Wednesday, November 27, 2013

တိတ်စိတ်နေတဲ့ အခန်းလေး ။ အစိန်းရောင်နု နံရံ နှင့် အမဲရောင် ကျောက်သင်ပုန်း ။ ငြိမ်သတ်ချင်းကို ဘယ်အရာမှာ မဖြို ခွဲနိုင် ။ အီးပေါက်သံတောင် မကြားရသောအခန်းလေး ။ စီးကမ်းရှိတယ်တော့ မထင်လိုက်ပါနဲ့  ။ တာဝန်ကျ ဆရာမ ကိုကြောက်ကြလွန်းလို့  သာငြိမ်နေကြချင်း ဖြစ်ပါတယ် ။ ခေါင်းလောင်းသံ တစ်ညံညံ ပေး ရွာကျောင်းကို ပြေးမြင်မိရင် သတိရနေတယ် သယ်ချင်းရေ ။ တွံတေးသိန်းတန် သီချင်းလိုပေါ့ ။ လူတိုင်း မိမိသင်ခဲ့ တဲ့စာသင်ကျောင်းလေး ကိုသတိရကြမှာပါ ။ ၀မ်းနည်းစရာ ဗျ ။ ဆိုးအတူ ပေါင်းဖတ် ကျောင်းတတ်ခဲ့ တဲ့ သူငယ်ချင်းတွေ ခုများ ဘယ်တွေရောက်ရောက် ရာထူးတွေ နဲ့  တာဝန်တွေ ထမ်းဆောင်နေလည်း ကျုပ်တို့ ရဲ့  စာသင်ကျောင်းလေးက မရိုးနိုင်တဲ့ ခေါင်းလောင်သံနဲ့  အိုးမင်းနေတဲ့ တိုင်တွေ လတ်တွေတုန်အသံတွေ တုန် ပင်စင်မျှော်နေတဲ့ ဆရာမတွေ ဒိုတတွေ သောက်ဘို့်  ရေအမြဲ ဖြည့်ပေးနေကြ ကျောင်းစောင့် ကြီး က အမြဲသတိရနေမှာပါ ။ မွေးထုတ်ပေးတဲ့ တပည့် တွေများလွန်းတော့ ငါတိုကိုမမှတ်မိရင် ဆရာမကြီးနဲ့  ကျောင်းတော်ကြီးကို ဗွေမယူကြပါနဲ့  ကွာ - -- -- ။ - -- --တိတ်စိတ်ချင်းကို ဖြိုခွင်းလိုက်သူက - --အားလုံးနုတ်ဆတ် -- - မင်္ဂလာပါ ဆရာမ ။ နုခမ်းဆိုးစီ လိုတာထက် ပိုဆိုးထား ပီး စကားပြောရင် ပြတ်သားလွန်းတဲ့ ဆရာမ ။ အားလုံးက ငြိမ်လို့  ။ ဆရာမ ကတော့ မျက်နှာက နဂိုထဲက ခပ်တင်းတင်းဆိုတော့ ဘယ်ကျောင်းသားမှ ဟာသမလုပ်ရဲ ။ ဆရာမ သာမကြောက်ကြည့် ။ ကျောင်းသား လေးတွေ ဘယ်လောက်ဘရုပ်ကျတယ် မှတ်လည်း ။ ဆရာမ ကိုနုတ်ဆတ် တာတောင် နှာသံနဲ့  ။ နင်ဂလာ ပါချာမ ။ အချို့ ဆို ၀င်းဦးအသံ ။ မင်္ဂ -- အန် မင်္ဂ - -လာ ပါ အန် ချာ မ ။ အဲလို ။ အချို့ ကျတော့ လည်း အသံကြောင် အသံပြောင် ။ ထချင်သလို နုတ်မဆပ်ချင်သလို ၀င်ဦးအသံနဲ့  ကျောင်းသား က တစ်မျိုး ။ ဆရာမ က စာသင်ရင်လည်း နောက်ဆုံးမှာ နေရာယူ တဲ့ ကျောင်းသားတွေက ပိုဆိုး ။ အန်စာတုန်း လှိမ်တဲ့ သူနဲ့ နှဖူးတောက်တန်း စာအုပ်လှန်တဲ့ သူနဲ့ အများကြီး ။ အစိုး ဆုံးက နှာဘူး ကျောင်းသားပေါ့ ဗျာ ။ ဆရာမ က စာသင်နေ ။ ရင်ထဲ က ခံစားချက်ကို ဦးစားပေးပီး စာကိုမကြည့် ။ ကောင်းမလေးတွေ လိုက်ကြည့်နေတာပေါ့ ။ ဆရာမမြင်လို့  ဆရာမက စိတ်ဆိုးပီး ခုံပေါ်တတ် လတ်မြှောက်ခိုင်းတော့ လည်း ။ ရှက်လိမ့် မယ်မထင်နဲ့  ။ သူကောင်မလေးများ ပြန်ကြည့် လို့ ကတော့ ကာယဗလ တောင် ညှစ်ပြလိုက်သေး ။ အဲလို ဗျ ။ ကြောက်တဲ့ ဆရာမရှိ့ တော့ အားလုံးက တိတ်ဆိတ်လို့  ။ - --ကဲ - --မင်းတို့ က မင်္ဂလာ ယူလို့ ရပီ ။ - နားမလည် ။ အားလုံးက တိတ်ဆိတ်လို့  ။ ဆရာမ ဘာတွေပြောတာ လည်းနားမလည် ။ကြောက်ကြတာ ကိုး အထွန့် တတ်ပီး မမေးရဲ ။ ဆရာမ အသံက တိတ်စိတ်ချင်း ကို ဖြိုခွင်းပီး ကျောင်းသားတိုင်းက ငြိမ်လို့ ပေါ့ ။ ကဲတပည့် တို့  - -ကျောင်းက ဘာကြားပီး ပီလည်း ။ -- ဘာမှ မကြားဘူး ဆရာမ ။ - - ဆရာမ မင်းတို့ ကို ဆာသင်တာ ဒီနေ့ နောက်ဆုံးပါ ။ ဟေး - -- -လို့  ထအော်မိမတတ် ပျှော်သွားကြတာ ကိုး ။ ဒါပေမဲ့ မအော်ရဲ့  ။ -- -မျက်နှာလေးတွေ ငယ်အောင်ပြင်ပီး ရင်ထဲက ပျှော်နေကြတဲ့ ကျောင်းသားတွေ များတာကိုး ။ ဆရာမ က စာမရ လို့ ကတော့ ရိုက်တော့ မရိုက်ဘူး ဗျ ။ မန်လည်းမမန်ဘူး ။ ကြောက်စရာ ဘာမှမရှိ့ ပေမဲ့ ကြောက်ကြတယ် ။ ဆရာမ ဥပဓိ ရုပ်ခံကလည်း ပါရမီထူးခြားတယ် ထင်ပါတယ် ။ မြင်တာနဲ့ ကို ကြောက်ချင်စရာ ။ ဗွီဒီ ယို ကားထဲက လို လူကြမ်းရုပ်တော့ မဟုတ်ပါဘူး ။ ဆရာမက သွားနဲနဲ ခေါတယ် ။ နှခမ်းနီ တော့ ကြိုက်တယ် ဗျ ။ မျက်မှန်တတ်တယ် ။ ပါးရိုးကားကား ဆံထုံး ထုံးထားပီး မြန်မာဆံတဲ့ အမျိုး သမီးဆိုရင် မမှားဘူး ဗျ ။ စကားကို လိုတာထက်လည်း ပိုမပြောတတ်ဘူး ။ နဂါးနိုင်ဒါး ထက်တောင်ပြတ်သေး ။ ဒီနေ့ မှ ဆရာမက ထူးဆန်းနေတာကိုး ။ ဆရာမ က စာမရရင် ဘာမမှမလုပ်ဘူး ။ ရှေ့ ကိုခေါ်တယ် ။ ဒိုက်ထိုး ခိုင်းတယ် ဗျ ။ မိန်းကလေးဆို လည်းညှာလိမ်မယ် မထင်နဲ့  ကိုဟာကို နံပါတ်စဉ်ရေ ပီး နားရွက် ဆွဲ ထိုင်ထ လုပ်ရတယ် ဗျ ။ တစ်နေ့ မဟုတ် စာမရတဲ့ နေ့ တိုင်း လုပ်ရတယ်လေ ။ စာမရတဲ့ ကျောင်းသား ရှေ့ ထွက်ပီး စာရှင်းခိုင်းတာ အဆိုးဆုံး ။ မရပါဘူး ဆိုမှ လူအများရှေ့ မှာ စာရှင်းခိုင်းတော့ မှားပီးရင်မှားတယ် ဆိုပါတော့ ။ ကြာတော့ ကျောင်းသားတိုင်း ရှက်ကြပါတယ် ။ ဆရာမ စာသင်တိုင်း စာမရတဲ့ စာမမှီတဲ့ ကျောင်းသား ဗရုပ်သုတ်ခ ကျောင်း သား တိုင်း နေရာတွေ ချိန်းရတယ်လေ ။ ဆရာမကို ကြောက်ကြတာပေါ့ ။ အချိန်ပြေး ဘို့ မစင်းစားနဲ့  နောက်နေ့ ကြ ကျောင်း ကိုတစ်ပါတ် ပါတ်ပီး ကျွန်တော် ကျောင်းပုန်းပါလို့ အော်ပြေးရတယ် ဗျာ ။ ဒါကြောင့် ကြောက်ကြတာပေါ့ ။ ဆရာမ က ပြောင်းတော့ မည်ဆိုတော့ ၀မ်းသာကြတာပေါ့ ။ အားလုံးက ရင်ထဲမှာတော့ ပျှော်ကြတယ် ဆိုပါတော့ ။ - -- -ကဲ သားတို့  သမီးတို့  -- -ဆရာမ ပြောင်းရမယ်ဆိုတော့ မင်းတို့ ပျှော်ကြမှာပါ ။ ဆရာမ သိပါတယ် ။ ဆရာမရဲ့ စေတနာတွေ ပေါ့ ။ ဒီနေ့  စာမသင်ပဲ သားတို့ သမီးတို့  ရည်ရွယ်ချက်ကို ဆရာမ မေးချင်တယ် ။ မေးရမလား ။ အားလုံးသော ကျောင်းသားတွေက မေးပါပေါ့ ။ ရင်ထဲမှာတော့ ဒီဆရာမ ၀န်ထမ်းပဲ ပြောင်းရမှာပေါ့ ရှာကို ရှည်တယ် ။ -- --ကဲ -- -ဆရာမ စမေးမယ် ။ ဒီရှေ့  ဆုံးက သမီးလေး - - -စဖြေကွာ ။ သမီးကြီးရင် ဘာလုပ်မလဲ - -။ ကျောင်းသူ လေးမဖြေနိုင်သေး ။ တစ်ကယ်ဆို ကိုဖြစ်ချင်တာ တန်းပြောနိုင်ရမှာပေါ့ ။ ဒါပေမဲ့ မပြောနိုင် ရည်ရွယ်ချက်မရှိဘူး ထင်ပါတယ် ။ သမီးဖြေလေကွာ - -- အို အာအာ ။ သမီးမေမေကတော့ ငယ်ငယ် ကတော့ ဆရာဝင်ကြီး လုပ်တဲ့ ပြောတာ ပဲ ဆရာမ ။ -- အင်းကောင်းပါပီ ။ နောက်က သမီးလေးကရော ။ သူကတော့ နဲနဲ ရဲသွားတယ် ထင်ပါတယ် ။ သမီးက ဆရာမ လုပ်ချင်ပါတယ် ။ ကောင်းပါပီ ။ နောက်က သားလေးက ရော ဘာလုပ်မလဲ ။ သားက လယ်လုပ်ပါမယ် ဆရာမ ။ ဟိုနောက်က သားလေး ကရော ။ - - သားက စစ်ဗုလ်ကြီး လုပ်မယ်ဆရာမ ။ သူ့ ရုပ်မှ အားမနာ ။ စာဆို အမြဲ ဘိတ်ချီး ကောင်က ဗိုလ် ဖြစ်ချင်လို့ တဲ့ ။ လမ်းဗိုလ် နဲ့  ကျားဘို တစ်တစ် ခုခု ဖြစ်မဲ့ကောင်က ။ အင်း ကောင်းပါပီ ။ ဟိုနောက်က သားကရော - -- သားက ဆရာဝန်လုပ်ချင်တယ် ဆရာမ ။ အမလေး ဆရာဝန်ရူးကောင် အမေ ကမြှောက်ပေးပီး ဆရာဝန် နားကျပ် ၀ယ်ပေးထားလို့  ရူးနေတဲ့ ကောင်က ။ ရုပ်ကကို ဂလန်ဂလား ။ - -- အင်းကောင်းပါပီ ။ ဟိုတစ်ယောက် ဟိုတစ်ယောက် နဲ့  လူက စုံသလောက်ဖြစ်နေပီ ။ နောက်ဆုံးကောင်က ရယ်စရာ ။ သားက အမေ့ကို ဆိုက်ကား နင်းကျွေးမယ် ဆရာမတဲ့ ။ သူအဖေ ဆိုက်ကားဆရာဆိုတော့ ဆိုက်ကား အတွေး ပဲ တွေးတာလေ ။ သူ့ ဖြေရှင်း ချက်က မမှား ။ ဘွဲ့ ရပီး အမှတ်မကောင်း အကပ်မကောင်းရင် ဆိုက်ကား နင်းရသူတွေ အများကြီးဆိုပဲ ။ ဟုတ်တော့ လဲ ဟုတ် ဗျ ။ -- ကဲ -- -သားတို့  သမီးတို့ ကို မေးတာ စုံသလောက် ဖြစ်သွားပီ ဆိုတော့ ။ သားတို့  ပန်းတိုင် ကိုမြင်ပီလား ။ အားလုံးက နားမလည် ။ လူ ပဲ ထမင်းစား ကျောင်းသွားကျောင်းတတ် စာတတ်ရင် ပီးရော ။ ဆရာမက ဘာတွေ ကွန့် နေမှန်းမသိ ။ ရင်ထဲမှာတော့ ဒီဆရာမ ရှာတော်တော် ရှည်တယ်ပေါ့ ။ ကဲ ဆရာမ ပြောပြမယ် - -လူဆိုတာ ရည်ရွယ်ချက် ရှိရတယ် ။ လူတာဝန်ဆိုတာ ရှိရမယ် လေ ။ သားတို့ သမီး တို့ က ဒီနိုင်ငံ မှာနေတော့ ဒီနိုင်ငံရဲ့  တာဝန်တော့ ထမ်းဆောင်ရမှာပဲ ။ ပညာတွေ သင် စာတွေတတ် လင်ယူ သားမွေး မျိုးဆတ် ချန်ယုံနဲ့  လူတာဝန် မကေဘူးကွဲ့  ။ မင်းတို့  မှာ ဘာရည်ရွယ် ချက်မှ မရှိပဲ ဘာလို့  ပညာ သင်နေရမှာလဲ ။ အရာတိုင်းမှာ ရည်ရွယ် ချက်ဆိုတာ ရှိ့ ရတယ် ။ ဆရာမ ဆိုရင် အင်မတန် ချို့ တဲ့ တဲ့ မိသားစုက ပေါက်ဖွားလာတာလေ ။ ပြောပြရင် အရှည်ကြီး ။ မြန်မာ စကားမှာလည်း စစ်ဗိုလ် သားက စစ်ဗိုလ် ဖြစ်မယ် ။ လယ်သမားသားက လယ်သမားဖြစ်မယ် ။ ကျောင်းဆရာသားက ကျောင်းဆရာဖြစ်မယ် ။ အမျိုးမျိုးပေါ့ကွယ် ။ ဒါပေ့မဲ့ အဲဒီအဖြေကို ဆရာမ လတ်မခံဘူး ။ လူတိုင်းမှာ အခွင့်အရေး ရှိတယ် ။ ကျိုးစားခွင့် ။ စိတ်ကူးယျဉ် ခွင့် ။ ရည်ရွယ် ချက် ။ ဘာရည်ရွယ်ချက်မှ မရှိတဲ့ လူတစ်ယောက်က ခွေးနဲ့ ဘာကွာမလည်း ။ သားတို့  သမီးတို့  ခွေးဖြစ်ချင်လား ။ -- မဖြစ်ချင်ပါဘူး ဆရာမ - --။ အားလုံးက သွက်ပ ။ အဲဒီလိုပေါ့ လူတိုင်းက အဆိုးဆုံး ဘယ်ဖြစ်ချင်ပမလဲ ။ အကောင်းဆုံးတွေ ဖြစ်ချင်မှာ ပါ။ ဖြစ်ဘို့ အတွက်က ကျိုးစားရမယ်လေ ။ ရည်ရွယ်ချက်မရှိ့  ပဲ ကျိုးစားရင်လည်း လမ်းက ယောင်တောင် တောင် ။ ဒါကြောင့် အားလုံးမှာ ရည်ရွယ်ချက် ရှိ့ သင့် ပါတယ် ။ လတ်ခံလား ။ အားလုံးသောကျောင်းသားတွေ က လတ်ခံပါတယ် ဆိုတဲ့ အသံက ရင်ထဲက အသံ ။ ဆရာမ စေတနာ တွေ ကို နားလည်ကြပါပီ ။ ကဲသားတို့  သမီးတို့ အပေါ် ဆရာမရဲ့ စေတနာ အမှားတွေကို သားတို့ ဗွေမယူ ကြပါနဲ့ ။ ဆရာမ က မနက်ဖြန်ဆို့  ပြောင်းရတော့ မယ် ။ သားတို့ ရဲ့  ဖြစ်ချင်တာကို ဖြစ်အောင်ကျိုးစားကြပါ ။ ဆရာမလည်းမျက် နှာမကောင်း ။ အားလုံးသောကျောင်းသားတွေက ခွဲရမည်ဆိုတော့ လည်း အသံတွေ ပါအက်လာကြတာကိုး ။ အချိန်ပြောင်း ခေါင်းလောင်းသံကို မကြားချင် ။ ဟိုတုန်းက ဆရာမ အချိန်အမြန်ကုန်ပါစေ ဆိုတဲ့ သူတွေ ။ ခုတော့ မျက်ရည် ၀ိုင်းနေကြပါပီ ။ ဆရာမ က မင်းတို့ နဲ့  ပြန်တွေ့ ဘို့ ဆိုတာ မကြိမ်းသေ ပေမဲ့ မင်းတို့  ရည်ရွယ် ချက်တွေ အောင်မြင်ခဲ့ ရင် ဆရာမ ပျှော်နေမှာ ။ ဆရာမ ဖြစ်ချင်တာ ဖြစ်ခွင့် မရခဲ့ ပေမဲ့ အကောင်းဆုံးတော့ ဖြစ်အောင်ကျိုးစား ခဲ့တယ် ။ မင်းတို့  လည်းဆရာ မစေတနာ နားလည်မယ် ဆိုရင် ရည်ရွယ်ချက် ထားပါ ။ ကိုဖြစ်ချင်တာကို ကျိုးစားပါ လို့ ဆရာမ ပြောချင်တယ် ။ ဆရာမ စိတ်ထမကောင်း ။ တစ်မိုးအောက် က ကျောင်းသားတွေ သံယောဇဉ် ဖြစ်မှခွဲ ရမယ် ဆိုတော့ လည်း သူလည်းလောကီသားပဲ ။ ကျုပ်တို့ လည်းလောကီသားပဲ ။ စိတ်မခိုင်တဲ့ မိန်းကလေးတွေ ရှိုက်ငိုကြပီ ။ ကျုပ်လည်း ဆရာမပြောင်းရင် ပျှော်မယ်ထင်ထားတာ ဘယ်က ဘယ်လို မျက်ရည်က ကျမှန်းမသိ ။ အားတင်းထားပေမဲ့ ။ ရင်ထဲက ရှိုက်သံကို ဖုန်းမရ ။ အံကြိတ်ထားပေမဲ့ မျက်ရည်တွေ ကျနေဆဲ ။ ကျောင်သားတိုင်း မှာ မျက်ရည်တွေ ။ အချိန်တွေ နောက်ပြန်လှည့်လို့ မရ ။ တာဝန် ။ ဆရာမလည်း မျက်ရည်တွေ ။ သူအင်မတန် မျက်နိုး တဲ့ နှခမ်းနီး မျက်ရည် ခိုးသုတ်ရင်း မျက်နှာမှာ ပေ လို့  ။ ဆရာမ ကိုမရယ် နိုင် ။ ငို နေကြတဲ့ ကျောင်းသား တွေ ကို ဆရာမ ဘယ်စိတ်ကောင်းပ မလဲ ။ ဆရာမ ကို ၀န်ခံတောင်းပန်ကန်တော့ ရင်း ဆရာမ မျက်နှာလေးကို ကြည့် မ၀ နိုင် ။ အားလုံးမှာ မျက်ရည်တွေ ။ ဒေါင်ဆိုတဲ့ အချိန်ပြောင်း ခေါင်းလောင်းသံ နဲ့  အတူ ဆရာမ ကိုအားကိုတကြီး ပြေးဖပ်ကြပါပီ ။ ဆရာမ စေတနာတွေ ကိုနားလည်ကြပါပီ ။ ဆရာမရဲ့  ခြေဖမိုး ဦးခိုက်ကန်တော့ ရင်း မျက်ရည်တွေနဲ့  ဆရာမ ရဲ နုတ်ဆပ်ပွဲ က ပျှော်စရာ ထင်ခဲ့ ပေမဲ့ နုနယ် ရိုင်းဆိုင်းတဲ့ စိတ်တွေကို လမ်းပြောက်နေတဲ့ ကလေးတိုင်း ကို အလင်းရောင် မှိန်မှန် ဆရာမ ပြခဲ့ ပီ ။ ဆရာမ ရဲ စေတနာတွေ ကို နားလည်တဲ့ နေ့ ရောက်မှ ပဲ - - -နောက်နေ့ ဆို့  - - --ဆရာမ မရှိ့  နိုင်တော့ ။ - - - --( ကျောင်တတ်တုန်းက ဆရာမ ကို အမှတ်တရ သတိရလို့  ရေးထားချင်းပါ ။ ဆရာမ ကျမ်းမာပါစေ ချမ်းသာပါစေ )


No comments:

Post a Comment