Monday, December 9, 2013

ကျုပ် ဆင်းရတော့မယ်ဆိုတော့ ရင်တွေခုန်တာပေါ့ ။ ရန်ကုန်ဆိုတာလည်း ခုမှရောက်ဖူး ဆိုတော့ ရထားက လည်း slow နဲ မောင်းနေတော့ ဆင်းရမယ်ဆိုတော့ မဆင်းရဲ တစ်ကြောင်း ။ စိတ်ပျတ်ပါတယ် ဗျာ ။ အရေးထဲ ခပ်စွာစွာ အခြောက်ကြီးက ပဲ ကျုပ်အထုတ်တွေ ကိုပစ်ချလိုက်တယ် ဗျ ။ သူကပဲ လူတတ်ကြီးလုပ်ပီး ။ ဟော ဗျာ ။ ကျုပ်မှာ ဘာမှပြောခွင့် မရ ။ ကျန်တဲ့ အခြောက်တွေ ဆင်းကုန်ပီ ဗျ ။ သူတို့ က စီးနေကြ ထင်ပါတယ် ။ အားလုံးအဆင်ပြေကြတယ် ။ ကျုပ်မှာ ပုဆိုးကန်တောင်းကျိုက်ပဲ ကျိုက်ရတော့မလို ။ ရွာမှာ လှည်းမောင်းတုန်း က အဆင်ပြေဗျ ။ ခုန်ဆင်း ခုန်တတ် ပြသနာမရှိ ။ ရထားကြ မှ ။ ကျုပ်မှာ အခြောက်ထက်ကြောက်တဲ့ အခြောက်ကြီးဖြစ်နေပါပီ ။ ရှက်လည်းရှက်စရာ ဗျ ။ ရထားပေါ်ဈေးသာရောင်းစားရင် မြန်မြန်မသေတောင် ထမင်းငတ်မှာ ဗျ ။ ထားပါ ကျုပ်ကြောက်တယ်ပေါ့ ။ ရှုးရှုးပေါက်ချင်သလို အီးပေါက်ချင်သလို ။ ကြောက်နေတာကိုး ။ ခပ်စွာစွာ အခြောက်ကြီးက ပဲ ကျုပ်ကိုကြည့်ပီး စိတ်မရှည်တော့ဘူး ထင်ပါတယ် ။ သူကအရင်ဆင်းပီး ကျုပ်ကိုဆွဲ ချတယ်ဗျ ။ ကျုပ်ခေါင်းထဲ တော့ အမှတ်တမဲ့ ဆိုတော့ ရိပ်ကနဲ့ ။ ရထားကသွားနေတာပဲ ဗျာ ။ လူကျတော့ ဘယ်ကျတော့ မလဲ ။ သူအပေါ် ပစ်ကျတာပေါ့ ။ ကံကောင်းလို့  ရထားမကြိတ် ။ ကျုပ်က သူအပေါ် ခွလျှက်မှေက်ခုန်ပစ်ကျတာပေါ့ ။ ဘူတာကွန်ဂရစ် နာတော့ နာတာပေါ့ ။ ကျုပ်ကဒါလောက်မဟုတ် ။ အခြောက်ကြီးက အောက်ကလေ ။ လူတွေဝိုင်းကြည့်နေတော့ ကျုပ်ကရှက်တာပေါ့ ။ တောသားပဲ ဗျ ရှက်တာပေါ့ ။ အရှက်အကြောက်ကြီးတာကိုး ။ အခြောက်ကြီးက အတင်းကုန်းထ ဖုန်တွေ ခါ ပီး ။ မနာတဲ့ ပုံစံဗျ။ ကျုပ်ကို သံယောဇဉ်တော့ ကြီးရှာတယ် ။ မောင်ရေး ဘာဖြစ်သွားသေးလဲတဲ့ ။ ကျုပ်ကလည်း ဘာမှမဖြစ်တော့ ဘာမှမဖြစ်ဘူးပေါ့ ။ ဒါပေမဲ့ ကျုပ်နားထဲ ကြားဖြစ်အောင် ကြားလိုက်ရတာက ဒီအတွဲတွေ သေကြောင်းကြံစရာရှား လို့  လူမြင်ကွင်းဘူတာမှ လာပီးသေကြောင်းကြံ ရလားတဲ့ ဗျာ ။ ဟောဗျာ ။ လူတစ်ယောက်ရဲ့  ပြသနာကို မစင်းစားပဲ ပြောရက်လိုက်တာ ။ ရှက်ရှက်နဲ့ ကုန်းထတယ်ဆိုရင်ပဲ ။ အဖေကနေအကို အကိုကနေ ကျုပ် အလှဲ့ ကျ ၀တ်လာတဲ့ ဘိုးဖွားပိုင် ပုဆိုး ထက်ခြမ်းကွဲနေပါပီ ။ ကြာပီပဲ ဗျာ ။ ပုဆိုးကွဲတာ ပြသနာမရှိ့  ။ ဒီပုဆိုး ကျုပ်လတ်ထက်ကျမှ ထက်ခြမ်း ပြဲတယ်ဆိုတော့ ကျုပ်မှာ စိတ်မကောင်းဖြစ်မိတာကိုး ။ စိတ်မကောင်းယုံကလွဲပီး ဘာတတ်နိုင်မှာတုန်း ။ လူတွေဝိုင်းကြည့်နေတယ်ဆိုတော့ လည်း ပုဆိုးအသစ်ကလည်းလိုမရသေး ။ သတိရလို့  အထုတ်ကြည့်မိတော့ အထုတ်နှစ်ထုတ်က အခြောက်တွေလတ်ထဲမှာ ။ ဟောဗျာ ။ ကျုပ်မျက်နှာ ဇီးရွက်လောက်ဖြစ်နေချိန်မှာ အခြောက်တွေက တစ်မျိုး ။ အော် - - ။ ကျုပ်ရွာမဟုတ်လို့  အရာရာကိုသီးခံနေရတာ ။ ကျုပ်လည်း ကန်းတောင်းကျိုက် ပီး ကျုပ်အထုတ်တွေ သွားယူ ရတာကိုး ။ ခပ်တည်တည် နဲ့  ကို့ အထုတ်ကိုစောင့်စွဲ ပီး ခရီးဆက်မယ်ပေါ့ ။ ဘယ်အချိန်ထဲ က အမြင်ကပ်နေလဲ မသိတဲ့ ဘူတာစောင့်ရဲတွေ ကျုပ်တို့ ကိုလာခေါ်ပါရော ။ စီးကမ်းပျတ် လို့ တဲ့ ဗျာ ။ အာ - -- အာ - -နဲ့  ကျုပ်မှာ ဘာမှ ပြောချိန်မရ ။ ရုံးရောက်မှ ရှင်းတဲ့ ဗျာ ။ ကျုပ်မှာ ကန်းတောင်းကျိုက်နဲ့ ပဲ လိုက်ရတာပေါ့ ။ ပုဆိုး ဖြန်လို့  မှမရတာကိုး ။ ငယ်ဖေါ် တွေရော ဖွားဘက်တော်တွေ ပါ အကုန် ပြူကုန်မှာကိုး ။ ရွာမှာ မရှက်ပေမဲ့ ကို့ နယ်မဟုတ်တော့ လဲရှက်တာပေါ့ ။ ဘယ်လောက်ရှက်လိုက်မလဲ ဗျာ ။ ရှက်နေတဲ့ ကြားက ရှက်ရှက်ကြီးသာ ပေါ်သွားရင် ပိုရှက်စရာကြီးနော် ။ အော်ငါ့နယ် ဘ၀ဘ၀ - - -အမေ့ရေ သားအဖြစ်ကြည့်လှဲ့ ပါအုန်းဗျာ ။ ဘူတာရုံး ရောက်တယ်ဆိုပဲ မမေးမဆန်း ဗျာ ။ မင်းတို့  အရမ်းချစ်နေကြသလားတဲ့ ။ ဟောဗျာ ။ ကျုပ်မှာ ပြောချိန်မရ ။ ခပ်စွာစွာ အခြောက်ကြီးက ပဲ လူတတ်ကြီးလုပ်ပီး ရှင်းပြနေတာကိုး ။ မီးတို့  မီးတို့  စီးမဲ့ကမ်းမဲ့  လုပ်တာမဟုတ်ပါဘူး ။ မီးမောင်လေးက ကြောက်ပီးမဆင်းရဲ လို့  တွဲဆင်းလိုက်တာ ခုလိုဖြစ်သွားတာပါတဲ့ ။ ရှင်းပြနေတာကိုး ။ ရုံပိုင်ကြီးလား ဘာကြီးလဲတော့မသိဘူး ။ ကြီးတဲ့အမှု ပပြောက်ငယ်တဲ့အမှု သေးစေ ဆိုတဲ့အတိုင်း -- အခြောက်တွေကို အမြင်ကပ်တယ် ထင်ပါတယ်။ ဒဏ်ငွေ တစ်ရောက် တစ်သောင်းတဲ့ ။ ကျုပ်မှာ မျက်လုံးပြူးတာပေါ့ ။ ဖုန်းဆပ်ခေါ် ဆိုတော့လည်း ဒီခေတ်လို ဖုန်းကမပေါသေး ။ ကျုပ်အကိုပေးထားတဲ့ ဖုန်းကလည်း လမ်းဘေးဖုန်း ဗျ ။ အချိန်ပြည့်လား အားမှာမဟုတ် ။ ကျုပ်မှာ အများဆုံးကျန် လေးငါးထောင်ပေါ့ ။ ဟောဗျာ ။ ကျုပ်မှာ ငိုချင်သလို ရယ်ချင်သလို ။ အမေ့ကိုသာ တလိုက်ချင်ပါတယ် ။ အခြောက်ကြီးကပဲ ခေါင်းတွေ ညိမ့်ပီး ဒဏ်ငွေဆောင်မယ်ပေါ့ ။ ကျန်တဲ့ အခြောက်တွေက အပြင်မှာ ဆိုတော့ ။ ကျုပ်အတွက်ပါမယ်မထင်။ ကျုပ်ကတော့ မျက်နှာ ငယ်လေး နဲ့  ။ ဖမ်းလည်းဖမ်းပစေပေါ့ ဆိုပီး ပါတ်ဆံမထုတ်တော့ ။ ပါတ်ဆံလည်း မပြည်တာကိုး ။ ဘူတာပိုင်ကြီးက ပဲ ဟိုညီလေး အတွက်ကရော ဆိုတော့ - -ကျုပ်ကို အခြောက်ကြီးက မေးထိုးပြတယ် ပေးလိုက်ပေါ့ ဆိုတဲ့ ပုံစံ ။ ကျုပ်မှ မပါတာ ရယ်ပြရုံက လွဲပီးဘာတတ်နိုင်မှာလဲ ။ ကျုပ်ရဲ့  မျက်နှာငယ်ငယ်လေး ကို အခြောက်ကြီးကပဲ ရွှေဘောတော်ကျပီး အပြင်ကို ပါတ်ဆံ ထွက်ချီးတယ်ဗျာ ။ အပြင်ကအခြောက်တွေကလည်း ရက်ရက်ရောရော ပေးလိုက်တယ် ဗျ ။ ရော့ ဆိုပီး ဘူးတာပိုင်ကြီး ကိုဈေးတောင်မစစ်ပဲ ပေးလိုက်တော့ တာကိုး ။ သြော် ပြသနာတစ်ခု သူတို့ ပဲ ရှင်းလိုက်ပြန်ပါပီ ။ အင်း နောက်မဖြစ်စေနဲ့  ဆိုပီး ပြန်လွှတ်လိုက်တာပေါ့ ။ ကျုပ်မှာ ပုဆိုးကန်တောင်းကျိုက်ကလေး နဲ့  ရှက်လည်းရှက်နေပါပီ ။ မျက်နျာလည်း ပူနေပါပီ ။ ကျုပ် အခြောက်တွေကို ပထုတ်ဘို့  အကြံပေါင်းစုန် ထုတ်ရတော့တာကိုး ။ သူ တို့ ကလည်းသိတ်ကူညီချင်နေကြတယ် ဗျ ။ ကျုပ်အချို သတ်ရတော့တာပေါ့ ။ ကိုကြီး - --အဲ -- မမ တို့  ကျွန်တော် ပုဆိုးလဲအုန်းမယ် ဗျ ။ အထုတ်ဆွဲ ပီး အိမ်သာဘတ်ထွက်လာတာပေါ့ ။ သူတိုကလည်း ကျန်တဲ့ အခြောက်က ဒီကစောင့်နေမယ်ဆိုပီး ကျန်ခဲ့ တယ်ဗျ ။ မောင်လေး မြန်မြန်လုပ်ဆိုပီး မှာလိုက်သေးတယ် ။ ခပ်စွာစွာ အခြောက်ကြီးက နောက်ကရောင်ပေ ရောင်ပေ နဲ့ ပါလာတယ် ။ ကျုပ်ကလည်းဘယ်ရမလဲ ။ ဆန်ထုတ်ကအစ အကုန်ယူလာတာကိုး ။ မျက်လုံးကလည်း ပြေးပါက်ကိုကြည့် နေတာပေါ့ ။ ဘာဖြစ်ဖြစ် ဒီချီးထုတ်တွေ လတ်ကလွတ်ချင်ပါပီ ။ ကျား အိမ်သာ တွေ့ ပီ ဗျ ။ ကျားအိမ်သာလည်းတွေရော အခြောက်ကြီးလည်း ရှက်သွားတယ် ထင်ပါတယ် ။ ဟိုဘတ်လှည့်နေတာပေါ့ ။ မ အိမ်သာနဲ့  ကျား အိမ်သာပဲ ရှိ့ တာလေ ။ အခြောက်အိမ်သာဆိုပီး သီးသန့် ဆောက်မထားတော့ သူ့ အတွက်က ပြသနာ ။ ဒီအခွင့်အရေးပဲ အသုံးချပီး ။ အ၀တ်လဲ မလဲတော့ ။ ရိပ်ကနဲ ဆိုပီး ရထားအတွဲ ဟောင်းနားပြေးကပ် လွတ်မဲ့ လမ်းဆိုပီး စီတ်ထင်ရာ ထွက်ပြေးတာပေါ့ ။ ဘာမှ မစင်းစားနိုင်တော့ ။ ဖြစ်သမျှ အကြောင်းအကောင်းပေါ့ ဗျာ ။ ဆန်အိတ်ကလည်း ကြာတော့ လေးလာတယ် ။ အ၀တ်ထုတ်ကလည်း ဆွဲရသေးဆိုတော့ ကိုယ်ချင်းစာကြည့် ပေါ့ဗျာ ။ လာချင်အုန်းဟဲ့ ရန်ကုန် ။ အမေ့ရေ သားအဖြစ်ကိုကြည့်လှည့်ပါအုန်း ။ နဖူးကချွေး မသုတ်နိုင် ။ ပုဆိုးအကောင်းမလဲ နိုင် ။ ခုအချိန်မှာ မရှက်နိုင်တော့ ပါဘူး - -- ။ ( နောက်ရက်မှ ဆက်ရေးတော့မယ် ဗျာ )


No comments:

Post a Comment