Thursday, December 12, 2013

ဘုရားဟောတရား မှာ လူတို့ သည် မမြဲသောသင်္ခါရ နဲ့ မွေးဖွားလာပီး သေရင်ဘာမှမပါဘူး ဆိုတာ တရားတွေက သတ်သေပါ ။ ဘာမှ မမြဲတဲ့ လူ့ ဘ၀မှာ သင်ရောသေရင် ဘာတွေ ယူသွားနိုင်မလဲ ။ ဘာမှ မယူနိုင်ကြပါဘူး ။ အပူ နဲ့ သောက တွေ ယူဆောင်သွားကြရင်လည်း သေရင်ငရဲ ဆိုတာ ဘုရားဟောတရားတွေ မှာ သတ်သေပါ ။ ကျောက်ကွင်း အရေးတော်ပုံ စာအုပ်ဖတ်တယ်ဆိုရင်ပဲ တော်တော် ဗဟုသုတ ရခဲ့ပါတယ် ။ လူတွေဘာကြောင့် သူ့ ဘာသာ ကို့ဘာသာ ကောင်းတယ်မကောင်းဘူး ငြင်းနေကြသလဲ ။ လူတွေရဲ အတ်တ နဲ့ မာန တွေကြောင့်ပါ ။ ဘုရား ကတော့ မဟောခဲ့ပါဘူး ။ ဘယ်ဘာသာ ကိုးကွယ်စေ ဆိုတဲ့အစွဲ မဟောခဲ့ပါဘူး ။ သေချင်းတရားနဲ့  မမြဲတရားကို လတ်ကိုင်ထားဘို့  အပူအပင် သောကကင်းဝေးရာ ချုပ်ငြိမ်းရာ နိဗ်ဗန်ရောက်ကြောင်းတရားပဲ ဟောကြားတော်မူခဲ့တယ် ။ လူ့ လောက ဆိုတာကလည်း အဆွဲအမျိုးမျိုး ယုံကြည်ရာအမျိုးမျိုး ဘာသာအမျိုးမျိုး ဆိုတော့ လူတွေရဲ့  စိတ်ကို ပြောင်းလဲဘို့ ဆိုတာ မဖြစ်နိုင်ပါဘူး ။ ရင်ထဲက ဖြစ်တည်လာတဲ့ ယုံကြည်ကိုးကွယ်မှု့ သာ တရားအစစ်ပါ ။ ဘာသာချင်း ဘာကြောင့်တိုက်ခိုက်နေကြသလဲ ။ ဘာကြောင့် အမြင်မကြည်အမုန်းထားနေကြတာလဲ ဆိုတာ နားမလည်နိုင်ပါဘူး ။ အားလုံး တူညီသော အချက်က သေရင်ဘာမှ ယူသွားလို့  မရပါဘူး ။ လူတိုင်းက သေမျိုးပါ ။ ဘယ်လောက်ပဲ ချမ်းသာပါစေ ဘယ်လောက်ပဲ ရာထူးကြီးပါစေ သေချင်းတရားကိုမတား နိုင်ကြပါဘူး ။ ငါအစွဲတွေ ဘာကြောင့်စွဲနေကြသလဲ ။ ငါဘာသာ ငါ့ဘာသာ သာ အကောင်းဆုံးလို့ ပြောနေယုံနဲ့  မပီးသေးပါဘူး ။ ကို့  ကိုယ် ကို ရောမေးဘို့  လိုလာပါပီ ။ ကိုဘာလူ မျိုး ဘယ်ဘာသာ ကိုးကွယ်သလဲ ။ ရင်ထဲက လာတဲ့ကိုးကွယ်ယုံကြည်မှု့ လား ဆိုတာ မေးဘို့ သင့်ပါတယ် ။ တစ်ကယ်ရော ဦးထိတ်ထား သာသနာအကျိုး သယ်ပိုးနေသလားလဲ မေးသင့်ပါတယ် ။ ကျုပ်ဆိုရင်လည်း ကို့ ကိုယ်ကို အမြဲစင်းစားတယ် ။ ငါ ဗုဓဒ ဘာသာစစ်စစ် ဖြစ်ပီး သာသနာအကျိုး သယ်ပိုး ထမ်းရွက်နေပီ လားလို့ မေးမိပါတယ် ။ မိရိုးဖလာ ကိုးကွယ်မှု့ က ဆင်းသတ်လာပီး ၇ နှစ်သားမှာ ရှင်ပြု ဘုန်းကြီးစာ သင်ယူခဲ့တာကိုး ။ လူဘ၀ ပူလောင်တာတွေ ရောပီး ဘာသာ ကိုအားနဲလာပါတယ် ။ မဖြစ်သင့်ပါဘူး ။ သာသနာ အကျိုး ထမ်းရွက်ရမဲ့ တာဝန်က ကျုပ်တို့ တာဝန်လေ ဗျာ ။ ကျုပ်တို့ ရောင်ဝါးဝါး လုပ်နေလို့  မဖြစ်ပါဘူး ။ တစ်ခြားဘာသာ ပုတ်ခတ်စော်ကားနေမဲ့ အစား ကို့ ဘာသာ ကို့ သာသနာ ကိုအကောင်းဆုံးဖြစ်အောင် ကို့ကိုယ် ကို စံပြဖြစ်အောင် ကျိုးစားနေသင့်ပါတယ် ။ ကျုပ်တို့ အသတ်တစ်ဝတ်ကျိုး နေပါပီ ။ လူငယ်တွေ ဘာသာရေးအားနဲ လာတယ်ဆိုတာ သတ်သေပါပဲ ။ ခေတ်ကတိုးတတ်လာတာကိုး ။ ဘုန်းတော်ကြီးတွေလဲ ကားတွေတိုက်တွေနဲ့  တိုးတတ်လာတယ် ဗျ ။ ခေတ်တိုးတတ်လာတာနဲ့  ပြိုင်ဆိုင်မှု့  တွေလာပါရော ။ ဘယ်လောက်ပြိုင်ဆိုင်ကြ ပါစေ လူတိုင်း ရင်ထဲက ယုံကြည်မှု့  ကို အတင်းဖြောက်လို့ မရပါဘူး ။ လူတိုင်းက သေရင်ဘာမှယူမသွားနိုင်ကြပါဘူး ။ လောဘ ဒေါသ မောဟ အတ်တ တွေ ကိုဘုရားဟော တရားနဲ့  အညီ ရှောင်ရှားကြရင် ချစ်ချစ်ခင်ခင် နေကြရင် မွန်မြတ်ပါတယ် ။ ကျုပ်တို့ သေရင် ဘာတွေ ယူသွားမလဲ ။ ပျှော်ရွှင်ခြင်းနဲ့  အပူအပင် ကင်းတဲ့ သေဆုံးမှု့  ဟာ နိဗ်ဗန် ဆိုတာ မမှားပါဘူး ။ လူတိုင်းလောဘ ဒေါသ မောဟတွေ ကင်းနိုင်ပီလား - - -ကျုပ်တို့  ဗုဓဒ ဘာသာသည် အေးချမ်းမွန်မြတ်သော ဘုရား တရားတော်နဲ့ အညီ ကျင့်ကျန်အားထုတ်တဲ့ ဘာသာ လူတိုင်းကို အမုန်းမထားသလို ဒေါသတွေ ချုပ်ငြိမ်းစေတဲ့ ဘုရားတရားတော်တွေက သတ်သေပါ - --


No comments:

Post a Comment