Wednesday, December 25, 2013
ရေချိုးဘို့ စိတ်စောနေပေမဲ့ လည်း အဆောင်ဆိုတော့လည်း စောင့်ရင်း စောင့်ရင်း လူပြတ်တယ်ဆိုတာ မရှိ့  ။ အဆောင်မှူး က ကောင်လေး ဘာလို့ မချိုးသေးတာလဲ ဆိုတော့ ။ တောသားပဲ ရှက်တာပေါ့ ဗျာ ။ ရွာမှာ မိန်းကလေးဆို ရေချိုးခန်းနဲ့  ချိုးကြတာလေ ။ မြို့ မှာကြ ကျုပ်မှာ အထူးအဆန်းဖြစ်နေတာကိုး ။ အားနာသလို ရှက်သလို ။ ဘာကိုအားနာပီး ဘာကိုရှက်မှန်းမသိ ။ မိန်းကလေးတွေ နဲ့  ယောက်ျားလေး ရောချိုးနေတော့ လဲ ။ အထူးအဆန်းကို ။ ကျုပ်ကသာ အံ့ သြော ပီးမချိုးရဲ ပေမဲ့ မြို့ ကြီးသား ကိုကိုတို့ က သီချင်းတောင် ဆိုနေသေး ။ အံ့ပ ။ ကျုပ်နှမ သာပါရင်တော့ နရင်း အုပ်ရခတ် မအုပ်ရခတ်နော် ။ သူစရိုက်နဲ့  သူ့ ဓလေ့ဆိုတော့ ။ ၀င်မှမချိုးရင်လည်း ချိုးရမယ် မထင်တော့ ။ တစ်နေကုန် အရှက်ကွဲလာတာ မထူးတော့ ။ ကျုပ်ကယောက်ျားပဲလေ ဘာလို့ ရှက်နေရမလဲ ။ မျက်နပိုး သတ်ရင်း ရေ၀င်ချိုးရတော့တာကိုး ။ သြော် ရန်ကုန် ရန်ကုန် ။ တယ်လဲ လွတ်လပ်မြင်သာတာကိုး ။ အဟိ့ - - -။ ရှက်ရှက်နဲ့  ကြားဘူးနားဝ တောသီချင်းလေးကို ညီးရင်း ။ ရူးရင်ရူးတယ် ထင်ပစေတော့ ။ တော့မှာဆို ရေတွင်းမှာ ရေငင်ရင်း ရေတွင်းက ပဲ့တင်သံနဲ့  အော်ဆိုရမှ ကျေနပ်တဲ့ ကောင် ။ လူတောထဲ ရောက်နေလို့ နော် ။ ရေချိုးပီး ထမင်းစားချိန်ထိ အဆောင်ရှေ့ လမ်းမပေါ် လူမပြတ်သေး ။ မိန်းကလေး ယောက်ျားလေး ဆိုက်ပေါင်းစုံ အလုပ်ကပြန်လာလိုက်ကြတာ ။ အစိုးရက အော်နေတဲ့ မြန်မာ နိုင်ငံမှာ ကလေးအလုပ်သမား မရှိ့ ဘူး ဆိုတာကို ခြေထောက်နှစ်ချောင်း မိုးပေါ်ထောင်ပီး ၀င်းဦးအသံနဲ့  ရေလိုက်ချင်ပါတယ် ။ ငိ ငိ ငိငိ ။ ကလေးတွေပါ အလုပ်က ပြန်လာကြတာကိုး ။ ၁၃ နှစ် ၁၄ နှစ်ကလေးတွေ ။ ကျုပ်မှာ ရှက်လို့ မဆုံးပါဘူး ။ ဒီအရွယ်ကြီးထိ မိဘလုပ်စာ ထိုင်စားနေခဲ့တာကိုး ။ သူများတွေ ဘ၀အတွက် ရုန်းကန်နေချိန်မှာ ကျုပ်မှာ မိဘပြင်ပေးတဲ့ ထမင်းအခန်သား စားတုန်းလေ ။ ထားပါ ပီခဲ့ပါပီ ဆိုတော့ ပီးခဲ့ပီပေါ ။ ခုလတ်ရှိ့ ဘ၀ မှာရုန်းကန်ရတော့မှာကိုး ။ မနက်ဖြန်အတွက် အားအင်အသစ်တွေ မွေးဘို့  အိပ်ချိန်တန်ပါပီ ။ အားလုံးက တစ်စိမ်းနယ်ဆိုတော့ သူငယ်ချင်းဆိုတာ မရှိ့ သေး ။ လမ်းသလားဘို့ ဘော်ဒါဘော် ချွတ်မရှိ့ တော့လည်း အိပ်ဘို့ က လွဲပီးဘာမှ လုပ်စရာမရှိ့  ။ အဆောင်မှာတော့ ဂျိုင့်ဆေးသံ ရေချိုးသံ အလုပ်နားချိန် စကားဝိုင်းဖွဲပြောသံတွေ နဲ့ ပျှော်စရာပါ ။ ကျုပ်အကိုကတော့ ဧည့်စာရင်း သွားတိုင်ရမယ်ဆိုတော့ အံ့သြောလို့ မဆုံး ။ ဧည့်စာရင်းနဲ့  နေနေကြရတာတဲ့ ဗျာ ။ ပတ်ဆံ နှစ်ရာသုံးရာ တစ်ပါတ် စာအတွက်ပေးကြရတယ်တဲ့ ။ အံ့ပ ဗျာ ။ မြန်မာနိုင်ငံသား မှတ်ပုံတင်လဲ ရှိ့  အဖေ မြန်မာ အမေမြန်မာ မှန်သော်လည်း ကို့ နိုင်ငံအတွင်း ပါ့တ်ဆံပေး ပီး ဧည့်စာရင်းနဲ့ နေရတယ်ဆိုတော့ ဘယ်လိုမှ သဘာဝမကျ ။ ကြည့်ဗျာ အားလုံးသော အလုပ်သမားတွေက ဘ၀အချေအနေ ကြောင့် လုပ်ငန်းခွင်ဝင်နေကြရတာ ကိုး ။ သြော် သူ့ ခေတ်နဲ့  သူ့ ဇတ်ဆိုတော့ ကျုပ်ကပြော မောရုံပေါ့  ။ တစ်နေကုန်ပင်ပန်း တာတွေကြောင့် ခေါင်းထဲ အတွေးပေါင်းစုံ စဉ်းစားရင်း ဘယ်လိုက ဘယ်လို အိပ်ပျှော်သွားတယ် ဆိုတာမမှတ်မိ - -- -။ မနက်မိုးသောက် ( ၄း၃၀ ) ဂျိုင့်ဆေးသံ ရေချိုးသံ တွေနဲ့  ။ ဘယ်လိုမှ ဆက်အိပ်လို့ မရ ။ အကိုကတော့ အလုပ်ပင်ပန်းတယ်ထင်ပါရဲ့  ။ ရွာမှာဆို လှည်းမောင်းသံ နွားမောင်းသံ ။ ကြက်တွန်သံ အစား ပဲပြုတ်သည်က အစားထိုးရင် ဘယ်လို့ မှ နေသားမကျသေး ။ အားလုံးသော အလုပ်သမားတွေ ထမင်းချိုင့် ကိုယ်စီ ဆွဲ ပျှော်ပျှော်ပဲ အလုပ်သွားနေလိုက်ကြတာ မနက်အစော ကြီး ။ အပိုချိန်ဆင်းရတယ် ဆိုလားပဲ ။ ကျုပ်က ရောက်စကိုး ။ ရေချိုးတဲ့ သူကချိုး အလုပ် သွားသူက သွား နဲ့  အားလုံးမှာ အလုပ်ကိုစီ ။ အလုပ်သွားနေကြတာ ကြည့်ရင်း အားကျနေယုံက လွဲပီး အလုပ်မရသေး ။ အလုပ်မရှာရသေး ။ ဗိုက်ဆာလို့  ဘယ်သွားလို့ ဘယ်လာရမှန်း မသိ ။ အဆောင်ရှေ့ ခုန်တန်းလေးမှာ ထိုင်ရင်း ။ မြင်သမျှ မြို့ ကြီးသူလေး တွေကို ကြည့်ရင်းပေါ့ ။ အကိုနိုးမှ လက်ဖက်ရည်ဆိုင် သွားမယ်ဆိုတော့ အံ့သြောလို့  မဆုံး ။ တောကျတယ် ထင်ထင်ဗျာ ။ လက်ဖက်ရည်ဆိုတာ ရွာမှာ နေမကောင်းဖြစ်မှ ကံတွင်းပြတ်မှ သောက်ကြတာ ။ ကျုပ်က တောမှာ ထမင်းကြမ်းစားရမှ တင်းတိန်တဲ့ကောင် ဘယ်လို့ မှ နေသားမကျ ။ သူ့ အရပ်သူ့ ဇတ် တစ်ချိန်တော့ နေသားကျမှာပေါ့ ။ အကိုသွားမယ်ဆိုတော့ လည်းသွားပေါ့ ။ မနေ့ က လာတဲ့လမ်း အတိုင်း သွားကြ ရင်း လမ်းမှာ ဆိုင်ပေါင်းစုံ ။ လက်ဖက်ရည်တောင် ကောင်းတဲ့ ဆိုင်မှ ဆိုပဲ ။ အကို ပြောတဲ့ ကောင်းတဲ့ ဆိုင်ပေါ့ ။ ကိုယ်မှ မသိတာကိုး ။ သူခေါ်ရာနောက်ပေါ့ ။ ဆိုင်ရောက်တော့လည်း အကိုကပဲ လူတတ်ကြီး လုပ်ပီး စားပွဲထိုး ခတ်ငယ်ငယ်ကောင်လေးကို ခေါ်ရင်း ပေါ့ဆိမ့် တဲ့ ။ ကောင်လေးကလဲ အားကျမခံ ရှယ်လား ရိုးရိုးလားဆိုပဲ ။ အကိုလုပ်သူက လုပ်ပီး ရှယ်ဆိုပဲ ။ ကျုပ်မှာ နားမလည် ။ ရှယ်ဆိုတာတွေ ဘာတွေ နားမလည် ။ ပေါ့ဆိမ့် လည်းမကြားဘူး ။ ရွာမှ အဖွားနေမကောင်းရင် ၀ယ်ပေးနေကြက ကျောက်ပတောင်းဆို ပီးရော ။ ကွန့် ပ နော့် - -- ။ လာချတော့ အီကြာကွေး ။ သိတ်မထူးဆန်း ။ ရွာဈေးမှာ မြင်ဘူးတာကိုး ။ သူချပေးတဲ့ ပေါ့ဆိမ့် အကိုမှာတဲ့ ပေါ့ဆိမ့် ရှယ် ဇွန်းပါတာက လွဲလို့  ဘာမှမထူးဆန်းသလို ။ အရသာလဲမခံတတ် ။ အီကြာကွေးနဲ့  တို့ စားတော့ ပေါ့ပြတ်ပြတ် ။ ဘာမှန်းကိုမသိ ။ အကို မွှေပီးမှ သောက်ရတယ်ဆိုတော့ လည်း မထူးဆန်းသလို ။ အီကြာကွေး ရွာမှာလို ထန်းလျှက် ခဲနဲ့ သာ ကိုက်စားချင်ပါတော့တယ် ။ သူအရပ်နဲ့  သူ့ ဇတ်ဆိုတော့လည်း နေသာသလို နေရင်း စားသာသလို စားရင်း အဆင်ပြေတာပါပဲ ။ ရွာမှာ မကြည့်ရတဲ့ ဗွီဒီယို ကားတွေကြည့်ရင်း ဗွီဒီယို ကြိုက်သူ တစ်ယောက်အနေနဲ့  ပြန်တော့မပြန်ချင် ။ အကိုလုပ်သူက ၀မ်းတီး စက်ရုံမှာ အလုပ်ဆင်းတယ် ဆိုပဲ ။ လူမခေါ်သေး ဘူးတဲ့ ။ ကျန်တဲ့ စက်ရုံတွေမှာ အလုပ်ရှာရင် အဆင်ပြေမှာပါပဲ လို့ အားပေးရင်း အလုပ်မရခင်တော့ သူ့ လုပ်စာ ထိုင်စားတဲ့ ။ - --အဆောင်ပြန်ရောက်တော့လည်း မရောက်ဘူး တဲ့ သူစိမ်းနယ် အခက်အခဲတော့ ရှိ့ တာပဲ ။ ကြုံလာသမျှ အခက်အခဲက လည်း တစ်ချိန်ပြန်တွေးကြည့် ရယ်စရာနော် ။ - -အလုပ်လျှောက်ဘို့ က လိုလာပါပီ ။ လေဘာ ရပ်ကွက်ထောက်ခံစာ ရဲစခန်းထောက်ခံစာ မှတ်ပုံတင် ကော်ပီ ။ မူရင်း ရော ကော်ပီ ရော အကိုမှာသွားလိုက်တာ ဘယ်နားမှာ ဘယ်ကားစီး ဘယ်ကိုသွား ဘယ်ကိုချိုး ဘာတွေမှန်းမသိ့ ။ မရောက်ဘူးတဲ့ သူစိမ်းနယ်ကိုး ။ ယောက်ျားလေးပဲ ဗျာ ။ သေလမ်းသွားတာမှ မဟုတ်ပဲ ။ သွားရမှာပဲလေ ။ သူပြောတဲ့ အတိုင်း သွားကြည့်တော့ အခက်အခဲတော့ မရှိ့  ။ မှတ်တိုင်မှား ဆင်းတာက လွဲလို့  ။ ကွမ်းယာဆိုင် တွေ လမ်းမေးရင်း ရောက်တော့ရောက်မှာပါ ။ ရဲစခန်း - -- --။ - - --ထောက်ခံစာ လုပ်ရမှာကိုး ။ ရဲစခန်းမှာလည်း လူတွေအများကြီး ကျုပ်တို့  အရွယ်တွေရော ကလေးတွေရော ခွေးတွေရော ။ သူစိမ်းနယ်ဆိုတော့ လည်းကြောက်တာပေါ့ ။ ရောက်မှ မရောက်ဘူးတာ ။ ရဲ့ နဲ့ ပါတ်သတ်လို့  ဖရဲသီး စတော်ဘယ်ရီလောက်သာ မြင်ဘူးစားဘူးတာ ခုမှလတ်တွေ့  ။ ကူညီပရစေ ဆိုင်းဘုတ်အောက်မှာ ထိုင်ရင်း အလှည့်ကျနဲ့  ထောက်ခံစာ လုပ်ရတာကိုး ။ ကျုပ်အလှည့်ရောက်တော့ ၀င်သွားတာကိုး ။ ထောက်ခံစာလားတဲ့ ။ အင်းပေါ့ ။ သူဟာသူ ဘာမှမမေး ။ အမေအဖေ မှတ်ပုံတင်ကလွဲလို့  ကျန်တာမမေး ။ ပီးတော့လည်း ပီးသွားတာပဲလေ ။ ဒါပေမဲ့ ( ၁၀၀၀ ) တဲ့ ။ ဟောဗျာ သူများတွေ ပေးတောလည်း ပေးရမှာပဲ ။ မြို့ မှာ ရိုးရိုးသားသား အလုပ်လုပ်မဲ့ သူလေ ။ ထောက်ခံစာလေး ရေးပေးတာ ၀န်တာကြီးလို့  ။ ကူညီပရစေ ဆို ။ ဒါပေမဲ့ အလကားမရ ။ ပါတ်ဆံပေးမှ ကူညီမဲ့ ပုံ ။ သူအရပ်နဲ့  သူ့ ဇတ်ပဲ ဗျာ ။ နောက်တစ်နေရာ လေဗာ ရုံးသိတ်တော့ လမ်းမလျှောက်လိုက်ရ ရောက်တာပါပဲ ။ ငါလူလည် ကြီးပေါ့ ။ လေဗာရုံးမှာလည်း လူတွေများသား ။ ဆောင်ပုဒ်တွေက အစုံဗျ ။ အလုပ်သမား အခွင့်အရေးကို လေဗာရုံးက ကူညီဖြေရှင်းပေးကြောင်း သာကြောင်းမာကြောင်းပေါ့ ဗျာ ။ ( ၁၈ ) နှစ်မပြည့် သူတွေကို လေဗာ ထုတ်မပေးရ ဘာတို့ ညာတို့ ပေါ့ဗျာ ။ ငယ်ငယ်တုန်းက ငါးနှစ်ပြည့်ကြောင်း လတ်နဲ့  နားရွက်ကိုင်ရတာ မှမဟုတ်တာ ။ လိမ်တော့ လည်းသိမှာ မှမဟုတ် ။ ကျုပ်အလှည့်ကျတော့လည်း အဖေမေး အမေမေး မှတ်ပုံတင်ကြည့် ပီး ပါတ်စပို့ ပုံလေး ပေးပီး ။ ပီးတာပါပဲ ။ ဒါပေမဲ့ ( ၅၀၀ ) တဲ့ဗျာ ။ သူ့ စိ က စာရွက်အပိုင်းလေးပါပဲ ။ လေဗာတဲ့ ။ ထားပါ ပြသနာမရှိ့  ။ အလုပ်ဖြင့်မရသေး ရဘို့ မကြိမ်းသေသေးပေမဲ့ ရင်းရတဲ့ ငွေကတောက်ရှောက် ။ ဆိုင်တစ်ဆိုင်က ဆိုင်းဘုတ်ကို မှတ်မိပါရဲ့  ။ - -ဒီမှာ မိတ်ဆွေ အရင်းမရှိ့ ပဲ အမြတ်မရနိုင် - -ဒီကနေ့ အမြတ်သည် မနက်ဖြန်အရင်း ဖြစ်သောကြောင့် အကြွေးမရောင်းပါ တဲ့ ။ ကျုပ်တို့  မြန်မာ နိုင်ငံက အလုပ်သမားတိုင်း ဒိလိုလုပ်ကြရတာပဲ ။ ကျုပ်ကြမှ ပြောနေလဲ အပေါကြီး ဖြစ်မှာကိုး ။- - --( ဆက်ရန် )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment