Wednesday, December 4, 2013
ဟော -- --- ဗျာ ရော်မပေးရင် အမှု့ ဖွင့်မယ်တဲ့ ဗျာ ။ ရှေ့ က မမ ကြီးများကလည်း နေရာတွေဖယ် အထုတ်တွေ ကူးသည်နဲ့  ကို့ ခုန်နဲ့  ကိုတောင် ဘ၀ တုန်းမဲ့ ပုံ ။ အမေ့ ရေ ကယ်ပါအုန်း ဗျာ ။ မောင်လေး လာ မ အနားကိုလာ ။ မ နဲ့ မောင်လေးက ဘေးချင်းကပ် ဘေးချင်းကပ် ။ ဘယ်လိုလုပ်ရပ ခုအချိန်မှ ပြေးမယ်ဆိုလည်း မလွယ် ။ နောက်က ရန်သူက ရှိ့ သေးတာကိုး ။ ဟေ့ -- နင်ရော်မလား မ ရော်ဘူး လား ။ ရဲ ခေါ်လိုက်ရမလား တဲ့ ။ ရဲ ခေါ်လို့ တော့ မဖြစ်သေး နဂို ကမှ ကျုပ်ကိုအမြင်ကပ်နေတာ လမ်းခုလပ် ချပစ်ခဲ့ ရင်ကျုပ် ခြေလျှင်တပ်ဖြစ်မှာလေ ။ မဖြစ်သေး ။ အိတ်ထဲ ပဲ ဟိုနိုတ်ဒီနိုတ်လုပ်နေရင်း - -။ ခပ်စွာစွာ အခြောက်ကြီး ကပဲ - -ဒီက ညီမ ဘာလုပ်မလို့ လဲ ။ ဘာမှ မယူသေးဘူး သွား ။ ခပ်တည်တည်နဲ့ ဖြဲတော့တာပေါ့ ။ - -သူ ဖြဲ မှပဲ ဈေးသယ်မိစွာတေး က အသံဗြဲ အသံကြောင် ခုနှသံချီ စပါပီ -- -ထွီ - -ခုမှပဲ သိတယ် ဟဲ့ သောင်လေး နင့်မိန်းမတွေ နင်ပြောအုန်း ဘာဖြစ်တယ်ဆိုတာ ပြောပြလိုက် ။ ဘာဖြစ်တယ်ဆိုတာကို - ပြောလိုက်စမ်း ပြောလိုက်စမ်း ။ ခြေဟန် လတ်ဟန် မဲ့ကာ ရွဲ့ ကာ လတ်ထဲက လင်ဗန်း က ရိုက်တော့မဲ့ ပုံ ။ ကျုပ်မှာ ရှက်လိုက်တာ မျက်နှာ ဘယ်ထားရမှန်းမသိ ။ ခရီးသွားဖေါ်တွေ ၀ိုင်းကြည့်နေတာကိုး ။ ရှက်ပါတယ်ဆိုမှ အခြောက်အဖွဲ့  ကလည်း စပ်စပ်ထိမခံ ။ ဟုတ်တယ် ဟုတ်တယ် ငါ့ယောက်ကျားထိ ငါမခံဘူးဟေ့ ။ ခပ်စွာစွာ အခြောက်ကြီးကပဲ သူ့ လုံချီ ပြင်ဝတ်ရင်း နပမ်းလုံးမယ်ပေါ့ ။ ကျန်တဲ့ အခြောက်တွေက စွဲနဲ့  ဘာရယ်တော့ မဟုတ် ပွစိပွစိ ပေါ့ ဗျာ ။ ကျုပ်ကတော့ အမေ့ကိုသာ တရင်း ဟင်္သတထွန်းရင်သီချင်း ကိုအော်ဆိုလိုက်ချင်ပါတယ် ။ ( သား မှားပီ မှားပီ အမေရဲ့  - -) ဆိုပီး ။ မျက်နှာဘယ်ထားရမှန်းမသိ ။ ဈေးသယ်က တစ်မျိုး အခြောက်တွေက တစ်မျိုး ။ အရေးထဲ အမေထည့် ပေးတဲ့ ပါတ်ဆံ က ခရီးဆောင်အိတ်အတွင်းထဲ မှာ ။ ကပိုက်နိုတ်မှာ ဆိုးလို့ တဲ့ ဗျာ ။ ကျုပ်ကလည်း လိုတယ်။ ရထားခ နဲ့  အိတ်ဆောင်ကွမ်းဘိုး သာ အိတ်ထဲ ထည့်ထားတာကိုး ။ အိတ်ကြီးကို ပစ်ချရင်း - - ။ ရှာမယ်ပြင်တော့ - ။ အခြောက်ကြီးတစ်ရောက်ကပဲ ညီမ ဘာဖြစ်တာတုန်း အမတို့ ကိုပြော ဆိုတော့ ။ ဈေးသယ်မ ကပြောပြတာပေါ့ ။ xxx--- xxxxxx အားလုံးက ကျုပ်အများတွေ ။ သူဘတ်က မှန်နေတာကိုး ။ - ဟို အခြောက်အဖွဲ့  ကလည်း ငွေရေးကြေးရေး စကားမပြောချင်ဘူး ဆိုပီး ဘယ်လောက်ကျလဲ ဆိုပီး ပါတ်ဆံတေါ ထုတ်တာကိုး ။ ကျုပ်က တော့ ၀င်လည်းမပြောချင်တော့ ။ ဖြစ်သမျှအကြောင်း အကောင်းပေါ့ ဗျာ ။ အို အာအာ နဲ့  သာ ပြောရင်း - -အခြောက်ကြီး တစ်ယောက်က ရှုး - - -တိုးတိုး ဆိုပဲ ။ ညီမ ဘယ်လောက်ရော်ရမလဲ ။ ဈေးသယ်ကလည်း တခါထဲ တွက်တော့တာပေါ့ ။ ၅၅၀၀ တဲ့ ။ မုန့် လုံးကြီးက ဘယ်နှ ခု ဘာညာပေါ့ ဗျာ ။ အခြောက်အဖွဲ့  က လည်း ဈေးမစစ်ဘူး ဗျ ။ ငွေပေါတယ် ထင်ပါတယ် ။ တစ်ထောင်တန် ငါးရွက် ထုတ်ပေးလိုက်တယ် ဗျ ။ သူတိုက ပဲ ၅၀၀ ကတော့ ညည်းလျှော့ပေါ့ အေ ဆိုတော့ ။ ဈေးသည် လည်း သူ တွက်ခြေကိုက်သွားတော့ ဇောင့်ဇောင့် နဲ့  ထွက်သွားပါရော ဗျာ ။ ကျုပ်ကတော့ ရာရီ အခြောက်လင်ပေါ့ ။ ကျုပ်အထုတ်ထဲ က ပါတ်ဆံ ပေးတော့ အခြောက်တွေ မယူဘူး ဗျ ။ အတင်းပေးတော့လည်း မယူ ဘူး ။ ကျုပ်ကိုဘာတွေ လုပ်အုန်းမလဲ မသိ ။ မောင်လေး ရပါတယ်ဆိုပီး သွားကြီးတွေက အဖြီးသား ။ - -- အား - -- -အမေ့ရေ သားအဖြစ်ကို ကြည့်လှည့် ပါအုန်းလို့ အော်လိုက်ချင်ပါတော့ တယ် -- -။ မောင်လေး ဒီဘတ်တိုး - - မှေးမဲ့ ကျန်သေး ။ ဟုတ် ဟုတ်ကဲ့ ရပါတယ် ။ အခြောက်ကြီးကလည်း မခေ ။ သူ့  လင်လေး နဲ့ တွေ့ တဲ့ အတိုင်း လတ်တွေ က အငြိမ်မနေဘူး ဗျ ။ ပုခုန်း လာပုတ်လိုက် တို့ လိုက် ထိလိုက် ဗျာ ။ အိပ်လို့ လဲ မရ ။ ရာရီ ငရဲ ပေါ့ ဗျာ ။ ကျုပ်အဖြစ်ကို ကျုပ်ပဲ အသိဆုံးပါ ။ ရထားပေါ် အသိ မပါတာပဲ ကောင်း ။ အခြောက် အဖွဲ့  ထဲရောက်နေတာကိုး ။ စိတ်ထဲက ဘူတာ လတ်မှတ်ရောင်းကိုပဲ စိတ်ရှိ့  သမျှ ကျိမ်ရတော့ မှာပဲလေ ။ ကျုပ်အဖြစ်က ။ အိပ်လို့ မဖြစ်သေး ။ ဟိုကြည့်ဒီ ကြည့်လုပ်ရင်း တွေးနေမိတယ် - - ။ - -မောင်လေး - - -ဗျာ ။ မောင်လေးက ဘယ်သွား မှာတုန်း ။ သူတို့ က သမရိုးကျ မေးတော့လည်း ရန်ကုန်မှာ အလုပ် လုပ်အောင် သွားမဲ့ အကြောင်းပေါ့ - ။ မောင်လေး က ရန်ကုန်မှာ အလုပ် ရှိ့ လား ။ မရှိသေးပါဘူး ဆိုတော့ ကျေးဇူး ရှင်တွေ လတ်ဝါးချင်း ရိုက်ပီး ။ ဟေးလို့ တောင်အော်လိုက်သေး ။ ကဲ ဘာမှမပူ နဲ့  မောင်လေး မမတို့ အလုပ်ပေးမယ် -- ဖြစ်လား ။ ဆိုးတော့ မဆိုး ခုလိုစကားပြောနေလိုက်တော့ တော်သေး ။ ကျုပ်ဘ၀ လုံချုံ တယ်လေ ။ အင်း အလုပ်ကောင်းရင်တော့ လုပ်ချင်ပါတယ်ပေါ့ ။ မမ တို့ ကို ကြည့် တွေ့ လား ။ သူ့  လတ်ကောက် အတုလား အစစ်လား ဆိုတာတော့ မသည်းကွဲ ။ တစ်ချွင် ချွင် လှုပ်ပြရင်း ။ မောင်လေး ဥပတိ ရုပ်ခံက ဖြစ်နိုင်တယ် - - ။ ဗျာ -- ဘာတုန်း -- အရင်းမရှိ့  အဖျားမရှိ့  ။ မောင်လေး ရုပ်ခံနဲ့  ကနားစီး လို့ ကတော့ ဟီ ဟီး လူချစ်လူခင်ပေါ မှာ ။ ဟော ဗျာ ကျုပ်ကို ကနားစီး ဘို့ သိမ်းသွင်းနေတာကိုး ။ မောင်လေး ပေါ့ပေါ့ မထင်နဲ့ နော် ကနားစီး ပီး ။ ခေါင်းစွဲနတ် နဲ့ လတ်ထပ် ပေးရင်မောင်လေး ဟောသမျှ ပြောသမျှ အကုန်မှန်တော့ မှာ ။ အဲကျရင် ပျှော်ဘို့  ကောင်းတယ်မောင်လေး ရေ ။ လူတိုင်းက လာကြည့်ကြမှာလေ ။ ဟောဗျာ ခုမှ အခြောက် စုဆောင်းရေးနဲ့  လာတိုးနေတာကိုး ။ ပြသနာတော့ မရှိ့  စစ်သား စုဆောင်းရေးလောက်မဆိုး ။ မောင်လေး တို့  အမေ ကိုးကွယ်တာ ဘာနတ်လဲ ။ ကိုတော် လေး ။ ဟင်ကိုတော်ကြီး ကိုတော်လေး လား ။ မောင်လေး ရေ ကနားစီး ဖြစ်နိုင်တယ် ။ ၀က်သားမစားနဲ့  နော် ။ ကျုပ်ကကို ရှာရှည်မိတာ ပါ ။ အခြောက်ကြီးက တော့ စကားတွေ ရေပတ်မ၀င်အောင် ပြောနေတာကိုး ။ ကျုပ်များ နတ်နဲ့  လတ်ထက်ပေးမယ်ဆိုပဲ ။ ၇ ရက် ခုနှလီ တဲ့ ဗျာ ။ နတ်မင်္ဂလာ ခန်းက ထွက်မှ ကနားစီးရမယ်တဲ့ ။ ဟောဗျာ ကျုပ်ဖူးစာ ရှင်တောင် သူတို့ က ရှာနေသေးတယ် ဗျ ။ ဦးရှင် ကြီးတွေ ရော တောင်ပိုင် ဘိုးဘိုး ကြီးတွေ ရော အစုန် ။ နံမည်ကြား ရုံနဲ့  ကျတ်သီး ထချင်စရာ ။ ကံဆိုးမ သွားလေရာ မိုးပါရွာ ယုံမက အချိန်ပါ ကြနေတာကိုး ။ ခရီးကလည်း ရှည် တော့ ရန်ကုန်ကိုမရောက် နိုင် ။ အခြောက်ကြီးတွေ က တမျိုး ။ အိတ်ချင်တာတောင် မအိပ်ရဲ ။ ကို့ ကို ကိုယ် ကင်းစောင့်ရင်း သူတို့ ပြောသမျှ ပေါက်တတ်ကရ အင်း လုပ်နေယုံပေါ့ ။ မောင်လေး ကန်တော့ ပွဲ ခုနှစ်ပွဲ အုန်းပွဲ ငှတ်ပျှော ပွဲ ။ ဘာတွေ မှန်းမသိ ။ သူတို့ ဟာ သူတို့  စီစဉ်နေတာ လေး ။ မောင်လေး ကနားစီး မဲ့ အခန်းအတွက် နတ်ဆပ်သ တစ်ထောင်လောက်ရှိ့ ရင်တော်ပီ ။ အဲဒါက မောင်လေး ငွေနဲ့ မှ ရတာ လေ။ အဲ ပါတ်ဆံ ဆောင်ထားပီး မောင်လေး ကနားစီး ရင် အကုန်မှန်မှာ ။ လာပြန်ပီ ကနားစီး တစ်ဖြည်းဖြည်း ကျက်သီး တွေ တစ်ဖျန်းဖျန်းထလာတာကိုး ။ ရထားခုန်တာက တစ်မျိုး ။ အရေးထဲ နတ်တောင်လဒ်ပေး လဒ်ယူ ကြိုက်မဲ့ ပုံ ဗျ ။ သူတိုက ပြောနေတာကိုး ။ လဒ်ပေးမှ မမယ်ဆိုပဲ ။ ကျုပ်ဒေါသ တွေ မြိုချ ရင်း ဒီဘ၀ ဒီနေ့  ၀တ် ဒီတစ်နေ့ နဲ့  သာကျေပါစေ လို့ ဆုတောင်းမိပါတယ် ။ ရန်ကုန်က မရောက်နိုင်သေး ။ တိုက်ပွဲ ကျတဲ့ အခြောက်တွေ တိုက်ပွဲကျကုန်ပီ ။ ကနားစီး ဘို့ တဖွတဖွ ပြောနေတဲ့ အခြောက်ကြီးလည်း မအိပ်နိုင်သေး ။ စကားတွေ ပြောနေတာ ရေပါတ်မ၀င် ။ သူ ကနားစ စီးတာက အစ အကုန် သူနှပ်ချီး ကောင်စားတာ အဆုံး ။ ငယ်ဘ၀ တွေရော ရှေးဟောင်း နှောင်းဖြစ်တွေ ဘာတွေမှန်းမသိ့  ။ သတိနဲ့  မှေးရင်း သူပြောသမျှ သံရောင်လိုက် အင်းလုပ်နေမိပါတယ် - - -- ။ ရထား ဥသြ အသံနဲ့  အတူ ရောင်ပီး ကြည့်လိုက်တော့ ရောင်ချီလာနေပါပီ ။ တစ်ညလုံး မမောတမ်းပြေးရင်း ရန်ကုန်ဆိုတဲ့ မြို့  ကိုစ၀င်တော့ မှာပါ ။ ကျုပ်ကတော့ မသိ လမ်းဘေး ဆိုင်းဘုတ်တွေ ငေးကြည့်ရင်း အင်းစိန် ဆိုတဲ့ ဆိုင်းဘုတ်ကိုရှာနေမိပါတယ်။ ကျုပ်ဘေးက အခြောက်ကြီး မောသွားတယ်ထင်ပါတယ် ။ တစ်ခါတစ်ခါ ခလူးခလော ဟောက်သံနဲ့  အတူ နားနေပါပီ ။ ရထားတစ်စီး လုံး စိတ်ချလတ်ချအိပ်နိုင်ပေမဲ့ ကျုပ်မှာ အိပ်ကောင်းချင်းမအိပ်ရ ။ သတိနဲ့ မှေးရတာကိုး ။ မျက်လု့းတွေ လည်း စပ် နေတာကိုး ။ သြော် ငါအထင်ကြီးခဲ့ တဲ့ ရန်ကုန် ရောက်ပါပီ လားဆိုတဲ့ အသိနဲ့ ။ ရှေ့ ဆက်ဘာတွေ ဖြစ်မယ်ဆိုတာ မတွေးရဲ့ ။ - - ဟင် -- မောင်လေး နိုးနေပီလား ။ ဗိုက်ဆာနေလား တဲ့ ။ အသံကြား လို့ ကြည့်မိတော့ ရှေ့ က အခြောက်တွေ ။ နာမည်မှ မသိတာကိုး ။ ထားပါအရေးမှ မကြီးတာ ။ မောင်လေး မတို့ က အင်းစိန်မှတာ ဆင်းမှာလေ ။ မောင်လေး ရော ။ ဟောဗျာ ။ ရှေးရေစက် ကျုပ်က အိင်းစိန် ဘူတာ ဆင်းရမှာလေ။ ရှေ့ ဆက်မစိးရဲ ။ ကျုပ်အကို ကားလမ်းညွှန် က အင်းစိန်က စတာကိုး ။ ကားနံပါတ်က စ အင်းစိန်က စစီးခိုင်းတာလေ ။ ကျုပ်ဘာမှမပြော ။ သူတို့ ကိုရှောင်ဘို့  စင်းစားနေတော့တယ် ။ ရဲ အကူအညိတောင်းလို့  လည်းမဖြစ်လေ ။ ကျုပ် ဘ၀ အစပဲလေ ။ ကျုပ် ဘာမဟုတ်တဲ့ ပြသနာလောက် တော့ ကျုပ်ရှင်း နိုင်ရမှာပေါ့ ။ -- လမ်းဘေးငေးကြည့် နေရင်း ဘယ်ရောက်လို့  ရောက်မှန်းမသိသေး ။ ရထားကြီးကတော့ သူ့ တာဝန်အတိုင်း ဘူတာတိုင်း မှာ slow ထောက် ရပ်နားရင်း ခရီးသည်အဆင်းအတတ်ကို မှေးပေးတယ်လေ။ ကျုပ် ရထားပေါ် က ဆင်းဘို့  အတွက်ရင်ခုန်နေမိတာကိုး ။ ဟဲ့ မောင်လေး ဘာငေးနေတာလည်း ။ ဟောဗျာ ။ ကျုပ်ဘေးက အခြောက်ကြီး နိုးလာပါပီ ။ ကဲမောင်လေး အင်းစိန်က သိတ်မလိုတော့ဘူး ။ ရှေ့  ဖော့ကန် အောင်ဆန်း သုံးဘူ တာလောက်ပဲ လိုတော့ မယ်ဆိုပဲ ။ သူတို့ ကတော့ အကုန်သိ ။ ကျုပ်က ခုမှ ရောက်ဖူးတော့ ။ မျက်စိသငယ် နားသငယ် ကိုး ။ ရွာမှာ တော့ လမ်းပေါင်း စုန် သီးချင်းအော်ဆို၇င်း ဖိုက်တာ ။ ခုတော့ ကျုပ်မှာ ဘယ်သူ အားကိုးရမှန်းမသိ ။ ရထား ဥသြ စွဲတိုင်း ဆင်းဘို့ ဘူ တာ နီးလေ ကျုပ်မှာ ကြောက်မိလေ ။ မသိစိတ်ကို အားတင်းရင်း ။ မောင်လေး ရှေ့ ဆိုရောက်တော့ မယ်လာ တဲ့ ။ ရှေ့ ဘူတာ အင်းစိန် ဆိုပဲ ။ ဘာဖြစ်ဖြစ် ကျုပ်ဆင်းရမှာပဲ ။ ကျုပ်လမ်းညွှန်က ဒီက စတာကိုး ။ - -( နောက်ရက်မှ ဆက်ရေးတော့မယ် ဗျာ ။)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment