုံ ဗျ ။ အကြမ်းသမားပေါ့ ။ တစ်နေ့  ၁၂၀၀ နေ့ စား အစမ်းခန့်  တစ်လ တဲ့ ဗျ ။ အလုပ်မရှိ့ တာနဲ့  စာရင်အလုပ်ရတယ်ပေါ့ ။ လမ်းလျှောက်ရတာတော့ ဝေးလိုက်တာ ဗျာ ။ အဆောင်နဲ့ ဆို ( ၂ ) မိုင်လောက်ရှိ့ တယ် ။ တစ်ခါတစ်ခါလည်း အမေ့ကိုတမိပါတယ် ။ ရွာမှာ လယ်ထွန်တာက ခရီးနီးတော့မသိသာပါဘူး ။ စက်ရုံကတော့ ဝေးတော့ လမ်းလျှောက်ရတာ သိတ်ပင်ပန်း ။ အလုပ်က ပြန်လာရင်ဘာမှမလုပ်ချင်လောက်အောင် ။ လူက ပြင်းလို့ လားမသိပါဘူး ။ ဒါပေမဲ့ ကျုပ်စားစရိတ်နဲ့  ကျုပ်ဘ၀တော့ ရပ်တည်နိုင်တယ်လေ ။ အိမ်ကိုတော့ ပါတ်ဆံပို့ ဘို့ နေနေသာသာ မိန်းကလေးဆို ဖာဖြစ်မဲ့ လစာလေဗျာ ။ ထားပါ မြန်မာပြည်ရဲ့  အစိုးရကလည်း အလုပ်သမားဘတ်က မရပ်တည်ခဲ့ တာကိုး ။ အလုပ်သမားတွေ ရုပ်ရုပ်လုပ်မှ အလုပ်သမားရေးရာတွေလာပီးပွစိ ပွစိ ပြောပီး ပိးသွားတာပါပဲ ။ ၂ကျပ်တိုး ၃ကျပ်တိုးပေါ့ ဗျာ ။ ကျုပ်မကောင်းပြောတာ မဟုတ်ဘူး ဗျ ။ တစ်ကယ်ဖြစ်နေတာ ။ အလုပ်သမားတိုင်းသာ အခွင့်အရေးအပြည့်အ၀ ရခဲ့ရင် မြန်မာပြည် မာဆတ်တို့  KTV ဘယ်ပေါ်တော့ မလဲဗျာ ။ ခေတ်ကကို ဖာခေတ် ဖြစ်နေတာ ။ ထားပါ ။ ရတဲ့လစာလေးနဲ့  နေလာပီး ဟိုဟာပေါင်ဒီဟာပေါင်နဲ့  အဆောင်ခလေး ပေးပေါ့ ဗျာ ။ ဒါပေမဲ့ ကျုပ်ကံဆိုးလာခဲ့ တယ်ဆိုပါတော့ ။ စက်တင်ဘာ ရွှေဝါရောင်သံဃာ အရေးအခင်းဆိုတာကြီးပေါ်လာရော ဗျ ။ အလုပ်တစ်ဖပ်နဲ့  ဆိုတော့ လည်း ပေါက်ပေါက်၀၀တော့ ကြားတာပေါ့ ။ ရန်ကုန်မှာတော့ အစိုးဆုံးပေါ့ ။ ဆူးလေ မြို့ ထဲဘတ်ပေါ့ ဗျာ ။ ကျုပ်တို့ က လှိုင်သာယာဆိုတော့လည်း ဝေးတယ်ဗျ ။ ဒါပေမဲ့ ဘုရင်နောင် တံတား အောင်ဇေယျ ကြိုးတံတား ရွှေပြည်သာ တံတားတွေက (၁၀)နာရီ ကျော်တာနဲ့  စစ်သားတွေအပြည့်  ။ ကျုပ်တို့ အလုပ်သမားတွေက ဘာမှမသိဘာမှမဟုတ်ပဲ အလုပ်နားရတယ်ဗျ ။ စက်ရုံတွေဆူပူမှာဆိုးလို့ ထင်ပါတယ် ။ ကုန်ဈေးနုန်းကြောင့် ဖြစ်ခဲ့တဲ့ရွှေဝါရောင်တော်လှန်ရေး ကျုပ်တို့ က အလုပ်မရှိ့ တော့ နေ့ စားခက တစ်ဝတ်တဲ့ ဗျာ ။ ဘယ်လိုလုပ်ပမလဲ ။ တစ်ရက်နဲ့ လည်းမပီးတော့ ရွာပြန်ပီးပါတ်ဆံယူဘို့  ဆုံးဖြတ်တာပေါ့ ။ အကိုကလည်းအလုပ်နားတယ်လေ ဗျာ ။ အကိုအလုပ်က ၀မ်းတီး စက်ရုံဗျ ။ တစ်နေ့  ၁၂၀၀ ။. အကိုက စီးပွားစီမံနဲ့  ကျောင်းပီးထားတာ ။ လုပ်ရတဲ့ အလုပ်က ဘွိုင်လာ ထင်းမီးထိုး ။ ကောင်းရောပေါ့ ဗျာ ။နေ့ စားခက ၁၂၀၀ နေစားလရှင်းတဲ့ ဗျာ ။ သန်းရွှေခေတ်ကြီး ဗျ ။ ဒါပေမဲ့ လူတစ်ယောက်ထမင်းစားဘို့  ကို့ ဘ၀ ကိုယ်ရပ်တည်ရမှာလေ ။ အလုပ်ရ


No comments:

Post a Comment