Monday, November 18, 2013
တန်ဆောင်မုန်းလပြည်နေ့  ဆိုတော့ဆေးဘတ်ဝင်တယ် ဆိုပဲ ။ ဟုတ်တော့ဟုတ် ဗျ ။ ရှေးလူကြီးတွေ ထားခဲ့ တဲ့ အစဉ်အလာ ဗျ ။ သူခိုးကြီး သူခိုးလေးဆိုပီး ကွန့် လိုက်ပြန်ရော ။ ငတတ်ပြားနေ့  နဲ့  မိုးမှောင် နေ့ ဆိုပီး ကြားဘူးခဲ့ တာကိုး ။ ဟုတ်မဟုတ်တော့ သိပါဘူး ။ သူခိုးကြီး ငတတ်ပြားကို ဆေးမှင်ကြောင်ထိုးပေးတဲ့ ည တဲ့ ဗျာ။ ထားပါ ပုံပြင်တွေ ဗျ ။ ဟုတ်မဟုတ်တော့ မသိ ကျုပ်တို့  နိုင်ငံ မှာတော့ ငတတ်ပြား လတ်သစ်တွေ အများကြီး ။ မိုးမှောင်မြေးတွေ အများကြီး ပါ ။ - --- - - -ကျုပ်ရွာမှာ နေတုန်းက သူခိုးကြီး ည အမှတ်တရတွေ ရှိခဲ့ တာ ကိုး ။ -ကျုပ်တို့  သူငယ်ချင်းတွေ သူခိုးကြီး ည မှာ ကြက်ခိုးချက်စားဘူးတယ် ဗျ ။ လူငယ်ကာလသားနဲ့  ကြက်ကာလသား မလိုက်ဖပ်ပဲ နေပမလား ။ ဆန်အရက် စစ်စစ်နဲ့  အေးအေးနဲ့  သောက်ရတာ တောင်ကြီး မီပုံပျံ အားကျပီး မူးကြောင်ရူးကြောင်နဲ့  မီးပုံပျံ တွေလွှတ် ပျှော်စရာ ဗျ ။ တောင်ကြီး တန်ဆောင်တိုင်လိုတော့ ဘယ်ဟုတ်မလဲ ဗျာ ။ မီးပုံပျံ အသေးတွေ ဗျ ။ လွှတ်စရာမရှိ့  အမှိုက်ပုံက ကျွတ်ကြွပ်အိတ် ကိုမှိုင်းတိုက် လွှတ်တယ် ဗျ ။ အဲလို ။ မီးဖိုပီး ကြက်ခိုးချက်စားတယ်ပေါ့ ။ ထူးထူး ဆန်းဆန်း သူခိုးကြီး ညဆိုတော့လည်း အသုံးအဆောင်တွေ ကိုဖွတ်ထားတတ်ကြတယ် ဗျ ။ ကျုပ်တို့ က ရွာမှာကာလသသားတွေ ကိုး ။ ညဆိုတော့လည်း အလေလိုက်ကြတယ်ပေါ့ ။ ကာလသားရောဂါရတာတောင် ( အဲ ရောင်လို့ ) ကာလသားလို့ အပြောခံရတာတောင်နည်းသေး နော်။ ရွာထဲ လည်း ကြက်ချောချော က ရွာထဲက လူ့ ဂွစာကြီး အိမ်မှာ ပဲ ရှိ့ တာ လေ ။ ကျုပ်တို့  သူ့ အိမ်ပဲ ၀င်ခိုးရတာပေါ့ ။ လူဂွစာ ကြီး ဥိးလှသိန်းကလည်း ဗျာ ။ အားအားရားရား ချောင်းပဲ ဟန့် နေတယ် ဗျ ။ သူခိုး စိတ်ဆင်းရဲတာပေါ့ ။ ဒါတောင်သူမွေး ထားတာက ခွေးပေါကြီး မှိုလို့  ။ လေသာချွန်လိုက် အမှီးကို နန်ပီး ဂျွန်းတောင် ထိုးပြလိုက်သေးတယ် ။ ခွေးပေါကြီး ဗျ ။ လူချစ်လူခင် ပေါတယ် ။ ဦးလှသိန်းက လည်း ချောင်းကိုလုပ်ဆိုးနေတာ ကိုး ။ မထူးတော့ဘူး ။ ၀င်ခိုးရတာပေါ့ ။ ကြက်ကလည်း လူများဝင်လာရင် အတောင်ခပ်ချင်တယ် ဗျ ။ ဒါပေမဲ့ တောသားပဲ ဗျာ ။ ကြက်အထာတော့ သိတာပေါ့ ။ ကြအားလုံးက ထုတ်ပေါ်တတ်နေကြတယ် ဗျ ။ သကျင်းထဲမှာတော့ ကြက်မကြီး ရှိ့ တယ် လေ ။ သူပဲခိုးရတော့မှာပေါ့ ။ နဂါးနှစ်ကောင် ပုရုပ်စီဘူးလေ လတ်သုတ်ပီး ကြက်မကြီး ဖမ်းရတာပေါ့ ။ အော်ဘို့ နေနေသာသာ သူလင်လာခေါ် တဲ့ အတိုင်းငြိမ်လို့  ဗျ ။ လူများတော့လည်း နှစ်ကောင်လေက်တော့ ခိုးခဲ့တာပေါ့ ။ ဦးလှသိန်းကို အမြင်ကပ်လို့  မဟုတ်ပါဘူး ။ စားမဲ့ လူကများတာကိုး ။ အရက်ကလည်း သုံးလေးလုံး လေ။ ဘူးသီးခိုး တာတော့ ပြသနာ မရှိ့ ဘူး ဗျ ။ အေးဆေး ။ အချင်စားရအောင် ကျွဲကော သီးခိုးကာမှ တစ်ကယ်ပြေးခဲ့ ရတာ ဗျ ။ ရွာထဲ က ဦးစံသိန်း ပေါ့ ။ ဘယ်သူမှလည်း တွေး မိမှာမဟုတ်ပါဘူး ။ ကျုပ်တို့ လည်း မတွေးမိဘူး ဗျ ။ ငတတ်ပြား ဆိုလည်း အရှက်ကွဲမှာ ဗျ ။ တစ်ကယ်ဥဏ်ကြီး ရှင်ပါ ။ ကျုပ်တို့ လည်း ခွေးပြေး ၀က်ပြေး ပြေးခဲ့ ရတာကိုး ။ ဦးစံသိန်းက အသက် ၄၅ အရွယ်လောက် ဗျ ။ လူရှုပ်ကြီး လူပျှော်ကြီး ဗျ ။ ကျုပ်တို့ လည်းထင်မထားဘူး လေ ။ သူက ဂတုန်းနဲ့  အမြဲနေတယ် ဗျ ။ သူတို့ အိမ်ရှေ ရေတွင်းနားမှာက ကျွဲကောပင်လေ ။ ကျုပ်တိုလည်း ၀င်ခိုးတာပေါ့ ။ အပင်ပေါ်တတ်တယ် ဆိုရင် အကြီးဆုံးအလုံးရွေးခူးရတာလေ ။ ကျွဲကောသီးက လည်း နုရင်ခါးတယ် ဗျ ။ အခွန်ထူ အလုံးပုတ်ပီး ခူးရတာကိုး ။ ခတ်တာက အိမ်ရှင်က သူခိုးရန်ကြောက်လို့  ကြိုခူးထားတော့ အလုံးက ထင်သလောက်မပေါ ဘူးဗျ ။ အပင်အပေါ်တတ်ခူးရတာပေါ့ ။ လကသာနေတော့ အလုံးတွေက စိမ်းနေတာပေါ့ ။ နှင်းက က ကျတော့ ဆိုဆိုစွတ်စွတ် ဗျ ။ အရွ့ပ်ကြား လသာသာ မှာ အလုံးကြီး ဗျ ။ သခင်မမြင် လို့ စားရတယ်ပေါ့ ။ အရင်ဆုံးပုတ်ကြည့်သေးတယ် ဗျ ။ အလုံးက ခပ်ကျစ်ကျစ် ဘာအသံမှ ထွပ်ဘူး ဗျ ။ မမှီမကန်း နဲ့  ခူးရတာကိုး ။ ကြီးပီးရော ဆိုပီး အပိုင်ကိုင်ပီး လိမ်ချိုးတာပေါ့ လည်လိုက်လာပီး ဦးစံသိန်းကြီး ဘွားကနဲ ထလာပါရော ။ သူက ငြမ်းစင်နဲ့ လေ ဆိုတော့ ပြသနာမရှိ ။ ကျုပ်တိုကတော့ အတင်းခုန်ချပြေးရတာပေါ့ ။ ဒါတောင်ဦးစံသိန်းက ဘာမှမအော်လို့  ဗျ ။ သူဟာနဲ့ သူ ရယ်နေတာကိုး ။ ကျုပ်တို့ ကတော့ တစ်ကျောမှ မသတ်ပဲ ပြေးရတာပေါ့ ။ ကြံကြံ ဖန်ဖန် ဗျာ ဂတုန်းပြောင်နေအောင် ချောပီး လသာသာ အရွပ်ကြား ထိုင်နေတော့ ကျွဲကောသီး နဲ့  မမှားခံနိုင်ရိုးလား ။ လူတွေကို ရယ်ရတာနဲ့  ပြေးရတာနဲ့  အူတွေလည်း နာလို့  ဗျာ ။ သူခိုးကြီး ည ပျှော်စရာပေါ့ ။ ကျုပ်တို့  သူငယ်ချင်းမိန်း မ ခိုးတုန်းကလောက်တော့ မဆိုးသေးဘူးပေါ့ ။ မောင်မင်းကြီး သားက မိန်းမသွားခိုးတာ မူးကြောင်ရူး ကြောင် ဆိုပါတော့ ။ ခေါ်သွားတဲ့ သူတွေ က ဂဂျိုး ဂဂျောင် ။ သူရည်စားခြံ ကလည်း အိမ်ရှေ့ က တံလင်းကွက် ။ နောက်ဖေးက ကွန်းခြံ ဗျ ။ ခိုးမယ်ခိုး နောက်ဖေးက ခိုးရမှာကိုး ။ ရှေ့ က လူမြင်ကွင်းလေ ဘယ်လိုမှ အဆင်မပြေဘူးလေ ။ ဒါပေမဲ့ ကံဆိုးတယ် ဗျာ ။ မိန်းမခိုးမဲ့ သတို့ သားလောင်း ကွမ်းခြံ ရေခပ်တဲ့ ရေတွင်းထဲ ပြုတ်ကျပါရော ။ အမှတ်တမဲ့ ဆိုတော့ လည်း သကောင့် သားက အော်လိုက်တာက အသံပြဲကြီး ။ အမယ်လေးကယ်ကြပါအုန်း ဗျို့  ဆိုပီး မချိမဆန့် အော်တာကိုး ။ ကွမ်းခြံလောင်းတဲ့ ရေတွင်းဆိုတော့ မြေကြီးကိုတူးထားတာ ဘောင်မရှိ့  ဘူးဗျ ။ ပေနှစ်ဆယ်လောက် နက်တာကိုး ။ သူအသံကြားတော့ တစ်ရွာလုံးမီးတွေ ထွန်းကြည့် ကြရော ။ မိန်းမခိုးမဲ့ သူတို့ သားလောင်းက ရေတွင်းထဲမှာမျက်နှာငယ်လေး ။ သမီးလုပ်သူ မျက်နှာထောက်ပီး ယောက်ခမ လုပ်သူကပဲ ဆယ်ပီး ပေးစားရတယ် ဗျ။ ပါတဲ့ အဖေါ်တွေကတော့ သူခိုးလုပ် လိုက်မှာစိုးပီးပြေးကြတာ ကိုး ။ အဲလို ။ ကျုပ်တို့ လည်း ကျွဲကောသီး မရတော့ ကြက်သားနဲ့ ပဲ မြိန်ရတော့ တာပေါ့ ။ ကြက်ကြီးကလည်း ၀၀ဖြိုးဖြိုး ဆူဆူကြီး ဗျ ။ ဘူးသီးနဲ သိတ်လိုက် ။ ကာလသားချက်လေ ဗျာ ။ မူးမူးနဲ စားလို့ ကောင်း ။ မနက်မိုး လင်းလုမှ သူငယ်ချင်းတွေ လမ်းခွဲကြတယ်လေ ။ သူခိုးကြီး ညကို ဂုဏ်ပြု တယ်ပေါ့ . ဒါပေမဲ့ ကံဆိုးပါတယ် ။ မိုးလည်း လင်းရော ဦးလှသိန်းကြီး အိမ်ရှေ့ လမ်းမ မှာ ခုန်တစ်ခုန်ပေါ်မှာ ကြက်ဥချင်း ကြီး ဗျ ။ ကြက်ပေါက်တွေက တစ်ပိပိ တစ်ညှက်ညှက် ။ စာတန်းကြီးက ချိတ်ထားသေး ကြက်မကြီး ခိုးသူ ခင်ဗျား ကြက်ဥကျင်းနဲ့ ကြက်ပေါက်တွေပါလာယူပါတဲ့ ။ လာမယူပါက ပိုင်ရှင်မပေါ်မချင်း ကြက်ဥကျင်းအား သည်အတိုင်း ထားမည်တဲ့ ။ လူဂွစာကြီး က တစ်ကယ်ဗျာ ။ ကျုပ်တို့ လည်း အမှားဝန်ခံ ပီး ကြက်သားဘိုးပေါးလိုက်ရ တာကိုး ။ ကြက်ဥကျင်းနဲ့  ကြက်ပေါက်တွေ အတွက် မကြည့်ရက်လို့  ၀န်ခံကြရတာပေါ့ ။ ဒီလူကြီး က ဂွကျပီ ဆို ဒူဂေါင်းရောက်တဲ့ လူစား လေဗျာ ။ ရော်လိုက်ရတာပေါ့ ။ သူခိုးကြီး ည အမှတ်တရလေးပါ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment