Sunday, December 1, 2013
စိတ်မကောင်းစ ရာတွေ မြင်မိရင် လည်း စိတ်မကောင်း ယုံက လွဲပီး ဘာမှမလုပ်နိုင်သေး ။ အားငယ်နေတဲ့ သူတွေ တွေ့ တိုင်း အားဆေးပေး နိုင်ယုံ နဲ့  အားပေးယုံ ကလွဲပီး ဘာမှမလုပ်နိုင်သေး ။ ဘာတွေလုပ်နိုင်ပီလဲ ။ ဘယ်လို ကျိုးစားနေလဲ ။ ဘာတွေကျိုးစား ပီးလဲဆိုရင်လည်း လုပ်တိုင်းလည်း မဖြစ်တော့ ဖြစ်တိုင်းလုပ်ရမယ်ဆိုရင် မိန်းမပဲ ယူရတော့မလိုလို ။ မြန်မာ နိုင်ငံရဲ့  စီးပွားရေး အခြေအနေက မိန်းမ များများယူ ကလေးများများမွေး ပီး တရုတ်ကို ရောင်းစားတာ ကောင်းမယ်နော် ။ အဲလို ဗျ ။ တိုင်းပြည် က သယံဇာတ ပေါကြွယ်ဝသော် လည်း ကျုပ်တို့ ပြည်သူတွေ မဆိုင်ပါဘူး ။ မကိုင်ရပါဘူး ။ သစ်တပင်ခုတ်ထောင် သုံး နှစ် ဆိုပဲ ။ ဟိုတုန်းက ဗျ ။ တောသား တစ်ယောက် ပေါ့ ဗျာ ။ တောတတ် သစ်ခုတ်တာ ကိုး ။ သစ်ပင်ဆိုင်းဘုတ်တွေ ဘာတွေတော့ သူလည်းမကြည့်မိဘူး ထင်ပါတယ် ။ ကျွန်းပင်က အကြီး ကြီး ဗျ ။ သစ်သမားပဲ သစ်ပင်ဖြောင့်တော့ ခုတ်တာပေါ့ ။ ကံဆိုးတယ် ဗျ ။ ဆိုးတာမှ အကြီးကြီး ။ သူ ခုတ်တဲ့ သစ်ပင်ကလည်း လေယျဉ် အမှတ်အသား သစ်ပင် ဗျ ။ ဒီထက်ဆိုးတာ က သစ်တော ကလာဖမ်းတာပေါ့ ဗျ ။ ခင်ဗျားကို ဖမ်းမယ်တဲ့ ။ ဘာလို့ ဖမ်းမှာ လည်း ။ ကျွန်းပင်ခုတ်လို့  ဆိုပါတော့ ။ တောသားဆိုတော့ ဥပဒေ ဘယ်သိပါမလဲ ။ သစ်တော ကပဲရှင်းပြရတာပေါ့ ။ ကျွန်းတစ်ပင်ခုတ် ထောင်သုံးနှစ် ပေါ့ ။ ဥပဒေ ကဘယ်လိုရှိ့ တယ် ပေါ့ ဗျာ ။ သူ အရင်ခုတ်ခဲ့ တဲ့ သစ်ကအများကြီးဆိုတော့ ။ တစ်ကယ် စစ်လို့ ပေါ်ခဲ့ ရင် တစ်ပင်သုံး နှစ် ။ သူလုပ်လာတာ ငယ်ငယ်ထဲက ။ အားပါးပါး ။ ထောင်ထဲက ထွက်ရမှာ မဟုတ်တော့ ။ ဒါပေမဲ့ ။ တောသား က လူနပ် ဗျ ။ ဘာမဟုတ်တဲ့ သစ်ပင်ခုပ်တာ သုံးနှစ် ။အယူ ခံဝင်လို့ မရ ။ အစိုးရ ပိုင်လေ ။ ပြည်သူပိုင်ပစ်စည်း ခိုးမှု ဆိုပါတော့ ။ စွဲလိုက်မဲ့ ပုဒ်မ ။ လူသတ်တာက အယူခံလည်း ရှိ့ တော့ ။ သစ် ခုတ်တာလောက်တော့ ဆိုးမယ်မထင် ။ လူသတ်ပီး ၀င်ခံ ရင်အယူခံ ရှိတယ်လေ ။ သစ်မှု့ က ကံမကောင်း အိမ်ပါပြုတ်မှာပေါ့ ။ ဒါ့ကြောင့် သစ်တော ၀န်ထမ်း လေး လတ်ထဲက ဒါးနဲ့ ပဲ ။ ခုတ်သတ်ပီး ထောင်ကျခံလိုက်ဘို့  ဆုံးဖြတ်လိုက်တာ ပေါ့ ။ - -ခင်ဗျားတို့ ပဲ စင်းစား ကြည့်လေ ။ လုပ်စားတော့ မိုးမှောင် ခိုးစားတော့ ခွေးဟောင် တဲ့ ဗျာ ။ကျွန်တော် င မိုက်သားလေး ဘ၀အတွက်အလုပ် လုပ်ဘို့ ရန်ကုန်ကို အထင်ကြီးခဲ့ ဘူးတယ် ဆိုပါတော့ ။ -- - မှိုင်း ပြတဲ့ ရာသီဥတုကို လည်စင်းခံ ရင်း သွားရမဲ့ ခရီးအတွက် ရင်ခုန်နေသူက ကျွန်တော် ။ စိတ်ကူး ကတော့ မြို့ တတ်အလုပ်တွေ လုပ် ပီးငွေတွေ စု ။ ပါတ်ဆံထုတ်ကြီး အမေ့  ရှေ့ ပစ်ချ ပီး -- ဟား ဟားဟား ဒီမှာသား လုပ်စာ ဆိုပီး အမေ့ကို ကြွားချင်တာ ကိုး ။ လူက ကျွတ်ဆပ်ဆပ် ဆိုတော့ အမေအထင်သေးတာကို မခံနိုင်တာ ။ တောသူတောင်သားပဲ ဗျာ ။ကျွေး နိုင်မွေးနိုင်ရင် မိဘတာ ၀န်ကျေပီ ထင်ခဲ့တာ ။ စာတွေသင်ပေးမယ် ။ အချိန်တန် ဘွဲ့ တစ်ခုခု ရ မရ ချင်နေ ။ ဘိုးဘွားပိုင် လယ်အလုပ်ကလေး အမွေပေးမယ် ဆိုပါတော့ ။ အမေက ပေးမဲ့ ဗွပ် ပေါ့ဗျာ ။ ဘ၀ကြီးက ရိုးရှင်းတယ် ဗျ ။ ကလေးတွေမွေး လာရင်လယ်တွေ အမွေပေး ဒီလိုနဲ့  လယ်နေမယ် ဆိုပါတော့ ဗျာ ။ တောသူတောင်သား ဘ၀ ကဒီလိုပါပဲ ရိုးရှင်းပါတယ် ။ မိုးလေးက ဖွဲဖွဲ နဲ့  ဘာမှန်းမသိ လွမ်းနေတာပေါ့ .။ ရန်ကုန်ရောက်ရင် အမေကို လွမ်း ရွာကိုလွမ်း ရွှေမိ ကိုလွမ်းမယ်ပေါ့ ဗျာ ။ ခရီးထွက်ကာနည်း ခေါင်းထဲမှာ အတွေးပေါင်းစုံ ။ ခင်ဗျားတို့ လည်း တွေးဘူးမှာပေါ့ ။ ကိုသွားမဲ့ ခရီးအတွက် ။ ကျွန်တော်ကတော့ စစ်မိုးကာ လေး ချုံထားရင်း ရထားကို မျှော်ရင်းခေါင်းထဲမှာ အတွေး ပေါင်းစုံ ။ ခုန်တံလျှားလေးပေါ် အသက် ( ၁၈ ) အရွယ်ကောင်လေး တစ်ယောက်အနေနဲ့  အားငယ်တာပေါ့။ ခရီးသွားဖေါ်ကိုလည်း တွေးပီးရင်ခုန်မိတယ် ။စော်လေး ဆိုရင်တော့ ကျူမယ်ပေါ ဗျာ ။ ဟာဟား ။ အတွေးက တော့ ။ သိပ်မကြာ ပါ ညံညံ နဲ့  ကနွဲ့ ကလျှ အခြောက်တစ်သိုက် ကျုပ်ခုံဘေး လာထိုင်ပါရော ဗျာ ။ သူတို့ ထဲက ခပ်စွာ စွာ အခြောက်တစ်ယောက်ကပဲ လူတတ်ကြီးလုပ်ပီး ကျွန်တော်ကို နုတ်ဆပ်တယ် ဗျ ။ မောင်းရေး တဲ့ ။ မောင်ရေးက ဘယ်သွားမှာလည်းတဲ့ ။ သမရိုး ကျဆိုတော့ ကျုပ်ကလည်း ဖြေတာပေါ့ ။ ဘာဖြစ်လဲ ရန်ကုန်ပေါ့ ဗျာ ။သူတို့ ကလည်း အားကျမခံ မီးတို့ လည်း ရန်ကုန်ကိုတဲ့ ။ သူတို့ အသတ်အရွယ်ကြီးနဲ့  ဗျာ ။ထားပါ ပြသနာ မရှိ့ ပါဘူး ။ စစ်သား စုစောင်းရေးလောက်မဆိုးသေးဘူး လေ ။ သူတို့ ကပဲ မိတ်တွေဆတ် မုန့် တွေကျွေး ။ လူများလစ်ရင်မိတ်တောင်လိုက်မလား မသိဘူး ။ ကျွန်တော်လည်း ရှက်မိတာပေါ့ ။ ကလေးကလည်း ကလေးသာသာ အရွယ် လေ ။ အခြောက်ကြီးတွေ အနားလာထိုင်နေတာကို စိတ်ထဲမှာ မရိုးမရွ ။ နေရာပြောင်းလို့ ကလည်း အဆင်မပြေ ။ ခုံအလွတ်မရှိ့ သလို ။ ကျုပ်မှာ အ၀တ်ထည့်ထားတဲ့ ခရီးဆောင်လွယ်အိတ်ကြီးက တစ်လုံး ။ ဆန်အိတ်ကပါသေး ။ အလုပ်မရခင်ချက်စားဘို့  ။ အစိုးဆုံးက ခြင်ထောင် ဆောင် ချမ်းရင်ချုံ ဘို့  အမေစီစဉ်ပေးတာကိုး ။ မိုးကလည်းအေးတော့ ချမ်းတာပေါ့ ။ စစ်မိုးကာ ၀တ်ထားတာ ပဲတော်သေး ။ အရေးထဲ မယ်တော် ချော တို့ ကတစ်မျိုးဆိုတော့ စိတ်ညစ်တာပေါ့ ဗျာ ။ ဘယ်လောက်ညစ်လိုက်မလဲ ။ သူတို့ ကလည်း နဲနဲ မျက်နှသာ ပေးလိုက်တယ်ဆိုပဲ လတ်ကားယား ခြေကားယား ။ ရာရီငရဲ ပေါ့ ဗျာ ။ စိတ်ထဲကပဲ ကြိတ်ပီး ရထားအမြန်လာပါစေ ပေါ့ ဆုတောင်မိပါတယ် ။ ကံဆိုးမ သွားလေရာ မိုးပါရွာတာ မဟုတ် ။ အချိန်တွေပါ ကြာတယ်ထင်ရနေသူလေ ။ ဘ၀လုံချုံမှု က မရှိ့ တော့တာကိုး ။ ဘ၀အစတွေပေါ့ ။ - -ဘူ - - ဘူ ဆိုတဲ့ အသံနဲ့ အတူ ။ နားရှုပ်သွားလား အီးပေါက်တာမဟုတ်ဘူး ။ ရထားဝင်လာပါပီ ။ ၀မ်းသာလိုက်တဲ့ ဖြစ်ချင်း ငရဲက လွတ်ပီကိုး ။ အထုတ်တွေဆွဲ ပီး လွတ်ပီကျွတ်ပီ ရင်ထဲပေါ့ သွားတာပေါ့ ။ ခရီးဆက်မဲ့ အားအင်သစ်တွေက အပြည့်  ။ရထား ရပ်ပီ ဆိုပဲ အထုတ်တွေ ဆွဲ အခြောက်တွေနဲ့ လွတ်အေးရော ဆိုပီး ရထားအတွဲပေါ်တတ်လိုက်တာပေါ့ ။ ရထားကလည်း သိတ်ကြာကြာမရပ် ။ လူအဆင်းအတတ်နဲ့  ရထားပေါ်ရောက်တယ်ဆိုပဲ စထွပ်တာကိုး ။ ခုံလတ်မှတ်ကလေး ကိုင်ရင်း ( ၄၅ ) ဆိုတဲ့ ခုံ ၀င်ထိုင်တာပေါ့ ။ စိတ်တွေပေါ့ ပါး ၀ိုးတ၀ါး အလင်းရောင်နဲ့  အပြင်က ရှုခင်းကို ကြည့်လိုက်သေး ။။ ပေါ့ ပါးသွားတာပေါ့ ။ အထုတ်တွေ နေရာချ မှေးမယ် ကြံသေး ။ အဖွားကြီး တစ်ယောက် ဈေးသယ်ထင်ပါတယ် ။ ဟေ့ကောင်လေး ဖယ်တဲ့ ဗျာ ။ ကျုပ်ကလည်း တောသား ကျုပ်ဝယ်ထားတဲ့ ခုံပဲ သူခုံဆိုတော့ မဟုတ်မခံ ချင်ဘူးလေ ။ အဖွား မှားနေလားမသိ ဘူး ။ ဒီမှာ ကျွန်တော် လတ်မှတ် ဗျ ။ (၄၅ ) လေ ။ ဖယ်နိုင်ပါဘူး ။ ဘာဖြစ်တယ် ညာဖြစ်တယ် ။ ရထားလတ်မှတ်ရောင်းတဲ့ သူတွေ ဒီလိုတော့ လုပ်မစားသင့်ဘူး ပေါ့ ပြောလိုက်သေးတယ် ။ အဇွားကြီးက လည်း ဒီလိုဖြစ်ရမလား ဆိုပီး ရထားတွဲစောင့် ရဲ ကြီးကိုသွားခေါ်ပါရော ။ ဘာဖြစ်လဲ ။ ကျုပ်ကလဲ ခိုးစီးတာ မဟုတ်ဘူးလေ ။ ဘယ်သူအကျောမှ မခံဘူး ။ မကြောက်လို့ မှ တောကနေ ရန်ကုန်ကို တစ်ယောက်ထဲ သွားတာ ။ ဟားဟားဟား လို့ တောင်ရယ်လိုက်ချင်သေး ။ အဖွားကြီး သွားတော့ မှေးမယ်ပေါ့ ။ အဖွားကြီးက ရဲ ကြီးနဲ့ အတူ သုတ်သုတ် နဲ့ ၀င်လာရော ဗျ ။ လူက ကြပ်တော့လည်း ထင်သလောက်မမြန်ဘူး ။ အပူပါတယ်လို့ ရဲ ၀န်ထမ်းကြီးက အော်တော့ လူတွေကရောင်ပီး ရှောင်ပေးတယ်လေ ။ ကျုပ်အတွက်ကအထူးအဆန်းပေါ့ ဗျာ ။ ဟေ့ ညီလေး မင်းလတ်မှတ်ပြ ။ ပြတာပေါ့ ကျုပ်ကမှောင်ခိုမှ မဟုတ်တာ ။ ဒီမှာရော့  ။ မင်းဖယ်လိုက် တဲ့ ။ ဗျာ ခြိမ်းခြောက်တာလား ဆိုပီး အထွန်တတ်ချင်တာပေါ့ ။ ဒါပေမဲ့ ပြောချိန်မရ ။ ညီလေး ဒါက သူခုံကွ ။ ဟာ ဘာဖြစ်လို့လဲ ။ ဒီမှာကြည့်ဆိုပီး ။ လတ်မှတ်အောက်မှာ အတွဲနံပါတ် ။ မင်းအတွဲ က ( ၄ ) ကွ ။ ဒီအတွဲက ( ၅) ။ ဗျာ အဲလိုရှိ့ တယ်ပေါ့ ။ ဟာ ။ ဘယ်လိုလုပ်ရပ ။ရထားကလည်း ခုတ်နေပါပီ ။ အရှိန်နဲ့ လေ ။ ချက်ချင်း အတွဲ ပြန်ကူးဘို့ က မဖြစ်နိုင် ။ ကိုအထုတ်ကိုစွဲ ပီး ။ ပါးစပ်ကလည်း သူတို့ လို နဲနဲ ဖယ်ကြပါအုန်း အပူပါလို့  ပါလို့  ရောင်လို့ အော်မိတယ် ။ လူကလည်းကျပ် စိတ်ကလည်း ကျပ်နေပါပီ ။ အဓိက အချက် က အိတ်ချင်တာ ကိုး ။ ရထားနောက်ဆုံး ဆင်းလို့ လွယ်မဲ့ နေရာလေး မှာထိုင်မဲ့ ကြံတော့ လည်း ဈေးသည်တွေ နေရာယူထားတာကိုး ။ ထိုင်စရာနေရာကလည်း မတွေ့  ။ အထုတ်တွေ ကရှိ့ သေးတာကိုး ။ လွတ်တဲ့ နေရာဆိုလို့ ရထားအိမ်သာရှေ့ လေးမှာ နေရာယူမိတာပေါ့ ။ အိမ်သာလေးမှီရင်း ပင်ပန်းသမျှ ခဏနားမယ်ပေါ့ ။မျက်လုံးလေး မှေးယုံ ရှိ့ သေး ။ ဒုန်း ဒုန်း ဒုန်း အသံနဲ့ အတူ ။ သံတံခါးကို ခေါက်တဲ့ အသံ ။ ဘယ်ကလာလဲ လို့ ရှာလိုက်သေးတယ် ။ ဒါပေမဲ့ မတွေ့  ။ ထပ်ခေါက်တဲ့ အသံကြားမှ ။ ကျုပ်နောက်ကမှန်းသိပါတော့ တယ် ဗျာ ။ ကျုပ်က ရထားအိမ်သာ တံခါးကို မှီထိုင်နေတာကိုး ။ ဘယ်ကဘယ်လို ၀င်နေမှန်းမသိတဲ့ လူ ။ ကပြာကရာ ထပီးရှောင်ပေးတော့ ခုန ရဲ ကြီး အစားများပီး အိမ်သာတတ်နေတာကိုး ။ ကျုပ်လည်း အားနာသွားတာပေါ့ ။ အကို sorry နော်အကို့  လို့ ပြောတာ ။ သူကသိတ်မကျေ ။ ဘုကြည့် ကြည့်ပီး ။ မင်း ကွာ ။ ရှေ့ ဘူတာမှာ ။ ခဏ slow ထောက်ပေးမယ်တဲ့ ။ မင်းအတွဲ မင်းသွားတော့ ဆိုပဲ ။ ကျုပ်လည်းဝမ်းသာ သွားတာပေါ့ ။ လူမှန်နေရာမှန် ရတော့မှာလေ ။ ရထားအပေါက်မှာနေရာ ယူ ။ အတွဲချိန်း ရ မှာကိုး ။ သိတ်မကြာပါ ။ ရထား ဥသြအသံနဲ့  အတူ ။ ဘူတာကိုဆိုက်ပါပီ ။ ကျုပ်လည်း အမြန်ဆင်း အထုတ်တွေကို ဆွဲ အမြန်သွားရတာပေါ့ ။ တွေ့ ပါပီ ။ ကျုပ်တတ်ရမဲ့ အတွဲ ။ ဆန်အိတ်နဲ့  အ၀တ်ထုတ်ကိုပစ်တင် လိုက်တာပေါ့ ။ ဂလောင်ဆိုတဲ့ အသံကြားလိုက်ရတယ် ဗျ ။ သိဘူးလေ ။ ရထားပဲ ထွက်မှာပေါ့ နော် ။အတင်းချိတ်ပီး တတ်လိုက်တော့ ။ ကျုပ်ကို မသိပဲ နုတ်ဆတ်လိုက်သူက ခပ်စွာစွာ ဈေးသည်တစ်ယောက် ။ ကောင်မလေး ဗျ ။ ကျုပ်ကို ရန်တွေ့ နေတာကိုး ။ သူနဲ့ လည်း မသိပဲ ။ ဒီမှာ တဲ့ သူထိုးပြတဲ့ နေရာကြည့်လိုက်တော့ မြေမှာခနေတဲ့ မုန့် လုံးကြီးကြော် အကြော်စုံ ။ ကောက်ညှင်းထုတ်တွေ ။ ဟော ဗျာ ။ ကျုပ်နဲ့ ဘာဆိုင်လို့ တုန်း ။ ကျုပ်က ခုမှ တတ်ယုံ ရှိ့ သေး ပြသနာက အရင် ။ အရင်ဒေါသက မပြောက်သေး အော်မိတာပေါ့ ။ သူကလည်း ကပ်ကပ်လန် ဗျ ။ နင်မျက်လုံး မြင်ဘူးလား တဲ့ ။ တွေ့ လား ။ ဟုတ်ပ ကျွန်တော့်အထုတ်ပစ်တင်တာ မှန်ပီး ပြုတ်ကျသွားတာတဲ့ ။ ဟောဗျာ ကျုပ်ကလဲ ပြသနာက အရင် ။ ဟုတ်ဆိုပီး မျက်နှာကလေး ငယ်ရတာပေါ့ ။ အားနာစရာကြီး ဗျ ။ နင်ဘာမှ ပြောမနေနဲ့  ရော်ပေးတဲ့ ။ အာ ကျုပ်မှပါတာက လမ်းစရိတ်သာသာ ။ ရန်ကုန်အတွက် စရိတ်ကရှိ့ သေး ။ နေစရာက အကိုအိမ်မှာနေလို့ ရပေမဲ့ ကားခက လိုပြန်ရော ။ အကိုရှိ့ တယ်ဆိုပိး အမေပေးလိုက်တဲ့ အတိုင်းအတာနဲ့  ပါတ်ဆံ ။ ခေါင်းနပန်းကြီးသွားတာပေါ့ ။ ခေါင်းအေးအေး စင်းစားရမှာလေ ။ ခဏဆိုပီး ကျုပ်ခုံကို ကျုပ်သွားတာပေါ့ ။ ( ၄၅ ) တွေ့ ပါ ပီ ။နောက်မှာက ပြသနာက ပါလာတယ် ။ဗန်းလေးကို ကိုင်လို့  ။ ကျုပ်ကလည်း ကျုပ်အထုတ် ကျုပ်ဆွဲပီး သွားရတာကိုး ။ နောက်ကလည်း ပွစိပွစိ ။ လူတိုးရတာ တစ်မျိုး ။ နောက်ကတစ်မျိုး ။ ဟောဗျာ ။ တွေပါပီ ။ ကျုပ်ထိုင်မဲ့ ခုန်ပါတ်လည်မှာ ဘူတာတုန်းက အခြောက်အဖွဲ့  ။ ထွတ်ပြေးချင်စိတ်ပေါက်သွားတာပေါ့ ။ သူတို့ က ဖော်ရွေတယ် ။ နေရာတွေ ဖယ်ပေး ။ မောင်လေးဘယ်ရောက်သါားတာလည်း တဲ့ ။ မတို့ နဲ့ ပြန်စုံပြန်ပီတဲ့ ။ ကိုနှဖူးကိုသာ ရိုက်ပစ်ချင်ပါတယ် ။ နောက်ကလည်း ပွစိပွစိ ဗျာ ။ ရှေ့ ကလည်း ပွစိပွစိ ဗျာ - -( ကျုပ်ဘ၀ အစလေးရဲ အလွဲလေးတွေ နောက်ရက်မှ ဆက်ရေးတော့ မယ် ဗျာ ) ကျိုးစား လျှက် မျိုးလေး - - -
Subscribe to:
Post Comments (Atom)
No comments:
Post a Comment