Sunday, January 5, 2014
အလင်းရောင် ----သဘာဝကပေးတဲ့ အလင်းရောင် လူတွေ အားလုံးရဲ့  ရင်ထဲက အလင်းရောင်---အင်မတန်လိုအပ် အသုံးဝင်ပါတယ် ။ လူတစ်ယောက်က မျှော့်လင့်ချက်မရှိ့ ဘူးဆိုရင် သေတနဲ့ ဘာမှမထိုးသလို ။ သစ်ပင်တွေ သတ်မဲ့အရာတွေတောင် အလင်းရောင်ရှိ့ မှ ရှင်သန်နိုင်ကြပါတယ် ။ လူ့ ဘ၀ မျှော်လင့်ချက် အနာဂါတ်မဲ့ အောင် လူတွေဘာကြောင့် ဖန်းတီးခဲ့သလဲ ။ ကျုပ်တို့  အနာဂါတ်မျိုးဆတ်သစ် ကလေးတွေမှာ ရည်မှန်းချက်အလင်းရောင်ဆိုတာ ရှိထားသင့်ကြပါတယ် ။ ကျွန်တော်ငယ်ငယ်တုန်းက ရည်မှန်းချက်ဆိုတာ ဘာမှန်းမသိခဲ့ဘူး ။ တစ်ကယ်ရောဖြစ်မှာလား ဆိုတဲ့ အတွေးလဲမတွေးခဲ့ဘူး ။ ခေတ်အခြေအနေအရ မိဘတွေရိုးအခဲ့ကြတာကိုး ။ ဘ၀မှာ ရည်မှန်းချက်မရှိ့ ခဲ့ဘူးဆိုပါတော့ ။ သားလေးကြီးရင်ဘာလုပ်မလဲ --မေးတဲ့သူတွေတော့ ရှိ့ ခဲပါတယ် ။ ကျွန်တော်တို့ ခေတ်တုန်းကဆိုရင် ရဲကိုကို ဘရိတ်ဒန်အက ကခေတ်စားဗျ ။ လူ့ ဘ၀ကိုပေါ့ပေါ့လေးပါပဲ ။ ကလေးဘ၀ ဆိုတော့လဲ --ဘာမှမစဉ်းစားခဲ့ဘူး ဗျ --( ဘီယာကျန်သေးလား ဟေ့---ဆိုပီး ဒန့် --ဒန့် --ဒန်--လုပ်မယ် ) လူကြမ်းမင်းသားတွေ ၀တ်တဲ့ လောင်းကွပ်အရှည်ကြီး ခြေသလုံးဖုန်းအောင်ဝတ် ဆေးလိတ်ကြီးကိုက်ပီး ဆိုင်ကယ်ကြီး စီးပေါ့ဗျာ ---ဘာမှမတွေးခဲ့ဘူး ။ စစ်ဗိုလ်ကြီး ဖြစ်ချင်တယ် ရဲသားကြီးဖြစ်ချင်တယ် ဆရာဝင်ကြီးဖြစ်ချင်တယ် လွှတ်တော်အမှတ်ဆိုတာတော့ ဝေးလာဝေး ဘာမတွေး ဘာမှမဆွေး ခဲ့ --။ မျှော်လင့်ချက်အလင်းရောင်ပြောက်မှန်းမသိ ပြောက်ခဲ့ကြတာကိုး ။ ကျွန်တော် တီဗွီ ဇတ်ကားထဲကြည့်ရတယ် ဗျ ။ နိုင်ငံခြားကား ဘာမှတော့မဟုတ်ပါဘူး ဟာသကားလေး ဗျ ။ ဇတ်လမ်းက ရယ်စရာကောင်းပေမဲ့ အတွေးအခေါ်တစ်ခုရခဲ့တယ် ဗျ ။ ဇတ်ကားထဲမှာ အရမ်းချမ်းသာတဲ့ မိသားစု လူ့ ဘုဂလန့် တွေ ရဲ့ စံအိမ်ပေါ့ဗျာ ။ အရမ်းဂွကျတယ် သူတို့ အိမ်မှာပဲ ကလေးတွေကို ပေါက်တတ်ကရ အတတ်ပညာတွေသင်ပေးရင်း နေကြတယ်ဗျ ။ ကလေးတွေ အသတ်ကကျောင်းနေရမဲ့ အရွယ်ရောက်တော့ သူတို့ ကတော့ ကျောင်းဆိုတာပြောလည်းမပြဘူး ။ ကျောင်းလည်းမထားဘူး ။ သူတို့ အစိုးရက ကလေးစာရင်းရှိ့ တယ်ထင်ပါတယ် ။ ကျောင်းနေရမဲ့ အရွယ်ရောက်တော့ ကျောင်းတတ်ဘို့  စင့်ခေါ်စာတွေပို့ တယ် ။ မိဘတွေက တော့မထားဘူးပေါ့ ။ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မှ ခေါ်စာနဲ့ မလာတော့ အစိုးရ ပညာရေး လူကြီးကိုတိုင် လာခေါ်တယ်ဗျ ။ လူကြီးမင်းသားသမီးတွေ ကျောင်းနေရမဲ့အရွယ်ရောက်နေပါသောကြောင့် လာရောက်ခေါ်ရတာပေါ့ ။ ကျောင်းနေရမဲ့အရွယ် ကျောင်းမပို့ ရင် အစိုးရက ဒဏ်ငွေအရိုက်ခံရမယ် ဘာညာပေါ့ ။ တော်တော် အတုယူဘို့ ကောင်း ပါတယ် ။ ဇတ်ကားလေးက ဟာသကားဆိုပေမဲ့ သူတို့ နိုင်ငံရဲ့  ကလေးတွေရဲ့  အလင်းရောင်ကို အစိုးရကိုယ်တိုင်ပဲ လမ်းပြပေးတယ် ဆိုပါတော့ ။ ကျွန်တော်တို့  နိုင်ငံမှာ ဒါမျိုးတွေ မရှိ့ သေးပါဘူး ။ ကျောင်းနေရမဲ့ အရွယ်တွေ အများကြီး ။ ကလေးက မနေလို့ ပဲ ဖြစ်ဖြစ် မဘက မထားခဲ့ ဆိုသော်လည်း အစိုးရအနေနဲ့  ခေတ်အဆတ်ဆတ် ဘာမှလုပ်မပေးခဲ့ ပါဘူး ။ အနာဂါတ်ကလေးတွေ အနေနဲ့  အလင်းရောင်ဆိုတာဘာလဲ ။ ကျွန်တော်တို့ နိုင်ငံ အစိုးရအဆတ်ဆတ် ဥပဒေတွေကြောင့် ပဲ ဆိုပါတော့ ။ အစစအရာရာ ချစား လဒ်စား ပညာရေးတွေ နိမ်ကျပီး လူတွေရဲ့ ဘ၀တွေလဲ နိမ့်ကျလာပါတယ် ။ အလင်းရောင် ပညာအလင်းရောင် စီးပွားရေးအလင်းရောင် လူမှု့ ရေးအလင်းရောင် အမှောင်အမှောင် အမှောင် ။ မှေင်နေတုန်းပါပဲ ။ အလင်းရောင်ကို လိုနေသူတွေအများကြီး ။ အဘိုးကြီး အဖွားကြီး အများကြီးပါ ။ စာမတတ်တဲ့ ကလေးတွေလဲအများကြီး စာမသင်ခဲ့ရတဲ့သတ်ကြီးရွယ်အိုတွေ အများကြီး ။ အများကြီးပါ ။ ကိုယ့်နိုင်ငံတွင်းနေပီး ပြည်နယ်ဘယ်နှခု တိုင်းဘယ်နှခု ဘယ်နေရာမှာ ဘာရှိ့ တယ်ဆိုတာမသိ မျက်စိသူငယ် နားသူငယ်သူတွေ များလာတော့ ပြည်သူချစ်တဲ့အစိုးရက ရေဒီယိုနားထောင်တာတောင် ထောက်လှမ်းရေးကချောင်း တော့ ပြည်သူ ပြည်သူ ကြောက်လိုက်တာတုန် ။ လုပ်ချင်တိုင်းလုပ် ချယ်လှယ်ချင်တိုင်းချယ်လှယ်ခဲ့ကြတာကိုး ။ ပညာ ပညာ အလင်းရောင် အမှောင်ချခဲ့တာပါ ။ လွန်ခဲ့သော လွန်ခဲ့သော အစိုးရပေါ့ ဗျာ ။ ထားပါ ။ ချလိုက်တဲ့ ဆောင်ပုဒ်တွေက များတော့ ဖတ်လို့ ကောင်း ဆိုလို့ ကောင်း ဗျ ။ ကာရံနဗေ တွေနဲ့  ဆိုတော့လည်း ကဗျာဆရာပေါ စကားကြွယ်တဲ့ နိုင်ငံဆိုပီး ဂုဏ်ယူလို့ ကောင်းတာပေါ့ ဗျာ။ ထွန်းပေါက်တဲ့ ကဗျာဆရာ အမှန်ကို အမှန်ထင်တဲ့ ကဗျာဆရာ ထောင်ထဲရောက် အစိုးရထောင် ကိုအိမ်ထောင်နဲ့ မှား အရောင်ရောင်အမှားမှားနဲ့  လူ့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ကြ ရတဲ့ လူမှု့ ရေးအလင်းရောင် ။ ဘယ်လောက်ဆိုးခဲလည်း ။ စီးပွားရေးဆိုလဲ မမြင်ရတဲ့ ဥပဒေ နဲ့ ချိန်းခြောက် လူတစ်ယောက် အိပ်နေရင်းတောင်ထောင်ချလို့  ရတဲ့ဥပဒေ ဆိုတော့လည်း အခွန်တွေကများ နေရာတိုင်းမှာ လုပ်ပိုင်ခွင့်ရဘဘ ကြီးတွေက အုပ်စိုးနေရာရ ဘယ်မလဲဗျာ ။ ပြည်သူ့ အတွက် မျှောင့်လင့်ချက်အလင်းရောင် ဗျာ ။ ထားပါ စီးပွားရေး လူမှု့ ရေး ပညာရေးတွေမှာ အမှောင်ချထားခံရတဲ့ ကျုပ်တို့ နိုင်ငံ အမှောင်ထဲနေပါများတော့ အလင်းကိုတမ်းတနေပါပီ ။ သစ်ပင်တွေ အလင်းရောင် လိုအပ်သလို --အနာဂါတ်ကလေးငယ်တွေ ပညာအလင်းရောင်ကို လိုအပ်နေကြပါပီ ။ ရေထဲကငါးလေးတွေ နွေးထွေးတဲ့အလင်းရောင်လိုအပ်နေသလို တောထဲက တိုင်းရင်းသားတွေ ငြိမ်းချမ်းရေးအလင်းရောင်လိုအပ်နေပါပီ ။ လေထဲက ငှက်ကလေးတွေ လွတ်လပ်ချင်းအလင်းရောင်ကို နှစ်သတ်သလို ပြည်သူတွေလည်း လွတ်လပ်ချင်းဒီမိုကရေစီ အလင်းရောင်ကို လိုအပ်နေကြပါပီ ။ ပြောင်းလဲနေပါပီ တိုးတတ်နေပါပီ ။ ခုလူက အရင်လူနဲ့ မတူ ။ ပြောင်းလဲပေးပါ ကျုပ်တို့ နိုင်ငံ တိုးတတ်ဘို့ အတွက် ခင်ဗျားတို့ ပေးဆပ်လိုက်ပါ ။ လုပ်ပိုင်ခွင့်ရတုန်း ခင်ဗျားတို့ ချစ်တယ်ဆိုတဲ့ ပြည်သူကို ပေးဆပ်ပေးပါ ။ လိုအပ်နေတဲ့ အလင်းရောင်အတွက် ပြည်သူတွေ အသတ်တွေ ပေးဆပ် ဘ၀တွေပေးဆပ်တိုက်ပွဲဝင်ခဲ့ ကြတယ်ဆိုတာ ခင်ဗျားတို့ သိပါတယ် ။ ကျုပ်တို့ အနာဂါတ်မျိုးဆတ် တောက်ပခြင်းအလင်းရောင်တွေ နဲ့  ငြိမ်းချမ်းရေးအလင်းရောင်တွေ ပညာဥဏ်အလင်းရောင် ဗဟုသုတအလင်းရောင် တွေ လိုအပ်နေပါတယ် အမှောင်တွေကို ဖယ်ပါတော့ ဗျာ ။ ကလကာတွေ ဖွင့်ပြပါတော့ ဗျာ ။ စလိုက်မီးတွေနဲ့  မီးမောင်းထိုးပြပါတော့ ဗျာ -- - -အလင်းရောင်--သန်ခေါင်ယံ ညနက်ထဲ -- အလင်းရောင်- အလင်းရောင်---။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment