Friday, December 6, 2013

ကျုပ်ကတော့ တစ်ဖတ်ပဲ မြင်တော့ တစ်ဖတ်အမြင်နဲ့ ပဲ ရေးမိပါတယ် ဗျာ ။ ပြည်သူတွေ လိုလားနေတဲ့ ဒီမိုကရေစီ ဆိုတာဘာလဲ ။ ထိုက်တန်ပီလားလို့  စီးကမ်းရှိ့ ပီလား ။ ဘယ်လိုနည်းနဲ့  နိုင်ငံတိုးတတ်အောင်လုပ်မှာ လဲ ။ အများကြီး ပဲ ဗျ ။ ကျုပ်က မေးမိတယ်ဆိုတော့ ဆရာကြီး လုပ်တာတော့ မဟုတ်ပါဘူး ။ မျက်စိ ဆံပင်မွှေး စူးတဲ့ အကြောင်းအရာလေးတွေ များတာကိုး ။ လူတွေ ပေါ့ ဗျာ ။ ကျုပ်တို့  နိုင်ငံက ဒီမိုကရေ စီလမ်းကြောင်းပေါ် ခြေလှမ်းစလှမ်းနေတာ နော် ။ ကလေးတွေ လမ်းလျှောက်သင်နည်း ကားပေါ့ ဗျာ ။ ယိုင်လုလု ကိုတွေ ပီးလျှောက်နေရတာပါ ။ ပြည်သူတွေ စီးကမ်းမရှိ့ တာ လဲ အပစ်မဟုတ်ဘူး ဗျ ။ နှစ် ပေါင်းများစွာ စီးမဲ့ကမ်းမဲ့ နေခဲ့ ကြတာကိုး ။ စစ်အစိုးရ ခေတ်ပေါ့ ဗျာ ။ ချစားမှု နောက်မှာ စီးကမ်းမရှိ့ မှု့  ကအများကြီး ။ ဟော ဗျာ ချစားမှု့  တွေရဲ့ နောက်ကွယ်က ဘယ်သူတွေ ကောင်းစား လဲ ဆိုတော့ လည်း ခင်ဗျားတို့  မြင်တဲ့ အတိုင်းနော် ။ ပြည်သူက မျက်စိပိတ်နားပိတ် ဖြစ်နေချိန်မှာ သူတို့ သားသမီးတွေ နဲ့  သူတို့ တွေက နိုင်ငံခြားမှာ တောင်ပညာ သင်ကြတယ်ဆိုပဲ ။ မနာလို တာမဟုတ်ပါဘူး ။ ကျုပ်လည်း နိုင်ငံရေးဆိုတာ တော့ နားတော့မလည်ဘူး ဗျ ။ ဒါပေမဲ့ မတရား ဘူးလို့  ထင်တာကိုး ။ ဒါကြောင့် ကျုပ်က တစ်ဖတ်မြင်ပေါ့ ဗျာ ။ ပြည်သူ ဘတ်ကပဲ မြင်ကြည့်တာကိုး ။ စာသင်ကျောင်းတွေ စုတ်ပြတ်နေချိန် မှာ သူတို့ အိမ်တွေ က သိန်းထောင်ပေါင်းမနည်း ။ သူတို့ တွေ နိုင်ငံခြားမှာ ဈေးဝယ်ထွက်နေချိန်မှာ ပြည်သူတွေ ကိုပြည်ပအားကိုး ပုဆိန်ရိုးတဲ့ ဗျာ ။ ထားပါ ပီးခဲ့ တာတွေ ပီးခဲ့ပီပေါ့ ။ အရင်ခေတ်ကို ငြိမ်းချမ်းပါတယ် ဆိုပီး ပြန်နေချင်တဲ့ လူတွေကရှိ့ သေး ဗျ ။ ပြည်သူတွေ လည်းစီး ကမ်းလိုသေး ဗျ ။ ဗိုလ်ချုပ် ပြောသလို ဒီမိုကလေစီ ရ တယ်ဆိုပီး လမ်းဘေး ဆေးရိုး လှမ်းချင်တဲ့ လူတွေကလည်း ရှိ့ သေးတာကိုး ။ ပြည်သူတွေ နိုင်ငံရေးမှာ ပါဝင်လာကြတာ အားရစရာကြီးနော် ။ ဟိုတုန်းက ဗိုလ်ချုပ်ပုံ သိမ်းထားကြပေမဲ့ ပေါ်ပေါ် ထင်ထင် ကိုင်ရဲနေကြပါပီ ။ ခေတ်ကပြောင်းလဲ နေတာကိုး ။ ဦးသိန်းစိန် ပြောင်းလဲမှုက အားရစရာကြီးပါ ။ လိုအပ်တာတွေ ရှိနေသေးတယ် ဆိုပေမဲ့ အရင်ခေတ်နဲ့  စာရင်တော့ တိုးတတ်လာတာကိုး ။ တစ်ယောက်ကောင်းရုံနဲ့  လည်း နိုင်ငံတော် တိုးတတ်အောင်မလုပ်နိုင်ပါဘူး ။ အားလုံးကောင်းပါမှ ။ အားလုံးကောင်း ဘို့ ဆိုတာ ကိုယ်ပိုင်အရည် အချင်းနဲ့  ကိုပိုင်စီး ကမ်းက လိုသွားပါရော ။ ကို့  ကိုယ် ကိုတောင် ကောင်းအောင် မကျိုးစားနိုင်ပဲ နိုင်ငံတော် ကောင်းအောင် လုပ်မယ်ဆိုတော့ လည်းရယ်စရာကြီးနော် ။ ကျုပ်က နိုင်ငံရေးအစွဲ တော့ မရှိ့  ပါဘူး ။ ပြည်သူ လူနေမှု့  ဘ၀ နဲ့  အလုပ်အကိုင်ကောင်းအောင် လုပ်နိုင်မဲ့ ဘယ်ပါတီ မဆိုအားပေးတယ် နော့ ။ ဒါပေမဲ့ အမြင်မတော်တာတွေ တွေ့ နေတော့ လည်း စာရေးမိပါရော ။ ပြည်သူ ပါပဲ နိုင်ငံရေးဝါသနာ ပါတယ်ဆိုပါ ဆို့  ။ ပါတီနာမည်တော့ ထည့်ရေး ဘို့  မသင့်တော်ဘူး ဗျ ။ အားလုံးက ကောင်းအောင်ကျိုးစားနေချိန်မှာ တစ်ဦးတစ်ယောက် အတွက်ဆိုတော့ လည်း မကောင်းဘူး ဗျ ။ ကျုပ်တွေ့ ခဲ့ တဲ့ လူက နိုင်ငံရေးဝါသနာပါတယ် ။ တတ်ကြွတယ် ဗျ ။ ပါတီကလည်း အားကိုးတယ် ။ မျိုးဆက်သစ် လူငယ်ပေါ့ ဗျာ ။ ဒါပေမဲ့ သူပြောနေတာတွေ သူလုပ်နေတာတွေ က အထင်လွဲစရာကြီး ။ သူက အားတဲ့ အချိန်တိုင်း မူးနေတာကိုး ။ အဲဒါ ကမဆိုးသေး ပါဘူး ။ သူကလည်း ပေစုပ်စုပ် ဗျ ။ ပညာတတ် မတတ် တာတော့ မပြောတော့ဘူး ။ ထားပါ ။ အရေးမကြီးပါဘူး ။ မိသားစုကြလည်း ကောင်းအောင်မကြည့် နိုင်သေးဘူး ဗျ ။ ကျန်သေးတယ် ရွာတို့  မြို့ တို့ မပါသေးဘူး ။ သိတ်တော့ ပြသနာ မရှိ့ ပါဘူး ။ ဒါပေမဲ့ အများကြီး ဗျ ။ နိုင်ငံရေး လုပ်နေသူက အများကြီးထဲ မှာ အများကြီးတွေ့ နေရတော့ ဘယ်လို ကောင်းအောင်လုပ်မှာလည်းလို့  တွေးပူမိပါတယ် ။ တိုင်းပြည် အနာဂါတ်ဆိုတာ မျိုးဆတ်သစ်တွေ ရဲ့ လတ်ထဲမှာပါ ။ ဒါပေမဲ့ စီးကမ်းမရှိ့ ကြ ဘူး ဆိုရင် စီးကမ်းရှိ့ အောင်နိုင်ငံတော် အစိုးရက လမ်းမပြ နိုင်ဘူးဆိုရင် တစ်ဖြည်းဖြည်း နဲ့  ဗိုလ်ချုပ်ပြော သလို ဖာနိုင်ငံဖြစ်မှာပါ ။ ပညာရေး နဲ့  စိတ်ဓါတ်စီးကမ်းက အဓိကပါ ။ ကျုပ်တို့ နိုင်ငံက ပြည်သူတွေ စီးကမ်းကောင်းဘို့  တော်တော် လိုပါသေးတယ်။ ကိုနိုင်မဆိုင် လည်း ပါနေကြတယ် ။ ဆွမ်းကြီးလောင်း ၀ိုင်းသမ ချင်တဲ့ အချောင်စိတ်ဓါတ်တွေ ကကြောက်ဘို့ သိတ်ကောင်း ဗျ ။ နွေတုန်းက ပဲ ကြည့်ပါ ။ ကုလား အရေးခင်းပေါ့ ဗျာ ။ အဓိက ဘာသာရေးအထိကရုန်း ။ ဘယ်လောက်ဆိုးလဲ ။ နစ်နာတော့ ပြည်သူ ကို့ ပြည်သူတွေပါပဲ ။ ကြောက်ဘို့ လည်းကောင်းတယ် ဗျ ။ ပြသနာ အစမှန်သမျှက မထင်မှတ်တဲ့ အစတွေ ။ နိုင်ငံရေး လှည့်ကွက်တောင် ထင်မိပါတယ် ။ အားလုံး ကဗြုပ်စဗျင်းတောင်း ဖြစ်နေချိန် လတ်ပတောင်းတောင်စီမံ ကိန်း အာရုံပြောင်းစေချင်လို့ လဲ ဖြစ်နိုင်တာပဲ ။ ထားပါ ကျုပ်က နားမလည်ဘူး ။ ပီးသွားပီပဲ ပြသနာ အေးနေပီလေ ။ တိုက်ကြီး မှော်ဘီ မဖြစ်ခင်မှာ ဦးသန်းရွှေ မြေး ဖိုးလပြည့် မော်တော်ပီကယ်ကို ပါးရိုက်မှု့  ဖြစ်တယ် ဗျ ။ အင်တာနပ်ကြည့်သူ တစ်ယောက်အနေနဲ့  မျက်ခြေပျတ်မခံခဲ့ ဘူး ။ မြန်မာပြည် ဥပဒေ ဆိုတာကလည်း ကျေအေးတာတွေ လျှော်ကျေးပေးတာတွေ နဲ့ ဆိုတော့ ရှုပ်တယ် ဗျ ။ ကျုပ်မျက်ခြေ မပြတ် ကြည့်နေချိန်မှာပဲ မှော်ဘီ တိုက်ကြီးက ကိုရင်လေး ဆိုင်ကယ်တိုး မှု့  က စရော ။ မီးတွေရှို့  ဘာတွေရှို ဗျ ။ ညမထွက်ရ အမိန့်  ထုတ်လိုက်တော့ လည်းအေးသွားပါရော ။ ဒါပေမဲ့ ဖြေရှင်းချက်တွေ မှာ အမည်မသိ လူတွေ ကစခဲ့ တာတဲ့ ။ ထားပါ အမည်မသိပေါ့ ။ ဒါပေမဲ့ ဘုမသိဘမသိ ၀င်ပါတဲ့ ပြည်သူတွေ အဖမ်းခံရပါရော ။ တစ်စီတစ်တန်းကြီး ဗျ ။ ပြည်သူတွေပဲ ကယ်ဆယ်ရေးစခန်း ရောက်ကြပြန်ရော ။ အားလုံးအေးသွားတယ်ပေါ့ ။ ဆူပူမှု့  တွေ ပီးသွားချိန်မှာ ဖိုးလပြည် ပါးရိုက်မှု့ က အော်တိုမိတစ်ပြောက်သွား ပါရော ။ စင်းတော့ စင်းစားစရာကြီး ဗျ ။ ဘာတွေလဲ ။ ဘာကြောင့်လဲ ဆိုတာကျုပ်က ဥဏ်မမှီ ပါဘူး ။ နိုင်ငံရေး လှည့်ကွက်တွေ ကများတာကိုး ။ စီးကမ်းမရှိ့ အောင်ဘယ်သူတွေ လုပ်နေတာလဲ ။ အားလုံးစီးကမ်း ရှိ့ ရှိ့  အေးအေးချမ်းချမ်း ဒီမိုကရေစီ လမ်းကိုဖေါ်ဆောင်ရင် တိုင်းပြည်တိုးတတ်အေးချမ်းမယ်ဆိုတာ မလွဲပါ ဘူး ဗျာ ။ ပြည်သူတွေ စီးကမ်းရှိ့ ပီလား ။ ဘယ်လိုတိုးတတ်အောင်လုပ်မှာလည်း ။ ကို့ ကိုယ်ကို ကောင်းအောင်နေနိုင်ပီလား ။ ပညာရေးနဲ့  စီးကမ်းကို မြှင့်တင်မှ သာ - - -- ---ကျုပ်တို့  တိုင်းပြည်နောင်အနာဂါတ်မှာ တိုးတတ်အေးချမ်းမှာပါ ။


No comments:

Post a Comment