Monday, December 16, 2013

လှိုင်သာယာ ရောက်ပီ ဆင်းမဲ့သူတွေ ပြင်ထားမယ် နောက်လူ ကိုအားနာပါ ။ စီးပွားရေး လုပ်နေတာ အားနာ အားနာကြပါ ။ ဘာတွေမှန်းမသိ ကားစပယ်ရာ ပြောနေချင်းပါ ။ သူ့ လုပ်စာ ပဲ တစ်လောကလုံးစား နေတဲ့အသံ ။ သူ့ ကားမှ မစီးရင် ခရီးမရောက်တော့မဲ့ လေသံ ။ လေယျဉ် စပယ်ရာသာ လုပ်ရင် ဒါးထိုးခံရမဲ့ လုပ်ပေါက် ။ ပြောနေတာက ကို အမြင်ကပ်ချင်စရာ ။ ကျုပ်က သူမျက်နှာ လိုက်ကြည့်နေရတာကိုး ။ ကျုပ် မှတ်တိုင်ရောက်ချင် ချပေးဘို့  တစ်ဖွဖွ ပြောနေတော့ ကျုပ်ကိုပဲ အမြင်ကပ်ပီး ရွဲ့ နေသလား စောင်းပြောနေသလားပေါ့ ။ ကျုပ်ကလဲ တောသား ချက်ဆို နားရွက် မီးတောက်တဲ့ လူမျိုး ။ ဆင်းမယ်ပေါ့ ။ အထုတ်တွေ စွဲပီး တိုးအထွက် အဒေါ် ကြီး ၀၀ကြီးက ပိတ်နေတာကိုး ။ ကျုပ်က လဲဘယ် ရမလဲ အတင်းတိုးထွက်တာပေါ့ ။ တိုးထွက်တယ်ဆိုရင်ပဲ အဒေါ်ကြီး ကြားထဲက တိုးရတာကိုး ။ အဒေါ်ကြီး လဲစိုက်ကြသွားတာပေါ့ ။ သူ့  တိုးမိသွားတာကိုး ။ သူလည်း ဒေါသထွက်သွားတာပေါ့ မသာလေး အရမ်းအရေးကြီးနေလားတဲ့ ။ ရုပ်ကကို ကလေကကျေ ရုပ်နဲ့ တဲ့ ဗျာ ။ ကျုပ်လည်း သူပြန်ရန်မတွေ့ ချင်တော့ ဘူးလေ ။ ကားစပယ်ရာ အပေါ် ထားတဲ့ ဒေါသတွေ သူစီအကုန်ရောက်ကုန်မှာကိုး ။ နားပိတ် မကြားချင်ရောင်ဆောင်ပီး ထွက်လာတာပေါ့ ။ ကျုပ်မှန်တယ်လေ အဒေါ်ကြီးက သူ့ တင်ပါးကြီး လမ်းပိတ်နေကြ အပြစ်မပြောပဲ သူထင်ရာတွေ စွတ်ပြောနေတာကိုး ။ မီးရောင်တွေ နဲ့  လှပနေတဲ့ ရန်ကုန် ကြုံသမျှ ကစိတ်ညစ်စရာတွေ ။ တစ်နေကုန်လည်း လမ်းတွေရှောက်လိုက်ပြေးလိုက်နဲ့  ခုရောက်တော့ လည်း ကျုပ်ဆင်းမဲ့ မှတ်တိုင်က ရှေ့ မှတ်တိုင်တဲ့ ဗျာ ။ ကျုပ်မှ မရောက်ဘူးတော့ လည်း မျက်စိသငယ်နားသငယ် ထင်ရာတွေ လုပ်မိနေတာကိုး ။ ဘုရားလမ်းမှတ်တိုင်ထိ လမ်းလျှောက်ရင်း ကျုပ်အကို နေတဲ့ ရပ်ကွက် က လွယ်လွယ်နဲ့  တွေ့ ရင်ကံကောင်း ။ ဆိုက်ကား ဆိုင်ကယ် ကားမြင်မကောင်းအောင်ပေါ ပီး လူတွေ လည်းမြင်မကောင်းအောင် သွားလာ လှုပ်ရှားနေကြတာကိုး ။ လူတိုင်းမှာ ကိုယ်စီအပူ တော့ရှိ့ ကြမှာပါ ။ လူတွေ ထဲက ကျုပ်လည်း လူတစ်ယောက်ဆိုတော့လည်း အပူနဲ့  ဘယ်ကင်းနိုင်ပမလဲ ။ ကျုပ်အရမ်း အထင်ကြီးတဲ့ ရန်ကုန် အလုပ်တွေ အရမ်းပေါတဲ့ ရန်ကုန် ရရာအလုပ်လုပ် ရင်းဘ၀တိုးတတ်မဲ့ အလုပ်လုပ်မယ်ပေါ့ ။ စိတ်ကူးကတော့ သူဌေးကြီး ဖြစ်မယ်ပေါ့ ။ တစ်ကယ်လတ်တွေ့ မှာ ပြသနာပေါင်း များစွာ နဲ့ ကျုပ် ဘာတွေဖြစ်မယ်ဆိုတာ ကြို မမြင်နိုင်သေး ။ တွေ့ ဆုံကြုံကွဲ ဆိုတဲ့ အတိုင်း မနက်ကတွေ့ တဲ့ သူတွေ နောက်နေ့ ပြန်တွေ့  မယ်ဆိုတာ မသေချာသလို ခုမြင်ခုပြောက် ရန်ကုန် အားလုံးက သင်္ခါရ တွေ ပါ ။ ကျုပ်လမ်းလျှောက်ရင်း တွေးနေမိပါတယ် ။ KTV ဆိုတဲ့ ဆိုင်းဘုတ်ကြီး တွေ ကလည်း များသား ။ တဲခိုခန်းတွေ ကလည်း များသား ။ ကျုပ်ကြားဘူး တာ TV ဆို တံဆိတ်အမျိုးမျိုး ကြားဘူးပါတယ် ။ တောသားဆိုပေမဲ့  နုန်အတဲ့ အထဲကျုပ်မပါ ။ KTV ဆိုတဲ့ အမျိုးအစားတော မမြင်ဘူး ။ ဘယ်လိုလဲဆိုတာ အရမ်းကြည့်ချင်ခဲ့ မိတယ် ။ လှပတဲ့ တိုက်ကြီးနဲ့  ငယ်ငယ်ရွယ်ရွယ် ၀န်ထမ်းကောင်မလေးလှလှ လေးတွေ ဆိုတော့ စိတ်ဝင်စားတာကိုး ။ ရွာက ကျုပ်ဘကြီး TV ၀ယ်ရင် KTV အမျိုးအစား ရှာဝယ်ဘို့  စာလှမ်းရေးရမှာပဲ ။ ကျုပ်လမ်းလျှောက်ရင်း ဘုရားလမ်းမှတ်တိုင်ရောက်တယ် ဆိုရင်ပဲ ကျုပ်ရှာရမဲ့ လမ်း ။ အဆောင် ရှာရတော့မှာ ကိုး ။ မှောင်ကလည်း မှောင်နေပီလေ ။ ဘီယာဆိုင်တွေ လူပြည့်နေတာ မြင်တော့ သရေတောင် ကျမိပါတယ် ။ ကျုပ်ပါတဲ့ ပါတ်ဆံမလောက်နိုင် ။ အလုပ်သာ ရရင်တော့ကွာ ဒီလိုဆိုင်မျိုးမှာ သောက်လိုက်ချင်သေးတယ် ။ ဆိုင်ကြီးတွေက ခမ်းနားတာကိုး ။ ကျုပ်တို့  တောဆိုင်တွေ နဲ့ ကွာပ ။ လမ်းလျှောက်ရင်း ထင်ရာလျှောက်သွားနေလို့  မဖြစ်ဘူးလေ ။ ကွမ်းယာဆိုင်တော့ မေးရမှာပဲ ။ကောင်မလေး လှလှ ကွမ်းယာဆိုင် တွေ့ တော့ ကွမ်းယာ ၀ယ်ရင်းမေးမိတာပေါ့ ။ ညီမ ဆန်းပွင်အဆောင်ဘယ်ကသွားလဲ ။ ရှင် ကျမက မနေ့ ကမှ ရန်ကုန်ရောက်တာ သိဘူး တဲ့ ဗျာ ။ ဟောဗျာ ကွမ်းယာ ၀ယ်တဲ့ မျက်နှာမှ မထောက် တင်းသွားတာပေါ့ ။ ကျုပ်ထပ်ဝယ်ရတော့မှာပေါ့ ။ နောက်တစ်ဆိုင် ၀ယ်ရင်းဝင်မေး အကို့  လမ်းကိုသိမှ ရောက်မယ်တဲ့ ဗျာ ။ ပါတ်ဆံအိပ်ပြန်ရှာ ပြန်မေးတော့ ။ ကွမ်းယာ ဆိုင်လူကျနေတာကိုး ။ ပြန်မဖြေချင်သလို ဖြေချင်သလို ။ အသံက မသဲကွဲ ။ ကျုပ်ကလဲ စိတ်မရှည်တော့ ။ ထွက်လာတာပေါ့ ။ လမ်းတွေ့ တဲ့ လူတွေလည်းမမေးရဲ့  ။ ရန်ကုန်သားတွေက လူလည်တွေတဲ့ ။ ကျုပ်ဘကြီးပြောဘူး တာကိုး ။ ဖုန်းဆက်ခေါ်မယ်ပေါ့ ။ ဖုန်းဆိုင် တစ်ဆိုင်တွေ့ တော့ဝင်ဆက်ဘို့ စိတ်ကူးပေါ်တာပေါ့ ။ ကျုပ်အကို ဒီအချိန်ဆို ပြန်ရောက်နေ လောက်ပီလေ ။ ဖုန်း နံပါ တ် စာရွက်ကလေး ထုတ်ပီး အမ ၀၁----------ဒီဖုန်းလေးခေါ်ပေးပါ ။ အမကြီးမျက်လုံးပြူးသွားတယ် ဗျ ။ ဟယ်တဲ့ ။ သူဝင်နောက်နေတယ် ထင်လားမသိ ။ မောင်လေး တစ်ခြား ဖုန်းနံပါတ်ရှိ့ သေးလားတဲ့ ။ ရှိဘူးအမ ။ ကဲဒါဆို ငါ့မောင် ဆက်မဲ့ဖုန်းက ဒိဆိုင်က ဖုန်းနံပါတ်လေ ။ ဗျာ - -- ကျုပ်လည်း ကိုနဖူး ကိုယ်သာ ရိုက်လိုက်ချင်ပါတယ် ။ ဒါပေမဲ့ နီးစပ်လာပါ ပီ ။ အမ ဒီဆိုင်ကို ဖုန်းလာပြောတဲ့ အကိုကြီးကိုသိလား ။ ဘယ်သူလဲ ဒီဆိုင်မှာ ဖုန်းပြောတာက လူအများကြီး ။ ဟုတ်ပ ။ အမ ဆန်းပွင့်အဆောင်က အကိုကြီး ကိုပြောတာ ။ ဟုတ်ပါပီ ။ ဆန်းပွင့်အဆောင်ဆိုရင်တော့ ဟိုလမ်းထဲမှာ ။ ဟိုမြင်ရတဲ့ အဆောင် ။ ဟုတ်ပ နီးလျှက်နဲ့  ဝေးနေတာကိုး ။ ကျုပ်လည်း အမ ကြီးကို ကျေးဇူးတင်လို့ မဆုံး ။ ဖြစ်နိုင်ရင် ကျုပ်အမေ ပြုပ်ပေးလိုက်တဲ့ ကြက်ဥ ပြုပ်တောင် ကျွေးပီး ထိုင်ကန်တော့ လိုက်ချင်ပါတယ် ။ ကျုပ်ရင်ဆိုင်ခဲ့ ရတဲ့ ဒုက်ခ တွေ ကျုပ်အသိဆုံးလေ ။ ကျုပ်လည်း ထွက်လာရင်း ကျုပ်အကို အဆောင်ရှေ့ ရောက်တယ်ဆိုရင်ပဲ ကျုပ်အကိုကို မတွေ့  ။ အဆောင်မေးတော့ လည်း လူပျိုကြီးလားတဲ့ ။ အင်းပေါ့ သူတို့ ပြောတဲ့ လူပျိုြုကီး ပေါ့ ။ ပြန်လာတော့မယ် ဆိုပဲ ။ အဆောင်ရှေ့ က ခုန်မှာ ထိုင်စောင့်ရင်း -- -။ မကြာပါ ကျုပ်အကို လတ်ထဲမှာ ချိုင့်တစ်လုံးနဲ့ အလုပ်ကပြန်လာ ပါပီ ။ ကျုပ်ကိုမြင်တော့ သူလည်းအားရှိ့ မှာ ပါ ။ ညီရောက်လာတယ်ဆိုတော့ ။ ကျုပ်အကိုရောက်မှ အကိုအခန်းထဲ ၀င်နားရပါပီ ။ လမ်းမှာ ဖြစ်ခဲ့တဲ့ ပြသနာတွေ အားလုံး စီတ်ပင်ပန်းမှု့  အားလုံးပြောက်သွား ပါပီ ။ ခဏတစ်ဖြုတ်နားရင်း ။ အမေမှာလိုက်တာတွေ ပြောပြရင်း ။ ခဏတော့ နားလိုက်တာပေါ့ ။ အကိုလုပ်သူက ရေချိုးပါလား ဆိုမှ ရေချိုးချင်စိတ်ပေါက်သွားပါပီ ။ အ၀တ်လဲ ရေချိုးဘို့  အဆောင်ကရေကန်ထွက်လာတော့ ရေကန်မှာလူက အများကြီး ။ မိန်းကလေး တွေ ရောယောက်ျားလေးတွေရော ရေချိုးနေလိုက်ကြတာ ။ ကျုပ်ကတော်တော်နဲ့ မချိုးရဲ့  - --။ သူတို့  အပီးကိုစောင့်ရင်း လူကမပြတ် - တစ်ယောက်ပီးတစ်ယောက် ၀င်ချိုးနေလိုက်ကြတာ - ကျုပ်က ရှက်တတ်တော့ ၀င်မချိုးရဲသေး ။ ( နောက်နေ့ မှ ဆက်ရေးတောမယ် ဗျာ )


No comments:

Post a Comment