Tuesday, December 31, 2013
နှစ်သစ်မှာ ကျွန်တော် နှာဘူးကြီးလဲ ဘယ်ရမလဲ ကဲချင်တာကိုး ။ အင်မတန် ကဲချင်ပေမဲ့ သယ်ရင်းက သိတ်မရှိ့ တော့ လာမဲ့သူမရှိ့ ဘူး ဗျ ။ ကျွန်တော်ရဲ့  ထူးချားချက်ကလဲ ကပ်စီးနဲ နဲ နဲတယ်ဗျ ။။ ကို့ ရှိ့ ရင် သိမ်းထား သူများရှိ့ ရင်စားနေကြစားဖားကြီး ဆိုတော့လည်း ဘယ်သူက ပေါင်းချင်ပမလဲ ။ ချွေတာစုဆောင်း သူဌေးလောင်းလို့ ကျုပ်ဘကြီးက မှာခဲ့တာကိုး ။ ကျုပ်လတ်ထဲကြမှ ချွေတာဆုဆောင်း ဖင်ဟောင်းလောင်းတော့ အပြောမခံ နိုင်ပါဘူး ။ ဟုတ်ဘူးလား ။ ဆုဆောင်းနိုင်မှ တန်ရုံကျတာလေ ။ ဟဲဟဲ ---စားဖားကြီးဆိုတော့ ဒီလိုပဲတွေးတာကိုး ။ အဲသလို အဲသလို ( Happy New Year ) ကိုအထီးကျန် အမကျန်နေချိန်မှာ ၀မ်းနဲသလိုတော့ ဖြစ်မိတာကိုး ။ သိတ်တော့မကြာပါဘူး အတွေးတစ်ခု တွေးမိတယ် ဗျ ။ - -လူပဲ သေမျိုးဆိုတာလေ -- လာတုန်းက တစ်ယောက်ထဲ ပြန်တော့လည်း တစ်ယေက်ထဲ ဆိုတဲ့ - --မမြဲသင်္ခါရတရားဆိုတာကြီးကိုတွေးမိပြန်တော့လည်း အထီးကျန်တဲ့စိတ်ပြောက်ပီး ဘုန်းကြီးဝတ်ချင်စိတ် ပေါက်သွားတယ် ဆိုပါတော့ - -ဟဲဟဲ - -ဘုန်းကြီး ၀တ်လို့ ကလည်း မဖြစ်သေးဘူးလေ မိန်းမမှမရသေး ။ ဂေါတမ မြတ်စွာဘုရားတောင် မိန်းမရပီးမှ နမိတ်ကြီးလေးပါးမြင်ပီး တောထွက်တာကိုး ။ ကျုပ်ကလည်း ( Happy New Year ) ညရောက်မှ ပုလင်းကြီးလေးလုံးမြင်ပီး ဆိုင်သွားချင်စိတ်ပေါက်နေတာကိုး ။ သူများယားတော့လည်း ယားချင်တာပဲလေ ဟဲဟဲ--။ အဲဒါနဲ့  ဂစ်တာလေးကိုင်ပီး သီးချင်းဟဲမယ်ပေါ့ - -- ။ သီချင်းဟဲ မယ်ဆိုတော့လည်း တစ်ယောက်ထဲ အရှက်မရှိ့ အော်ရမှာလေ ။ အနုပညာ က အနုပညာပဲလေ ။ ကိုကပညာသည်မဟုတ်တော့ ရှက်တာပဲ ။ အကြောင်းပြချတ် ဆိုပါတော့ ။ ကုတ်ချောင်း ကုတ်ချောင်းနဲ့  မြင်နေတဲ့ပုလင်းကြီးလေးလုံးထဲက ( Myanmar ) တစ်လုံးကိုလတ်တွေ့  လေ့လာတာကိုး ။ ကောင်းတယ် ဗျ ဟဲဟဲ- - -။ အထီးကျန်သူ သူများမတိုက်ချင်သူ ဆိုတော့ အိမ်မှာခွပ်ပုန်းလေး စွဲပီး သီချင်းဟဲမယ်ပေါ့ ။ ပုလင်းကြီးတစ်လုံးကလဲ ကုန်ရော ။ အမြည်းမှမကောင်းတာကိုး ။ သူများတွေ ( Happy New Year )ဘယ်လိုပဲ သားကြီးငါးကြီး ချက်စားပါစေ ။ ကျုပ်ကတစ်ယောက်ထဲဆိုတော့ ဘယ်ကုန်ပမလဲ ။ အဲဒီတော့ အမြည်းက ဦးချိန်တီ လျှက်စားလုံးလေး ငုံလိုက် ဘီယာသောက်လိုက် တစ်နဲ့ နဲ့  နဲ့ ကုန်ရော ။ အေးလွန်းတော့လည်း မမူးပါဘူးဗျ ။ သူများတွေ သီချင်းတွေဖွင့်ပီးကနေချိန်မှာ ကျုပ်က ဂစ်တာကျိုးညှိ့ တုန်း ။ ညှိရင်းလဲ ပြတ် လိုက်နဲ့ အလုပ်က ရငပ်ဗျာ ။ စိတ်ကညစ်လာတော့ နောက်ထပ်ပုလင်းကြီးတစ်လုံး ( Myanmar ) ပါပဲ ယူလိုက်ပြန်ရော ။ ဦးချိန်တီနဲ့ နှစ်ပါးသွားရတာကိုး ။ ဘယ်ရမလဲ ဆိုင်က ပဲခြမ်းဘူးထဲက အရှက်မရှိ့  လတ်တစ်ဆုတ်နုတ်လာသေးတယ် ။ ဟဲဟဲ အမြည်းက လိုတာကိုး ။ ဂစ်တာကျိုးက ညီတော့လည်း ဂစ်တာမတီးတာကြာတော့ ဘယ်သီချင်းတီးရမှန်းမသိ ပါပဲ ။ စာအုပ်တွေလှန်ပီး ဆိုမယ်ဆိုတော့လည်း မုကမ၀င်တော့ ဆိုမရဘူး ။ငေါင်တောင်တောင်ကြီး ဗျ ။ အသံကြီးက သြသလိုလို နဲ့ ကို့ အသံကိုယ်တောင် ပြန်လန့် တယ် ။ မုမ၀င်တာပေါ့ ဗျာ ။ ပုလင်းကြီးတစ်လုံးကလည်း ကုန်တော့မယ် ဗျ ။ သီချင်းက ဆိုချင်နေပီလေ ။ သူများတွေ ကနေကြတော့ အားကျတာကိုး ။ ခတ်တော့ခတ် ဗျ ။ ဇော်ဂျီ ကြီးလိုကားကားကြီး ဟိုမရောက်သည်မရောက် ကြီးဗျ ။ မထူးတော့ဘူးလေ ။ အဲဒါနဲ့  ပုလင်းကြီးတစ်လုံးသွားယူတော့ ( Myanmar )ကမရှိ့ တော့ဘူးတဲ့ ။ ( Myanmar ) မရှိ့ တော့ ( Tiger ) ပေါ့ဗျာ ။ အဲဒါနဲ့ ထုံးစံအတိုင်း တန်အောင် ပဲခြမ်းလတ်တစ်ဆုတ်ထည့်ပီး ပြန်သောက်ပြန်ရော ။ သွေးအားကပဲ ကောင်းနေလားမသိဘူး ။ မမူးဘူး ဗျာ ။ ( Tiger ) ထဲ ဒုံရင်းပဲလေ ။ မူးသလိုမမူးသလိုနဲ့ ။ ရတဲ့ ၀င်းကြီးသီးချင်းလေး ဆိုတော့လည်း ပါတ်ဝန်းကျင်လဲ ဂရုစိုက်ရသေး ။ မမမိုး ဆိုတဲ့သီချင်းဗျာ ။ x- xxx- မသိရင်စကားမပီရင်ဆဲ သလိုဖြစ်မှာကိုး ။ ဂစ်တာလေး ဟိုကုတ် ဒီကုတ်နဲ့ ဘီယာပဲ ဖိသောက်နေတာကိုး ။ ( Tiger ) လည်းကုန်ရော ။ သီချင်းက ဆိုလို့ မုက မရှိ့ သေးပေမယ် လူကသိတ်မသိသာသေးဘူး ။ ကျုပ်က နှစ်သစ်ကိုကြိုရင် ရင်ကွဲပတ်လတ် အော်ပစ်ချင်တာ ။ အင်အားက တစ်ယောက်ထဲကိုး ။ အဲဒါနဲ့ နောက်ထပ် ပုလင်းတစ်လုံး ဆိုင်သွားပိး ယူမယ်ပေါ့ ။ ဆိုင်မှာ ဘီယာက ကုန်တော့ ဘာဘီယာမှမရှိ့ တော့ဘူး ။ OB တွေတော့ရှိ့ တယ် ဗျ ။ ဘယ်ရမလဲ ။OBလည်းအရက်ပဲလေး ။ မူးပီးအော်ရပီးရော ။ရေလိုတယ်လေလ ဗျာ ။ ရေသောက်လိုက် အရက်သောက်လိုက် အလုပ်ကသိတ်ရှုပ် ဆိုပါတော့ ။ သောက်ရင်းသောက်ရင်း မျတ်လုံးထဲ ဘာမှမမြင်တော့ဘူး ။ ဂစ်တာကြီး ပိုက်ပီး တုန်းဆိုပီး လဲသွားတာတော့ သိလိုက်တယ် ။ သူများတွေ အော်သံလဲ မကြားရဘူး ။ နယူးယိးဆိုတဲ့ အသိနဲ့ လန့် နိုင်းတော့ ၃း၀၀ နာရီတဲ့ ဗျာ ။ မအော်လိုက်ရပါဘူး ။ အော်မယ်ဆိုတော့လည်း နှာဘူးကြီး အရူးထတယ် ပြောကြမှာ ။ ဒီနှစ်တော့ ( Happy New Year ) မအော်လိုက်ရတော့ဘူး ။ အော် မြင်မိတဲ့ ပုလင်းကြီးလေးလုံး နောက်ဆုံးအလုံးမှာပဲ ဖလပ်ပြ ပီး ဘာမှန်းမသိလိုက်ရတဲ့ ဟပ်ပီးနယူးယီးယား စိတ်နာနာနဲ့ ရှိ့ တဲ့ ယားနာတွေပဲ ကုတ်နေမိပါတယ် -- H --A --P--P---Y---NEW_--Y_-e-a-r_-------
Subscribe to:
Post Comments (Atom)
No comments:
Post a Comment