Monday, January 20, 2014

ကျွန်တော်က အတင်းထောက်ရတာ ( အဲ ) သတင်းထောက်ရတာ ၀ါသနာပါတယ် ဗျ ။ အရမ်းအမေးအစမ်း ထူတာ ဗျ ။ လတ်ကားယား ခြေကားယားပေါ့ ဗျာ ။ ကျွန်တော်ရဲ့  ၀ါသနာ စပ်စုတတ်တာကို စိတ်စွဲတော့ အိမ်မတ်တတ်ပါရော ။ ဆောင်းတွင်းအိမ်မတ်ဆိုတော့ ဟိုမတ်ဒီမတ်ပေါ့ ဗျာ ။ - - - - - - - အိမ်မတ်ထဲမှာ ဗျ ကျွန်တော်က သတင်းထောက်ကြီး ။ အိမ်မတ်ကလည်း ခေတ်နောက်ကျတယ် ဆိုပါတော့ ။ အိမ်မတ်ပဲ ဗျာ ။ အပူအပင်တော့ ဘယ်ရှိ့ မလဲ ။ ကျွန်တော်က အိမ်မတ်ထဲမှာ သတင်းထောက် ဆိုတော့ အသံဖမ်းစက်ကြီး တစ်ကားကား နဲ့  ဗျ ။ ကင်မလာ ကြီးတစ်ဖြမ်းဖြမ်း မဲမဲ မြင်ရာလျှောက်ရိုက်နေတာ ။ အထင်မမှားနဲ့  နော် ဟီးဟီး ။ အဲဒါနဲ့  ကျွန်တော် အင်းစိန် ထောင်ဘူး ၀ကို ရောက်ရော ဗျ ။ ဆရာ ကျွန်တော် ထောင်သားတွေ သတင်းလေး နဲနဲ လို ချင်လို့  ပါပေါ့ ။ ထောင်ဘူးဝ စောင့်တဲ့ ရဲ ကြီးကို ပြောရော ။ ရဲကြီးကလည်း နဲနဲ တော့ အစ်လိုက်သေးတယ် ဗျ ။ ဘာလုပ်မလို့ လဲ ။ ပါလာတဲ့ ပစ်စည်းတွေလဲ ဟိုကြည့် ဒီကြည့် မမြင်ဘူးတဲ့ အတိုင်း ။ ကျုပ်ကင်မရာ ကို လည်း အမြှောက်မှတ်နေလားမသိ ဗျာ စစ်လိုက်တာ ။ ကောင်မလေးသာ ဆို ကိုဝန်ရလောက်တယ် ဗျ ။ အိမ်မတ် ထဲမှာနော် ။ အဲဒါနဲ့  ကျွန်တော်ကလည်း ခါးခြားက ပါတဲ့ အလိပ်ကလေး ဗျ သူ့ လတ်ထဲ ထည့် ပေးလိုက်ရော ။ သူကလည်း ပြုံးသွားတယ် ။ သွားတဲ့ - -- ။ သွားခွင့်ပြု့ လိုက်ရော ဆိုပါတော့ ။ အထဲရောက်တော့ အဆင့်ဆင့်ဗျ ။ ကျုပ်ကလည်း နပ်သွားပီလေ ။ အလိပ်ကလေးပဲ ပေးလိုက်တယ် ။ စကားရှည်ရှည် မပြောတော့ဘူး ။ ကျွန်တော်က သတင်းရေးချင်တာကိုး ။ အထဲရောက်တော့ ထောင်မှူး နဲ့ တွေ့ ရော ဗျ ။ အဲဒါနဲ့  ကျွန်တော်လည်း လွတ်လွတ်လပ်လပ် မေးချင်ရေးချင်တာနဲ့  အလိပ်ကလေး ထပ်ပေးလိုက်တာပေါ့ ။ x------x အဲဒါနဲ့  သတိုင်ကြားက ထောင်သားတွေကိုလိုက်မေးမယ်ပေါ့ ။ ပထမဆုံး စတွေ့ တာ အမှု့ လေး ပေါ့ ဗျာ ။ ကောင်လေး က ကုတ်ချောင်းချောင်း ဗျ ။ လူပုံကတော့ သူခိုးရုပ်ကလေး ဗျ ။ စိတ်ဝင်စားတာနဲ့  သွားမေးရော ။ ကျွန်တော်က ခိုးမှု ပါတဲ့ ။ ဘာခိုးလို့ လဲ ပေါ့ ။ သတင်းထောက်ဆိုတော့ သေချာမေးရတယ် ဗျ ။ စေ့စေ့ စပ်စပ်မေးရတယ် ။ ကျွန်တော်သွားတုန်းက မိန်းမခိုးမလို့  ဗျ ။ ကျွန်တော်ကောင်မလေးဘတ်က ချမ်းသာတယ် ။ ကျွန်တော်ကို သဘောမတူကြဘူး ဆိုပါတော့ ။ ကောင်မလေးက လည်းကျွန်တော်ကိုချစ်တော့ ခိုးပြေးဘို့ ဆုံးဖြတ်ကြရော ။ ချိန်းတဲ့ညမှာကောင်မလေး သွားခိုးတာကိုး ။ ခိုးမဲ့ည မှာကျုပ်တို့ အစီအစဉ်တွေ သူ့ အဖေက ကြိုသိပီး စောင့်ဖမ်းကြရော ။ ခုခေတ်လို တယ်လီဖုန်းတွေမပေါတော့လည်း စာနဲ့ ချိန်းရတာ ဗျ ။ သူအဖေကြီး သိပီး သူခိုးလုပ်ပီးကျုပ်ကိုစောင့် ဖမ်းကြရော ။ သူကပဲတရားလိုလုပ်ပီး ဖမ်းတော့ တရားသူကြီးကလည်း ငွေများတရားနိုင်လားမသိပါဘူး ။ ကျုပ်ကို သူခိုး ဆိုပီးထောင်ချရောပေါ့ ။ ပြသနာမရှိ့ ပါဘူး ။ ကျုပ်ကောင်မလေးကတော့ သူအဖေ သဘောတူတဲ့ သူနဲ့ ပေးစားလိုက်ပီ ။ ကျုပ်လည်း သူကိုသတိရတိုင်း ဟိုသီချင်းလေး ဆိုမိတယ် ဗျ ။ ( တရားမျှတ လွတ်လပ်ချင်းနဲ့  မသွေ ဒို့ ပြေ ဒို့ မြေ ) ဆိုပီး ဆိုမိပါတယ် ။ ကျွန်တော်လည်း သူခိုးလေးပြောတာ နားထောင်ပီး ၀မ်းနည်းပါတ်လတ် နပ်ချီးတွေ အလိတ်လိုက် ထွက်ရင်း ဟန်မဆောင်နိုင်ပဲ ငိုမိပါရော ။- - -- အရမ်းကြေကွဲ စရာကိုး -- --။ နောက်တစ်ရောက် ၀င်မေးရော ဗျ ။ သူက လူမိုက်ရုပ်ဗျ ။ လူသတ်မှု့ လားပေါ့ ။ စိတ်ဝင်စားရော ဗျ ။ အဲဒါနဲ့ မေးမိပါရော ။ အကိုက ဘာအမှု့ လည်း ။ ကျွန်တော်က ကရင် သူပုန်ပါ ။ ကျုပ်တို့  တိုင်းရင်းသားတွေ အတွက်ကျုပ် ကာကွယ်ရင်းအဖမ်းခံရတယ်လေ ။ စစ်သားတွေ ကျုပ်တို့ ရွာသူ ကိုစော်ကားတာ မကြည့်ရက်လို့  ကျုပ်ထွပ်တိုက်တာ ဗျာ ။ သူတို့ က လူများတော့ ကျုပ်အဖမ်းခံရတာပေါ့ ။ ကျုပ်လည်း သူပုန်ဆိုပီး ထောင်တစ်သတ်တစ်ကျွန်း ချလိုက်တယ် ဗျ ။ ကျုပ်ဝမ်းမနည်းပါဘူး ။ ကျုပ်တို့ လိုချင်တာ ပြည်တွင်းက ပြည်သူ တွေငြိမ်းချမ်းသလို ။ ကျုပ်တို့ တိုင်းရင်းသားတွေ လည်း ငြိမ်းချမ်းစေချင်တာ ဗျ ။ ကျုပ်ညတိုင်း နားထဲကြားရောင်နေတာ ဗျာ -- --( များလူ ခတ်သိမ်းငြိမ်းချမ်းစေဘို့  ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ ပြေ ) ကျုပ်တို့ တိုင်းရင်းသား ကလေးငယ်တွေမြင်တိုင်းကြားရောင်မိတယ် ဗျ ။ အော် ကျွန်တော်လည်း တိုင်းရင်းသား ကြီးအသံကြားရတာ ၀မ်းနည်းမိပြန်ရော ။ အဲဒါနဲ့  နောက်တစ်ရောက် ဗျ ။ သူကတော့ ထူးခြားတယ် ။ သားသားနားနား ဗျ ။ အင်စိန်ထောင်ထဲက ထောင်သားတွေ သူလုပ်စာ ထိုင်စားနေတဲ့ ရုပ်မျိုး ။ စိတ်ဝင်စားတာကိုး ။ တန်းစီး ဖင်ပိန်လား မသိဘူးပေါ့ ။ သူကလည်း ပေကမ်းကမ်း ဗျ ။ သိချင်တော့ လည်း ကြောက်ကြောက်နဲ့  ၀င်မေးရော ။ အန်ကယ်က ဘာအမှု့ နဲ့  ဘယ်လောက်ကျတာလည်းပေါ့ ။ သူကအသံသြသြ ကြီး ဗျ ။ အလွဲသုံးစားမှု့  ။ ဘာကိုလုပ်တာလည်းပေါ့ ။ သိချင်တာကိုး ။ သူကလည်း ခတ်တည်တည် ပဲ ။ မင်းငါကို မြင်ဖူးဘူး လား ။ ကျုပ်ကလည်း အမှန်အတိုင်းပဲ ။ မမြင်ဘူးပါဘူး ။ အေး ငါက ဟိုတုန်းက ၀န်ကြီးကွ ။ ဟိုတုန်းက ဘာကြီးဖြစ်ဖြစ်ခုထောင်ထဲမှာလေ ။ နိုင်ငံတော်ငွေ အလွဲသုံးစားမှု့ တဲ့ ဗျာ ။ သူပဲမကြောက်မရွံ့  ဗျာ ပြည်သူပိုင် ပစ်စည်းပဲ အလွဲသုံးစားလုပ်ရတယ်လို ။ ကျုပ်ကစိတ်ထဲ အဲလို တွက်ရုံရှိ့ သေး ။ သူကသိတဲ့ အတိုင်း မင်းတို့ ပြည်သူတွေ ဘာတွေသိလို့ လဲ ။ ငါတစ်ယောက်ထဲမဟုတ်ဘူး ။ အများကြီးပဲ လုပ်နေကြတာ ။ ငါညံ့ လို့  ငါခံ၇တာ ကွ ။ အော် အပြင်မှာ သူ့ လို့ လူတွေ အများကြီးပဲတဲ့ ။ နုင်င့တော် သီချင်းမှာတောင် ပါသေးဗျာ - - ( ပြည်ထောင်စု အမွေအမြဲ တည်တံ့  စေ အဓိဌန်ပြု မလေ ထိမ်းသိမ်းဆို့ လေ ) ။ သူကိုတော့ မသနားဘူး ဗျ ။ပြည်သူအမွေ သယံဇာတပဲ အလွဲသုံးစားလုပ်ရတယ်လို့  ဗျာ ။ ကျုပ်လည်းကျောခိုင်းပီး ပြန်မယ်လုပ်တော့ xxxxxx - - -- ကမ္ဘာ မေၾက ကမ္ဘာ မေၾက ဆုိပီး နိုင်ငံတော်သီး ချင်းကိုကြားတော့ ကျုပ်လည်း လန့် နိုးလာာပါတယ် ။ ကျုပ်ဖုန်း ရိမ်းတုန်း နိုးစက်က ကမ်ဘာ မကြေ နိုင်ငံတော်သီချင်း ဗျ ။ နာရည်ကြည့် တော့ ၇း၀၀ ကျုပ်လည်း စောသေးတာ နဲ့  မှေးရင်း စင်းစားနေမိတယ် ။ အိမ်မတ်နဲ့  မြန်မာနိုင်ငံ နိုင်ငံတော်သီချင်း ရဲ့  ကမ်ဘာ မကြေ ဆိုတဲ့ အပိုဒ်ကို တွေးနေမိတယ် ။ ဘယ်ကမ်ဘာ ကိုမကြေ ခဲ့ လည်းမသိပါဘူး ဗျာ xxxxxxxxxxxxx။


No comments:

Post a Comment