Tuesday, December 10, 2013

မောလည်းမမောနိုင် ရှက်လည်းမရှက်နိုင် တော့ ။ ချုံကောင်းကောင်းလည်း ရှာမတွေ့  ပုဆိုးလဲ ရအုန်းမှာလေ ။ အိမ်သာက လည်းမတွေ ။ ပင်ပန်းသ မျှရေသောက်မယ်ဆိုတောင် ရေအိုးမတွေ့  ။ ပြသနာ ဗျာ ။ ရွာမဆို ဘယ်နေရာကြည့် ကြည့် ရေအိုးတော့ တွေ့ တယ်လေ ဗျာ ။ ရေ၀ယ်မယ်ဆိုတော့လည်း ဆိုင်ထဲဝင်ဘို့ က မဖြစ်နိုင် ။ ဘယ်လောက်ဆိုးလိုက်တဲ့ ဘ၀လဲ ဗျာ ။ အော် - - - ရန်ကုန် ရန်ကုန် ။ တော်တော် အသေကျပ် အနေကျပ် ရန်ကုန်ပါလားဗျာ ။ ဘယ်လိုဖြစ်ဖြစ် ပုဆိုး ကတော့လဲကို လဲရမှာ ဗျ ။ ဗိုက်ဆာတာတောင် ထမင်းဝင်မစားရဲ လက်ဖတ်ရည်ဝင်မသောက်ရဲ တဲ့ ဘ၀ ဗျ ။ အကြံတစ်ခု ထွက်လာပါပီ ။ လက်ဖတ်ရည်ဆိုင်ကြ ဘယ်လိုဖြစ်ဖြစ် လူအ၀င်အထွက်များတယ်လေ ။ ကွမ်းယာဆိုင်ဆို လူအ၀င်အထွက်နည်းတာကိုး ။ အရဲစွန့် ပီး ကွမ်းရာဆိုင်နောက်ကပဲ လဲရတော့ မှာပေါ့ ။ မှောင်ရိပ်ခိုချင်းက နေ အလင်းဝင်ဘို့  သင့်ပါပီ ။ လူမြင်မခံရဲ တဲ့ ဘ၀ကနေ လူတောထဲ တိုးရတော့မှာကိုး ။ အနီးစပ်ဆုံး ကွမ်းယာဆိုင် ချည်းကပ်လိုက်ပီ ဆိုပဲ ။ လူတွေ ကြည့်ပီး ပြုံးကြတာကိုး ။ ကျုပ်ပုံစံလဲ ကြည့်လေ ။ လတ်ထဲမှာ အထုတ်နှစ်ထုတ် ။ ပုဆိုးက ကန်တောင်းကျိုက် ။ လူကလည်း ပြေးထားတာဆိုတော့ ချွေးတွေနဲ့ မဲနေတာကိုး ။ ကန်ကောင်းတယ်ပဲ ပြောရမယ် ။ သူခိုးဆိုပီး ၀ိုင်းမရိုက်တာပဲ ကံကောင်းလှပါပီ ။ ခပ်တည်တည်ပေါ့ ။ ရုပ်ခံက အဓိကလေ ။ ရုပ်က ကြောက်ဆုတ် ကြောက်ဆုတ် လုပ်နေရင် -- ရွာမှာဆို နွားသူခိုး ။ မြို့ မှာဆိုတော့ ခွေးသူခိုးဆိုပီး ၀ိုင်းအရိုက်ခံရမှာကိုး ။ ခပ်တည်တည်ပေါ့ ။ မျက်မှန်ပါရင်မျက်မှန်တောင် တတ်ထားချင်လိုက်သေး ။ -- အမ ကွမ်း တစ်ရာဘိုးလောက်ပေး ပါ ။ ဂျမ်း - -။ ကောင်မလေးက ကျုပ်ကို ကြည်လိုက်သေး ။ ကျုပ်ကလည်း ခပ်တည်တည်ပေါ့ ။ အမ ခဏ ။ သူကတော့ ကြည့်နေတယ် ဗျ ။ ကျုပ်ကလည်း ဘယ်ရမလဲ ။ အ၀တ်ထုတ်ကို ချ ပုဆိုးရှာရမှာကိုး ။ အ၀တ်ထုတ်ချတယ် ဆိုရင်ပဲ - -။ အကို့  - --ဒီနေရာ က စီပင်နယ်မြေ နဲ့ မလွတ်ဘူး အကို့  ။ မျက်လှည့် ပြလို့  မရဘူး -- ကျမ ပါ ပြောင်းနေရအုန်းမယ် အကိုရယ် ။ ဒီ့ အပြင် နေရာ သွားပြပါနော် - ။ အဲ - --ဟုတ်ပါဘူး ခ ဏ ပါ ။ ရှာစရာလေး ရှိ့ လို့  နော် ။ အရေးထဲ ဘေးက ကလေးတွေ ကလည်း မျက်လှည်ပြမယ် ထင်ပီး အကဲခတ်နေတာကိုး ။ ကျုပ်ကလည်း ဘရမလဲ ။ အထုတ် ကိုဖွင့် ရှာရတော့ တာပေါ့ ။ ပဆိုး ပုဆိုး ။ အရေးထဲ အောက်ရောက်နေတယ် ဗျ ။ မထူးတော့ အတင်း ဖွပီး နုတ်ရတော့တာပေါ့ ။ ပါလာပါ ပီ ။ ပုဆိုး ။ တွေ့ တဲ့ ပုဆိုးပဲ ယူလိုက်ပီး ။ အရင်ပုဆိုး ဖြေချလိုက်တယ်ဆိုရင်ပဲ - -။ အကို ကွမ်း - --ဟင် - -အယ် ။ ကောင်မလေး ရှက်သွားတယ်ထင်ပါတယ် ။ ဟိုဘတ်လှဲ့  ပြေးသွားတယ် ။ သူလည်း မြင်သွားတာကိုး ။ ပုဆိုး အပြဲ ကြိးကို ။ ကျုပ်လဲ ဘယ်ရမလဲ ဘယ်သူမှ ဂရုမစိုက်နိုင်တော့ ။ အောက်က ပုဆိုး ပါးဆပ်ကကိုက် ထုတ်ထားတဲ့ ပုဆိုး ၀တ်လိုက်တယ် ဆိုရင်ပဲ - -။ အရူး ကြီး အရူးကြီး ဆိုပီး ကလေးတွေ ကျုပ်ကိုကြည့်ပီး ရယ်နေကြတာကိုး ။ သူတို့ လဲ ဂရုမဆိုက်နိုင် ပုဆိုး ချွတ် အမြန်လဲလိုက်တော့ တာပေါ့ ။ အမ ကွမ်းပေးလို့ ရပီ ။ ကောင်မလေး ရဲရဲတင်းတင်း ကြည့်ရဲသွားပါပီ ။ ကွမ်းတစ်ရာ ကံတွင်းငုံ လိုက်ရင်း ကျုပ်အထုတ်ကျုပ်ပြန်ပိတ် ပါတ်ဆံ ထုတ်ပီး ။ ရှင်းလိုက်တော့တာပေါ့ ။ ကံ ဆိုးပြန်ပီ ။ ပုဆိုး အကောင်းထုတ်ပါတယ်ဆိုမှ အိမ်က ထည့်ပေးလိုက်တဲ့ အဖာနဲ့ ရေလဲ ပုဆိုး ကြီးဖြစ်နေတာကိုး ။ ပြသနာတော့ မရှိ့  ။ အရင်ပုဆိုးလောက်တော့ မဆိုး ။ အဖာ ကို့ ရှေ့ လှည့် ၀တ်အဆင်ပြေတယ်လေ ။ ကျုပ်အထုတ် ကျုပ်ဆွဲပီး လိတ်ပြာသန့် သန့်  သွားလို့ ရပါပီ ။ ကားတွေ မြင်တဲ့ အရပ် ဘယ်ရောက်လို့  ရောက်မှန်းတော့ မသိ ။ အခြောက် တွေ ပြသနာရှာလို့  စိတ်ထင်ရာသွားလိုက် တာဘယ်ရောက်လို့  ရောက်မှန်းမသိ ဖြစ်နေတာပေါ့ ။ ကားတွေ မြင်တဲ့ အရပ်ပဲ သွားရင်း ။ ရေခဲရေ ရေခဲရေ ဆိုတဲ့ လမ်းဘေးက ဈေးရောင်းသံကြားမှ ရေတွေ ဆာလာပါပီ ။ ၀င်သောက်တာပေါ့ ။ ကိုယ့် ၀မ်းကိုတော့ အငတ်မခံနိုင်ပါဘူး ။ အန်တီ ရေခဲရေ တစ်ဘူ်းပေးပါ ။ ရေခဲရေ ဆိုတော့ ရေခဲရေဘူး ထင်တာကိုး ။ ခုတော့ ရေခဲတုန်းကြီး အပေါ်ရေလောင်းချပီး အောက်က ခွပ်နဲ့ ခံထားတာကိုး ။ ရော့  တဲ့ ရေခဲရေ ထည့်ထားတဲ့ ခွပ် ဗျ ။ ဆိုးတော့ မဆိုး အေးတော့အေးဗျ ။ ဒါပေမဲ့ တစ်ခွပ် ၅၀ သုံးခွပ် ၁၀၀ တဲ့ ဗျာ ။ မထူးတော့ ထမင်းလွတ် ၁၀၀ ဘိုး သုံးခွပ် ချလိုက်တာပေါ့ ။ တောသား ဗျ မင်းတို့  မြို့ သားတွေ ထက်တော့ လည်ပါတယ်နော့ ။ ဟုတ်တယ်လေ ကျုပ်က မစစ်ပဲ ၁ ခွပ်တောင်အပိုရတာကိုး ။ ကျုပ်လဲ ဘယ်ရမလဲ မြင်သမျှ ကားအကုန်တား - -။ တစ်စီးမှ မရပ်ဘူး ဗျ ။ အချို့  စပယ်ရာတွေ ကျုပ်ကို ဘုကြည့် ကြည့်သွားသေးဗျ ။ ကျုပ်ဘာမှားသလဲ ကျုပ်တို့ ရွာမှာ ဆို ကား ဘယ်နားက တားစီး စီး စီးရတယ်လေ ဗျာ ။ ခုတော့ ဗျာ မြို့ ဆိုပီး ဘ၀င်မြင့်နေကြတာကိုး ။ တစ်စီးမျ ရပ်မပေးတော့ စိတ်ဓါတ်တွေ ကျလာပါပီ ။ ကားတိုင်း မရပ်တာတော့ မဖြစ်နိုင် ။ လူတွေကလည်း ကျုပ်ကို အထူးအဆန်း ကြည့်နေတာကိုး ။ အရူးမှတ်ပီး ဘာမှလာမပြော ။ အရူးစိတ်ချမ်းသာ အေးရောဆိုပီး ထင်ပါတယ်။ ကွမ်းရာ ဆိုင်ကွမ်း ၀ယ်ရင်းမေးကြည့်မှ အဆင်ပြေမှာ ကိုး ။ အကို - -ကြီး ကွမ်း တစ်ရာဘိုး ဂျမ်း -- ။ အကိုကြီး ဒီမှာ ကားတွေ ကျုပ်တားနေတာ ဘာလို့ မရပ်တာလဲ ဗျ ။ ဟော ဗျာ ကျုပ်ကိုကြည့်ပီး ရယ်နေတာကိုး ။ ညီလေးက အညာကလား ။ မဟုတ်ပါဘူး ။ ကျွန်တော်က ရွာက ခုမှတတ်လာတာ ။ ကျုပ်အကိုစီလာ တာဗျ ။ အော် ဒါ့ကြောင့်ကိုး ။ ညီလေး ဟိုးမှာမြင်လား ။ ဟုတ် - -အဲဒါ ကားမှတ်တိုင် ကွ ။ အော် ကားမှတ်တိုင်တဲ့ ။ ကြားဘူးပါဘူး ဗျာ ။ ခုမှ ကြားဘူးတာကိုး ။ အော် -- ဟုတ် ကျေးဇူး အကို့  ။ ကွမ်း ဘိုးပေးပီး ခရီးဆပ်ရပြန်ပါပီ ။ အထုတ်တွေကလည်း လေး ။ ဆန်အိတ်ကလည်း လေး လတ်မောင်းတွေ တောင်အောင့်နေပါပီ ဗျာ ။ အမေ့ရေသားအဖြစ်ကို ကြည့်လှည့်ပါအုန်း လို့ ပြောလိုက်ချင်ပါတယ် ။ ခရီးတွေ ဆပ်လမ်းတွေ လျှောက်ရတာလည်း ဘယ်အချိန်ရောက်မှန်းမသိ ။ - -နာရီမပါတော့ နေကိုပဲ ကြည့်ရတာကိုး ။ အရိပ်တောင် ဆောင်းနေပါပီ ။ ကားမှတ်တိုင် ရောက်တယ်ဆိုရင်ပဲ ။ ထိုင်ချင်နေပါပီ နားချင်နေပါပီ ။ ကားတစ်စီး က ရောက်ရောက် စပါယ်ရာက အော်တော့တာကိုး ။ မှတ်တိုင်မှာ လည်း လူပြတ်နေတော့ ကျုပ်ကို အော်ပြောနေတာ အားနာစရာကြီး ။ မထိုင်တော့ ဆိုင်းဘုတ်တွေလဲ မကြည့်နိုင်တော့ ။ တွေ့ တဲ့ ကားပေါ် တတ်ထိုင်လိုက်တယ်ဆိုရင်ပဲ ။ ကားက ထွက်ပါပီ။ - -ကဲ - ကဲ ကဲ ကားခလေးတွေ ကားခလေးတွေ မရှင်းရသေးသူတွေ ရှင်းထားမယ် ။ ကားခိုးစီးမယ်တော့ မကြံနဲ့  ။ လုပ်ထား လုပ်ထား တိုးထား တိုးထား ။ ပါးစပ် စက်တပ်ထားနည်း ကား ပြောနေလိုက်တဲ့ ပါးစပ် တစ်ချက်မှ မနား ။ ဘေးလူတွေ ကြည့်တော့လည်း ထွေထွေထူးထူး မပြော ။ ပါတ်ဆံထုတ်ပေးလိုက်တယ် ဗျ ။ ကျုပ်လည်း ဘယ်ရမလဲ ၂၀၀ ထုတ်ပေးလိုက်တာပေါ့ ။ ကားစပယ်ရာ ကလည်းမမေး ။ ဘယ်သွားမယ်ဆိုတာ ကိုမမေး ။ ကျုပ်က လည်း မမေးမိ ။ ပင်ပန်းနေတာနဲ့  စကားလဲမပြော နိုင် ။ ကားက မောင်းနေတာကိုး ။ ကျုပ်လည်း ပင်ပန်းတာနဲ့  မှေးလိုက်တာပေါ့ ။ အိပ်ပျှော်သွားတယ် ထင်ပါတယ် ။ ညီလေး ညီလေး ထထ အဝေးပြေးရောက် ပီ တဲ့ ။ မျက်လုံးတွေ ပြူး အိပ်ချင်စိတ်တွေ ပြောက်သွားတာကိုး ။ ဗျာ ။ အကို ဘယ်အဝေး ပြေးလဲ ဟင် ။ အောင်မင်္ဂလာ ။ ဗျာ - --။ အကိုကလည်း ခုမှ ကျွန်တော်က ရန်ကုန် တတ်လာတာ ။ စပယ်ရာလည်း မျက်လုံးပြူး သွားတာပေါ့ ။ sorry ကွာ ငါလည်းမမေးမိဘူး ။ အထုတ်တွေ နဲ့ ဆိုတော့ အဝေး ပြေးမှတ်လို့  ကွ ။ ဟုတ် ကျွန်တော်ကကိုး မမေးမိတာပါ ။ ဒါနဲ့  မင်းက ဘယ်သွားရမှာတုန်း ။ ဟောဗျာ ။ ခုမှ ကျုပ်အကိုလိပ်စာ ပြန်ရှာရတော့တာပေါ့ ။ ခေါက်ပါတ်ဆံ အိတ်ကလေး ဖြေလိုက်ရင်း ။ ဂျော်ကျကျ အိတ်အတွင်း က စာရွက်အခေါက်ကလေး ထုတ်ကြည့်မိတော့ တယ် ။ လှိုင်သာယာ ကျန်စစ်သား အိမ်ရာ ဆန်းပွင့်အဆောင် ။ အကို ကျွန်တော် လှိုင်သာယာ သွားရမှာ ။ အင်း ငါတို့ ကားက တော့ အင်းစိန်ပဲ ရောက်တာ ။ ၄၃ ဒိုင်နာ ကိုစီး ကွ ။ ဟုတ် ။ အော် ကားစပယ်ရာ ကို ကျေးဇူးတင်လို့ မဆုံး ။ ခုမှ ကျုပ်မှာ လမ်းမှန် ကားမှန်ရောက်သွားတာကိုး ။ ဂိတ်ထိုးထားတဲ့ ၄၃ ကားလေးပေါ် တတ်ထိုင်ရင်း ကျုပ်ခရီး အတွက်တွေးနေမိပါတယ် ။ ကားစထွက်တော့ နေတောင်စောင်းနေပီ ။ မနက်တင်ရောက်ရမဲ့ ခရီး ကို တစ်နေကုန် သွားတဲ့ ကျုပ် အတွေ့ အကြုံ တွေကမနည်း ပါ ။ အိတ်လည်းမအိတ်ချင်တော့ ။ ကားစပယ်ရာကို လှိုင်သာယာ ဘုရားလမ်း ချပေးဘို့  တစ်ဖွ ဖွ မှာရင်း ။ လမ်းဘေး ဆိုင်းဘုတ်တွေ က ကြည့်လို့ ကောင်း ဗျ ။ မြင်မြင်သမျှ ဆိုင်းဘုတ်တွေ က အရောင်အမျိုးမျိုး ။ လိုင်းကားတွေ ကြည့်တော့ လည်းလူ အပြည့် ။ ခို စီးနေလိုက်ကြတာ စပ်ကထဲကအတိုင်း ။ တို့ လို တွဲလောင်း ။ သူရဲကောင်းကြီးတွေ ။ ကျုပ်ဆိုရင်တော့ စီးရဲမယ်မထင် ။ သူတို့ ကိုကြည့် ကျပ်သီးတွေ ထရင်း ။ တိုးထား တိုးထား ။ အထုတ်ကြီးတွေ ခုန်အောက်ထည့် ကလေးရှိ့ ရင် ပိုက်ထား ။ တိုးထား ဗျာ တိုးထား ။ အားနာ အားနာ ပါ။ စီးပွားရေးလုပ်နေတာ ဟန်းနီးမွန်းထွက်နေတာမဟုတ်ဘူး ။ ဟောဗျာ ။ ပြောလိုက်တဲ့ စကား တစ်စပ်မှ မရပ် ။ ကားစပါယ်ရာ ပွစိပွစိ နဲ့  လူတွေစီနေတာကိုး ။ သူဟာသူပြော သူ့ ဟာသူဖြေနဲ့  ဘာတွေမှန်းမသိ့  ။ ကျုပ်လည်း အ၀တ်ထုတ်ကလေး ပိုက်ရင်း ကားစပါယ်ရာကို မျက်ခြေပျတ်ခံလို့ မရ။ အကိုရေ လှိုင်သာယာ ပါတယ်နော် ဘုရားလမ်း ပါတယ်ဆိုပီး တစ်ဖွဖွ ပြောနေမိတယ် ။ ဘေးကလူ တွေက သူတို့ အပူနဲ့  သူတို့ ဆိုတော့ ကျပ်သပ်ညပ်ပိတ်နေတော့ ကျုပ်လည်းဂရုမဆိုက်နိုင် ။ ကျုပ်ကလည်း ဂရုမစိုက်နိုင် ။ စပါယ်ရာကို လိုက်ကြည့်ရင်း ကျုပ်ဆင်းမဲ့ မှတ်တိုင်အတွက် တစ်ဖွဖွ ပြောနေမိတယ် - --။ ( နောက်ရက်မှ ဆက်ရေးတော့မယ် ဗျာ )


No comments:

Post a Comment