Wednesday, March 11, 2015
အိမ်တိုင်းမှာ ကျောင်းသားရှိ့ တယ် အိမ်တိုင်းမှာ စစ်သားဆိုတာမရှိ့ ဘူး ရဲ ဆိုတာမရှိ့ ဘူး စွမ်းအားရှင်ဆိုတာမရှိ့ ဘူး
ဆယ်တန်း စာမေးပွဲ ဖြေနားနီးမှာ ကျောင်းသား သပိတ်စခန်းကို အကြမ်းဖတ်တာတော့ အစိုးရမှာ ဥဏ်များတယ် ဆိုတာ အသိသာကြီးပါ ---
အကြမ်း ဖတ်ဖြိုခွဲမှ  အေးချမ်းမယ် ထင်ခဲ့ရင်တော့ -- ဦးနှောက်မရှိ့ တဲ့ လုပ်ရပ်လို့  သတ်မှတ်ရပါလိမ့်မယ်--
-
သမ္မတသတ်တန်း ၅ နှစ်မပြည့်သေးပါဘူး
နှစ်တိုင်း ဆူပူမှု့တွေ အများကြီး
ဘာသာရေး  လူမှု့ရေး လယ်သမားအရေး
လတ်ပတောင်း လတ်ပတန်း  အများကြီး
အားလုံးကိုယ် ဘယ်သူက ကြိုးကိုင် ကြိုးစွဲ နေသလဲ --- ဖြစ်လိုက်ရတဲ့  စစ်
ဒုက္ခသည်တွေအများကြီး
ကချင်  ပြည်နယ် ရှမ်း  KIA  ဝ  တိုင်းပြည်ဖွင့်ဖြိုးမှု့ အတွက်  နှောင့်နှေးစေပါတယ် -- ခု မြန်မာပြည်မှာ အဆိုးဆုံးက ပညာရေး ပညာမတတ် သူတွေအများကြီး ဘွှဲုရပီး အလုပ်မရသူတွေအများကြီး --လတ်တွေ့မပါတဲ့ ပညာရေး  ကျောင်းသားလေး တွေရဲ့ ပညာရေး ကိုမမြှင့်သေးသ၍တော့  အစိုးရရဲ့ ကြိုးစွဲမှု့မှာ သံသရာ ရှည်နေအုန်းမှာပါ --ကျုပ်တို့ နိုင်ငံ တိုးတတ်ဘို့ အတွက် သေနတ် လတ်နတ် ကအဓိက မဟုတ်ပါဘူး --မီဒီယာ ခေတ်ကြီးမှာ  ပညာက အဓိကပါ --အစိုးရ ပညာရေး ကို ဘာကြောင့်မပြင်ချင်တာလည်း  -- ပညာရေးကို ပြုပြင်ရုံနဲ့ သူတိုအာဏာပါဝါတွေ နိမ့်ကျမယ် ထင်သလား --- ဘာကြောင့်မပြင်ချင်တာလည်း ဘာကြောင့်မလိုက်ရော ချင်တာလည်းဆိုတဲ့ အဓိက အချက်ကတော့  အစိုးရရဲ့ နောက်ကျောမှာ လတ်မဲ ကြီးက ကြိုးစွဲ နေတုန်းပဲဆိုတာ ထင်သာမြင်သာနေပါပီ --- ဘာလို့ ဒီမိုကရေစီ အစိုးရဆိုပီး အသံကောင်း ဟစ်နေတာလည်း ဗျာ--
Sunday, February 22, 2015
သမိုင်းဆိုတာ ရှိ့ ပါတယ် --နောင်မျိုးဆတ်သစ်အတွက် ကျုပ်တို့ လူပ်နေကြတာသမိုင်းပါ
လူတိုင်းလူတိုင်း ကိုသွားရမဲ့  လမ်းကြောင်း ကိုပြောခဲ့တဲ့ စကား ကိုယ်လုပ်ခဲ့တဲ့ အလုပ်က  မျိုးဆတ်သစ်အတွက် သမိုင်းတစ်ပုဒ်--ပါ။ လူတိုင်းမှာ နောင်တစ်ချိန် နောင်လာမဲ့ အနာဂါတ်သစ်အတွက် သမိုင်းတစ်ပုဒ်ရေးနေ ရမှာပါ -- ကိုယ်လုပ်ခဲ့ တဲ့ ဆိုးတဲ့သမိုင်း ကောင်းတဲ့သမိုင်းဆိုတာကတော့ အနာဂါတ်က ပြောပြပါလိမ့်မယ်--လူဆိုတာ သေမျိုး  --ဘယ်သူမဆို တစ်နေ့ သေကြရမှာပါ
တစ်နေ့ သေရမှာ ကိုလူတိုင်းသိပါတယ်----
ကိုလုပ်တာ မှားလားမှန်လား ကိုလူတိုင်းဝေဖန်နိုင်ပါတယ်---
ကိုယ်လုပ်နေတဲ့ ကိုလျှောက်နေတဲ့လမ်းတွေက နောက်လာမဲ့ ကို့ မျိုးဆက်အတွက် သမိုင်းတစ်ခုနဲ့ ခြေရာတွေပါ ဘာလုပ်ကြမလဲ ---ကို့ သမိုင်း ကိုယ်ဘယ်လိုရေးမယ်ဆိုတာ မျိုးဆက်အတွက် ဘာတွေပေးခဲ့မယ်ဆိုတာတော့ လူတိုင်းမှာ တာဝန်ရှိ့ ပါတယ်---
Friday, January 2, 2015
ဆန္ဒပြပွဲ တွေနဲ့ကြိုဆိုလိုက်တဲ့ 2015 မင်္ဂလာနှစ်သစ် ပါပဲ မြန်မာပြည်
လတ်ပတောင်း ကြေးနီတောင် ဆန္ဒပြတောင်သူ တွေကို သေနတ်နဲ့ပစ်ကြတယ်တဲ့ --ကြားလို့ မှကောင်းကြသေးရဲ့လား --တရုတ်လုံခြုံရေးတွေတဲ့ဗျာ  ကျုပ်တို့ တိုင်းပြည်ကို ဘယ်သူအုပ်ချုပ်မှာလဲ---
ဟော နှစ်ကူးပီ ရွေးကောက်ပွဲကြီးလဲ လာတော့မယ် ဟော ဗျာ -- happy nwe year နှစ်ကူးပီ ဗျို့   2014 က ဆန္ဒပြပွဲ သပိတ်စခန်းတွေ လယ်သမားအရေးတွေ 2015ထိ မပီးသေးဘူး ဗျ ---ဘယ်အထိ ရှင်းမပေးပဲထားကြမှတုန်း --ကျုပ်တို့ ပြည်သူကတော့ မျှော်လင့်တုန်းပါပဲ ဘယ်တော့ ဘယ်တော့ ဘယ်တော့
လုပ်ပေးမှာလဲ ရှင်းပေးမှာလဲ နောင်တတ်လာမဲ့ သမ္မတ သက်တန်း
ထိစွဲဆန့် တုန်းပဲလား --သူများတွေ အော်လို့  ကလေးတွေအော်လို့  ရောင်လို့ အော်လိုက်မိပါတယ်
Happy New year ---ကြိုဆိုပါတယ်
2015 
ရင်ထဲမှာတော့ အစွဲအလန်းတွေ မေ့လို့ မရ တာတွေစိုးရိမ့်စိတ်တွေကတော့
Wednesday, December 10, 2014
စီးပွားရေးသမားတွေက ငွေမတ်တယ် အစိုးရကအခွန်မတ်တယ် ချစားလဒ်စားတာနဲ့ တိုင်းပြည်လည်းအခွံ ဖြစ်တော့မယ်
မေခနဲ့ မလိခ ပေါင်းစည်း ပီးစီးဆင်းလာတဲ့ မြစ် ပေါက်ဖွားလာတဲ့ မြစ်----အဲဒါ ဧရာဝတီမြစ်တဲ့ ----
--
တစ်ဘို့ စား လူ့ ငနွား စီးပွားရေးသမားတွေက ငွေမတ်
အစိုးရက အကျင့်ပျတ် အခွန်မတ်
အခွန်အခွန် တိုင်းပြည်လည်း အခွံဖြစ်တော့ မယ်---
--
ဒီနှစ်ပြောင်းရမလား နောင်နှစ်ပြောင်းရမယ် တွေးစိတ်ကဖို
ကမ်းပါးတွေပြိုတော့  မြစ်ကြောင်းတွေတိမ်ကော ရေဒလဟောတတ် ပျတ်လိုက်တဲ့ သီးနှံ ----
သောင်တွေကထပ် ရွာအခြေပျတ်မို့ 
နေပူပူ ခြေရာထပ် နောင်အတွက်တော့ ကောင်းနိုင်ပမလား---
ဧရာဝတီ ဧရာဝတီ ခွင့်လွှတ်ပါ့ ဧရာဝတီ --ခောတ်ကြီးက အခွင့်အရေးကောင်း ငွေအကြောင်းပြောရင် အာဏာတတ်
လဒ်မစားပဲ နေနိုင်ပ --ဟိုလူကတိတ်တစ်ခိုး ဒီလူကတိတ်တစ်ခိုး  ကျိတ်ပိုးကာဂွင်စဉ်တော့ ---လုပ်ငန်းရှင်ကြီးတို့ ရေ အာဏာရှင်ကြီးတို့  တစ်ဖြေးဖြေးနဲ့နေဝင်ချိန်  ပိန်လိမ်ကစီးဆင်း သူကတော့သူအလုပ်သူလုပ် ပြည်သူကထမင်းတစ်လုပ် ချွေးသုတ်ကာ ရှောက်စမ်း  သောင်ပြင်က တဲတန်းစီ-----
( ရေးတော့ ရေးကြည့်တာပါပဲ မကောင်းရင် ဝေဖန်ပေးကြပါ)
Tuesday, December 2, 2014
ငရဲဆိုတာကတော့ နောင်ဘဝမှခံရတာမဟုတ်ဘူး ခုဘဝမှာလည်း ခံရပါတယ်
လူတွေ လူတွေ လူတွေပေါ့ ဗျာ ----
ခောတ်တွေတိုးတတ်လာတယ် ဆိုမလား အကျင့်စာရိတ္တ တွေ မရှိ့  ရိုးသားမှု့ဆိုတာရှားသွားပါပီ --မုသားမဆို လင်္ကာမချော လိမ်နိုင်မှပညာရှိ့  ညာနိုင်မှသမာဓိ ဆိုသတဲ့ ဗျာ ---မဟုတ်တာ မမှန်တာ လုပ်ခဲ့တာကို ရှက်ရမဲ့ အစားဂုဏ်ယူနေတတ်ကြပါတယ် --သူများသားမယား ကြာခိုဘို့ ဝန်မလေးကြတဲ့ ခောတ်ဖြစ်လာတယ် ဗျ--ကျွန်တော်တို့  မြန်မာပြည်ဆိုတာကတော့ ဗုဒ္ဓသာသနာ ထွန်းကားခဲ့တဲ့ တိုင်းပြည်ပါ -- ဗုဒ္ဓစကားကို နားခံရမဲ့ ဗုဒ္ဓတရား ထွန်းကားရာ တိုင်းပြည် ဗျ--ခုတော့ ဗျာ ဗုဒ္ဓဘုရား ဟောကြားတော်မှူခဲ့ တာ အတ္တ မာန သင်္ခါရ မမြဲတရား မေတ္တတရား ငြိမ်းချမ်းတဲ့ တရားတွေကို ဟောကြားတော် မှူခဲ့ပါတယ် --ဒါပေမဲ့ လုပ်နေကြတာတွေက တစ်လွဲတွေ --- အများကြီး  ။  အလှူအတန်း လှူတာကအစ နောက်ကွယ်မှာ ပြသနာတွေကအများကြီး --ထားပါ  ဗျာ --ပြောရရင်ပြောစရာတွေက အများကြီး ဗျ --- အချုပ်အားဖြင့်ပြောရရင်တော့ ဗျာ
ကျုပ်တို့ သေရင်ဘာမှမပါသလို့ 
နောင်ဘဝမရောက်ခင် ခုဘဝမှာတင်ခံရမယ် ဆိုတာပါပဲ ဗျာ-----
Friday, November 14, 2014
စာနာစိတ်ကလေး ထားကြည့်ကြပါ ဗျာ
ခုခေတ်က --ဆတ်သွယ်ရေးဆိုလည်း တိုးတတ်လာတယ် အရမ်းအရမ်းပေါ့ ဗျာ--ကမ္ဘာကြီးက သတင်း ဘယ်နေရာမှာ ဘာဖြစ်တယ်ဆိုတာ
ကြားနိုင် မြင်နိုင်သိနိုင်နေပါ ပီ -- လူတွေရဲ့ အသိအမြင်တံခါး ကိုဖွင့်ပေးနိုင် ဘို့ က သတင်းမီဒီယာ လွတ်လပ်ခွင့် --ပေါ့ ။ အမေရိကန်သမ္မတ အိုဘားမားတောင် မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ မလွတ်လပ်သေးကြောင့် ပြောသွားပါသေးတယ် ---ဟုတ် တော့ လဲ ဟုတ်ဗျ နော် ကျွန်တော်တို့ 
ပြည်သူတွေ ကြောက်နေကြတုန်းပါပဲ
စစ်အာရှင်စနစ်ဆိုးကို - သတင်းဆိုအားပေးပါတယ် ဖတ်လဲဖတ်ပါတယ် --ဘာမဟုတ်တဲ့
အစိုးရစားဖား မှု့ခင်း ရှု့ဒေါင့် တို့  သတင်းထောက်သမားတွေကတော့ ရဲမှူးကြီး  တွေ  ဦးစီးထားတယ်ဆိုတော့
လဒ်စားချစား ချင်တုန်းဗျ  -- မဝေဖန်တော့ပါဘူး -- ပြည်သူကိုစာနာစိတ်ကလေး ထားစေချင်ပါတယ် ----
မီဒီယာအားကောင်းလာတော့ ကျွန်တော်တို့  လူငယ်တွေ လူကြီးတွေ
မီဒီယာကို လမ်းမှားအသုံးချလာတာ တွေ့ရပါတယ် -- အွန်လိုင်းမှာ ချက်ကြပြုတ်ကြရင်း ငြားသွားတဲ့သတင်းတွေက များသား --ကွဲသွားတဲ့ သတင်းတွေကများသား-- နှမချင်းမောင်နှမ သားအမိဆိုတာ မရှိတော့ပါဘူး --ဘာတဲ့ ယောကျားလေးတွေပြောစကား ရရင်တော့ စားရမှာပဲ ဆိုသတဲ့ ---မိန်းကလေးတွေက ဘယ်လိုပြောကြလဲဆိုတာတော့ ကျွန်တော်မသိပါဘူး -- ပျိုပျိုအိုအို   ဘယ်လောက် မိသားစုအရေး စား ဝတ်နေရေး  စိတ်ရှုပ်စရာတွေရှိ့ နေပေမဲ့ လိုင်းပေါ်မှာတော့ ပြောစရာမရှိ့ အောင် ရိုးသားကြပါတယ် ကောင်မလေးတွေအကြိုက်ပေါ့  --မိန်းကလေးဆိုရင်လည်း ကောင်လေးအကြိုက်ပေါ့  --မျက်မြင်သာဓကတွေ များတော့ အွန်လိုင်းဆိုတာ ဒီလိုပါလားပေါ့ --ဟောဗျာ သာယာမှု့တွေ ပေးစွမ်းနိုင်တယ်ပေါ့ ---ဒါပေမဲ့ဗျာ မိသားစုအရေးမှာ အားနဲလာတတ်ကြပါတယ် အိမ်ထောင်ရေးအဆင်မပြေတာတွေ များလာကြပါတယ် --နောက်ဆူံးကွဲကြပြဲကြပေါ့ --ခေတ်ကတော့ တိုးတတ်နေမှာပါ --လမ်းလွဲအသုံးမချဘို့ လိုပါတယ် --အမိမြန်မာနိုင်ငံတွင်းက လူမျိုးတိုင်းရင်းသားတိုင်းက တစ်နိုင်ငံထဲနေ တစ်ရေထဲသောက် တစ်မြေထဲဖွားတွေ ပါ မောင်နှမသားအမိ ဆွေမျိုးရင်းချာလို စာနာစိတ်ကလေး ထားတတ်ကြမယ်ဆိုရင်------------