Friday, November 29, 2013

မြန်မာ မှန်ရင်တော့ ငပိ ကိုမမေ့ ပါဘူး ။ သနပ်ခါးကို မမေ့ပါဘူး ။ -- -ကျုပ်တို့  မြန်မာတွေ မှာ အထူးလေးစား စရာကောင်းတာ ဧည့်ဝတ်ကျေတယ် ဗျ ။ အင်္ဂလိပ်တွေ ၀င်လာတော့ လည်း ဧည့်ဝတ်ကျေတယ် ။ ဂျပန်လာတော့ လည်း ဧည့်ဝတ် ကျေတယ် ဗျ ။ အားနားတတ်ကြတယ် ။ ညှာတာ တတ်ကြတယ် ဆိုရင်လည်း မမှားပါဘူး ။ အားနာပီး သူကျွန် ဘ၀ နဲ့  နေခဲ့ ရင်လည်း ကျုပ်တိုတွေ ခုလောက်ဆို ကျွန်အလုပ်တွေ လုပ်နေရမှာ ဗျ ။ ကျုပ်တို့  ဗိုလ် ချုပ်နဲ့  အာဇာနည်ခေါင်းဆောင် ကြီးတွေ အင်္ဂလိပ် ကိုတိုက်ထုတ် ဂျပန် ကိုတိုက်ထုတ် နိုင်ခဲ့ လို့  ကျုပ်တို့  ခုလို နေကြရတာ ။ အာဇာ နည်သီ ချင်း နားထောင်ရင်လည်း လွမ်းမိပါတယ် ။ အလင်းရောင်ကို အမှောင် ဖုန်းခဲ့ ပေမဲ့ ငါတို့ မြင်တတ်ခဲ့ ပီ ။ ဟိုတုန်း က ဆိုရင် ဗျ ။ ပေါ်တာ ပေါ်တာ တွေဆွဲ လုပ်အားတွေ ပေးခိုင်း ပီး စစ်တပ် အာဏာယူ ခဲ့ကြတာ ကိုး ။ တိုင်းပြည် ငြိမ်းချမ်းရေးပေါ့ ။ TV မှာလည်း စာတန်းတွေ က ဗလပွ ။ ပြည်ပအားကိုးတို့  ဘာတို့ ပေါ့ ဗျာ။ ဒါပေမဲ့ ကျုပ်တို့  ဗိုလ်ချုပ် ဂျပန်မှာ စစ်ပညာ သင်ပီးမှ အင်္ဂလိပ် ကိုတိုက်ခဲ့ တာဗျ။ ပြည်ပ အကူအညီ တော့လိုခဲ့တာကိုး ။ ဘဘ ဗိုလ် ချုပ်ကြီးတွေ ခေတ်ရောက်မှ ပြည်ပအားကိုး ပုဆိန်ရိုး တဲ့ ဗျာ ။ ကျုပ်တို့  အာဇာနည် ခေါင်းဆောင်ကြီးတွေ တောင် ပုဆိန်ရိုး ဖြစ်သွားတယ် ထင်ပါတယ် ။ - -ဒါပေမဲ့ ဗျာ ။ ဘဘကြီး များက ပြည်ပအားကိုး ပုဆိန်ရိုး သာပြောတာ သူတို့ သားသမီး ကြ နိုင်ငံခြား မှာ ကျောင်းထားကြတယ် ဗျို့  ။ အဲလိုကြီးနော် ။ ပြည်သူတွေ ကိုမျက်စိ ပိတ်နား ပိတ်နိုင်မှ ဖြစ်သလို ချယ်လှယ်တယ် ဆိုရင်လည်း မမှားဘူး ဗျ။ ဦးနေ၀င်း ဆိုလည်း ၈၈၈၈ အရေးအခင်း မှာ စစ်တတ်ကို အမိန့် ပေးပီး လူတွေ သတ်ခဲ့ တယ်နော် ။ သေလိုက်ကြတဲ့ လူတွေ ကျောင်းသားတွေ ။ ဘယ်လောက်ဆိုးလိုက်လဲ ဗျ ။ ဒါတောင် ဦးနေ၀င်း ကပြောလိုက်သေးတယ် ( တိုင်းပြည် ချောက်ထဲကျ မဲ့အရေး လတ်မတင်လေး သူကယ်လိုက်တယ် ဆိုပဲ ဗျာ ) ။ ကျောင်းသားတွေ ကို သူပုန် လုပ် ထောင်ထဲထည့် ပီး အကျဉ်းချလိုက်ကြတာ ။ ဒါပေမဲ့ သူသတ်ဆိုးမရှည် ဘူး ဗျ ။ သူ့  ချစ်တပည့် သားတပည့် လေး ဦးသန်းရွှေ က အမွေယူလိုက်တာ ကိုး ။ ထိုနည်း လည်းကောင်း ထိုနည်းလည်းကောင်း စီးပွားရေးအခြေအနေမကောင်း လို့  တိုင်းပြည်ပါရောင်း ဖာခေါင်းပေါ ဘို့  သူကြံတယ် ။ ပြည်သူက ဆင်းရဲ ချင်တိုင်း ဆင်း ရဲ နေချိန်မှာ ဘဘ ကြီးတွေ က စိန်မွေ့ ယာ တွေနဲ့ ပေါ့ ဗျာ ။ ကျုပ်တို့ နိုင်ငံ က ရေမြေ အသား ငါး ကျွန်း သစ် စိန်ရွှေ မြေ တောင်ကုန်းတောင်တန်း တွေ လတ်ညိုး ညွှန်ရာပေါနေပါလျှက်နဲ့ ပြည်သူ မှာဆင်းရဲ တွင်းထဲက မထွက်နိုင်ဘူး ဗျ ။ ဆင်းရဲနေကြတုန်း ။ ထားပါ ရင်နင့် စရာတွေ ပါ ။ အိမ်တစ်အိမ်မှာ အဖေ ပေါ့ ဗျာ ။ အိမ်ဦး နတ် အားကိုးရာ ကိုးကွယ်ရာ ။ ရွာမှာဆို သူကြီး ပေါ့ဗျာ ။ တိုင်းပြည်မှာ အစိုးရ ကျုပ်တို့  ကိုးကွယ်လေးစား အားထားရမဲ့ သူ ။ တိုင်းပြည်ရဲ့  အနာဂါတ် က သူလတ်ထဲ မှာ ရှိ့ သလို ပြည်သူတွေ အနာဂါတ်က လည်း သူလတ်ထဲ မှာ ဗျ ။ သူမကောင်းမှ တော့ တိုင်းပြည်က ဇာနိုင်ငံ ကြီးဖြစ်သွား မှာ ။ ကျုပ်တို့ ကြီးပြင်းခဲ့ တာလည်း စစ်အစိုးရကြီး ဗျ ။ တစ်ခါလာလည်း ဒါကြီး ပဲဗျ ။ အ၀တ်ပဲ လဲနေတာ နော် ။ ထားပါ ပြသနာ မရှိ့  ။ ကောင်းအောင်လုပ်ရင်ပီးတာ ပါပဲ ။ ကျုပ်တို့  နိုင်ငံ ပြု့ ပြင် ပြောင်းလနြေတယ် ပြောတယ် ဗျ ။ ဒါပေမဲ့ ဆင်းရဲတုန်း ပါပဲ ။ ပြည်သူတွေ မှာ မဲတွေပေးပီး လမ်းတွေ ကို့ဟာကို ဖေါက်နေရတယ်နော် ။ ရပ်ရွာ တိုးတတ်ဘို့  လုပ်နေရတယ်နော် ။ ဒါပေမဲ့ ပြည်သူတွေ ဆင်းရဲ တုန်း ။ ပြည်သူမဲပေးတဲ့ ၀န်ကြီးတွေ အလုပ်လုပ်ပီလား ။ လူဆိုတာသေမျိုး ဒီရာထူး ဒီဂုဏ်က ခဏပါ ။ ၂၀၁၅ ဘယ်သူကို မဲပေးကြမလဲ ။ ကျုပ်တို့  ပြည်သူတွေ ကြောက်ရမဲ့ ခေတ်မဟုတ်တော့ ဘူး ။ အရာတိုင်းကို ပြတ်သာကြရ တောမယ်။ ကိုတစ်ယောက် ကောင်းစား ယုံနဲ့ တိုင်းပြည်ကတော့ ပြာပုံ တိုးနေမှာပဲ .။ ပြည်သူကောင်းစား မှ တိုင်းပြည် ကောင်းစား မှာ ဗျ။ ၂၀၁၅ မဲ ပေးကြမယ်ဆိုရင်တော့ ဗျာ ။ ခေါင်းဆောင်လုပ်မဲ့ သူ အနစ်နာ ခံမဲ့သူ ကိုယ်ကျိုးမကြည့်တဲ့သူ ကိုပေးကြပါစို့ လို့  တိုက်တွန်းချင်ပါတယ် ။ ငပိကို အစွဲအလန်းမထား သင့်သလို ပြည်သူ တွေ အားဏာ ပီး ထက်မမှားကြပါနဲ့ တော့ ဗျာ ။ ( ပြင်းပြင်းနဲ့ ရေးမိတာပါ အမှားပါရင် သီးခံပီး ဖပ်စေချင်ပါတယ် )


Thursday, November 28, 2013

အချစ်အကြောင်း ပြောကြည့်မယ် နော် ။ အချစ်ကို ဒါးပြ တိုက်ယူ မယ်ဆိုပါ စို့  ။ TV မြန်မာ ကားတွေ မှာ ဗျ ။ မင်းသီးက လမ်းသလား မယ်ပေါ့ ။ ဘေထုတ် ပုံစံ ဖို့ ရို ဖားယာ အင်္ကျီ ကြီး ၀တ်ထားတဲ့ လူကြမ်း ပေါ့ ဗျာ - - -ဟေ့ကောင်မလေး မင်းဘယ်သွား မလို့  လဲ ။ မင်းကို ကိုယ် ချစ်မိနေတာ ကြာပီ ။ ဟား - ဟား - -ဟား ဆိုပီ ရယ်မယ်ပေါ့ ဗျာ ။ ထူးခြား တာက လူကြမ်း ခေါင်းဆောင် လုပ်သူက ဆံပင်ရှည်ရမယ် နောက်လိုက်ပါရမယ် ။ မြန်မာကား မှာပေါ့ ဗျ ။ ရည်စား စကားပြောတာ ပဲ တစ်ရောက် ထဲ လိုက်ပြောပေါ့ ။ ခုတော့ ရှင်လောင်း လှည့်နည်းကား အများကြီး ။ နောက်က နောက်လိုက်တွေ က ရယ်မယ်ပေါ့ ဗျာ ။ အပြင်မှာတော့ မြင်ဘူး ပါဘူး ။ နောက်ခံ တီးလုံး ကားကြမ်း မယ်ပေါ့ ။ ဟုတ်တော့ဟုတ် ဗျ ။ မြန်မာ ဒါရိုက်တာတွေ ရဲ ရိုက်ချက်တွေ ။ ရယ်စရာကြီး ဗျ ။ မင်းသမီးက လူအများကြီး လိုက်လာတော့ ရှက်မယ်ပေါ့ ဗျာ ။ ရှင်က ဘာဖစ်တယ် ညာဖစ်တယ် ပြန်ပြော ။ အဲဒီမှာ -- -လူကြမ်းက ဘယ်ရမလဲ ဟားဟားဟား ရယ်ပြန်ရော ဗျ ။ ဒီမှာမိန်းကလေး မင်းငါလတ်က မလွတ်ပါဘူး ဆိုတော့ --။ သူတို့ က လူအများကြီးလေ ။ ဘယ်လိုလုပ် လွတ်ပါမလဲ ။ ဒါပေမဲ့ နေ့ ခင်း ဗျ ။ ပီးတော့ လူမြင်ကွင်း လမ်းဘေး မှာ ။ ကဗျာဆန်တဲ့ ဒါရိုက်တာ ဆိုရင်တော့ ထန်းပင်တွေ ဘုန်းကြီးကျောင်း လမ်းပေါ့ ဗျာ ။ထားပါ ပြသနာ မရှိ့ ပါဘူး ။ မြန်မာ့ အနုပညာ ပေါ့ ။ မင်းသမီး က ရှေ့ ကိုသွားမယ်ဆိုတော့ လူကြမ်းလုပ်သူက ပိတ်ထားရော ။ မင်းသမီး နောက်မှာလည်း လူကြမ်းနောက်လိုက်တွေ ၀ိုင်းထားပါရော ။ - -မင်းသမီးက မျက်နှာငယ်လေး ။ အပြင်မှာတော့ မြင်ဖူးပါဘူး ။ - - -အဲဒီမှာ - -ကောင်မလေးကို ဘာတွေ နှောက်ရှက်နေတာလဲ ဆိုပီး -- မင်းသားက ရှေ့ ဂျွန်း နောက်ဂျွန်း တွေ ထိုးဝင်လာပါရော ။ ၀ှစ်ဝှစ် ၀ှစ် ၀ှစ် နဲ့  ဗျ ။ နောက်ခံတီးလုံးက ကို ၀ှစ်နေတာ ။ လူကြမ်းခေါင်းဆောင် ကလည်း ဘယ်ငြိမ်ခံမလဲ ။ ဒီမှာ မင်း အကြောင်းမပါဘဲ ၀င်မရှုပ်ပါနဲ့  - -မင်း ကိုသတ်ပစ် လို့ ရတယ် ဘာညာပေါ့ ဗျာ ။ အဲအချိန်မှာ ပြည်သူ ရဲတွေ လှည်ကင်းမလာ မသိသေးဘူးပေါ့ ဗျာ ။ လူကြမ်းက လေးငါးခြောက်ယောက်ပေါ့ ဗျာ ။ မင်းသားကြည့်တော့ နှံပြည်စုတ် ဗလမရှိ့  ဆံပင်က ဖို့ ယိုဖားရား ကိုရီးယား မင်းသား တူအောင်ဝတ်ရတာပေါ့ ။ ဒါပေမဲ့ ရှမ်းဘောင်း ဘီ ကြီးနဲ့  ဗျ ။ လူကြမ်းခေါင်းဆောင်က မေးလဲငေါ့ ပြရော့ ကျန်တဲ့ လူကြမ်းတွေ ဖိုက်တင် ချကြရော ဗျာ ။ အ၀င်လုံး ၀ိုင်းရိုက် ဘာကြာတာ မှတ်လို့  ။ ခုတော့ တစ်ယောက်ချင်း ကြည့်တဲ့ ပရိတ်သတ်က ရင်တစ်ထိတ်ထိတ် ။ တခိ တခိ တခိ နဲ့  ဗျ ။ ဂိုး ဂွတ် မဟုတ်ဘူး ဗျ ။ မြန်မာ ဒါရိုက်တာတွေ ကွန့်  ပုံ ဗျာ ။ လတ်သီးနဲ့  ထိုးတာ ပဲ တခိ တခိ ။ ထားပါ ပြသနာ မရှိပါဘူး ။ မင်းသား က ကင်းမိကောက်ထောင် ဂျွန်းတွေ ထိုးပီး ဖိုက်တင်ချတာ ဆိုတော့ ။ ခြေထောက်နဲ့  ကန်တော့လည်း တခိ တခိ ။ လတ်သီးနဲ့  ထိုတော့လည်း တခိ တခိ ။ အဲလို ဗျ ။ မင်းသားက သစ်ပင်တွေ ပေါ်ခုန်တတ် ။ မင်းသား ကျောဇောဟိန်း တို့ နေထက်လင်းတို့  ဆို လေပေါ်တောင် ပျံတယ် ။ အားကျ စရာကြီး ။ အပြင် က ပရိတ်သတ်ကတော့ ပါးစပ်ဟောင်းလောင်းနဲ့  ဟင်အာ အို ဟာ။ အားပေးတာကိုး ။ ဒါပေမဲ့ မြန်မာ ကားများ ကပ်စီးနည်း တယ် ဗျို့  ။ ဘာမှ အကွဲမခံ ဘူး ။ ဒဏ်ရာလည်းပေါ် ဘူး ။ နေ့ ခင်းကြောင်တောင်ကြီး ဖိုက်တင် ချတယ် ။ လူတွေတော့ မြင်မှာပေါ့ ။ ဘယ်သူမှ ၀င်မခွဲဘူး ဗျ ။ ရိုက်ကွင်း ကို ။ ဇတ်လမ်းထဲ လည်း မစွဲဘူး ။ အပြင်မှာတော့ မြင်ဖူးပါဘူး ။ ထားပါ ပြသနာမရှိ့ ပါဘူး ။ လူကြမ်းခေါင်ဆောင်က သူ့ တပည်တွေ လည်း မှောတ်ရော သူကလည်း ဘယ်ရမလဲ ။ ခါးခြားက ဒါးကိုထုတ် ဖိုက်တင်ချရော ။ မင်သားက ကြိုသိတယ် ၀ှစ်ကနဲ ၀ှစ်ကနဲ့  ရှောင်တာပေါ့ ။ ဒါပေမဲ့ မင်းသားက သိုင်းကျွမ်း တော့ လူကြမ်းတွေ ပြေးပါရော ။ တစ်ယောက်ကို တစ်ယောက် ဆွဲထူ ပီးတော့ ။ အပြင်မှာတော့ မြင်ဖူးပါဘူး - -- ။ မင်းသမီး က အနားလာမယ် ။ ရန်ဖြစ်နေတဲ့ ဖိုက်တင် ချနေတဲ့အချိန် ပြန်ပေါ့ ။ ခုတော့ မဟုတ်ဘူး ။ မင်းသားကို လာပီး မေးလိုက်သေး - -။ အကို ဘယ်နား နာသွားသေးလဲ ။ သူဟာသူ နှာဘူးထ ပီး ၀င် ချတာကို ။ ဒါရတာ က မေးခိုင်းတယ် ဆိုပါတော့ ။ မြန်မာ လူမျိုးပီသ မှာကိုး ။ မင်းသမီး က မင်းသားရဲ့  ဒဏ်ရာကို အာပူ ထိုးပေးမယ်ပေါ့ ။ မင်းသားက မြင်မြင်ချင်း ချစ်မိတယ်ပေါ့ - -ပြောတော့ ။ ခုနက ခါးခါးသီးသီး ငြင်းနေပေမဲ့ - -။ မင်းသမီးက အိုဆိုတဲ့ အသံလေး ထွက် ပီး ကနွဲ့ ကလျ နဲ့  ပြေးပါလေရော ။ ဒါမြန်မာ ကား ကွ ။ နောက်ရက်ကြ ချစ်သူတွေ ဖြစ်တယ်ဆိုပါတော့ ။ လေးတိုက်နေတဲ့ သစ်ပင်အောက်မှာ ချိန်းတွေ့ ပီး စကားတွေ ပြောပေါ့ ။ မောင်ရယ် ဘာဖြစ်တယ် ညာဖစ်တယ်ပေါ့ ။ - -အဲမြင်ကွင်းကို ဒေါသအလိုလို ထွက်နေသူ က လူကြမ်းပေါ့ ဗျာ ။ မိန်းမရှားတယ် ထင်ပါတယ် ။ ဈေးကြီးတာကိုး ။ ရိုက်ကွင်းမှာ ။ ထားပါ ဒါရတာ က သဲကြီးမဲကြီး နှောက်ရှက်ခိုင်းတာ ကိုး ။ တခိ တခိ လုပ်မှ တောကြိုက်မှာ လေ ။ လူကြမ်းနောက်လိုက်တွေ က ဘယ်ရမလဲ ။ ဆရာစိတ်မချမ်းသာတော့ အရက်တွေသောက် ။ ဒါပေမဲ့ အရက်ဆိုင်က ဖရိုဖရဲ ။ သောက်ရင်းနဲ့  မူးမူးနဲ့ စကားတွေပြော ။ ဆရာ ဒီဆော်လေးကို အသေရရ အရှင်ရရ ယူမှာလားပေါ့ ။ တောကား ဆိုရင် တောအရက် မြို့ ကားဆို လည်းမြို့ အရက်ပေါ့ ။ အရက်ကတော့ အတူတူ ။ ဘယ်မှာရိုက်ရိုက် ရေနွေး ရေပေါ့ ဗျာ ။ အဲဒီ မှာမင်းသား လုပ်သူက ရှမ်းဘောင်းဘီနဲ ပဲကြီးလှော်တွေ ၀ါးရင်း ခိုးနားထောင်မယ်ပေါ့ ။ အရက်ကိုမော့ လိုက် ပဲကြီးလှော်စားလိုက်လေ ။ လူကြမ်းလုပ်သူတွေက လည်း ဘယ်ခေမလဲ ။ မြင်သွားတော့ ပြသနာ ရှာ တခိ တခိ လုပ်ကြပြန်ရော ။ စီးကမ်းရှိတယ် ဗျ ။ ဆိုင်ထဲမှာ မချ ဘူး ။ အပြင်ထွက် ပုလင်းကွဲ မှာဆိုးလို့ ထင်ပါတယ် ။ တခိ တခိ ချကြပြန်ရော ။ မင်းသားက ဂျွန်းတွေ ထိုးရင်းနိုင် ပြန်ရော ဗျ ။ လူကြမ်းလုပ်သူတွေ ပြေးပေါ့ ။ တစ်ကားလုံးလဲ သူတို့ က ရန်သူတွေလေ ။ ချရမှာကိုး ။ လူကြမ်းလုပ်သူတွေကလည်း ဘယ်ရမလဲ ။ နောက်ဆုံး ကောင်မလေးကို ပြန်ပေးဆွဲ ။ လိမ်ခေါ် လို့ မရရင် အတင်းချုပ်ခေါ် ။ အဲလို ဗျ ။ မြန်မာကားက ။ ဇတ်လမ်းက စပီ ။ ရဲ မြညွန်နှင့် အဖွဲ့  ပါလာပီ ။ ထီးညှောင့် ထီးညှောင့် အခန်းတွေ လာတော့မယ် ။ ကောင်းမလေးကို အခန်းထဲ ထည့် ။ လူကြမ်းနောက်လိုက်တွေ က တဲအပြင်မှာ ပေဆောင်းပေဆောင်နဲ့  ။ ကင်းစောင့်တယ်ပေါ့ ။ မင်းသမီးက လည်း ရှင်က လူရုပ်မာ ကြီးဆိုပီး ပါးကိုရိုက် ။ ဖြန်း ဆိုပီး ။ လူကြမ်းလုပ်သူက ပါးစပ်က သွေးထွက် သွားမယ် ။ ဟောဗျာ ။ ခုန ယောက်ကျား ရင့်မာ ချင်း ဖိုက်တင်ချတော့ သွေးမကျ ပဲ တခိ တခိ နဲ့  ပီးသွားတာလေ ။ ခုမှ ပါးလေး တစ်ချက်ရိုက်ရသေး သွေးက ပါလာပါရော ။ လူကြမ်းက ဟားဟားဟား ဆိုပီး ရယ်လိုက်သေး ။ ရှင် မယုတ်မာနဲ့  ဆိုပီး နောက်ကိုဆို ဆုတ်ရင်း ဆုတ်ရင်း ထရံ နားရောက် ။ လူကြမ်းက လည်း မင်းဘယ်ပြေးလို့  ရလဲပေါ့ ။ ဟား ဟား ဟား - -ပေါ့ ။ ရယ်တာနဲ့  ပီးနေတာ ။ အပြင်မှာတော့ မြင်ဖူးပါဘူး ။ ဟားဟားဟား နဲ့  အချိန်တွေ စွဲနေတာကိုး ။ အနားလည်း ရောက်လာရော ဘယ်က ဘယ်လို မင်းသမီးလတ် ရောက်နေလည်း မသိတဲ့ ပန်းအိုးနဲ့  ရိုက်လိုက် ပါရော ။ခွမ်း ဆိုပီး ။ ဘာမှဖြစ်ဘူး ဗျ ။ လူကြမ်းပဲ ။ ထူးခြားတာက သွေးမထွက်ဘူး ။ ခေါင်ကိုကိုင်ပီး ယိုင်သွားတော့ မင်းသမီးက ပြေးပါရော ။ --အဲအချိန်မှာ မင်းသားက အပြင်မှာ တခိတခိ လုပ်နေပီ ။ ရဲမြညွန့်  တို့  အဖွဲ့  ခပ်ကွင်း ပြင်တုန်း ။ ပါသေးဘူး ။ မင်းသမီးက ပြေး ။ လူကြမ်းက အတို ကိုစွဲ လိုက် ကားကား ကားကား နဲ့ ပေါ့ . ဒါး တို နော် ။ ခေါင်းမူး နေတာကိုး ။ မင်းသားကလည်း ဂျွန်းတွေ ထိုးရင်း တခိတခိ လုပ် ။ လူကြမ်းတွေ လည်းအားကျမခံ ဂျွန်းတွေ ထိုးရင်း ဖုတ်လူး ။ မင်းသား က အကျကောင်း ။ လူကြမ်းတွေ က ။ ခွေးကျ ၀တ်ကျ ။ ဇတ်သိမ်း ခန်းလေ ။ မှောက်လိုက် ပြန်ထလိုက် ချလိုက် ။ ဒီလူပဲ ရှိတာကိုး ။ အချိုလူကြမ်း ဆို ခေါင်းထောင်ပီး လှမ်း ကြည့်လိုက်သေး ။ ရဲမြညွန်တိုအဖွဲ က တောနင်းလာပီလေ။ သွားခေါ်ရတာကိုး ။ ရှေ့ မှာ မင်းသမီးရဲ အမျိုးနဲ့  ရွာလူကြီး သယ်ရင်း တစ်စု ပါလ်ာမယ်။ ရှင်းရှင်းပြောရရင် ဇတ်ကားထဲ ပါတဲ့လူအကုန် ။ လူကြမ်းက မင်းသမီးနောက်လိုက်နေ ချိန် မှာ မင်းသားကဲမင်တော့ လိုက်ပီး တခိတခိ လုပ်မယ်ပေါ့ ။ ဒါပေမဲ့ ဗျာ ။ လူကြမ်းကလည်း ခေသူမဟုတ်ဘူးလေ ။ ဘယ်ကဘယ် လို ရတဲ့ သေနတ်က သူ့ ခါးရောက်နေမှန်းမသိ ။ ခါးကြားက သေနတ်ထုတ်ပီး ချိန်ထားမယ် ။ ဟားဟားဟား လို့  ရယ်ပြန်ရော ။ မင်းဘာတတ်နိုင်သေး တစ်ကားလုံး ငါကို့  နှိတ်ဆတ်လာတာ ဇတ်သိမ်းခန်း မင်းသေမလား ငါသေမလားပေါ့ ။ ရယ်လိုက် သေနတ်ချိန်လိုက် လုပ်နေတာကိုး ။ တစ်ကယ်ပစ်ရင်ပီး နေပီလေ။ ရဲ မြညွန့်  ကြီး ကရေးကြီးသုတ်ပြာနဲ့  စလိုက်ဘာ လဲ မဟုတ် ရိုက်ဖယ်ကြီးနဲ့  လတ်ကိုမှန်အောင် ပစ်တယ် ဗျ ။ ထီးညှောင့် ထီးညှောင့် ဆိုပီး ပစ်ပါရော ။ သူလည်း တစ်ကားလုံးမှ ဒီတခန်းလေး ပါတာ မှန်အောင်ပစ်ရမှာကိုး ။ လူကြမ်းက သေနတ်ပြုတ်ကျ ။ ပီးလဲ သွားမယ် ။ လတ်ကိုမှန်တာလေ ဗျာ။ ထားပါ ။ ပြည်သူရဲ တွေ က ဇတ်သိမ်းခန်းဆိုတော့ ရထားရထား ဆတ်လုပ် ဆိုပီး လူကြမ်းတွေကို ဖမ်းသွာံးမယ် ။ ဒါမြန်မာကား ။ အချို့ ကားတွေ ဆို တစ်ယောက်တော့ သေသေးတယ်။ ဒီကားက လူနည်းလို့  ။ မင်းသမီးက မင်းသားကို မောင်ဘယ်နား နာသွားသေးလဲ ။ ရပါတယ် ဆိုပီး ဖပ်မယ် ။ မင်းသမီး ရဲ့  ဆွေတော်မျိုးတော်တွေက ဟေးးးဆိုပီး ၀ိုင်းအော် ။ ပြီးပါ ပီ ဆိုပီး စာတန်းထိုး ။ ဒါမြန်မာကားတဲ့ ဗျာ ။ ပီးရင် သူတို့  ဟာသူတို့  အကယ်ဒမီတွေ ပေးကြ ။ ဟုတ်နေတာပဲ ဗျ ။ အချစ်ကို လုယူ တဲ့ ကားတွေ ပေါ့ ဗျာ ။ အပြင်မှာတော့ မြင်ဖူးပါ ဘူး ။ ကဲ အချစ်ကို လုယူ လို့  ရမရ တစ်ကယ်လတ်တွေ့  မှာ သင်ဘယ်လိုမြင်မလဲ ။ ကျုပ်က တော့ ဗွီဒီ ယို ထဲမှာတော့ မရဘူး ။ မင်းသားရှိ့ တယ် ။ အပြင်မှာရော - ------ဗျာ်


Wednesday, November 27, 2013

တိတ်စိတ်နေတဲ့ အခန်းလေး ။ အစိန်းရောင်နု နံရံ နှင့် အမဲရောင် ကျောက်သင်ပုန်း ။ ငြိမ်သတ်ချင်းကို ဘယ်အရာမှာ မဖြို ခွဲနိုင် ။ အီးပေါက်သံတောင် မကြားရသောအခန်းလေး ။ စီးကမ်းရှိတယ်တော့ မထင်လိုက်ပါနဲ့  ။ တာဝန်ကျ ဆရာမ ကိုကြောက်ကြလွန်းလို့  သာငြိမ်နေကြချင်း ဖြစ်ပါတယ် ။ ခေါင်းလောင်းသံ တစ်ညံညံ ပေး ရွာကျောင်းကို ပြေးမြင်မိရင် သတိရနေတယ် သယ်ချင်းရေ ။ တွံတေးသိန်းတန် သီချင်းလိုပေါ့ ။ လူတိုင်း မိမိသင်ခဲ့ တဲ့စာသင်ကျောင်းလေး ကိုသတိရကြမှာပါ ။ ၀မ်းနည်းစရာ ဗျ ။ ဆိုးအတူ ပေါင်းဖတ် ကျောင်းတတ်ခဲ့ တဲ့ သူငယ်ချင်းတွေ ခုများ ဘယ်တွေရောက်ရောက် ရာထူးတွေ နဲ့  တာဝန်တွေ ထမ်းဆောင်နေလည်း ကျုပ်တို့ ရဲ့  စာသင်ကျောင်းလေးက မရိုးနိုင်တဲ့ ခေါင်းလောင်သံနဲ့  အိုးမင်းနေတဲ့ တိုင်တွေ လတ်တွေတုန်အသံတွေ တုန် ပင်စင်မျှော်နေတဲ့ ဆရာမတွေ ဒိုတတွေ သောက်ဘို့်  ရေအမြဲ ဖြည့်ပေးနေကြ ကျောင်းစောင့် ကြီး က အမြဲသတိရနေမှာပါ ။ မွေးထုတ်ပေးတဲ့ တပည့် တွေများလွန်းတော့ ငါတိုကိုမမှတ်မိရင် ဆရာမကြီးနဲ့  ကျောင်းတော်ကြီးကို ဗွေမယူကြပါနဲ့  ကွာ - -- -- ။ - -- --တိတ်စိတ်ချင်းကို ဖြိုခွင်းလိုက်သူက - --အားလုံးနုတ်ဆတ် -- - မင်္ဂလာပါ ဆရာမ ။ နုခမ်းဆိုးစီ လိုတာထက် ပိုဆိုးထား ပီး စကားပြောရင် ပြတ်သားလွန်းတဲ့ ဆရာမ ။ အားလုံးက ငြိမ်လို့  ။ ဆရာမ ကတော့ မျက်နှာက နဂိုထဲက ခပ်တင်းတင်းဆိုတော့ ဘယ်ကျောင်းသားမှ ဟာသမလုပ်ရဲ ။ ဆရာမ သာမကြောက်ကြည့် ။ ကျောင်းသား လေးတွေ ဘယ်လောက်ဘရုပ်ကျတယ် မှတ်လည်း ။ ဆရာမ ကိုနုတ်ဆတ် တာတောင် နှာသံနဲ့  ။ နင်ဂလာ ပါချာမ ။ အချို့ ဆို ၀င်းဦးအသံ ။ မင်္ဂ -- အန် မင်္ဂ - -လာ ပါ အန် ချာ မ ။ အဲလို ။ အချို့ ကျတော့ လည်း အသံကြောင် အသံပြောင် ။ ထချင်သလို နုတ်မဆပ်ချင်သလို ၀င်ဦးအသံနဲ့  ကျောင်းသား က တစ်မျိုး ။ ဆရာမ က စာသင်ရင်လည်း နောက်ဆုံးမှာ နေရာယူ တဲ့ ကျောင်းသားတွေက ပိုဆိုး ။ အန်စာတုန်း လှိမ်တဲ့ သူနဲ့ နှဖူးတောက်တန်း စာအုပ်လှန်တဲ့ သူနဲ့ အများကြီး ။ အစိုး ဆုံးက နှာဘူး ကျောင်းသားပေါ့ ဗျာ ။ ဆရာမ က စာသင်နေ ။ ရင်ထဲ က ခံစားချက်ကို ဦးစားပေးပီး စာကိုမကြည့် ။ ကောင်းမလေးတွေ လိုက်ကြည့်နေတာပေါ့ ။ ဆရာမမြင်လို့  ဆရာမက စိတ်ဆိုးပီး ခုံပေါ်တတ် လတ်မြှောက်ခိုင်းတော့ လည်း ။ ရှက်လိမ့် မယ်မထင်နဲ့  ။ သူကောင်မလေးများ ပြန်ကြည့် လို့ ကတော့ ကာယဗလ တောင် ညှစ်ပြလိုက်သေး ။ အဲလို ဗျ ။ ကြောက်တဲ့ ဆရာမရှိ့ တော့ အားလုံးက တိတ်ဆိတ်လို့  ။ - --ကဲ - --မင်းတို့ က မင်္ဂလာ ယူလို့ ရပီ ။ - နားမလည် ။ အားလုံးက တိတ်ဆိတ်လို့  ။ ဆရာမ ဘာတွေပြောတာ လည်းနားမလည် ။ကြောက်ကြတာ ကိုး အထွန့် တတ်ပီး မမေးရဲ ။ ဆရာမ အသံက တိတ်စိတ်ချင်း ကို ဖြိုခွင်းပီး ကျောင်းသားတိုင်းက ငြိမ်လို့ ပေါ့ ။ ကဲတပည့် တို့  - -ကျောင်းက ဘာကြားပီး ပီလည်း ။ -- ဘာမှ မကြားဘူး ဆရာမ ။ - - ဆရာမ မင်းတို့ ကို ဆာသင်တာ ဒီနေ့ နောက်ဆုံးပါ ။ ဟေး - -- -လို့  ထအော်မိမတတ် ပျှော်သွားကြတာ ကိုး ။ ဒါပေမဲ့ မအော်ရဲ့  ။ -- -မျက်နှာလေးတွေ ငယ်အောင်ပြင်ပီး ရင်ထဲက ပျှော်နေကြတဲ့ ကျောင်းသားတွေ များတာကိုး ။ ဆရာမ က စာမရ လို့ ကတော့ ရိုက်တော့ မရိုက်ဘူး ဗျ ။ မန်လည်းမမန်ဘူး ။ ကြောက်စရာ ဘာမှမရှိ့ ပေမဲ့ ကြောက်ကြတယ် ။ ဆရာမ ဥပဓိ ရုပ်ခံကလည်း ပါရမီထူးခြားတယ် ထင်ပါတယ် ။ မြင်တာနဲ့ ကို ကြောက်ချင်စရာ ။ ဗွီဒီ ယို ကားထဲက လို လူကြမ်းရုပ်တော့ မဟုတ်ပါဘူး ။ ဆရာမက သွားနဲနဲ ခေါတယ် ။ နှခမ်းနီ တော့ ကြိုက်တယ် ဗျ ။ မျက်မှန်တတ်တယ် ။ ပါးရိုးကားကား ဆံထုံး ထုံးထားပီး မြန်မာဆံတဲ့ အမျိုး သမီးဆိုရင် မမှားဘူး ဗျ ။ စကားကို လိုတာထက်လည်း ပိုမပြောတတ်ဘူး ။ နဂါးနိုင်ဒါး ထက်တောင်ပြတ်သေး ။ ဒီနေ့ မှ ဆရာမက ထူးဆန်းနေတာကိုး ။ ဆရာမ က စာမရရင် ဘာမမှမလုပ်ဘူး ။ ရှေ့ ကိုခေါ်တယ် ။ ဒိုက်ထိုး ခိုင်းတယ် ဗျ ။ မိန်းကလေးဆို လည်းညှာလိမ်မယ် မထင်နဲ့  ကိုဟာကို နံပါတ်စဉ်ရေ ပီး နားရွက် ဆွဲ ထိုင်ထ လုပ်ရတယ် ဗျ ။ တစ်နေ့ မဟုတ် စာမရတဲ့ နေ့ တိုင်း လုပ်ရတယ်လေ ။ စာမရတဲ့ ကျောင်းသား ရှေ့ ထွက်ပီး စာရှင်းခိုင်းတာ အဆိုးဆုံး ။ မရပါဘူး ဆိုမှ လူအများရှေ့ မှာ စာရှင်းခိုင်းတော့ မှားပီးရင်မှားတယ် ဆိုပါတော့ ။ ကြာတော့ ကျောင်းသားတိုင်း ရှက်ကြပါတယ် ။ ဆရာမ စာသင်တိုင်း စာမရတဲ့ စာမမှီတဲ့ ကျောင်းသား ဗရုပ်သုတ်ခ ကျောင်း သား တိုင်း နေရာတွေ ချိန်းရတယ်လေ ။ ဆရာမကို ကြောက်ကြတာပေါ့ ။ အချိန်ပြေး ဘို့ မစင်းစားနဲ့  နောက်နေ့ ကြ ကျောင်း ကိုတစ်ပါတ် ပါတ်ပီး ကျွန်တော် ကျောင်းပုန်းပါလို့ အော်ပြေးရတယ် ဗျာ ။ ဒါကြောင့် ကြောက်ကြတာပေါ့ ။ ဆရာမ က ပြောင်းတော့ မည်ဆိုတော့ ၀မ်းသာကြတာပေါ့ ။ အားလုံးက ရင်ထဲမှာတော့ ပျှော်ကြတယ် ဆိုပါတော့ ။ - -- -ကဲ သားတို့  သမီးတို့  -- -ဆရာမ ပြောင်းရမယ်ဆိုတော့ မင်းတို့ ပျှော်ကြမှာပါ ။ ဆရာမ သိပါတယ် ။ ဆရာမရဲ့ စေတနာတွေ ပေါ့ ။ ဒီနေ့  စာမသင်ပဲ သားတို့ သမီးတို့  ရည်ရွယ်ချက်ကို ဆရာမ မေးချင်တယ် ။ မေးရမလား ။ အားလုံးသော ကျောင်းသားတွေက မေးပါပေါ့ ။ ရင်ထဲမှာတော့ ဒီဆရာမ ၀န်ထမ်းပဲ ပြောင်းရမှာပေါ့ ရှာကို ရှည်တယ် ။ -- --ကဲ -- -ဆရာမ စမေးမယ် ။ ဒီရှေ့  ဆုံးက သမီးလေး - - -စဖြေကွာ ။ သမီးကြီးရင် ဘာလုပ်မလဲ - -။ ကျောင်းသူ လေးမဖြေနိုင်သေး ။ တစ်ကယ်ဆို ကိုဖြစ်ချင်တာ တန်းပြောနိုင်ရမှာပေါ့ ။ ဒါပေမဲ့ မပြောနိုင် ရည်ရွယ်ချက်မရှိဘူး ထင်ပါတယ် ။ သမီးဖြေလေကွာ - -- အို အာအာ ။ သမီးမေမေကတော့ ငယ်ငယ် ကတော့ ဆရာဝင်ကြီး လုပ်တဲ့ ပြောတာ ပဲ ဆရာမ ။ -- အင်းကောင်းပါပီ ။ နောက်က သမီးလေးကရော ။ သူကတော့ နဲနဲ ရဲသွားတယ် ထင်ပါတယ် ။ သမီးက ဆရာမ လုပ်ချင်ပါတယ် ။ ကောင်းပါပီ ။ နောက်က သားလေးက ရော ဘာလုပ်မလဲ ။ သားက လယ်လုပ်ပါမယ် ဆရာမ ။ ဟိုနောက်က သားလေး ကရော ။ - - သားက စစ်ဗုလ်ကြီး လုပ်မယ်ဆရာမ ။ သူ့ ရုပ်မှ အားမနာ ။ စာဆို အမြဲ ဘိတ်ချီး ကောင်က ဗိုလ် ဖြစ်ချင်လို့ တဲ့ ။ လမ်းဗိုလ် နဲ့  ကျားဘို တစ်တစ် ခုခု ဖြစ်မဲ့ကောင်က ။ အင်း ကောင်းပါပီ ။ ဟိုနောက်က သားကရော - -- သားက ဆရာဝန်လုပ်ချင်တယ် ဆရာမ ။ အမလေး ဆရာဝန်ရူးကောင် အမေ ကမြှောက်ပေးပီး ဆရာဝန် နားကျပ် ၀ယ်ပေးထားလို့  ရူးနေတဲ့ ကောင်က ။ ရုပ်ကကို ဂလန်ဂလား ။ - -- အင်းကောင်းပါပီ ။ ဟိုတစ်ယောက် ဟိုတစ်ယောက် နဲ့  လူက စုံသလောက်ဖြစ်နေပီ ။ နောက်ဆုံးကောင်က ရယ်စရာ ။ သားက အမေ့ကို ဆိုက်ကား နင်းကျွေးမယ် ဆရာမတဲ့ ။ သူအဖေ ဆိုက်ကားဆရာဆိုတော့ ဆိုက်ကား အတွေး ပဲ တွေးတာလေ ။ သူ့ ဖြေရှင်း ချက်က မမှား ။ ဘွဲ့ ရပီး အမှတ်မကောင်း အကပ်မကောင်းရင် ဆိုက်ကား နင်းရသူတွေ အများကြီးဆိုပဲ ။ ဟုတ်တော့ လဲ ဟုတ် ဗျ ။ -- ကဲ -- -သားတို့  သမီးတို့ ကို မေးတာ စုံသလောက် ဖြစ်သွားပီ ဆိုတော့ ။ သားတို့  ပန်းတိုင် ကိုမြင်ပီလား ။ အားလုံးက နားမလည် ။ လူ ပဲ ထမင်းစား ကျောင်းသွားကျောင်းတတ် စာတတ်ရင် ပီးရော ။ ဆရာမက ဘာတွေ ကွန့် နေမှန်းမသိ ။ ရင်ထဲမှာတော့ ဒီဆရာမ ရှာတော်တော် ရှည်တယ်ပေါ့ ။ ကဲ ဆရာမ ပြောပြမယ် - -လူဆိုတာ ရည်ရွယ်ချက် ရှိရတယ် ။ လူတာဝန်ဆိုတာ ရှိရမယ် လေ ။ သားတို့ သမီး တို့ က ဒီနိုင်ငံ မှာနေတော့ ဒီနိုင်ငံရဲ့  တာဝန်တော့ ထမ်းဆောင်ရမှာပဲ ။ ပညာတွေ သင် စာတွေတတ် လင်ယူ သားမွေး မျိုးဆတ် ချန်ယုံနဲ့  လူတာဝန် မကေဘူးကွဲ့  ။ မင်းတို့  မှာ ဘာရည်ရွယ် ချက်မှ မရှိပဲ ဘာလို့  ပညာ သင်နေရမှာလဲ ။ အရာတိုင်းမှာ ရည်ရွယ် ချက်ဆိုတာ ရှိ့ ရတယ် ။ ဆရာမ ဆိုရင် အင်မတန် ချို့ တဲ့ တဲ့ မိသားစုက ပေါက်ဖွားလာတာလေ ။ ပြောပြရင် အရှည်ကြီး ။ မြန်မာ စကားမှာလည်း စစ်ဗိုလ် သားက စစ်ဗိုလ် ဖြစ်မယ် ။ လယ်သမားသားက လယ်သမားဖြစ်မယ် ။ ကျောင်းဆရာသားက ကျောင်းဆရာဖြစ်မယ် ။ အမျိုးမျိုးပေါ့ကွယ် ။ ဒါပေ့မဲ့ အဲဒီအဖြေကို ဆရာမ လတ်မခံဘူး ။ လူတိုင်းမှာ အခွင့်အရေး ရှိတယ် ။ ကျိုးစားခွင့် ။ စိတ်ကူးယျဉ် ခွင့် ။ ရည်ရွယ် ချက် ။ ဘာရည်ရွယ်ချက်မှ မရှိတဲ့ လူတစ်ယောက်က ခွေးနဲ့ ဘာကွာမလည်း ။ သားတို့  သမီးတို့  ခွေးဖြစ်ချင်လား ။ -- မဖြစ်ချင်ပါဘူး ဆရာမ - --။ အားလုံးက သွက်ပ ။ အဲဒီလိုပေါ့ လူတိုင်းက အဆိုးဆုံး ဘယ်ဖြစ်ချင်ပမလဲ ။ အကောင်းဆုံးတွေ ဖြစ်ချင်မှာ ပါ။ ဖြစ်ဘို့ အတွက်က ကျိုးစားရမယ်လေ ။ ရည်ရွယ်ချက်မရှိ့  ပဲ ကျိုးစားရင်လည်း လမ်းက ယောင်တောင် တောင် ။ ဒါကြောင့် အားလုံးမှာ ရည်ရွယ်ချက် ရှိ့ သင့် ပါတယ် ။ လတ်ခံလား ။ အားလုံးသောကျောင်းသားတွေ က လတ်ခံပါတယ် ဆိုတဲ့ အသံက ရင်ထဲက အသံ ။ ဆရာမ စေတနာ တွေ ကို နားလည်ကြပါပီ ။ ကဲသားတို့  သမီးတို့ အပေါ် ဆရာမရဲ့ စေတနာ အမှားတွေကို သားတို့ ဗွေမယူ ကြပါနဲ့ ။ ဆရာမ က မနက်ဖြန်ဆို့  ပြောင်းရတော့ မယ် ။ သားတို့ ရဲ့  ဖြစ်ချင်တာကို ဖြစ်အောင်ကျိုးစားကြပါ ။ ဆရာမလည်းမျက် နှာမကောင်း ။ အားလုံးသောကျောင်းသားတွေက ခွဲရမည်ဆိုတော့ လည်း အသံတွေ ပါအက်လာကြတာကိုး ။ အချိန်ပြောင်း ခေါင်းလောင်းသံကို မကြားချင် ။ ဟိုတုန်းက ဆရာမ အချိန်အမြန်ကုန်ပါစေ ဆိုတဲ့ သူတွေ ။ ခုတော့ မျက်ရည် ၀ိုင်းနေကြပါပီ ။ ဆရာမ က မင်းတို့ နဲ့  ပြန်တွေ့ ဘို့ ဆိုတာ မကြိမ်းသေ ပေမဲ့ မင်းတို့  ရည်ရွယ် ချက်တွေ အောင်မြင်ခဲ့ ရင် ဆရာမ ပျှော်နေမှာ ။ ဆရာမ ဖြစ်ချင်တာ ဖြစ်ခွင့် မရခဲ့ ပေမဲ့ အကောင်းဆုံးတော့ ဖြစ်အောင်ကျိုးစား ခဲ့တယ် ။ မင်းတို့  လည်းဆရာ မစေတနာ နားလည်မယ် ဆိုရင် ရည်ရွယ်ချက် ထားပါ ။ ကိုဖြစ်ချင်တာကို ကျိုးစားပါ လို့ ဆရာမ ပြောချင်တယ် ။ ဆရာမ စိတ်ထမကောင်း ။ တစ်မိုးအောက် က ကျောင်းသားတွေ သံယောဇဉ် ဖြစ်မှခွဲ ရမယ် ဆိုတော့ လည်း သူလည်းလောကီသားပဲ ။ ကျုပ်တို့ လည်းလောကီသားပဲ ။ စိတ်မခိုင်တဲ့ မိန်းကလေးတွေ ရှိုက်ငိုကြပီ ။ ကျုပ်လည်း ဆရာမပြောင်းရင် ပျှော်မယ်ထင်ထားတာ ဘယ်က ဘယ်လို မျက်ရည်က ကျမှန်းမသိ ။ အားတင်းထားပေမဲ့ ။ ရင်ထဲက ရှိုက်သံကို ဖုန်းမရ ။ အံကြိတ်ထားပေမဲ့ မျက်ရည်တွေ ကျနေဆဲ ။ ကျောင်သားတိုင်း မှာ မျက်ရည်တွေ ။ အချိန်တွေ နောက်ပြန်လှည့်လို့ မရ ။ တာဝန် ။ ဆရာမလည်း မျက်ရည်တွေ ။ သူအင်မတန် မျက်နိုး တဲ့ နှခမ်းနီး မျက်ရည် ခိုးသုတ်ရင်း မျက်နှာမှာ ပေ လို့  ။ ဆရာမ ကိုမရယ် နိုင် ။ ငို နေကြတဲ့ ကျောင်းသား တွေ ကို ဆရာမ ဘယ်စိတ်ကောင်းပ မလဲ ။ ဆရာမ ကို ၀န်ခံတောင်းပန်ကန်တော့ ရင်း ဆရာမ မျက်နှာလေးကို ကြည့် မ၀ နိုင် ။ အားလုံးမှာ မျက်ရည်တွေ ။ ဒေါင်ဆိုတဲ့ အချိန်ပြောင်း ခေါင်းလောင်းသံ နဲ့  အတူ ဆရာမ ကိုအားကိုတကြီး ပြေးဖပ်ကြပါပီ ။ ဆရာမ စေတနာတွေ ကိုနားလည်ကြပါပီ ။ ဆရာမရဲ့  ခြေဖမိုး ဦးခိုက်ကန်တော့ ရင်း မျက်ရည်တွေနဲ့  ဆရာမ ရဲ နုတ်ဆပ်ပွဲ က ပျှော်စရာ ထင်ခဲ့ ပေမဲ့ နုနယ် ရိုင်းဆိုင်းတဲ့ စိတ်တွေကို လမ်းပြောက်နေတဲ့ ကလေးတိုင်း ကို အလင်းရောင် မှိန်မှန် ဆရာမ ပြခဲ့ ပီ ။ ဆရာမ ရဲ စေတနာတွေ ကို နားလည်တဲ့ နေ့ ရောက်မှ ပဲ - - -နောက်နေ့ ဆို့  - - --ဆရာမ မရှိ့  နိုင်တော့ ။ - - - --( ကျောင်တတ်တုန်းက ဆရာမ ကို အမှတ်တရ သတိရလို့  ရေးထားချင်းပါ ။ ဆရာမ ကျမ်းမာပါစေ ချမ်းသာပါစေ )


Monday, November 25, 2013

ရွှေပွဲ လာ - - -ရွှေပွဲ လာ - - မင်းသမီး သချင်းမေ့ နေတယ် ထင်ပါရဲ့  ။ နှပ်ချီး ခွာနေရတာကိုး ။ ကဲကဲ ကျုပ်တို့  လူရွှင်တော်တွေ မင်းသီးလေးကိုမိတ် ဆတ်ပေးကြပါစို့  ။ - -အကိုတို့ ရေ မင်္ဂလာအပေါင်းနဲ့  ခါးညောင်းတဲ့ နေ့  ဆိုရင်မမှားပါဘူး ကိုတောက်တဲ့ ရေ ။ ဟုတ်ကဲ့ ပါမင်္ဂလာ အပေါင်းနဲ့  ခါးလည်း ညောင်းတယ် ခြေထောက်လည်း ညောင်ပါတယ် ။ သွားကြ စို့ လား ကိုဂွေးသီးရေ ။ ကောင်လေစွ ။ အဖေါ်ကောင်းရင် ငရဲ ပြည်တောင် ဖိနပ်ခ့ါး ထိုးလိုက်မှာကွ ။ ယောက်ကျားကွ ယောက်ျားကွ ။ ဘာမှန်းမသိ လူရွှင်တော် ဂွေးသီ ခြေကားယား လတ်ကားယား မင်သမီးရှေ့  ကာယဗလ ပြနေလိုက်သေး ။ ကိုဂွေးသီး ခင်ဗျား နံရိုးတွေ ပြုတ်ပီး မှန်နေမယ် ။ ငါကပြုတ်ပီးသားကွ ။ အယ် ။ လတ်စစ် ။ ငယ်ငယ်က လတ်စစ်ပြုတ်သွား လို့  ကျောက်ပါတ်တီး စီးရသေးတယ် ဟီး ။ - -- ဟိုဘက်က ကြောင်ကြောင်လား ရှင် - - ။ - - ဘာ ဒီအချိုးမျိုးနဲ့  ငါ့ကိုဘယ်တုန်းက ခေါ်ဘူးလဲ ။ ဟားဟာား ဒီမှာ မဂျမ်းစိန် ကိုညောင်ညောင် ပုဆိုးချွတ်တာ မကြောက်ပါနဲ့  ၀ဲကုတ်မလို့ ပါ ။ ဟယ် ကိုကြောင်ကြောင်မှာ ၀ဲတွေ ရှိ့ တယ်တဲ့ တော် ။ ကို ရှိ့ လို့ ကိုကြွားတာ ဘာဖြစ်လဲ ။ မဖားနဲ့  ။ ဘာမှန်းမသိ လူရွှင်တော် ကို ကြောင်ကြောင် မျောက်သန်းကုတ်နည်းကား ကုတ်နေတာလေ ။ ကြည့်ကြပါ ကြည်ကြပါ ဟန်တူးမ မျောက်မကြီး လင်တရူးနေပါတယ် ခင်ဗျား ။ - - -ဟိုဘတ်က ကိုငတတ်ပြားလား ရှင် - -- ။ သန်မာ ထွားကြိုင်းပီး လူပုံ အလယ် လျှောက်သွား မယ် သုံးတောင် ၀တ်သနားတယ် - - လာစမ်းကွယ် လာစမ်းကွယ် ။ ဟယ် ကိုငတတ်ပြား ဘာတွေပြနေတာ တုန်း ။ မဟုတ်ပါဘူး ခင်ဗျား ငတတ်ပြား သူ့ ငယ်ဖော် ကိုကြော်ငြာ နေတာပါ ခင်ဗျား ။ - - အကိုတို့ ရေ - -သမီးတို့  စိန်ပလိန်တိန် ဂိန် ရံပုံငွေ ပွဲကြီးက အားငယ်နေတဲ့ သူတွေကို အရက်တိုက်ဘို့  ဆိုလည်း မမှားပါဘူး - -အဲ --ရောင်လို့  ။အပြော တွေကိုလျှော့ အလုပ်နဲ့  သတ်သေပြကြပါဆို့  ။ -- ဆိုင်းဆရာရေ အငြိမ့် ခန်းဆိုတာ ဒီလို့ ဖွင့် - -မင်းသမီး ဂျမ်းစိန် အတွင့် ပေါင်းစုံနဲ့  ကပါပီ ။ မီးရောင်ကလည်း မင်းသီးအလှနဲ့  လိုက်ဖပ်အောင် ကိုလှပ ပါတယ် ။ ရင်ခုန်စရာ ဒီတစ်ည ပရိတ်သတ်တွေ စုံလင်လှ - - ကျွန်မချစ်တဲ့ ကိုရင်မောင် ဟိုဂျောင်မှာ ငေါင်တောင်တောင် - -- မင်းသမီးရဲ့  တေးသီးချင်းက အဆိုကောင်း အငိုကောင်း ။ အပြောကောင်း - - - -။ ကိုဂွေးသီး ရေ မင်းသမီး ရဲ့  ဖျော်ဖြေမှု လေးပီးဆုံးသွားတော့ ကျုပ်တို့  အလဲ့ ရောက်လာပြန်ပါပီ ။ ကဲ ပေါလိုက်ကြပါဆို့  - -- - -။ ( ခေါင်းတွေလည်း ခြောက်နေပီ ဗျာ ။ ရယ်စရာ စဉ်းစား ရတာ အခတ်ဆုံး ဗျ ။ ဒီညတော့ ဒါလောက်ပါပဲ ဗျာ ။ နောက်ရက်မှ ကောင်းကောင်း ဆက်ရေးတော့ မယ် ဗျာ ။ ပေါက်တတ်ကရ အကြံ ဥဏ်တွေ မထွက်သေးဘူး ဗျာ )

Sunday, November 24, 2013

မီးရောင် မှိန်မှိန်အောက် မှာ တောက်ပနေသော လိုက်ကာကြီးနဲ့  အတူ ခန်းနား ထည်ဝါလှပါတယ် ။ တောက်ပချင်းကို တန်စာဆင်ထားတာက မြန့် မာ့ဆိုင်းအဖွဲ့  ။ ပြည်စုံလှပချင်း တွေကို ဂုဏ်ဖေါ်ထားတာ က စိန်ပလိန်တိန် ဂိန် မွဲခြောက်ခြောက် ဆိုင်းဘုတ်ကလေး ။ ကြက်ပွဲ အလား ဗွီဒီယို ရုံထက်မက စီကားလှတဲ့ ပရိတ်သတ်က လတ်ခုတ်သံ တစ်ဝါးဝါး ။ အမျိုးမျိုး ပေါ့ ။ အချို့ ဆို မူးပီးကနေ လိုက်ကြသေးတယ် ။ ပုဆိုးကို စလွယ်သိုင်း ၀ိုင်းကြီးပါတ်ပါတ်ဒူ ဝေေ၀ တောင်ကနေလိုက်ကြသေးတယ် ။ တစ်ကယ့် ပျှော်ရွှင်စရာ ည ကလေးပေါ့ ။ အသံကြား နားခါးလှသော အနောင်ဇာ လုပ်သူ စကားမပီ တပီ လူကြီး က - - -နားချင်ကြပါ ထင်ညာ - -ဒုချိုရင် အငြိမ့်ထွပ်တော့ ညီဖြစ်ပါတယ် ။ ဒုတ်ဒါး လေးခွ ငါးခွ အချွန်အတက် ခဲတံချွန်စက်ပါ မခြံ တွေ့ ရှိ့ ပါက ပွဲတော်လုံချုံ ရေးနဲ့ အညီ ဆောင်ချုံ ပီးတိတ်ပါမယ် ထင်ညာ ။ အဲ ရောင်ရို့  ။ ထိတ်တုန်းမှာ အိပ်ရပါမယ်ထင်ညာ ။ ဗုံးရန်များ ကြောက်ရပါတော့ကြောင့် ရေနံဘုန်း ဆီဘုန်းရေဘုန်း ပေါက်ကွဲစေသော ဘူစီဘောင်း - အထိတ်တလန့် ဖြစ်စေရန် အတွက် ဘူဘောင်း ဖင်ကို မထိ တထိ ဖြဲပီး ဗျီး ဗျီ့း့  လို့  အသံထွက်အောင်မလုပ်ကြပါရန် အနူးအညွတ်တောင်းပန်ပါတယ် ခင်ညာ ။ ဘာမှန်းမသိ ။ အနောင်ဇာ စကားမပီ လူကြီးရဲ့  အသံပီးဆုံးသွားတော့ မူးနေသော ဆိုင်းသမားများ မူးကြောင်ရူးကြောင်နဲ့  ဆိုင်းထွက်ပါပီ ။ နှဲ သံကြီးက နားအခါးဆုံးပါ ။ ပွဲ ကြည့်ချင်လို့  ချုပ်ထားတဲ့ ရှုးရှုး တောင် နှဲသံကြားမှ ထွပ်ချင်ချင် ။ အမူးသမားများကတော့ ကလို့ ပေါ့ ။ သတို့ နှမ လင်ရ ရင်တောင်ကမဲ့ ၀ါသနာရှင်တွေ ပါ ။ မီးရောင်ရဲ့  လှည့်စား မှု့ နဲ့ အတူ - - ကတီပါရောင် ကလားကာ ကြီး တစ်ဖြည်းဖြည်း ရင်နှစ်ချမ်းကွဲ သွားပါပီ ။ ပွဲထွက်ပီ ဆိုပါ စို့ ။ - - - ကုတ်ချောင်း ချောင်း ညှင်းသိုး သိုး ဆောင်ပါတ် ထားတဲ့ သူတို့  သားအရံ ၀တ်စုံနဲ့  လူရွှင်တော်တွေ ပွစိပွစိ ပြောပီး ထွက်လာကြပါပီ ။ တစ်ယောက်တစ်ပေါက် ပြောနေလိုက်ကြတာ ။ - - - - - -ကိုတောက်တဲ့ လားခင် ဗျ ။ ဟုတ်ပ ကို ဂွေးသီးရေ ။ မင်္ဂလာ အပေါင်းနဲ့  ဈေးရောင်းတဲ့ ညချမ်းလေးပါ။ အဲ ။ ဟို ဘက်က ကိုကြောင်ကြောင်လား ခင်ဗျ ။ ဟုတ်ပ ကိုတောက်တဲ့ ရေ ။ ငြိမ်းချမ်းရေး ရံပုံငွေပွဲ လေးပေါ့ ဗျာ ။ စစ်တွေ ရပ်ပီး မီးတွေ လိုက်ရှို့ ကြ စို့  ဗျာ ။ ဟိုဘက်က ညီငယ်လေး ငတတ်ပြား လားခင် ဗျ ။ ဟုတ်ပ ကိုတောက်တဲ့ ရေ ။ မင်္ဂလာဆောင်ချင်ပါ တယ် ခင်ဗျာ ။ ဘုန့်း့  ကြီးပါစေ အသတ်ရှည်နေ အားလုံး စိတ်ထဲ သိပ်မကြည်ပေ့  ဘုန်းကြီးပါစေ အသက်ရှည်နေ အားလုံးစိတ်ထဲ သိပ်မကြည်ပေ့  ဟိုမှာ ဒီမှာ လူတွေ သေကြလွန်း လမ်းမှာအလောင်းတွေ ပုဒ်ပွ နေ့ မင်းလာမရှုပ်နဲ့  မရှုပ် နဲ့  မင်းလာမရှုပ်နဲ့  ငါ့မှာ လတ်နတ်ကြီးတွေ ဖေါက်ခွဲချင်သေးတယ့့် ။ ဒိုးလုံးအသံနဲ့  လူရွှန်တော် ငတတ်ပြား ရင်ဖွင့်နေချင်းပါ ။ ခြေကားယား လတ်ကားယား ။ တော် တိတ် ။ ထောင်တွေ လူရှောထားတယ် ။ ငတတ်ပြား မင်းပထွေးတွေ အကြောင်းဆိုမနေနဲ့  ။ ၀ါရင့်  လူရွှင်တော် ကိုဂွေးသီး ကို မသိရင်မေးပေါ့ ။ - - ဟဟား ငါကွ ငါကွ ။ ဂွေးသီး ဆရာကြီး ပုံစံ ရင်ကော့ပီး လမ်းလျှောက်ပြနေလိုက်သေး ။ ငတတ်ပြား အကို့ ကို အတုယူ ။ ၀ါရှိ့ တယ် ။ နှဖူးကို ကြည့် ။ တွေ့ လား အိုဘားမား နဖူး ။ - - -ဟီးဟီး သူကိုသူ အိုဘားမား နဖူးတဲ့ မြင်ဖူးပါတယ်။ ဒီလိုမှပေါ့ ဂွေးသီးက လူတိုင်းမှာရှိ့ တယ် - အဲ - ဂွေးသီးကိုလူတိုင်းကသိတယ် ဂွေးသီးက လူတိုင်းမသိဘူးပေါ့ ဗျာ ။ ဟဟား ။ အမလေး ။ သူကို အမွှန်းတင်နေတာကိုသူမသိဘူး ။ ငါ့ညီရယ် အကိုက အမေ မွေး ထဲက ချောပီးသားလေ ။ ဒီမှာ ဂွေးသီး ခင်ဗျား သိတ်ဘ၀င် မြင့်မနေနဲ့  ခင်ဗျား ကို ရွဲ့ နေတာ ။ ငါညီကလဲ ကွာ အကိုချောတာ ငါညီ အမ သိပါတယ်ကွာ ။ ဘာ ။ မပြောလိုက်ချင်ဘူး ။ ငါ့ညီကလည်းကွာ ပြောမပေးလဲ ရပါတယ် သူနဲ့ အကိုက နားလည်ပီးသားတွေပါ ။ ဟာ ခင်ဗျားကို ရွဲ့ နေတာ ကို ဂွေးသီး ။ ဟိုဟာကြီးနဲ့ တူတာ ။ ဟိုဟာ ကြီးနဲ့ တူတာ ဗျ ။ ဘာ ကြီးလဲ ။ လူရွှင်တော် ကိုဂွေးသီး သူနှဖူး ကို လှန်ပြလိုက်သေး ။ ဘာကြီးလဲ ။ သိချင် ကျုပ်အမ သွားမေး ဗျာ။ - - -ကဲနားထောင်နားထောင် ကိုဂွေးသီး ဆိုပြမယ် နားထောင် ။ - - -ဒီလို မပစ်ဘူး မပြောပါနဲ့  မင်းလုပ်သမျှ အားလုံးကို ကျေနပ်တယ် ။ တစ်ကယ်ပါ တစ်သတ်လုံး သတ်နေမှာ ဝေဖန်ရင်း ပြောတဲ့ သူ ထောင်ကျအောင် မလုပ်နဲ့  ဟဟား ။ ဘာတွေမှန်းမသိ ။ ကလေးတွေ ဆိုတော့ အပစ်ပြောလိုက်သေး ။ အသတ်ကြီးပီး အချိန်မစီးတဲ့ လူကြီး နားတော့ ။ ကိုဂွေးသီး ။ ရှိပ ကိုတောက်တဲ့ ရေ ။ ကျုပ်တို့  လူရွှင်တော်တွေ အလှည့် ကန်တ လေးပီးတော့ မင်းသမီးကို အလှည့်ပေးကြ စို့  ဗျာ ။ ကဲ အသံသြဇာ ကောင်းတဲ့ ကိုကြောင်ကြောင်ရေ မင်းသမီးကို ခေါ်လိုက်ပါ အုန်း ဗျာ ။ - - -မလာပါနဲ့  ငါလျှောက်မဲ့ တော့လမ်းခရီး ဗုံးများတယ် - - မလာပါနဲ့  ကြုံတွေ့ မဲ့ အခတ်ပြသနာ မင်းရင်ဆိုင်ဘို့  ခက်မယ် - - မလာပါနဲ့  မလာ- - -တိတ်။ မင်းသမီးခေါ်ပါဆိုမှ မလာပါနဲ့  လုပ်နေတယ် ။ မင်းအမေ မင်းခေါ်တယ်မှတ်နေလား ။ ဘာ မလာနဲ့  လည်း ။ ထမင်းငတ်သေချင်လို့  လား ။ ထွီ ။ မင်းတို့  ကောင်တွေ အလုပ်ကို မလေးစား ဘူး ။ ငါခေါ် ပြမယ် ။ - - အရင်လို ပါပဲ ဖုန်တွေ ထတဲ့ ယိုင်တိုင်တိုင် လှည်းလေး မောင်းရင်းနဲ့  အရင်လိုပါပဲ အသံကြောင်တတ်တဲ့ ရေဒီယို အစုတ်ကလေး ဖွင့်နေတယ် ။ အရင်လိုပါပဲ ချဉ်မောင်ဟင်းနဲ့  ကြုံရာပစ်ထည့် ၀ါးရင်းနဲ့  မယ်တင် ငါနင့်ကို လွမ်းပါတယ် ။ လူတွေကလည်း ရိုက်သတ် ဘို့  အတွက်လွမ်းတယ် ။ ပြည်သူတွေလည်း ဆင်းရဲတွင်းက လွမ်းတယ် ဘူတာရုံ က ရထားကြီးလည်း လွမ်းတယ် မယ်တင် ငါ့နင့်ကို လွမ်းပါတယ် - - -။ နင့် ဂျီးတော်ကြီး သွားလွမ်းပါလား ။ မင်းသမီးခေါ်ခိုင်းပါတယ် ဆိုမှ သူပထွေး ကို အလွမ်း သည်နေတယ် ။နင့်ပထွေး ကသေတော့ မှာ ။ ကဲ့  ကဲ မင်းသမီးလေး လဲ ထွက်ချင်ရောပေါ့ ဗျာ ။ - - -ထွက်ချင်ထွက်ပေါ့ ရုံနောက်မှာ အကျယ်ကြီး သူ့  ဘယ်သူကတားလို့ လည်း ။ လူအခွင့်အရေး နဲ့  မညီဘူး ဗျ ။ ဒါကျမ်းမာရေး - -။ ဘာတွေမှန်း မသိ ။ ငတတ်ပြား ထင်ရာတွေ လျှောက်ပြောနေခြင်းပါ ။ ကဲမင်းသမီး ရေ ဆိုင်းသံနဲ့  အညံမခံ ပဲ ထွက်ခဲပါတော့ မင်းသမီးရေ - - -။ ဆိုင်းသံ က နဲ့ ကြောက်ကြောက် ။ မင်းသီးက ယိုင်တိယိုင်တိုင်နဲ့  ထွက်လာပါပီ - -အရေးထဲ နှပ်ချီးခွာနေသေး ။ ( ပြင်းတယ်ဗျာ ။ နောက်ရက်မှ ဆက်ရေးတော့ မယ် ။ အိပ်ချင်နေပီ )

Friday, November 22, 2013

ကျွန်မ ကို ချစ်ရင်မောင်ကြီးရယ် ၀ယ်ပေးပါလား - - - -ငါ့မှာရှိ့ တဲ့ ပါတ်ဆံလေးနဲ့  ဘယ်လိုလုပ်ပီး ဖြစ်မှာလည်း ဒါဆိုရင်းလည်းပီးရော မပေါက်ဘူးလို့ ပြောလိုက်မယ့့် ရော့  ရော့ ကြိုက်သလောက်သာ ပေါက်ပေတော့ - - -လုပ်သားမောင် ၀မ်းနုတ်ဆေး ပင်ရင်း အမှတ် ( ၃၀ ) ကွိ့ ကွိ့  ကွိ့  မှာမေးဝယ်နိုင်ပါတယ် ။ - - -မြန်မာနိုင်ငံမှာ ကြော်ငြာတွေ က အများကြီးနော် ။ အမျိုးမျိုးပါပဲ ။ သတင်းစာ ကြော်ငြာ နာရေး ကြော်ငြာ လူပြောက်ကြော်ငြ အမျိုးမျိုးခေတ်စား လာတယ် ဗျ ။ မင်းသမီး တွေကလည်းရုပ်ကလေး သနားကမား နဲ့  အမျိုးမျိုး ပြောတယ်နော့  ။ သူတို့ ပဲ အမျိုးမျိုး ကြော်ငြာနေကြတယ်လေ ။ ထားပါ ။ ကြော်ငြာချင်း လုပ်ငန်းခေတ်စားလာတယ်ဆိုတော့ ၀တ်စားမှု တွေ လန်ထွက်လာကြတယ် ဗျ ။ - - - -ဟေ့ သူငယ်မရာ ချောလို့ လှလို့  ၀လိုပါ ရွှေမှုန်စားလို့ လား ငွေမှုန်စားလို့ လား မဟုတ်ရပါကိုယ်ကြီးရာ miss model miss model မဲ များရဘို့  ဖော်ချွတ်လုပ်နေတာ ကိုကြီးရာ ။ အဲလို ဗျ ။ အမျိုးသမီးတွေ ခေတ်မှီလာတာ နဲ့  အညီ ၀တ်စားမှု့ တွေ ဆန်းပြားလာကြပါတယ် ။ နိုင်ငံခြားကို အထင်ကြီး အတုယူကြတယ် ဆိုပါတော့ ။ အတုယူတာတော့ ကောင်းပါတယ် ။ ယောက်ကျားတွေ လုံချုံ သလောက် မိန်းမတွေ ဖော်ချွတ်ထားတာ နိုင်ငံခြား ဗျ ။ ဘယ်လိုကြောင့် လည်း မသိပါဘူး ။ နောက်ပိုင်းဆိုရင် ယောက်ကျား တွေအားလုံး သိမ်သိမ် မွေမွေ့  နေရမလား မသိပါဘူး ဗျာ ။ ခေတ်က တိုးတတ်လာတာ ကိုး ။ - -- ဟိုရှေ့  က အကိုရယ် ရုပ်အဆင်းက ဖြောင့်လှတယ် ကိုင်းထဲမှာ မဆင်းနဲ့ ကွယ် နတ်ပွဲကို မယ်ခေါ်မယ် ။ ယောက်ျားဘသား စကားလာမပြော နဲ့  တောသားကိုဘာထင်တယ် နင်မြင်တယ် ဒီဗလ နဲ့  နင်လောက်သနားတယ်ကွယ် မယုံရင် ကွယ် လာပါကွယ် တစ်ချီတစ်မောင်းတော့ ဆန်းပြ လိုက်ချင်တယ် - - -။ အဲလို ဗျ ။ ခေတ်က အခြောက်တွေ လည်းပေါလာ တယ် ဗျ။ ကျုပ်တို့  နိုင်ငံ မှာ လယ်သမား တောသား အများစု က ရိုးအကြတယ် ဗျ ။ နတ်ဆိုလည်း ယုံလွယ်ကြပါတယ် ။ သူတို့ ပြော တာ တစ်ကယ်ပဲ ဖြစ်လေမလား ဆိုတဲ့ ပေါ့ လျှော့ တဲ့ စိတ်နဲ့  ယုံကြည်နေကြတယ် ဗျ။ လူပဲ ဗျာ မစားပဲ နေရင် ဗိုက်ဆာ မယ် ။ မလုပ် ပဲနေရင် ငတ်သေမယ် ။ ဒါပါပဲ ။ ဘာထူးဆန်း လဲ ။ မရှိတာကို အရှိ့ လုပ်ပီး ယုံချင်ကြတယ် ဗျ ။ အချို့ ကျား ကျားယားယား ယောက်ျား ကြီးတွေ ဗျာ အခြောက်မတွေ နဲ့  အိမ်ထောင်ပြုတယ် တဲ့ ။ မျက်စိရှေ့  မှာအများကြီး ။ ရေသာခို အချောင်လိုက်တဲ့ သူတွေ ဗျ ။ အဲဒါတွေ ဘာကြောင့် ရှိ့ နေတာလည်း ။ အစိုးရ ပြည်သူကို ထိန်း ချုပ် နိုင်မဲ့ စီးကမ်း မူကြမ်းမရေးစွဲ နိုင်လို့ ပါ ။ အခြားနိုင်ငံ မှာဆို လိမ်တူ ချစ်သူများနေ့ တဲ့ ဗျာ ။ တစ်ကယ်ရှိ့ တာနော် ။ ထားပါ ။ ဒါပေမဲ့ ဗျာ ကျုပ်ကတော့ လူ့ အခွင့် အရေးလည်း နားမလည် ဘူးဗျာ ။ ကျုပ်တို့  နိုင်ငံ မှာလည်း အခြောက်တွေ ရှိ့ နေတာကို မကြိုက်ပါဘူး ။ မြန်မာအမျိုးသား ထိုးကွင်း မှင်ကြောင်နဲ့  ကျားကျားယားယား ရှိ့ ရမယ် ။ ခုတော့ ဗျာ အမျိုးသမီးတွေmiss model တွေပြိုင်တာ အားကျ ပီး အခြောက်တွေပေါများလာကြတယ် ဗျ ။ ပင်ကို မျိုးရိုး ဗီဇ ဆိုပေမဲ့ နိုင်ငံ ရဲ့  ဥပဒေ စီးကမ်းနဲ့  ထိန်ချုပ်ရင် ရမယ်ထင်ပါတယ် ။ ကျုပ်တို့  နိုင်ငံ မျိုးဆက်သစ် လူငယ်ကောင်း တွေပဲ ရှိ့ ရမယ် ။ နွဲ့ နွဲ့ နှောင်းနှောင်း ဆုတ်ဖွားဖွား အခြောက်တွေ မဖြစ်စေချင်ပါဘူး ဗျာ ။ - - -- - မြန်မာဆိုရင် ငပိ့  ကိုယ်မမေ့ နဲ့  စာပေမှာ ဗျည်းနဲ့  သရတော့ သတိရပါအုန်းကွယ် ခေတ်တွေ ဘယ်လို တိုးတတ် မျိုးဆက် အမျိုးမပြတ်အောင်ထိန်းသိမ်းရင် ကျေနပ်ပါတယ် ကွယ် မင်းအမေ ပါးနှစ်ဖပ်က သနပ်ခါးပါကွပ်ကို တစ်အားဖပ်လို့ မွှေးတပ်ပါစေကွယ် - -- တွံတေးသိန်းတန် ရဲ့ အမေ့ပါးက သနပ်ခါး သီချင်းလေး ဗျ ။ ကျုပ်တို့  မြန်မာပြည် ကို အမေ နဲ့  တင်စားပီး ရေးထားတာ ဆိုလည်း မမှားဘူး ဗျ ။ ကျုပ်တို့  နိုင်ငံ မှာ ရေမြေသဘာဝ အရ သနပ်ခါးသစ်မွှေး ကျွန်းသစ်တွေ ပေါတယ် ဗျ ။ သားငါး ဆန်ရေ စပါးလည်း ပေါတယ် နော့ ။ အစစ အရာရာ နေစရာ မြေမရှား အောင် ပေါတယ် ဆိုပါတော့ ။ ဒါပေမဲ့ ကျုပ်တို့  နိုင်ငံ တော် အစိုးရက ပြည်ပအားကိုး ပုဆိန်ရိုးဆိုပီး လွန်ခဲ့ သောနှစ်တွေ က TV မှာြေ့က်ာငြာတာ ကိုး ။ သူတို့  မြန်မာ့ အသံကသာ ပြည်ပအားကိုး ပုဆိန်ရိုး ဆိုပီး သူတို့ သားသမီးတွေ ကတော့ နိုင်ငံခြားမှာ ဗျ ။ အားမကိုးနဲ့  မဆိုလိုပါဘူး ။ ကျုပ်တို့  နိုင်ငံမှာ သယံဇာတ တွေ ပေါနေလိုက်တာ အားကိုးစရာတောင် လိုသေးလို့ လား ။ လိုမယ်မထင်ပါဘူး ။ ဒါပေမဲ့ ဗျာ ။ ကျုပ်တို့  နိုင်ငံသားတွေ အခြားနိုင်ငံတွေ မှာ အလုပ်တွေ ထွပ်လုပ်နေကြရတာ သန်းပေါင်းမနည်းပါဘူး ။ ကျုပ်တို့ အစိုး ရက အလုပ်မပေးနိုင်လို့ ပါ ။ ကို့ တိုင်းပြည်ကို ချစ်စေချင်လို့  ရေးခဲ့ တဲ့ သီချင်းလေး ဘယ်ထာနေ ဘယ်အရပ်ရောက်ရောက် မြန်မာပြည်ရဲ့  ငပိဖုတ် နဲ့  သနပ်ခါးမွှေးနံ့  ကိုတော့ အားလုံးက သတိရမှာပါ ။ အခြားနိုင်ငံ ရဲ့  ၀တ်စားမှု ကို အတုယူမဲ့ အစား ဒို့ မြန်မာ အမျိုးသမီးတွေ မြန်မာ ဆိုတဲ့ ၀တ်စားမှု့ ကိုတော့ မကွယ်ပြောက်စေချင်ပါဘူး ဗျာ ။ - - - ဟိုတုန်းက ဆိုရင်လေ မောင်မောင်အရက်မသောက်နဲ့  ဆေးလိပ်မသောက်နဲ့ တဲ့ ပေါင်းသင်းတွေနဲ့  အချိန်ကုန် ပျှော်တာ ကြက်ဘူးကွယ် ခုတော့ချစ်သူက အသဲကျွမ်းစေဘို့  တစ်ကယ် အရက်အကြွေးတွေ ဆပ်သွားပေးခဲ့ တယ် - - - မြန်မာ့ OB အရက်ဆိုင် ကွိ့  ကွိ့  ကွိ့  - - -။ ပြင်းပြင်းနဲ့  ပေါက်တတ်ကရတွေ လျှောက်ရေးနေတ ကျုပ်ကို လူကောင်းမထင်နဲ့  နော် ဟဟား ။ လူဆိုးလည်း မထင်နဲ့ နော် ။ ကျုပ်က ကျုပ်က တစ်ကယ် ဘူဂျာ လီပါပဲ ဗျာ ။

Thursday, November 21, 2013

တတ်လိုက်ပါ မိုးအထိအောင်တတ်လိုက်ပါ ။ ကျလိုက်ပါ အဝေစိရောက်အောင်ကျလိုက်ပါ ။ တစ်နေ့ ကလေး တစ်ယောက်ဆိုနေတာ ဗျ ။ သူဆိုနေတဲ့ သီချင်းက သိတော့ မထူးဆန်းပါဘူး ။ ဗညားဟန် သီချင်း ဗျ ။ ( မိုးကုတ်စက်ဝိုင်း ကြီးက ချာလပါတ် လှည်ကာ သံသရာ ရည် ။ တဏှာ ရမက်ကြီးရင်အလွန်ဆိုးတယ် တိုနှစ်ယောက်အတူ ပျှော်ဘူးခဲ့တဲ့  မာဆတ်နိုက်ကလပ် ကေတီဗွီ ၀င်ငွေဖြောင့်တုန်း ရှိ့ တာအကုန်းဖြုန်းမယ် လုပ်ခွင့် ရသလောက် ရတာလုပ်အုန်းမယ့့်  ) ဘာမှန်းတော့ သိဘူး ဗျ ။ ဘယ်စာဆိုက ဆပ်ပေးလိုက်လဲ မသိ ။ စာသားကတော့ ဟုတ် ဗျ။ ကလေးနဲ့ မလိုက်ပါဘူး ။ ဘဘ ကြီးတွေပဲ ဆောင်းဆိုထားလား မသိပါဘူး ။ ပြည်သူတွေ မိုးထိအောင်တတ်နေတဲ့ ကုန်ဈေးနုန်းကို မှီအောင်တတ်လိုက်ရင်း ကလေးလောက်တောင် ဥဏ်မှီမယ် မထင် ။ ကလေး ရှိ့ သေးတယ် မာဆတ် နိုတ်ကလပ် ကေတီဗွီ တဲ့ ။ ထူးတော့ထူးတယ် ဗျ။ သားလေး အဖေက ဘယ်သူလဲပေါ့ ။ မေးလိုက်မှပဲ ရှင်းသွားတယ် ။ ဟောဗျာ ။ ဘဘကြီးတစ်ဦးရဲ့ သားတဲ့ ဗျာ ။ မင်းဘယ်လို ဒီစကား တွေတတ်လည်းပေါ့ ။ ဦးကလည်း ဗျာ ။ တား ဖေကြီးနဲ့ မေကြီး ရန်ဖြစ်ရင် ဒီစကားတွေက အမြဲ ပါတယ်လေ ။ အဲဒါနဲ့  သားလည်း စပ်ဆိုထား တာလေ ။ ဟော ဗျာ သူပြောမှ ပဲရှင်းပါတော့တယ် ။ ကျုပ်တို့ ပြည်သူတွေ ဆင်းရဲတွင်းနက်ပီး အောက်ခြေဘ၀ မှာ အဝေစိကျလောက်အောင်နိမ့် ကျနေချိန်မှာ ဘဘ ကြီးတွေ က ဆင်းရဲ ပပြောက်ရေးတဲ့ ဗျာ ။ သူတို့  ဘဘကြီး လောကမှာတော့ ဖြစ်နိုင်မယ် ထင်တယ် ဗျ ။ ပြည်သူ တွေ ဆင်းရဲနေပါတယ် ဆိုမှ ဆင်းရဲ ပပြောက်ရေဆိုတော့ ဟောဗျာ ။ မီးသွေး သုတ်ပီး ဘင်္ဂါလီ ကယ်ဆယ်ရေး စခန်းသွားနေရမဲ့ ပုံနော် ။ ရှိ့ သေး ဗျ ။ ပြည်သူတွေ ကို မဲ ဆွယ်စီးရုံး ခဲ့ တဲ့ ၀န်ကြီးတွေ ရှိ့ သေး ဗျ ။ ပြည်သူတွေ ပါးဆပ်ဟောင်းလောင်း နဲ့  ကလေးတွေ ဗွီဒီယို ကြည့်နည်း ကားမြင်ရာကို အထင်ကြီးနေချိန်မှာ မင်းသားခေါင်းစွပ်ပီး ယာမမင်းသားကြီးတွေပေါ့ ။ ဘီးလူးကတော့ မယ်သီတာအနားမှာ ကွေးနေရောပေါ့ ။ ဒါပေမဲ့ ယာမ နဲ့  ဘီလူးတွေ ချစ်ကြည်ရေးဖွဲ့  လိုက်တော့ မယ်သီတာက အလယ်မှာ ကားကားကြီး ။ ရှုပ်တယ် ဗျ ။ ကျုပ်ကတော့ ပေါတောတော ဆိုတော့ မှန်တယ်ထင်လို့ ရေးတာ ။ ဖြစ်သင့်တာတော့ ဗျာ ။ မူကြမ်းကြီးတွေ ကိုအမြန်ရေးစွဲသင့် တာပေါ့ ။ ဘယ်နှနှစ်ရေးစွဲ မှာလည်း ။သတ်တန်းက စိတော့ မှာ ဗျ ။ ထားပါ သူတို့ လုပ်ငန်း သူတို့ သိမှာ ပါ ။ ကျုပ်တို့ နိုင်ငံ က စိုက်ပျိုးရေး နိုင်ငံဆိုတော့ သီးနှံကောင်းမှ ငွေပေါ်ကြတဲ့ ပြည်သူတွေပါ ။ ကုန်ဈေးနုန်း တွေကို နိုင်ငံရေးရောင် ရောင် တိုင်းပြည်တိုးတတ်ရေးရောင်ရောင်နဲ့  ခလိုနီ စီးပွားရေးသမားတွေက အမြတ်ထုတ် ဈေးကစားကြသေးတာကိုး ။ လယ်သမားဆိုလည်း ဗျာ စပါးပေါ်ချိန်ဆို ဈေးနှိမ်ပီး ကုန်သည်ကြီးတွေ ၀ယ်တယ်ဆိုပါတော့ ။ စစ်အစိုးရ ခေတ်တုန်းကဆို စပါးပါချရတာ ဗျ ။ ပြန်ပြောလို့ လည်း မကောင်းပါဘူး ။ ခုရော ဘယ်သူတွေ အုပ်ချုပ်နေလဲ ဆိုရင်ရော ။ စ လုံး ရေး စ် ပါပဲနော် ။ ပြောင်းလဲသွားပီ ဆို ။ ဘာကြောင့် မငြိမ်း ချမ်းသေးတာလည်း ။ တိုင်းရင်းသားပြည်သူတွေ စစ်ဘေးသင့်စခန်းတွေမှာ အများကြီး ။ လူရွှင်တော် တစ်ဦးပျတ်သွားတယ် ဗျ ။ သဘောကျစရာ ဗျ ။ ရှမ်းတိုင်းရင်းသားကြီးက အစီးအဝေး ဆွေးနွေးတင်ပြတယ် ဗျ ။ ကျုပ်တို့  စီကို မင်းတို့  ရန်ကုန်က စီသွပ်ဘူး တွေ မလာတာ ကြာပီ ။ စားချင်လို့ တော့ မဟုတ်ပါဘူး ။ ရေနံစီမီးခွပ်လုပ်မလို့ ပါ ။ - - ကျုပ်တို့ စီကို မင်းတို့  နေပြည်တော်က သတင်းစာတွေ မလာတာ ကြာပီ ။ ဖပ်ချင်လို့ တော့ မဟုတ်ပါဘူး ။ ဆေးလိပ်ဖင်စီခံ လုပ်ချင်လို့ ပါ ။ ကျုပ်တို့  စီကို မင်းတို့ ရန်ကုန်က မော်ဒယ်တွေ မရောက်တာ ကြာပီ ။ ကြည့်ချင်လို့ တော့ မဟုတ်ပါဘူး ဖင်စီခံလုပ်ချင်လို့  ပါ ( အဲ ) နားထောင်ချင်လို့ ပါ ။ ကျုပ်တို့ စီကို မင်းတို့  ဆက်သွယ်ရေးက ဖုန်းကဒ်တွေ မလာတာကြာပီ ။ လိုင်းတော့ မမိပါဘူး ခါးချိတ်ချင်လို့  ပါ ။ မင်းတို့ ရန်ကုန်မှာ ဗုံးမကွဲတာ ကြာပီ ။ ကြားချင်လို့ တော့ မဟုတ်ဘူး ။ ရှုးရှုး မပေါက် ရဲလို့ ပါ ။ အဲလိုဗျ။ ( ပြင်းပြင်း နဲ့  ပေါက်တတ်ကရတွေ ရေးမိတာ ခွင့်လွှတ်ပေးပါ ။ ကျုပ်ကို တစ်ပြား လိုတဲ့ပြောကြတာပါပဲ ။ တစ်ပြားလို မလိုတော့ မသိဘူး ။ ဒီအတိုင်းပဲ လုပ်ကိုင်စားသောက်နေကြတာပါပဲ ဗျာ ။)

Monday, November 18, 2013

တန်ဆောင်မုန်းလပြည်နေ့  ဆိုတော့ဆေးဘတ်ဝင်တယ် ဆိုပဲ ။ ဟုတ်တော့ဟုတ် ဗျ ။ ရှေးလူကြီးတွေ ထားခဲ့ တဲ့ အစဉ်အလာ ဗျ ။ သူခိုးကြီး သူခိုးလေးဆိုပီး ကွန့် လိုက်ပြန်ရော ။ ငတတ်ပြားနေ့  နဲ့  မိုးမှောင် နေ့ ဆိုပီး ကြားဘူးခဲ့ တာကိုး ။ ဟုတ်မဟုတ်တော့ သိပါဘူး ။ သူခိုးကြီး ငတတ်ပြားကို ဆေးမှင်ကြောင်ထိုးပေးတဲ့ ည တဲ့ ဗျာ။ ထားပါ ပုံပြင်တွေ ဗျ ။ ဟုတ်မဟုတ်တော့ မသိ ကျုပ်တို့  နိုင်ငံ မှာတော့ ငတတ်ပြား လတ်သစ်တွေ အများကြီး ။ မိုးမှောင်မြေးတွေ အများကြီး ပါ ။ - --- - - -ကျုပ်ရွာမှာ နေတုန်းက သူခိုးကြီး ည အမှတ်တရတွေ ရှိခဲ့ တာ ကိုး ။ -ကျုပ်တို့  သူငယ်ချင်းတွေ သူခိုးကြီး ည မှာ ကြက်ခိုးချက်စားဘူးတယ် ဗျ ။ လူငယ်ကာလသားနဲ့  ကြက်ကာလသား မလိုက်ဖပ်ပဲ နေပမလား ။ ဆန်အရက် စစ်စစ်နဲ့  အေးအေးနဲ့  သောက်ရတာ တောင်ကြီး မီပုံပျံ အားကျပီး မူးကြောင်ရူးကြောင်နဲ့  မီးပုံပျံ တွေလွှတ် ပျှော်စရာ ဗျ ။ တောင်ကြီး တန်ဆောင်တိုင်လိုတော့ ဘယ်ဟုတ်မလဲ ဗျာ ။ မီးပုံပျံ အသေးတွေ ဗျ ။ လွှတ်စရာမရှိ့  အမှိုက်ပုံက ကျွတ်ကြွပ်အိတ် ကိုမှိုင်းတိုက် လွှတ်တယ် ဗျ ။ အဲလို ။ မီးဖိုပီး ကြက်ခိုးချက်စားတယ်ပေါ့ ။ ထူးထူး ဆန်းဆန်း သူခိုးကြီး ညဆိုတော့လည်း အသုံးအဆောင်တွေ ကိုဖွတ်ထားတတ်ကြတယ် ဗျ ။ ကျုပ်တို့ က ရွာမှာကာလသသားတွေ ကိုး ။ ညဆိုတော့လည်း အလေလိုက်ကြတယ်ပေါ့ ။ ကာလသားရောဂါရတာတောင် ( အဲ ရောင်လို့ ) ကာလသားလို့ အပြောခံရတာတောင်နည်းသေး နော်။ ရွာထဲ လည်း ကြက်ချောချော က ရွာထဲက လူ့ ဂွစာကြီး အိမ်မှာ ပဲ ရှိ့ တာ လေ ။ ကျုပ်တို့  သူ့ အိမ်ပဲ ၀င်ခိုးရတာပေါ့ ။ လူဂွစာ ကြီး ဥိးလှသိန်းကလည်း ဗျာ ။ အားအားရားရား ချောင်းပဲ ဟန့် နေတယ် ဗျ ။ သူခိုး စိတ်ဆင်းရဲတာပေါ့ ။ ဒါတောင်သူမွေး ထားတာက ခွေးပေါကြီး မှိုလို့  ။ လေသာချွန်လိုက် အမှီးကို နန်ပီး ဂျွန်းတောင် ထိုးပြလိုက်သေးတယ် ။ ခွေးပေါကြီး ဗျ ။ လူချစ်လူခင် ပေါတယ် ။ ဦးလှသိန်းက လည်း ချောင်းကိုလုပ်ဆိုးနေတာ ကိုး ။ မထူးတော့ဘူး ။ ၀င်ခိုးရတာပေါ့ ။ ကြက်ကလည်း လူများဝင်လာရင် အတောင်ခပ်ချင်တယ် ဗျ ။ ဒါပေမဲ့ တောသားပဲ ဗျာ ။ ကြက်အထာတော့ သိတာပေါ့ ။ ကြအားလုံးက ထုတ်ပေါ်တတ်နေကြတယ် ဗျ ။ သကျင်းထဲမှာတော့ ကြက်မကြီး ရှိ့ တယ် လေ ။ သူပဲခိုးရတော့မှာပေါ့ ။ နဂါးနှစ်ကောင် ပုရုပ်စီဘူးလေ လတ်သုတ်ပီး ကြက်မကြီး ဖမ်းရတာပေါ့ ။ အော်ဘို့ နေနေသာသာ သူလင်လာခေါ် တဲ့ အတိုင်းငြိမ်လို့  ဗျ ။ လူများတော့လည်း နှစ်ကောင်လေက်တော့ ခိုးခဲ့တာပေါ့ ။ ဦးလှသိန်းကို အမြင်ကပ်လို့  မဟုတ်ပါဘူး ။ စားမဲ့ လူကများတာကိုး ။ အရက်ကလည်း သုံးလေးလုံး လေ။ ဘူးသီးခိုး တာတော့ ပြသနာ မရှိ့ ဘူး ဗျ ။ အေးဆေး ။ အချင်စားရအောင် ကျွဲကော သီးခိုးကာမှ တစ်ကယ်ပြေးခဲ့ ရတာ ဗျ ။ ရွာထဲ က ဦးစံသိန်း ပေါ့ ။ ဘယ်သူမှလည်း တွေး မိမှာမဟုတ်ပါဘူး ။ ကျုပ်တို့ လည်း မတွေးမိဘူး ဗျ ။ ငတတ်ပြား ဆိုလည်း အရှက်ကွဲမှာ ဗျ ။ တစ်ကယ်ဥဏ်ကြီး ရှင်ပါ ။ ကျုပ်တို့ လည်း ခွေးပြေး ၀က်ပြေး ပြေးခဲ့ ရတာကိုး ။ ဦးစံသိန်းက အသက် ၄၅ အရွယ်လောက် ဗျ ။ လူရှုပ်ကြီး လူပျှော်ကြီး ဗျ ။ ကျုပ်တို့ လည်းထင်မထားဘူး လေ ။ သူက ဂတုန်းနဲ့  အမြဲနေတယ် ဗျ ။ သူတို့ အိမ်ရှေ ရေတွင်းနားမှာက ကျွဲကောပင်လေ ။ ကျုပ်တိုလည်း ၀င်ခိုးတာပေါ့ ။ အပင်ပေါ်တတ်တယ် ဆိုရင် အကြီးဆုံးအလုံးရွေးခူးရတာလေ ။ ကျွဲကောသီးက လည်း နုရင်ခါးတယ် ဗျ ။ အခွန်ထူ အလုံးပုတ်ပီး ခူးရတာကိုး ။ ခတ်တာက အိမ်ရှင်က သူခိုးရန်ကြောက်လို့  ကြိုခူးထားတော့ အလုံးက ထင်သလောက်မပေါ ဘူးဗျ ။ အပင်အပေါ်တတ်ခူးရတာပေါ့ ။ လကသာနေတော့ အလုံးတွေက စိမ်းနေတာပေါ့ ။ နှင်းက က ကျတော့ ဆိုဆိုစွတ်စွတ် ဗျ ။ အရွ့ပ်ကြား လသာသာ မှာ အလုံးကြီး ဗျ ။ သခင်မမြင် လို့ စားရတယ်ပေါ့ ။ အရင်ဆုံးပုတ်ကြည့်သေးတယ် ဗျ ။ အလုံးက ခပ်ကျစ်ကျစ် ဘာအသံမှ ထွပ်ဘူး ဗျ ။ မမှီမကန်း နဲ့  ခူးရတာကိုး ။ ကြီးပီးရော ဆိုပီး အပိုင်ကိုင်ပီး လိမ်ချိုးတာပေါ့ လည်လိုက်လာပီး ဦးစံသိန်းကြီး ဘွားကနဲ ထလာပါရော ။ သူက ငြမ်းစင်နဲ့ လေ ဆိုတော့ ပြသနာမရှိ ။ ကျုပ်တိုကတော့ အတင်းခုန်ချပြေးရတာပေါ့ ။ ဒါတောင်ဦးစံသိန်းက ဘာမှမအော်လို့  ဗျ ။ သူဟာနဲ့ သူ ရယ်နေတာကိုး ။ ကျုပ်တို့ ကတော့ တစ်ကျောမှ မသတ်ပဲ ပြေးရတာပေါ့ ။ ကြံကြံ ဖန်ဖန် ဗျာ ဂတုန်းပြောင်နေအောင် ချောပီး လသာသာ အရွပ်ကြား ထိုင်နေတော့ ကျွဲကောသီး နဲ့  မမှားခံနိုင်ရိုးလား ။ လူတွေကို ရယ်ရတာနဲ့  ပြေးရတာနဲ့  အူတွေလည်း နာလို့  ဗျာ ။ သူခိုးကြီး ည ပျှော်စရာပေါ့ ။ ကျုပ်တို့  သူငယ်ချင်းမိန်း မ ခိုးတုန်းကလောက်တော့ မဆိုးသေးဘူးပေါ့ ။ မောင်မင်းကြီး သားက မိန်းမသွားခိုးတာ မူးကြောင်ရူး ကြောင် ဆိုပါတော့ ။ ခေါ်သွားတဲ့ သူတွေ က ဂဂျိုး ဂဂျောင် ။ သူရည်စားခြံ ကလည်း အိမ်ရှေ့ က တံလင်းကွက် ။ နောက်ဖေးက ကွန်းခြံ ဗျ ။ ခိုးမယ်ခိုး နောက်ဖေးက ခိုးရမှာကိုး ။ ရှေ့ က လူမြင်ကွင်းလေ ဘယ်လိုမှ အဆင်မပြေဘူးလေ ။ ဒါပေမဲ့ ကံဆိုးတယ် ဗျာ ။ မိန်းမခိုးမဲ့ သတို့ သားလောင်း ကွမ်းခြံ ရေခပ်တဲ့ ရေတွင်းထဲ ပြုတ်ကျပါရော ။ အမှတ်တမဲ့ ဆိုတော့ လည်း သကောင့် သားက အော်လိုက်တာက အသံပြဲကြီး ။ အမယ်လေးကယ်ကြပါအုန်း ဗျို့  ဆိုပီး မချိမဆန့် အော်တာကိုး ။ ကွမ်းခြံလောင်းတဲ့ ရေတွင်းဆိုတော့ မြေကြီးကိုတူးထားတာ ဘောင်မရှိ့  ဘူးဗျ ။ ပေနှစ်ဆယ်လောက် နက်တာကိုး ။ သူအသံကြားတော့ တစ်ရွာလုံးမီးတွေ ထွန်းကြည့် ကြရော ။ မိန်းမခိုးမဲ့ သူတို့ သားလောင်းက ရေတွင်းထဲမှာမျက်နှာငယ်လေး ။ သမီးလုပ်သူ မျက်နှာထောက်ပီး ယောက်ခမ လုပ်သူကပဲ ဆယ်ပီး ပေးစားရတယ် ဗျ။ ပါတဲ့ အဖေါ်တွေကတော့ သူခိုးလုပ် လိုက်မှာစိုးပီးပြေးကြတာ ကိုး ။ အဲလို ။ ကျုပ်တို့ လည်း ကျွဲကောသီး မရတော့ ကြက်သားနဲ့ ပဲ မြိန်ရတော့ တာပေါ့ ။ ကြက်ကြီးကလည်း ၀၀ဖြိုးဖြိုး ဆူဆူကြီး ဗျ ။ ဘူးသီးနဲ သိတ်လိုက် ။ ကာလသားချက်လေ ဗျာ ။ မူးမူးနဲ စားလို့ ကောင်း ။ မနက်မိုး လင်းလုမှ သူငယ်ချင်းတွေ လမ်းခွဲကြတယ်လေ ။ သူခိုးကြီး ညကို ဂုဏ်ပြု တယ်ပေါ့ . ဒါပေမဲ့ ကံဆိုးပါတယ် ။ မိုးလည်း လင်းရော ဦးလှသိန်းကြီး အိမ်ရှေ့ လမ်းမ မှာ ခုန်တစ်ခုန်ပေါ်မှာ ကြက်ဥချင်း ကြီး ဗျ ။ ကြက်ပေါက်တွေက တစ်ပိပိ တစ်ညှက်ညှက် ။ စာတန်းကြီးက ချိတ်ထားသေး ကြက်မကြီး ခိုးသူ ခင်ဗျား ကြက်ဥကျင်းနဲ့ ကြက်ပေါက်တွေပါလာယူပါတဲ့ ။ လာမယူပါက ပိုင်ရှင်မပေါ်မချင်း ကြက်ဥကျင်းအား သည်အတိုင်း ထားမည်တဲ့ ။ လူဂွစာကြီး က တစ်ကယ်ဗျာ ။ ကျုပ်တို့ လည်း အမှားဝန်ခံ ပီး ကြက်သားဘိုးပေါးလိုက်ရ တာကိုး ။ ကြက်ဥကျင်းနဲ့  ကြက်ပေါက်တွေ အတွက် မကြည့်ရက်လို့  ၀န်ခံကြရတာပေါ့ ။ ဒီလူကြီး က ဂွကျပီ ဆို ဒူဂေါင်းရောက်တဲ့ လူစား လေဗျာ ။ ရော်လိုက်ရတာပေါ့ ။ သူခိုးကြီး ည အမှတ်တရလေးပါ ။

Friday, November 15, 2013

မြန်မာအသင်း မှ ဘရာဇီး အသင်းအား ( ၁၀ ဂိုး ၀ ) ဖြင့် အနိုင်ရသွားကြောင်းသိရှိ့ ရသည် ။- - - - - - - -ဖြစ်စဉ်မှာ - - -ဘရာဇီး နိုင်ငံတွင် အခြေ ချနေထိုင်သော မြန်မာ လူမျိုးဖြစ်သည့်  ကလေး ငယ်နှင့် ဘရားဇီး ကလေးငယ်တို့  Game ကစား ဘောလုံးကန်ကြရာ သူနိုင် ကိုယ်နိုင် အပြိုင် ကန်ကြကြောင်း သိရှိ့ ရသည် ။ ပထမပိုင်းတွင် မြန်မာကလေးငယ်ကစား သော မြန်မာအသင်းမှ ( ၃ ) ဂိုးဖြင့် အပြတ်ကစားထားပီး ဒုတိယ ပိုင်းတွင် ဘရာဇီး အသင်းမှ ချေပဂိုးရရန် ကျိုးစားသော်လည်း မြန်မာအသင်းမှ ( ၇ ) ဂိုးထပ်ရှုး ပီး ( ၁၀ ဂိုး ၀ ) ဖြင့် အနိုင်ရရှိ့ သွားကြောင်း ဘောလုံး Game ကစားသော Game ရပ်ကွက်မှ သိရှိရသည်--P ။ - --- - - - -- မြန်မာလူငယ် တစ်ဦးမှ ဒိုင် ဘင်ကျင့်ရာတွင် ဘောင်းဘီဖြင့် ဒိုင်ဘင်ပြေးလမ်းဖြင့် ငြိ ပီး တွဲလောင်းကြီး ဖြစ်နေကြောင်း သိရှိ့ ရသည် ။ - - - - - - -ဖြစ်စဉ်မှာ နေပြည်တော် Sea Game ရေကူးဒိုင်ဘင် ကစားကွင်းတွင် မြန်မာလူငယ်မှ နိုင်ငံခြား ဒိုင်ဘင် ကစားသမားများအား အားကျပီး ရိုးရိုးမက ပဲ ဖင်လိမ်က သဖြင့် ဒိုင်ဘင် ပြေးလမ်းဖြင့် သူ၏ ဘောင်းဘီ ဖြင့် ငြိပီး တွဲလောင်းကြီးဖြစ်နေကြောင်းကို နည်းပြဆရာမ မှ သတင်းပေးသဖြင့် ဒိုင်ဘင် သမားများ သွာရောက်လေ့လာရာ တွဲလောင်း ကြီးဖြစ်နေကြောင်းကို ရေကူးဒိုင်ဘင် ကစားသော ဒိုင်ဘင်ရပ်ကွက်မှ သိရှိရသည် P ။ - - - -- -- - - - သတင်းအစုံအလင်ပါ - - -- --။ - --နိုင်ငံခြား ရေကူးမယ်အား အားကျပီး ကချင်ပြည်နယ် နေသူမောင် - - - -သည် မြစ်စုံ ရေလတ်ကြားအား ဖြတ်ကူးသဖြင့် အဖမ်းခံရကြောင်းသိရှိ့ ရသည် ။ - -- -ဖြစ်စဉ်မှာ ကချင်ပြည်နယ်နေသူ မောင် - - - သည် အရူးထပီး မြစ်စုံ ရေလတ်ကြားအား ဖြတ်ကူးရာ ရေနစ်နေသဖြင့် တရုတ်ကြီး ၀မ်ပေါင်မှ ကယ်ထားကြောင်း သိရှိ့  ရသည်။ သို့ သော် အဆိုပါ လူငယ်မှာ အရူးမှု ပြည်ပအားကိုး ပုဆိန်ရိုး ပြည်ပကိုအားကျပီး ကိုယ့်ကိကိုယ် သေကြောင်းကြံ မှုဖြင့် တရုတ်ကြီး ၀မ်ပေါင်မှ တရားလို အမှု ဖွင့် အရေးယူ တိုင်တန်းထားကြောင်း သိရှိ့ ရသည် P ။ - - -- - - - သတင်းအစုံအလင်ပါ ----- - - -သတားအောက်ရှိ မသင်ကာစရာ လူတစ်ဦးအား ခေါ်ယူ စစ်ဆေးရာ လည်းကောင်းနှင့် အတူ ဗုံးများ တွေ့ ရှိ့ ရသဖြင့် စစ်ဆေးနေကြောင်း သိရှိ့ ရသည် ။ - -- -- ဖြစ်စဉ်မှာ မြန်မာနိုင်ငံပြည်သူ့  ရဲတပ်ဖွဲ့ မှ ကင်းလှည့်ရာ မကပ်ရဲ သဖြင့် အဝေးက လှမ်းမေရာ ဗုံး ထောင်နေကြောင်းပြောသဖြင့် ၀ိုင်းဝန်း ဖမ်းစီးရာ ငခုံမဗုံး တံကာလုပ်ရာတွင် အသုံးပြုရာတွင် အသုံးပြု့ သော ဗုံး များဖြင့်တွေ့ ရှိ့ ရ သောကြောင့် မသင်ကာ သဖြင့် ခေါ်ယူ စစ်ဆေးနေကြောင်း ခိုင်လုံသောရပ်ကွက် မှသိရှိ့ ရသည် P။ ယနေ့ ည သတင်းအစီအစဉ် ဒီတင်ပီးဆုံးပါပီ ။

Thursday, November 14, 2013

လွန်ခဲ့သော လွန်ခဲ့သော နှစ်တွေကပေါ့ ဗျာ ။ တော်တော် အထင်ကြီး တော်တော်လည်းဈေးကြီးခဲ့တဲ့ GSM / CDMA ဟန်းဖုန်းတွေနော် ။ ခါးမှာ ချိတ်ထားရင်အင်မတန် လှ ဗျ ။ ခန့် ခန့် ကြီးတွေ ခန့် ချောကြီးတွေ ပေါ့ ဗျာ ။ ပါကျဲရိုး ကားကြီးနဲ့  ဟန်းဖုန်းကြီး ခါးချိုတ်ထားရင် ကလေးတွေတော် မဟုတ် ခွေးတွေတော် အားကျလို့ အူရတဲ့ ခေတ်ဆိုရင် ငြင်းမှာလား ။ ကျုပ်ကလည်း ခိုင်လုံတဲ့ အကြောင်းပြချက်တွေ အများကြီး ဗျ ။ လမ်းဘေးဖုန်း အိတ်ချိန်းတွေ ကလည်းဆောက်ပေးထားတာ အများကြီး ။ အချို့ များရည်းစား နဲ့  ကြူပီဆိုရင် လမ်းဘေးဖုန်းကြီး ကိုင်ပီ တောက်တဲ့ အိုကြီးလို ကြူရတဲ့ ခေတ် ဗျ ။ အဆိုတော် ၀ိုင်းဝိုင်း တောင် လမ်းဘေးဖုန်းနဲ့  သူ့ ဆော်ကို ကြူ ရတာ စိတ်နာတယ် ထင်ပါတယ် ။ ( မင်းရဲ့  ဒီဖုန်းစုတ်ကြီး ကိုလွှတ်ပစ်လိုက်စမ်းပါ အအ ) သူတော်တော် ခံခဲ့ရတဲ့ ပုံ ဗျ ။ တစ်မိနစ် ( ၅၀ ) အချို့  ဆိုင်ကြ တစ်ရာလေ ဗျာ ။ ဘ၀ကံ ပေးမကောင်းလို့  စကားထစ်တဲ့ သူဆို အစ် အစ် အစ် အစ့့် နဲ့  တင် ဖုန်းဘေးက နဲမှာမဟုတ် ။ ဒါတင်မဟုတ်ဘူး နောင်ကြီးတို့ ရေ ။ စကားပြောရင်လည်း ကျွိ ကျွိ ကျွိ နဲ့ ဗျ ။ နားထဲ ကြွက်ဝင်နည်း ကား ။ မထောင်သား လူကြီးမင်း ဘဘ ကြီးတွေက ဟန်းဖုန်းတွေ ခါးချိတ် ဗိုက်ချွဲချွဲ ကြီးတွေနဲ့  အရန်း ခန့် နေတဲ့ ခေတ်ပေါ့ ဗျာ ။ ဖုန်းတစ်လုံး သိန်း ( ၅၀ ) လေ ဗျာ ။ ဘယ်ကသာ ရောင်လို့ တောင် မကိုင်ရဲ ဘူး ။ ပျက်သွားးရင် မလွယ်ဘူးနော် ။ အိမ်မှာ ငပိဖုတ်နဲ့ တော် မနည်းစားနေရတဲ့ ခေတ် ဗျ ။ နော့် ။ ဒါတင်ဘယ်ကအုန်းမလည်း ဖင်ပြဲအောင်အော်ရတဲ့ ရဲတွေကိုင်နေတဲ့ ဟာကြီးတွေ ဗျာ ။ ရထား ရထား ကျားကျား နဂါးနဂါး ဘာတွေမှန်းမသိပါဘူး ။ တိုးတိုးသသ လည်း မဟုတ်အကျယ် ကြီးတွေ အော်နေတာ ဗျ ။ အသံကြောင့် ဖားသေဆိုတဲ့ အတိုင်း တရားခံက အအိမ်မှာ ပြန်အိပ်နေရော ပေါ့ ။ ဒါပေမဲ့ သူခေတ်မှာတော့ လူတိုင်းရူးခဲ့ ကြတာကိုး ။ အရမ်းတိုးတတ် ခေတ်မှီခဲ့တာနော် ။ မြန်မာ့ဆက်သွယ်ရေးပေါ့ ဗျာ ။ ဘယ်လောက်ရာဇ၀င် သမိုင်းတွေ ရှိ့ ခဲ့သလဲ ။ ဒါတင်မက သေဘူး ဗျ ။ သီချင်းတစ်ပုဒ် ရှိပါသေးတယ် ဗျာ ။ ဖုန်းနဲ့ ပါတ်သတ်တဲ့ သီချင်း ။ ( မိုးသည်းတဲ့ ညလေး တယ်လီဖုန်းလေး အမှတ်မထင်ထမည်သွားတယ် ထူးထူးခြားခြား မင်းဘယ်သူလဲ မေးစဉ်မှာ ရုတ်တစ်ရပ် လိုင်းကရပ်သွားတယ် ) အဲလိုလား ။ ဖုန်းသီချင်းကလည်း တော်တော် နည်းတယ် ဗျ ။ မင်းရဲ့  ဒီဖုန်းစုတ်ကြီး လွှတ်ပစ်လိုက်စမ်းပါ ဆိုတာပဲ ကောင်းကောင်း မှတ်မိတယ် ။ လွန်ခဲ့ တဲ့ နှစ်အနည်းငယ်ကမှ ဖုန်းဈေးတွေ စကျတာ ဗျ ။ ကျတာကလည်း အရစ်ကျ ပေါ့ ဗျာ ။ အရကျစ်မယ် ဆိုပါတော့ ။ သိန်း (၅၀ ) ကနေ စကျသွားတာ ( ၂၅ ) သိန်းအားပါးပါး ။ မြေယာ တစ်ကွက် မှ လေးငါးခြောက်သိန်းလောက်အော်တဲ့ ခေတ် ဗျ ။ ဘယ်သူက မော့ကြည့်ရဲ ပါအုန်းမလည်း ။ အဲဒီမှာလည်း မောင်မင်းကြီးသားဘဘ ကြီးများက ဗိုက်ချွဲချွဲ ကြီးတွေနဲ့  ဟန်းဖုန်းတွေ ခါးချိတ်ပီး ခန့် ခန့် ကြီတွေ ပေါ့ ဗျာ ။ ကိုရီးယားက ခေတ်စားနဲ့  အချိန်ဆိုတော့ လည်း ပြည်သူက ဖုန်းမြင်ရင်တစ်အား အားကျ ဗျ ။ ကျုပ်လည်း ဖုန်းရူးခဲ့ရသေးတာကိုး ။ မရှိ့ မဲ့ ရှိမဲ့ မုန့် ဘိုးလေးနဲ့ ဟန်းစက်အခွန်လေး ၀ယ်ပီး တစ်ကယ်ဖုန်းလို လို ဘာလိုလို ကိုင်ထားရတာကိုပဲ မြောက်ကြွ မြောက်ကြွ ဗျ ။ ဟဟား စော်လေးတွေနား ရောက်ပီဆို ဘာရယ်ညာရယ်မဟုတ် ဖုန်းကိးပါတ် ဂဏန်းလေးတွေကိ ဟိုနှတ်သည်နှတ်ပေါ့ ဗျာ ။ မြန်မာ ပြည်ရဲ့  GSM ဖုန်းကုတ် ၀၉ တော်မသိတာ မင်းဖုန်းနံပါပေးပါဆိုရင် ၀၅၄ - ၀၀၀၀၀၀၀၀၀ ပေးမိမှာအမှန် ဗျ ။ ဒါပေမဲ့ ရူးခဲ့ဘူးတာကိုး ။ ခုလည်း ရူးနေကြသူတွေအများကြီးပါ ။ ၂၅ သိန်းကနေ ၁၅ သိန်းကျသွားပြန်ရော ဗျာ ။ အဲဒီတော့လည်း မော့မကြည့် နိုင်သေးဘူး ဗျ ။ ခပ်လှမ်းလှမ်းကပဲ ကြည့်ရပါသေးတယ် ။ ၁၅ သိန်းခေတ်မှာ ပဲ နားရှုပ်စရာတွေ ကြားရပြန်ပါရော ။ GSM အပြင် CDMA ဆိုတာကြီးက ပေါ်လာပါရော ။ ကျုပ်ပဲခေတ်မမှီလို့ နေမှာပါ ။ ကမ်းရိုးတန်း ဖုန်းတဲ့ ဗျာ ။ ကမ်းရိုးမှာ တန်းပြောမှ လိုင်းမိတာ ဗျ ။ ကျန်တဲ့နေရာသာဆို လူကြီးမင်း အော်တဲ့ဆော်လေးနဲ့  ငြားနေလောက်ပီ ။ တောဘုန်းကြီး တစ်ပါး ပေါ့ဗျာ ။ ဘုန်းကံကြီးတော့လည်း လူကြီးတစ်ယောက်ကိုးကွယ်တယ် ဆိုပါတော့ ။ ဘုန်းကြီးက ဗေဒင်တွေ ပါ တတ်ကျွမ်းတော့ ပိုပီးကြည်ညိုတာပေါ့ ။ ဟုတ်ဗျ ။ ဘဘ ကြီးများကလည်း ဗေဒင် ဆိုသိပ်ယုံ ။ ရားထူးတိုး နေရာမပြောင်းရေးအတွက် ရေတယာခေ လဒ်ထိုးပေါ့ဗျာ ။ အဲဒီမှာဗေဒင်တတ်ကျွမ်း အတွေးအခေါ်ကောင်းတဲ့ ဦးပေါ်ဦး လတ်သစ်တေါစီရောက်တယ် ဆိုရင်ပဲ ယတရာတွေချေကြပါရော ။ ဘယ်သူစီသွား ဘယ်သူကို ယေတရာချေ ။ လဒ်ထိုးလိုက် လတ်ပါမရရင် ခြေထောက်ပါထိုး ။ မရရင်အကုန်ထိုး ။ အဲလို ဗျ နေရာတည်မြဲရေးအတွက် ဗေဒင် ရတယာနဲ့  လဒ်ထိုးတာနဲ့  ရောသမ သွားတာ ။ ဘဘ ကြီးများ နေရာရရင် ချမ်းသာကြတာကိုး ။ ဟောဗျာ ။ ပြည်သူတွေကြ ချမ်းသာချင် ထီထိုးတဲ့ ။ ထားပါ ။ ဘဘ ကြီးများ ဗေဒင် ချဲ ဂဏန်းပေး ယတရာကောင်းတဲ့ ဘုန်းကြီးတွေ ကြသိတ်ကြည်ညို တယ် ဗျ ။ ရတယာ ကောင်းမင်းလောင်းဖြစ်သေးတာ ။ အဲဒါနဲ့  ဘုန်းကြီးကို အရေးကြီး ရင်ဆက်သွယ်လို့ ရအောင် ဖုန်းလှူရော ပေါ့ ဗျာ ။ ဘုန်းကြီးက လည်း တောဘုန်းကြီးဆိုတော့ ဖုန်းမကိုင်ဖူး ဘူး ။ မြင်တော့မြင်ဘူးတယ်ပေါ့ ။ ဒကာလုပ်သူကပဲ ဖုန်းခေါ်နည်းတွေပါသင်ပေးလလိုက်တာပေါ့ ။ အဆင်ပြေသွားရော ။ ဘုန်းကြီး အဲဒီမှာစပီး ဂြိုလ် ၀င်တော့တာ ။ ကျောင်းထဲက ကျောင်းပြင်လည်း မထွက်ရဲ ။ တစ်ပိန်ပိန် တစ်လိန်လိန် ဖြစ်နေရော ။ ရွာခံ တကာတေါက မေးတာပေါ့ ။ ဘဘုန်း ဘာဖြစ်လို့ လဲ ဘုရား ဆိုတော့လည်း မင်းတိုမသိပါဘူးကွာ ။ ငါသာအသိဆုံးပါ ။ ဟုတ်တော့လည်း ဟုတ်ဗျ ။ တိုက်နယ် တစ်နယ်လုံးမှ ဘဘုန်းမှာပဲ ဖုန်းရှိတာလေ။ ရွာသားတွေ မေးတော့လည်း ဘယ်သိမလဲ ။ ဖုန်းမြင်ဘူးသူမှ မရှတာ ။ ဘဘုန်းက လတ်တစ်ခါ ခေါင်းတစ်ရမ်းရမ်းပေါ့ ။ ဘဘုန်းကျမ်းမာရေး မကောင်းဘူးသတင်းကြားတော့ ကိုးကွယ်တဲ့ ဘဘကြီးက ဘယ်နေပမလဲ ။ ကားကြီးနဲ့  ၀ှီးကနဲ ရောက်လာရော ။ အရှင်ဘုရား အရှင်ဘုရား ကျမ်းမာရေးမကောင်းဘူးဆိုလို့  တစ်ပည်တော် လာရတာ ပေါ့ ။ အရှင်ဘုရား လိုအပ်တာပြောပါ ဘုရားပေါ ။ ဘဘုန်းကပဲ ဖုန်းလှူတဲ့ တကာ ကို တိုးတိုးပဲပြောရရော ။ ဟဲ တစ်ကာ ။ မင်းဖုန်းစရောက်တဲ့ နေထဲက ငါ့မှာကောင်းကောင်းမအိတ်ရပါဘူးကွာ။ ဖုန်းပြောက်မှာလည်းဆိုးသေး ။ တန်ဘိုးက မကြီးပေဘူးလား ။ အဲဒါက ငါမှာပြသနာမရှိ့ ပါဘူး ။ ဘုန်းကြီးကျောင်းသားတွေ ကင်းအလှဲ့ ကျစောင့်ခိုင်းတယ်ပေါ့ ။ ဒကာ ဘဘကြီးကပဲ အရှင်ဘုရား ဒီအတွက်မပူပါနဲ့  ဘုရား ။တပည်တော် လိုအပ်ရင် တပ်စိတ် တစ်စိတ်ပို့ ပေးပါမယ် ဘုရားပေါ့ ။ အဲလိုလည်းမဟုတ်ဘူး ကွ ။ ငါမှာ မင်းသိတဲ့အတိုင်း ငယ်ငယ်ထဲက ကိုရင်ဝတ်ပီး စာသင်တတ် ၂၀ ကျော်မှ ပုဇဉ်းခံ ငယ်ဖြူ ဘုန်းကြီးပါ ။ ဘယ် ဒကာ ဒကာမနဲ့ မှ စကားဖြောင့်အောင် မပြောဘူးပါဘူး ။ ငါ့မှာ မင်းလှူတဲ့ ဖုန်းလိုက်တိုင်း ဒကာမလေးကပဲ ဖြေနေတယ် ။ မယိုမသေကွာ ။ ငါ့များ လူကြီးမင်းတဲ့ ။ ငါက လူကြိးမင်းမဟုတ်ပါဘူး ဘဘုန်းက ဘုန်းကြီးဆိုလည်းမရဘူး ကွာ ။ ခေါ်တိုင်းတွေ့ နေတာဆိုတော့ ငါလည်းရှက်ရှက်နဲ ကျောင်းထဲက ကျောင်းပြင် မထွက်ရဲပါဘူး ။ အဲဒီတော့မှ ဒကာလုပ်သူ ဘဘကြးသဘောပေါက်သွားတော့တယ် ။ ဒီလိုရှိတယ် ဟိုလိုရှိတယ် ဘုန်းကြိးကို ရှင်းပြရတော့တာပေါ့ ။ ဟုတ်တော့လည်းလည်း ဟုတ်ဗျ ။ ဖုန်းလိုင်းတွေ မမိတိုင်း လူကြီးမင်းနဲ့ တိုး တာ ဘယ်ဆန်းမလဲ ဗျာ ။ အင်မတန်ရိုးအတဲ့ တောသား ဘဘုန်းအတွက်တော့ မိန်းကလေးက လူကြီးမင်းဆိုတော့ နားကြားကပ်စရာ ။ ငါဘုန်းကြီးပါဆိုတော့ လည်း ပြန်မပြောနားမထောင် ။ ဘဘုန်း စိတ်ပိန်လူပိန် ပိန်တာမဆန်းပါဘူး ။ ကျုပ်တို့ လည်း ခိုဆိုပိန်နေရပီနော် ။ ကော်နရှင် အ၀ိုင်းလေး လည်တာ ထိုင်ကြည့်ရင်း ညဉ်နက်တာ မနည်းပါဘူး ။ ( နောက်ဆက်တွဲ နောက်ရက်မှ ဆက်ရေးတော့မယ်ဗျာ ။ အ၀ိုင်းလေးက လည်တုန်း )

Tuesday, November 12, 2013

ဒယ်အိုးနဲ့ ပဲ လှော်လှော် ။ မြေအိုးနဲ့ ပဲ လှော်လှော် ။ အခွန်ကြပ်ရင်ပါကင်ပိတ် ငါတို့ က အိတ်အတွင်းမှာ ။ ငါတို့ ရဲ့ ရှင်သန်ချိန် ငါတို့ ရဲ့ အလင်းရောင် ဦးယျဉ်မှူးတွေ ပျိုးထောင် တစ်ချိန်တော့ အမှောင်ထဲမှာ ။ ခွာလို့ ပဲစားစား အပြင်းပြေပဲဝါးဝါး အခွန်နွှာအဆံ ထုတ် ငါတို့ မျိုးပြုတ်ပါစေ ။ လှောထား ခွာထား အခွံနွှာ အဆံချောင် ရောင်တောင်တောင်ငါတို့ ဘ၀ မင်းတို့ အတွက်က အပျင်းပြေစားစရာ ။့  မိုးသောက်ရောင်ချဉ် အလင်းရောင် ကို မျှော်လင့်ရင်း နှင်းရေကိုသောက်ပီး ကြီးပြင်းခဲ့ပါပီ ။ ဆိုက်ခင်းပိုင်ရှင်ရဲ့  လူဆိုလျှင် Oramin-G ငါတို့ အတွက်က ကြီးထွားရန်အားဆေး ဖွင်ဖြိုးရန် အပင်သန်ရန်ဆေးတွေ ဖျန်း နှင်းဆမ်းမှလန်း နေလန်းမှပွင့် မဲပြောင်ပြောင်အဆံချောင် ကြားတားတား ငါတို့ က ဖွတ်ကြားနေကြာစိလေးတွေ ။ အချိန်တန် အရွယ်ရောက် ကြီးထွားချိန်ရောက်မှ ကတ်ကြေးနဲ့ ကိုက် နေခြောက်လှန်း ခံရတဲ့ဘ၀ ဘာနဲမှလဲမရတဲ့ ဘ၀ အဆံချောင်ကွာစိလေးဘ၀ ရောက်ခဲ့ပီပေါ့ ။ ပေါက်တတ်ကရ နေကြာစိသမိုင်းကြောင်းလေး က သိတ်မထူးဆန်းပါဘူး ။ ထူးဆန်းတာက လူတွေ ။ လူတွေ ဗျ ။ အခန်းအနား မင်္ဂလာ ဆောင် အစီးအဝေး တွေမှာလည်း နေကြာစိက မရှိမဖြစ်နေရာယူလာ ကိုး ။ စိမ့်တဲ့ အစားအစဆိုတော့လည်း အသတ်ကြီးတဲ့ ဘဘ ကြီးတွေကြိုက်ကြမှာပါ ။ အခွံနွှာ အစံထုတ်ပီး ဇိန်နဲ့ စားရတဲ့ အစားအစာကိုး ။ ကျုပ်သာမဲပြောင်ပြောင် ဖွတ်ကြားနေကြာစိလေး ဖြစ်ခဲ့ရင့့် ။ ကျုပ်တို့ ဘ ၀ကိုခင်ဗျားကြီးတို့ နားလည်လား ။ ကျုပ်မှာနေပူထဲ တစ်နေကုန်အလှန်းခံရ ခင်ဗျားကြီးတို့  အ ခွံနွှာဘို ။ ကျုပ်တို့ ဘ၀က ဘာလဲ ။ ကြီးကြီးမားမား အစံထွားတဲ့ ကောင်တွေကြ ခင်ဗျားတို့  အစဉ်အဆက် စားလို့ ရအောင်မျိုးထား ပီးလှောင်ထား မွေးထားကြတယ်။ ကျုပ်လို ခင်ဗျားတို့ စိုက်ပျိုးပီး မွေးဖွားလာတဲ့ ကောင်တွေအများကြီး ။ သူတို့ ဘ၀ကဘာလဲ ။ ခင်ဗျားတို့ စား ဘို့ လား ။ ကျုပ်တို့ ကလည်း ခင်ဗျားတို့ လိုသလို အသုံးချ တစ်ချိန်ကြ အစားခံရမဲ့အစိ တွေ ။ ကျုပ်စိတ်မနာပါဘူး ။ ကျုပ်တို့ ဘ၀က ခင်ဗျားတို့  လုပ်ချင်သလို လုပ် ခိုင်းရနေစေရာသွားရတဲ့ ဘ၀ ။ သပိတ်မှောက်တော့ လည်းနေလှန်း အထောင်းခံ အလှော်ခံရမဲ့ ဘ၀ ။ ခင်ဗျားတို့ ဘာနဲ့  လှော် လှော် ။ မြေအိုးနဲ့ လှော်မလား ဒယ်အိုးနဲလှော်မလား ကြိုက်သလိုလှော် လှော် ဗျာ စိတ်မဆိုးပါဘူး ။ ခင်ဗျားတို့  လိုသလိုအသုံးချ ကျုပ်တို့ ဘ၀က မွှေးပျံလှပ လာမှ ပါကင်ပိတ်အမှောင်ချ ခံရတဲ့ ကျုပ်တို့ ဘ၀က ဘာလည်း ။ ဒါတောင်ခင် ဗျားကြီးတို့  မကျေနပ် နိုင်ပဲ ပါကင်ပိတ်အမှောင် ချတဲ့ အိတ်မှာ ခေါင်းစဉ် အမျိုးမျိုးတတ်ပီး ရောင်းစားကြသေးတယ် ။ ခိုင်းစားကြသေးတယ် ။ လှော်ထားကြသေးတယ် ။ ကျုပ်တို့ ရဲ့  မမြင်ရတဲ့ အမှောင်ထဲ ပိတ်လှောင်နေတဲ့ အထဲမှာ ခင်ဗျားတိုက နေရာစုံအောင်ပို့  လိုက်ကြသေးတယ် ။ ဒါကျုပ်တို့ ဘ၀ ဗျာ ။ ထားပါ ပြောပိုင်ခွင့်မရှိ အော်ပိုင်ခွင်မရှိ့ ဘဲ ပိတ်လှောင်နေတဲ့ ဘ၀ထဲက ကျုပ်တို့ လည်းထွက်ချင်နေပါပီ ။ လွတ်လပ်ချင်နေပါပီ ။ ဘယ်သူများငါတို့ ကယ်မလဲ ။ ကျုပ်တို့ ဘ၀ က အိတ်စပို့ ဝင်ရောင်းတန်းဘ၀ရောက်နေတာတောင်ကျုပ်တို့ မသိ ရတဲ့ ဘ၀ ။ကျုပ် တို့ က အမှောင်ထဲမှာ ။ ဘယ်သူမှား ကယ်လေမလဲ ။ ကလေးလား လူကြီးလား နိုင်းငံခြားသားလား မြန်မာလား ကုလားလား တရုတ်လား အေးစိန်လား ထွေးပုလား ဒေါ်ပုလား ဒေါ်စု လားကယ်ချင်သူကယ်ပါ ။ လွတ်လပ်ချင်လှပါပီ ။ ကျုပ်တို့ ရဲ့  ခင်ဗျားတို့ ပြင်ပေးတဲ့ မွှေးကြိုင်နေတဲ့ ကျုပ်တိုကို မြင်စေချင်ပါပီ ။ အမှောင်ထဲက အလင်းရောင်ကို မျှော်လင့်ရင့်း့  မျက်စိထဲ ၀င်းကနဲဆို လင်းလတ်သွားတယ် ။ ကျုပ်တို့ မမြင်ရတာ ကြာတဲ့ နေမင်းကြီးနဲ့  အလင်းရောင် ။ ကျေးငှတ်ကလေးတွေ အော်နေလိုက်တာ ပျှော်စရာ ဗျာ ။ ပျားပုတုန်းတွေ ၀ဲ ပျံနေလိုက်တာ ။ တစ်ချိန်တုန်းက သူတို့ နဲ့  ကျုပ်တို့ က ရန်သူ ။ ရန်ဘတ် ။ ကျုပ်တို့ ကိုမွေးထုတ်ပေးတဲ့ ကျုပ်တို့  အဘိုးအဖွားတွေရဲ့  လှပနေတဲ့ အစံတွေကို စုပ်ယူခဲ့ ကြတာကိုး ။ ခုတော့ ကျုပ်တို့ ကို အနိုင်ယူလို့ မရတော့ပါဘူး ။ ကျုပ်တို့ ဘ၀က မာကျောနေပီ လေ ။ ကျုပ်တိုတွေ ထအော်မတတ်ပျှော်မိကြတယ် ။ ငါတို့ လွတ်လပ်ပီပေါ့ ။ ၀မ်းသာလို့ မဆုံးဘူး ။ ကျုပ်တို့ ဘ၀တွေ ပြောင်းလဲသွားပါပီ ။ လှပတဲ အခန်းထဲရောက်နေကြပီ ။ သစ်လွင်တောက်ပတဲ့ ကျုပ်တို့ မွေ့ ယာ ပေါ်မှာ ။ ဘယ်လောက်သာယာ လိုက်သလဲ ။ ကျုပ်လို ဘ၀တူတွေလည်း သစ်လွင်တောက်ပနေတဲ့ မွေ့ ယာ အပေါ်မှာကိုစီ ။ လူကြီးတွေက အလှအပကိုစီနဲ့  ။ မျက်နှာကြော တင်းတင်းကြီးတွေ ။ ဘာတွေတိုင်ပင်မလို့ လဲမသိ ။ မဖိတ်ခေါ်ပဲ တတ်ခွင့်ရတဲ့ အစီးအဝေး ကျုပ်တို့ ပျှော်လို့ မဆုံးပါဘူး ။ လူကြီးတွေက အစီးအဝေးမူကြမ်းတွေ ရေးစွဲကြရင်း သူထက်ငါ အပြိုင် လုကြပီး ။ အာ့း့  ခွပ် အသံပဲကြားလိုက်ရပီး ဟ လာတဲ့ပါးစပ် လတ်နဲ့ ဖြဲရင်း ကွဲသွားတဲ့ ရင်နှစ်ချမ်း အစံ ကို စားသုံးကြပီ သူတို့ အပြင်းပြေ ။ အာ့း့  ခွပ့်  အသံတွေ ကြားရင်း အစံတွေ အစားခံနေရတဲ့ ကျုပ်နဲ့ ဘ၀တူတွေ ကျောရိုးနဲ့  သုံးမရတဲ့ အခွံတွေက ပုံလို့ ။ ငါ့ အလှဲ့  ငါ့ အလှဲ့  ငါ့အလှဲ ရင်တွေခုန်ကြောက်ဒူးတုန်ရင်း ပြေးဘို့  ခုန်ဆင်းလိုက် တော့ အင်မတန် ငတ်ကြီးကျတဲ့ လူကြီးက ခွပ့့် အာ့း့ ။ ( အပြင်းပြေပေါ့ ဗျာ ။ ကျုပ်မှာ ဒီစာရေးဘို့  ပွိုင့် နေကြာစိ တစ်ထုတ်ကုန်ပါ တယ် )

Sunday, November 10, 2013

ကျွန်တော် မှာအမှတ်ရတွေ ရှိပါတယ် ။ လူတိုင်းမှာ အမှတ်တရ ဖြစ်ပျတ်ခဲ့တဲ့ ဒုက်ခ တိုင်းဟာ တစ်ချိန်ကြတော့ ဟာသတွေပါ ။ ကျွန်တော် ဖြစ်လိုက်ရင်တစ်လွဲ ။ တစ်ခါက ကျွန်တော် ကိုနဲ့  မသိတဲ့ နာရေးတစ်ခုမှာထမင်း ၀င်စွဲခဲ့ ဘူးတယ် ဗျ ။ ခရီးသွားရင်း ကြုံ တဲ့ အဖြစ်အပျတ်ကလေးပါ ။ သိတ်တော့ မထူးဆန်းဘူး ဗျ ။ ကျုပ်က မြို့ ဆိုတော့ ဆိုင်သားသားနားနား လေးတွေ ဆိုသဘောကျတယ် ဗျ ။ ထမင်း စားရင်း ဘီယာပါ စွဲ ချင်တဲ့သဘောပေါ့ ။ ကျုပ် က ချင်းလွယ်အိပ်ကြီးလွယ် လို့ ပေါ့ ။ မြို့ ဆိုတော့ ကားသံဗလံက လည်း ဆူတယ် ဗျာ ။ မျက်စိရှုပ် နားရှုပ် အသေကျပ် အနေကျပ် နေရတဲ့ အရပ် ဗျ ။ လမ်းလျှောက်ရပါ များတော့ ဗိုက်ဆာပီ ပေါ့ ။ ဗိုက် ဆာတယ်ဆိုပဲ ထမင်းဆိုင် ရှာတာပေါ့ ။ ထုံးစံအတိုင်း ဘီယာလေးပါ စွဲချင်တော့ ဆိုင်သန့် သန့် လေး ရှာတာပေါ့ ။ ကံဆိုးချင်တော့ မတွေ့  ပါဘူးဗျာ ။ ဘာဆိုင်မှ မတွေ့ တာ ။ ဆိုင်ဘုတ် ကြီးတွေ ဟီးနေတဲ့ ဆိုင်ကြီး တွေ ကြ မထိုင်ရဲဘူး ဗျ ။ တောသားပဲ ဗျာ ။ တော်ရိရော်ရိ ဆိုင်ပေါ့ ။ လမ်းအကွေ့  ရောက်တော့တွေ့ ပါ ပီ ။ ခုံသန့်  သန့်  တွေခင်းထားတော့ နေရာလေးက ထိုင်ချင်စရာလေး ။ လူတွေက လည်းထိုင်နေကြတယ် ဗျ ။ ကျုပ်က ဘယ်ရမလဲ ။ ဗိုက်ဆာနေသူ ဆိုတော့ ၀င်ထိုင်တာပေါ့ ဗျာ ။ ကျုပ်ထိုင်တယ် ဆိုပဲ အသတ်ကြီးကြီး လူကြီးတစ်ရောက်က ဆေးလိပ် လာချတယ် ဗျ ။ ရှမ်းဒေါင်း ခွပ်ကလေး ဗျ ။ ဒီဆိုင်လေး မဆိုးဘူးပေါ့ ။ ဘယ်မှလည်းမကြည့် ဖြစ်ပါဘူး ။ ဗိုက်က ဆာနေတော့လည်း ခုဏ ဖင်သိပ်ပေါ့ တဲ့ လူကြီးပဲ လှမ်းကျွတ်ဆုပ် ရ တာပေါ့ ဗျာ ။ ကျွတ် ကျွတ် ကျွတ် ပေါ ။ ဘဲကြီးက လည်း အလိုက်သိတယ် ဗျ ။ နားပါးတယ် ဖင်ပေါ့တယ် ။ ၀ိတ်တာသတ်တမ်းရင့် အလုပ်သမားကောင်းကြီး ဆိုပီး စိတ်ထဲက အမှတ်တွေ ပေးမိတာပေါ့ ။ ညီလေး ဘာလည်းတဲ့ ။ ကျုပ်ကလည်း သူအသံက ပျော့ပျော့လေး ဆိုတော့လည်း အားနာသွားတာပေါ့ ။ ခေါ်မိတာကို ကျွတ်ဆုပ်မိတာကိုလေ ။ ဦးထမင်း ဘာတွေ၇လည်းလို့ မေးလိုက်တာပေါ့ ။ ကိုယ်က ဆာနေတာကိုး ။ သူကလည်းပြန်ဖြေတယ် ဗျ ။ ညီလေး ၀က်သား ငရုပ်သီးကြော် ငါးကြော်ပဲ ချက်တာတဲ့ ။ ဟင်းမစု့တာ အပြစ်မပြောတော့ပါဘူး ။ ငါးကြော်နဲ့  ပေးးပါပေါ့ ။ ညီလေးအိမ်ပေါ်တတ်စားပါလားတဲ့ ။ ဟောဗျာ ။ ကျုပ်အရွေးမှန်ပီ ပေါ့ ။ ဒါလောက် သဘောကောင်းတဲ့ ဆိုင်မတွေ ဘူးဖူးပေါ့ ။ ရတယ်ဦးလေး ကျွန်တော် အောက်မှာပဲ စားတော့မယ်ပေါ့ ။ ဦးကြီးကလည်း ဗျာ ဖင်သိတ်ပေါ့ ။ ထမင်းပွဲတွေ ယူချလာရော ။ ကျုပ်ကတော့ ဘယ်ရမလဲ စားတာပေါ့ ။ ကိုယ်ကပါတ်ဆံပေးစားရမှာလေ ။ ဒုန်း ဒုန်း ဆိုပီး အသံကြားရော ဗျာ ။ ဟော ဘာဖြစ်တာလည်း ပေါ့ ။ ဆိုင်ရှင်ကပဲ ဖင်သိတ်ပေါ့ တဲ့ ဦးကြီးကို မာန်နေပီလားပေါ့ ။ လှမ်းတော့ အကဲခပ်လိုက်သေးတယ် ဗျ ။ အိမ်ထဲမှာဆိုတော့ ကိုယ်နဲ့ မှာ မဆိုင်တာပဲ ။ သူဟာသူ ဒုန်း ယုံမကလို့  ဂျွန်းပဲ ထိုးနေနေပေါ့ ။ ဒါတင်မကဘူး ငိုသံပါကြားလာရော ဗျ ။ ကျုပ်နဲနဲတော့စိတ်ပူသွားတာပေါ့ ။ ဖင်ပေါ့တဲ့ လူကြီးအကဲခပ်တော့လည်း ဘာမှမထူးသလို ။ ဘာများဖြစ်တာလည်းပေါ့ ။ အိမ်ပေါ့မှာတော့ လိုတာထက်လူတွေ မများနေတာက ထူးခြားဖြစ်စဉ် ဖြစ်နေရော ။ သေချာနားစိုက်ထောင်မှ သိလိုက်ပါပီ ။ နာရေး ဗျ ။ ကျုပ်နဲ့ မလှမ်းမကမ်းက သင်ပုန်းကြီး ကျုပ်စ၀င်တုန်းက အမှတ်တစ်မဲ့ ဖပ်မိတဲ့သင်ပုံး ဦးစံကုလား ရ၃ အသက် ကွယ်လွန်သည် ။ ဘာညာ ပေါ့ ။ ပဲကုလားဟင်း ရသည် အမှတ်ဖြင့်ဝင်သွားတာ ဗျ ။ ကျုပ်လည်းထိုင်ရမလို ထရမလို ။ ကျုပ်နဲ့ အသိက ရှိ့ ဘူး လေ ။ကျုပ်အမှတ်ပေးထား တဲ့ ဖင်သိတ်ပေါ့တဲ့ ဦးကြီးကပဲ ကျုပ်စားတဲ့ ပုဂံတွေ လာသိမ်းသွားတယ် ဗျ ။ မကြာပါဘူး လူအဖွဲ့  လှည်းကြီးတွန်းလာ ပါရော ။ အသံတွေက အစုံ ။ ကျုပ်နဲ့ မလှမ်းမကမ်းမှာပဲ ။ လှည်းကြီးရပ်ထားပီး ဆင်ကြ ပြင်ကြရော ဗျ ။ ငိုသူက ငို ရယ်သူက ရယ်နဲ့  ။ ဇွဲချွေးပြန်နေသူက ကျုပ် ။ တွေးကြည့်တော့ ရယ်စရာကြီး ။ ပါတ်ဆံကုန်သတ်သာတာပေါ့ ဗျာ ။ ဒါပေမဲမပီးသေးဘူး ။ ဖင်သိတ်ပေါ့တဲ့ လူကြီးကပဲ ကျုပ်ထိုင်နေတဲ့ နေရာလာထိုင်ပီး ။ အမျိုးစပ်ပါရော ။ အဆင်ပြေအောင်ကြည့်ဖြေရတာပေါ့ ။ ထပြန်လို့  ကလည်းမဖြစ်လေ။ အားမနာ တမ်းစားထားပီမှ ။ လိုက်ပို့ ရအောင်လည်း ကိုယ်နဲ့ က မသိ။ မသာတစ်ခေါက်ကျောင်းဆယ်ခေါက်ဆိုတော့ လည်းကုသိုလ်ရမှာပါ ။ ကျုပ်ပါဝမ်းနည်းသလို ငိုချင်သလိုဖြစ်လာပါရော ။ ဖင်သိတ်ပေါ့တဲ့ လူကြီးက မြန်မာလူမျိုးတွေ ထုံးစံ အတိုင်း လွမ်းစရာအကြောင်းတွေ မသေခင်ကပြောခဲ့တာတွေ ပြန်ဖောက်သည်ချနေတာ ကိုး ။ ကျုပ်ကတော့ ခေါင်းပဲညိမ့်နေရတာပေါ့ ။ ဖင်သေိတ်ပေါ့တဲ့လူကြီးက အပြောကောင်း ဆွေမျိုးဆပ်ကောင်း ဗျ ။ သေတာက သူ့ ဘကြီး တဲ့ ဗျာ ။ သူ့ ဘကြီး မသေခင် သူ့ အမေကြီးကို နမ်းသွားတာကို့  တစ်ဖွဖွ ပြောရင်း အိမ်ပေါ်မှာငိုနေကြတယ် တဲ့ ဗျာ ။ သူတောင်မခံစားနိုင် လို့ အိမ်အောက် ဆင်းနေတာတဲ့ ။ ဟောဗျာ အလိုက်မသိတဲ့ ကျုပ် အချိန်တွေဖြုန်းရင်း ဖင်ပေါ့လူကြီးနောက်က ကုတ်ချောင်းကုတ်ချောင်း လိုက်ရင်းနာရေးလိုက်ပေါ့ရတာပေါ့ ဗျာ ။ ကျုပ်နဲ့ အသိ မပါတော့ လည်း ဟပ်ကောကြီး ဗျ။ မရှက်နိုင်ပါဘူး ဖြစ်သမျှအကြောင်း အကောင်းမှတ်ရင်း မသာတစ်ခေါက် ကျောင်းဆယ်ခေါက်ကိုပဲ တမ်းတ ရင်း မမြင်ရတဲ့ ကုသိုလ် အတွက် ဟပ်ကော့ကြီးဖြစ်နေမိပါတော့တယ် ။

Friday, November 8, 2013

ဝယ့့်  ၀ယ့့်  ၀ယ့့် ဝယ်မယ် တောင်တွေဝယ် မယ် စိန်တွေဝယ်မယ် ။လူချုံပီလား ။ ဘာ့ ။ မြို့ ထဲသွား ပီးထမင်းစား တယ် ။ ဘာ့  ရသမျှ အချိန်လေး မာဆပတ် သွား ဥ နေတယ် ။ တော်ကွာ ။ မူကြမ်းရေးဆွဲ ထားပါဆိုတတာ ထမင်းစားလိုက် အီးပေါက်လိုက် လုပ်နေတယ် ။ ထွီ့ ။ ဘယ်သွားအားကိုး ရမလဲ ။ နောက်လိုက် အဖွဲ့  ၀င်သူတောင်စားတွေ မင်းတို့  ကိုဘယ်လိုယုံမလဲ ။ ဘာတွေမှန်းမသိ ဂိုဏ်းချုပ် ဆိုပီး နေရာယူထားရတော့ လည်း ဟုတ်တာတွေရော မဟုတ်တာတွေရော ပွစိ ပွစိ မန်ရမဲရတာ ကိုး ။ ရှေ့ နွားတစ်သိုက် ဖြောင့်ဖြောင့် သွားက နောက်နွားတစ်သိုက် ဖြောင့်ဖြောင့် လိုက်ဆိုတဲ့  စကားပုံက ရှိခဲ့  တာကိုး ။ ကဲ ကဲ လူဆုံ ရင် ။ ငွေထိန်းကောင်လေး မူကြမ်းရေးဆွဲတာ ပီးပီလား ။ ပီးပီ ဂိုဏ်းချုပ် ။ အ၀တ်အစားက သန့်  သန့်  လူပုံက ကလိမ် ကကျစ် ရုပ်ကိုပိုင်ဆိုင်ထား သူ ။ လူမြင်ရင် ပါးရိုက် ချင်လောက်အောင် ဥပတိ ရုပ်ခံရှိ့ သူ ကောင်လေးကပဲ ထော့နဲ့  ထောနဲ့  နဲ့  ထွက်လာပါပီ ။ လတ်ထဲမှာလည်း ဘောင်ချာ ဖြတ်ပိုင်းက အပြည့်  ။ အနော် အနော်ကတော့ ငွေထိန်းပေါ့ ဂျာ ။ တစ်တောင်းစား အဖွဲ့  အစီးကြီးရဲ့  အရေးပါ အရာရောက်တဲ့ တာဝန်ယူထားရတူပါ ။ ဂိုဏ်းချုပ်ဆိုသူ ယားနာ ပွေးတွေ ကုတ်ရင်း ငြိမ်နားထောင်နေတာပေါ့ ။ အနော်တို့  အဖွဲ့  ကိုယ်စား အသုံးစရိတ်တွေ ကိုတင်ပြပါမယ် ။ အနော်တို့  ရဲ့  မရှိ့  မဖြစ်ပါတ်တီး လိပ်ဖိုးက တစ်နေ့  ကို ၃၀၀၀ ကျပါတယ် ။ ခရီးစရိတ် စားစရိတ်က ၅၀၀၀ ကျပါရယ် ။ မယုံရင်ဘောင်ချာ ကြည့်နိုင်ပါတယ် ။ လတ်ထဲက ဘောင်ချာ နှစ်ရွက် ။ ဂိုစ်းချုပ်ကိုပေးလိုက်တာပေါ့ ။ အားလုံးက မျက်စိသငယ် နားသူငယ် နဲ့  ငြိမ်နားထောင်နေပါတယ် ။ ပီးတော့ ဧည့်ခံစရိတ်ပါ ။ လွန်ခဲ့ တဲ့ လက ဂိုဏ်းချုပ် လာတော့ ဧည့်ခံစရိတ် လိုတယ်ရေ ။ ဂိုဏ်းချုပ်က လာမယ်သာ ပြောတာ ပါတ်ချံ ပါဝူး ။ ဂျီးကများသေး ။ ဟိုဟာစားမယ် ဒီဟာစားမယ် နဲ့  ။ တူ့ အတွက် ဧည့်ခံစရိတ်စားစရိတ်က ၅၀၀၀ အထွေထွေအသုံးစရိတ်က ၁၀၀၀ ။ မယုံရင်ဘောင် ချာကြည့် နိုင်ပါတယ် ။ သူဟာနဲ့  သူတော့ ဟုတ်လို့  ။ ဂိုဏ်းချုပ်က နှတ်ဖေး ခွာရင်းကြည့်နေတာပေါ့ ။ ပီးတော့ လွန်ခဲ့ တဲ့ လက ကျုပ်အဖျားဝင်တော့ ဆေးဘိုး ရပိုင်ခွင့်ထဲက ၂၀၀၀ ဘာရီယအသုံးစရိတ်က ၈၀၀၀ ကျပါတယ် ။ မယုံရင် ဘောင်ချာ ကြည့်နိုင်ပါတယ်။ ဘာ့  ဂိုဏ်းချုပ်အသံ ထွက်လာပါပီ။ မင်းတို န အမျိုးဆိုပီးငွေထိန်း တာဝန်ပေးထားတာ ။ မင်း ၀န်ဆောင်မှု့ နုန်းက ညားနေပါလား ။ တော်တော် ကြာရင်မင်းအိမ်ရွှေချတာတွေ ပါတော့မယ် ။ ထွီ့  ကို့ ပေါင်ကိုယ် လှန်ထောင်းသလိုဖြစ်တော့မယ် ။ တော်တော် နောက်တစ်ယောက် ။ ဟုတ် ဟုတ်။ အားလုံးက ငြိမ်လို့  ပေါ့ ။ ကဲ ဘယ်သူဘာပြောချင်သေး လည်း ဝေဖန်နိုင်ပါတယ် ။ အကြံပြု့  နိုင်ပါတယ် ။ အားလုံးက ငြိမ်လို့  ပေါ့ ။ အနော်တင်ပြချင်ပါတယ် ။ လတ်ညိုး ထောင်စရာမရှိ့  လို့  ခြေထောက်ထောင်ရ တာ ခွင့်လွှတ်နော် ဂိုဏ်းချုပ် ။ ဟုတ်တောလည်းဟုတ်ပ ။ လတ်နှစ်ဖပ်လုံးမရှိ့  ။ ပါတ်လတ်လှန်ချပီး ခြေထောက်ထောင်လိုက်ရတာကိုး ။ ငါနားလည်ပါတယ် လိုရင်းတိုရှင်း တင်ပြ ။ ပီးရင် လွှတ်တော်မှာ ရေးစွဲမယ် ။ အစီးအဝေး ထိုင်မယ် မူကြမ်းစွဲမယ် ။ လုပ်သင့်မလုပ်သင့် တိုင်ပင်မယ် ။ အားလုံးရဲ့  မဲပေးစနစ်အရ မဲများမှ မင်းတင်ပြချက်ကို ဆွေးနွေးမယ် ။ ဂိုဏ်းချုပ် အနော်တင်ပြမှာ ကျမ်းမာရေး အကြောင်းပြောမရို့  ပါ ။ လူနာက ဂိုဏ်းချုပ်မူကြမ်း ရေးဆွဲ ဆွေးနွေးချိန်မှာ သေသွားနိုင်ပါတယ် ။ တော်တိတ် လိုရင်း တိုရှင်းပြော ။ နောက်မှ နောက်ဇတ်က မယ် ။ ဟုတ် ။ အနော်တို့  တတောင်းစား တွေ ရာသီဥတု ဒဏ်သဘာဝဒဏ်တွေ ကြောင့် ဖျားကြနာကြ ပါတယ် ။ ဆေးခန်းသွားတော့လည်း ပါတ်ဆံပါမှ ပါ ။ ဆရာဝန်တိုင်းကလည်း အပြင်ဆေးရုံမှာ ထိုင်တာများတော့ အပြင်ဆေးရုံမှာကုကြရပါတယ်။ ဂိုဏ်းချုပ်ဆိုသူ ၀ဲတွေကုတ်ရင်း သေချာနားထောင်နေပါတယ် ။ အဲဒီတော့ ကျုပ်တို့  တစ်တောင်းစား တွေ ဆေးဘိုးမတတ်နိုင်ကြပါဘူး ။ အဲဒီတော့ သူတောင်းစား ဆရာဝန် တစ်ရောက်လောက် မရှိ့ မဖြစ်လိုအပ်ပါတယ် ဆိုတဲ့ အဆိုကိုယ် တင်သွင်းပါတယ် ။ ဘာ့  ။ ဟိုတုန်းထဲက ဆေးမှီးတို နဲ့ ကုလာပီး ။ ဒါးရှရင် ဖုတ်သိတ် ။ ဖျားတာနာတာ ရှိ့ ရင် အကြမ်းသောက်ပြောကပေါ့ ကွ ။ ဘယ်ဆရာ ၀န်က သူတောင်းစား ဆရာလာလုပ်မှာလည်း ။ အားလုံးက လူကုန်ထံ အတိုင်းအ၀ိုင်းက လေ ။ သားသားနားနား ၀တ် ပီးငွေရလွယ်နေကြတာ ။ မင်းတို့ တတောင်းစား တွေကို လာကုမတဲ့ လား ။ ထွီ့အသတ်ကြီး ပီး အချိန်မစီးတဲ့ လူ ။ ဘယ်သူတင်ပြချင်သေးလည်း ။ တင်ပြမဲ့ သူမရှိ့  ရင် လက်ဖပ်ရည်သောက်ချိန်နား တယ်။ လိုအပ်တာတွေ စဉ်းစားထား ။ မင်းတို့ တွေ ခေါင်းပဲ ညိုမ့်မနေနဲ့  တိလား ။ အားလုံးကငြိမ်လို့  ပေါ့ ။ ( သရော်စာအနေနဲ့  ပဲ ဖပ်စေချင်ပါတယ် )

Thursday, November 7, 2013

တိတ်စိတ်နေသော လူချေတိတ်နေသော စိတ်ငြိမ်ရာ အရပ်ဆိုရင် မမှားပါဘူး ။ တိတ်စိတ်နေတာကိုး ။ တိတ်စိတ်ချင်းကို ထိုးဖေါက်လာတာက ။့  ၀ယ့့် ဝယ့့် ဝယ်မယ် တောင်တွေဝယ်မယ် ကုန်းတွေဝယ်မယ် ။ ၀ယ့့်  ၀ယ် စိန်တွေ ၀ယ်မယ် လူတွေဝယ်မယ် ။ ဒုန်း ဒုန်း ဒုန်း ဂလုန်း ဘုန်း ။ ဘာတွေမှားမသိ ။ ၀မ့်ပေါင် ၀မ့်ပေါင် ရှိတာပေါင့့်  ၀ယ် ။ ကဲ လူချုံ ပီရား ။ ဒီနေ့  ပထမပါတ် အစီးအဝေး ရှိတာ သိဘူးလား ။ နင်ရို့  တွေမူကြမ်းတွေ ဆွဲမယ် ကာတွန်းတွေစွဲ မယ် ဒါတွေနဲ့  ပီးနေရာ ။ ခြေကားယား လတ်ကားယား ။ ပွစိ ပွစိ နဲ့  ဘာတွေပြောမှန်းမသိ ။ ဂိုဏ်းချုပ် ၀င်ခွင့် ပြု့ ပါခင်ည ။ အေးအေး တံခါးဖွင့်ဝင်ခဲ့  ။ ဟောဗျာ ။ တံခါးဖွင့်ဝင်တဲ့  အရေးထဲ ကြွားနေသေး ။ နဂိုထဲက ဟောင်းလောင်း ဖြစ်နေတဲ့ အပေါက် ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နေပီးတော့ ခုမှတံခါး ဖွင့်ဝင်တဲ့ ဗျာ ။ ဂိုဏ်းချုပ်က ဖွင့်ဆိုတော့ ဖွင့်ရတာပေါ့ ။ ပါးစပ်ကပဲ ကျွီ ၀ှစ်ဝှစ်ဝှစ် ဒုန်း ။ ဟီး ။ ဟေ့တောင် တံခါးကို ဖြေးဖြေးပိတ် ။ ဗုံးကွဲတယ် ထင်နေမယ် ။ လာ မင်း နာမှာတဲ့ မူကြမ်းတွေ မင်းတင်ပြမယ်မဲ့ ဟာတွေရေးပီးလား ။ ဂိုဏ်းချုပ် တစ်ချို့  တစ်ဝါတ်ပဲ ပီးပါသေးတယ် ။ ဘာ့  ။ မင်း တို့ က အချိန်ကို မလေးစားဘူး ။ ညချို နိုက်ကလပ် ကေတီဗွီ မာဆပ် မှာအလေလိုက် ဒီနေ့  အချီးအဝေးရှိ့ တာ သိရဲ့  နဲ့  တင်ပြမယ်ဟာ အပီးရုပ်ပေါ့ ။ မာဆပ်က ရှော်လေးတွေ အတွက်ချို မင်းတို့ က ဖင်သိပ်ပေါ့ ။ ထွီ ။ သတွေး တွေက အဖပ်လိုက် ။ ငါရှို ၀ီရိယ ထားတယ်တိရား ။ ခြေမကောင်းတဲ့ ကြားကအချောကြီး လာရတာ ။ မင်းတို့ ညင်တဲ့  အတိုင်း နာမှာ အနာတွေက အညားကြီး ။ ကားတိုးချီးရတာ လွယ်ဝူးဟ ။ နာ့ ချိုအကပ်မခံကြဘူး ။ အထူးသဖြင့် ဆော်လေးတွေ ။ ကားစပယ်ရာ က ပိုချိုး ။ နဆို အတင်းတွန်းချ ။ နာက ဘယ်ရမရဲ ။ အချိန်ကိုလေးစားတယ် ။ မရ ရအောင်ချီးတာပေါ့ ။ တစ်ခါက ငါးစိမ်းတယ် အဒေါ်ကြီး ကွာ ။ ငါးညီုးစော်က နံပ ။ တူကပဲ နာ့ အနာကို ရွံလို့ တဲ့ ကွာ ။ နကို ညင်တော့ နှာခေါင်း ရှုံနေရာ ။ အရေးထဲ န အနာကလည်း ပြည် တွေထွပ်နေရယ်ကွာ ။ နာချပ်တာပေါ့ ။ ရှက်လွန်းရို့  နမျက်နှာဘယ်ထားရမှန်းတိပါဘူး ။ နာကလည်း နာ ညဘတ် စိဒိုးနားမှာ ချားထားတဲ့ ဟာကကြွားချင်တယ် ထင်ပါတယ် ။ လူကြားထဲ ကြမှ ထပွင့်တယ် ။ ဘူ ဆိုပီ ထပွင့်ရော ။ အနားက ကလေးက ဗုံးကွဲတယ် ချိုပီး ငိုရော ။ အဲဒါက ကြက်တနာ မရှိ့ ဘူး ။ နာရှိုတ်နာတာက တားတားနားနား အဒေါ်ကြီးက ဘူ ဆိုတာ တစ်ဆယ် ဆိုပီး ဖုန်းဆက်ပီး နှ လုံးထိုးလေရဲ့  ။ နာချိတ်မနာပါဘူး ။ န ဆင်းကာနည်းမှ ကားစပယ်ရာ တွန်းချတာ န အနာပြည်ပေါက် သွားရယ် အဲဒါချိတ်နာတာ ။ မင်းတို့  အချိန်လေးစားပါ ။ နာ လေတွေ သတွေးတွေဖေါတာနဲ့  အချိန်တောင်ကုန်ပီ ထမင်းချား ဖြုတ်မယ် ။ အဲ ရောင်လို ။ ဘာမှ မဝေးရသေးဘူး ။ ကဲ ။ နေရာချထားရေး ချထားရေး တောင်လာပါ အုန်း ။ မင်းချွဲ ထားတဲ့  မူကြမ်း ပြ ။ ဖပ်ပြ နာ မျက်လုံးတစ်ဖပ် အုပ်ထားတယ် ။ ကဲ အစီးအဝေး ကြွလာတဲ့ သူတွေကိုဖပ်ပြလိုက် ။ ဟုတ် ဂိုဏ်းချုပ် ။ အဟမ်း အဟမ်း ဗဟမ်း အဲ ရောင်ရို့  ။ အဟမ်းအဟမ့်း့ ကျွဲရောင်းလာကြသော နွားရောင်းလာကြသော ကုလားအပေါင်းတို့  အဲ ရောင်ပြန်ပီ ။ သူတောင်းစား အပေါင်းတို့  ခင်ညား အနော်ကတော့ နေရာ ချထားရေးပါ ။ တတောင်းတား တပ်သစ်စ လေးညားအား တင်တန်းပို့ ချရေးနဲ့  နေရာချထားရေးပါ ။ ဒု ချို ကျုပ်တို့  တတောင်းစား တွေ အိုးပြောက် ခွပ်ပြောက် ပုဂံ ပြောက်နေပါရယ် ။ အမှိုက်ပုံ သင်္ချိုင်း ကုန်းမှာနေလို့ ရတော ၀ူး ။ အချိုးရ က ဆင်းရဲတား ပပြောက်ရေး ချိုပီး ကျုပ်တို့  ချင်းရဲတား တတောင်းစားတွေကို နှင်ထုတ်နေပါပီ ။ ညို့ မှာ ချမ်းတာတဲ့ လူပဲ ရှိ့ ပါရော့ ရယ် ။ အဲဒီတော့ ကျုပ်တို့  တတောင်းစား နေရာချထားရေး က အရေးပါလာရော ။ တိုးပွားလာတဲ့ ဆင်းရဲသား တတောင်းတားတွေ စု တပိတ်စခန်း ဖွင့်ပီး အချိုးရကို တစ်ပိတ်မှောတ် ဘို့  အချိုကို တင်သွင်းပါရယ် ဂိုဏ်းချုပ် ။ ဘာ့  ၊။ တပိတ်မှောတ်မယ်ရေ ။ မင်းတွာ ခုတောင် ဇရပ်စု နေရတာ ။ ကံမကောင်း လို့  ၀မ်ပေါင်ဝယ်ရင် အပြောင်းခံရအုန်းမှာ ။ ဒါနဲ့  တပိတ် စခန်းဖွင့်ချင်သေး ဖွီ ။ ဒါလား မင်းတစ်လလုံး စွဲတဲ့ မူကြမ်း ။ ကြာရယ် နောက်တစ်ရောက် ဆက်သွယ်ရေး နဲ့  ပြန်ကြားရေးကောင် ။ ဟုတ် လာပီ ဂိုဏ်းချုပ် ။ ပါတီးတွေ အလိပ်လိုက် နဲ့  ထော့နဲ့  ထောနဲ့  ကုတ်ချောင်းချောင်းနဲ့  ထွပ်လာပါပီ ။ နို့ တိုက်နေတဲ့ အမျိုးတမီး ၀င်တိုက်တော့ လဲပါရော ။ ဟားဟားဟာ့း့  ။ တိတ် ။ ဒါ အစီးအဝေး ခန်း ။ ကုလားတန်း မဟုတ်ဘူး ။ တိတ် ။ အားလုံးက ညိမ်လို့  ။ ဆက်သွယ်ရေးနဲ့  ပြန်ကြားရေးတောင်လေးကပဲ့ ဂိုဏ်းချုပ်ရယ် ဖြီးဖြီး ပြောလည်း ရပါရယ် ။ ဂိုဏ်းချုပ် ၀က်ခြံ ကြီး ပေါက်ပီး လာမှန်နေအုန်းမယ် ။ ဟာ တိတ့့် ။ မင်း လို ရင်းကျော ။ ဟုတ် ။ အဲ အဲ့ အနော်ကရော့ ဆက်တွယ် ရေး နဲ့  ပြန်စား ရေးတာဝန်ယူရပါရယ် ။ ကျုပ်တို့  တတောင်းချား တွေ တကွဲတခြား တီ ချစ်နေရော့  ကျုပ်တို့  ရန်ပုံငွေထဲက ၁၅၀၀ တန်ဖုန်း တစ်ယောက် တစ်လုံးဝယ်ကိုင်ရင်ကောင်းမယ်။ ဟေ့း့ ရွှီ့  ရွှီ့  ရွှီ ဖောင်းဖောင်း ဖလုံးဖလုံး ။ ဘာတွေမှန်းမသိ ။ ဖုန်းဝယ်မယ် ဆိုတာနဲ့  အားပေးလိုက်ကြတာ ခြေထောက်မရှိ့  သူက လတ်ခေါတ်မှုတ် လတတ်မရှိ့ သူက သံဗုံးတွေ ထကန် အားပေးလိုက်ကြတာ ရုပ်ရုပ် ရုပ်ရုပ် ပွစိပွစိ ။ ကို ဖြစ်လိုပေါ့ ။ ဂိုဏ်းချုပ်က နှပ်ဖေး ခွာရင်း ငြိမ်ကြည့်နေပါတယ် ။ ဆက်တွယ် ရေး တာဝန်ယူထားသူက ၀မ်းသာလို့ ပေါ့ ။ မကြာပါ ကျုပ်ဒီအဆိုကို ကန့် ကွက်တယ် ။ ကျုပ်တို့  လတ်မရှိ့ တူတွေ နားမကြားတူတွေ ဘယ်လို ဖုန်းကိုင်မရဲ ။ ဖင်ရွေ ဖင်ရွေ့  တွားနေတူတွေ ဖုန်းခါးချိတ်တော့ ထွပ်ကျမှာပေါ့ ။ အဲဒါအရေးမကြီးဘူး ။ ၁၅၀၀ တန်ဖုန်းက မဲနိုတ်ရတာရေ ။ လတ်မရှိ့ တူတွေ ဘယ်ရိုနိုတ်မရဲ ။ တစ်ခါချမှ သုံးလေးလုံး လူတိုးရတာနဲ့  မဲနိုတ်ရတာနဲ့  နျလုံးရောဂါရမယ် ။ ကန်ကွတ် တယ် ။ ဂိုဏ်းချုပ်က နှပ်ဖေးခွာ ရင်း ငြိမ်လို့ ပေါ့ ။ ဆက်တွယ် ရေးတာဝန်ယူရသူကပဲ ဒီလိုရှိ့ပါရယ် ဟိုလိုရှိ့ ပါရယ် ။ လိုရင်းကို မရောက် မူကြမ်းထပ်ရေးစွဲမယ့် ပုံ ။ အစီးအဝေးတတ်ရောက်လာသူတွေ က ဟင်ကနဲ ဟာကနဲ ။ အဲ ဒါကြည့်ပီး နှပ်ဖေး ခွာနေတဲ့ ဂိုဏ်းချုပ် စိတ်မရှည်တော့ ။ တော်တိတ် ။ ဘာ့  ၁၅၀၀ တန်ဖုန်း ။ ကျုပ်မိန်းမနဲ့  စကားများတာ အဲဖုန်း ။ ဖုန်းလိုချင်လို့  တဲ့  ဗျာ ။ လိုင်းမိရင် တော်သေးရယ် ။ ဖုန်းဆပ်နေတဲ့  လူတွေ ကိုကြည့်ရေ ။ ဟဲရို ဟရို ဟိုရို နဲ့  လိုင်းရှာရင်း ကားတိုက်သေ တဲ့ မသာတွေမနည်းဘူး ။ ဘာ ။ ဒီဖုန်း လာပြန်ပီ ။ ခု တောင် အလိုလိုမှ ရောဂါက ထူပါတယ် ချို မှ ။ အနာတွေ ပြည် တွေ တွေ့ လား ။ ဆေးမလူးနိုင်ရင် နူတော့မှာ တွေ့ လား ။ အဲဒါက အပြင်မှာ တော်သေးတယ် ဆေးလူးလို့  ရတယ် ။ ဖုန်းလိုင်းကမမိ ကော်နရှင်ဆိုလား လိုင်းဆိုလား မမိလို့ အော်ရင်း လိပ်ခေါင်းထွပ်ရင် ဘယ်လိုရုပ်မလဲ ။ နဂိုကမှ ပတ်တီးက တစ်ကိုလုံး လိပ်ခေါင်းပါ ပါတ်တီး စီးရရင်တေရော ။ တော် ကွာ ဒီဖုန်း ။ ဟန်းစက် ကဈေးကြီးပါဘိ ။ ဖုန်းတောင်းတောင်းမှ မ၀ယ်နိုင်ရင် လိပ်ခေါင်းအထူးကု ရှာထား ။ တော်ကွာ ။ ထမင်းစားဖြုတ်တယ် ။ မူကြမ်းတွေ ထပ်ရေးစွဲထား ။ ဒါပဲ ။ ( သရော်စာ အနေနဲ့  ဖပ်စေချင်ပါတယ် )

Wednesday, November 6, 2013

မိုးကုတ်မှာလေ့  ကျောက်စိမ်း မရှိ့  တောတိုင်းမှာလေ့  ကျွန်းသစ်မရှိ့  အစိုးရကြီးမှာ အကြွေးတွေ ပိ မြေပေါင် ရေနံရောင်း ဆပ်နိုင်၏ ။့  ၀ါ့း့  ၀ကတော့ စီရုတ်ပေါ့ ။ ၀ ကမြန်မာပီ ဖွားလေ ။ အဖိုးက ရှမ်းစီရုတ် အဖွားက ပြည်မကီး စီရုတ်လေ ။ ၀ မြန်မာပီ ကီးကို ချီးပါတယ် ။ ၀ တို့  ဘီလောက် မ လဲ ။ မီး တို့  ကိုးကွယ်တဲ့  မင်းကီး မင်းရေး တောင် ၀တို့ လောက် မဘူးလေ ။ ၀ တို့  က မီးတို့  မြန်မာပီ က စိမ်တွေမတယ် ဓါတွေမတယ် လူတွေမရယ်ရေ ။ ၀ အရမ်းကီး ၀မ်းနည်းတယ် ။ ၀ တို့ နဲ့  မီးတို့ က ပေါက်ဖာကြီးတွေလေ ။ ၀ တို့ ကို လတ်ပံတောင်းမှာ ဆနဒ ပြတော့ ၀ အရမ်းကီး ၀မ်းနဲ့ တယ် လုပ်သားမောင် တောင် စားလိုက်ရသေးတယ် ။ ၀မ်ပေါင် ၀မ်ပေါင် နဲ့  ၀က မီးတို့  အဘ တွေတောင် ၀ ကိုရိုသေတာ မီးတို့  လောက်တော့ တနားတာပေါ့ ။ ၀ ကနှဖူး ပြောင်တယ် ခေါင်းကြီး ရယ်လေ ။ ၀ မီးခိုး ဗုံးတွေ ထုတ်ပေးလိုက်တာ မီးတို့  တပိတ်စခန်း ပြာကျရယ်ရေ ။ ဟားဟား ။ မီးတို့  တွေ ကမမှတ်တာကိုး ။ မီးတို့  မယ်တော် အားကိုနဲ့  မိုက်ကြတာကိုး ။ မီးတို့  မယ်တော်ကလည်း ဟိုကြွ ဒီကြွ တွားရတာ ပင်ပန်းနေမှာပေါ့ ။ စက်မှု နိုင်ငံ လုပ်မယ်ချိုပဲ ။ ၀ တို့ က ကြိုက်တာပေါ့ ။ ၀ တို့ နိုင်ငံက ကော်တွေ ဆိုင်ကယ်တွေ ပို့ ပေးနေတာရေ ။ မီးတို့  မြန်မာတွေ ဖင်ခေါင်းသိပ်ကျယ်တယ် ဟ ။ ဆိုင်ကယ်ကြီး ဗလူး ဗလူး နဲ့  စီးတာ ။ ရှော်တွေ မြင်ရင် ပိုးဆိုး ။ သေတာတောင် နည်းသေ ။ နောက်ထက် ဆိုင်ကယ်တွေ ထက်ပို့  အုန်းမှာ ။ ၀ တို့  မီးတို့  ရှီုက မြေပေါ်မြေအောက် သဘာဝကနည်းနေပီလေ ။ ၀ တို့  ဘယ်ရမလဲ ။ မီး တို့  မြန်မာကို ချစ်တာလေ ။ တောင်တွေ ၀ယ်ရယ် မိန်းကလေးတွေ ၀ယ်ရယ် ဟိဟိ့  ပီးရော့ သဘာဝဓါတ်ငွေ့  တွေဝယ်ရယ် ၀ တို့  စီရုတ်ပြည်ကြီး ကြည့်ပါရား မီးတွေ ထိန်နေတာရေ ။ ၀ တို့ နဲ့ မီးတို့ က ပေါက်ဖါကြီးတွေရေ ။ တူမတာ ကိုမတာရေ ။ မီးတို့  အစိုးရကလည်း သိပ်ညံ့ ။ ဖရောင်းတိုင်တွေနဲ့  ဆနဒ ပြတော့ မီးစက်တွေ ထုတ်ပေးတယ်ရေ ။ ဟာ တိတ်ညံ့ တိတ်ညံ့ ဖရောင်းတိုင် ဈေးတင်လိုက်ပီးရော ။ ၀ယ်ပေးစရာတောင်လိုဘူး ။ အမှောင်ကျတွားအေးရော ။ မီး တို့ မြန်မာတွေက ဥဏ်ကောင်းတော့ မီးတွေရှို့  ပီး ဆန်ဒ ပြရင်တော့ ဟီး ။ ( ပလူပလူ ) ။ မီး တို့ ကြည့်ရတာ လည်း တိုးတတ်နေပါပီ ။ ဘဘကြီးတွေ ပြောနေရာရေ ။ အမွှေး ဘလပွ ကောင်တွေ ရုပ်ဖြတ်ထားတဲ့ ကောင်တွေနဲ့  မီးတို့ တွေ ချတော့ ၀ တို့ တောင်အနေကျုံ့ တယ်လေ ။ ၀ တို့  စီရုတ်တွေလည်း ဘယ်ရမလည်း မရှိ့  ရှိ့  တဲ့ အမွှေးအကုန်ရှင်း ရှော်လင်ကွန်ဖူး လုပ်တော့ တာပေါ့ ။ ၀ တို့ နေတတ်ပါတယ် ။ မီးတို့  မြန်မာ တွေ ဆက်သွယ်ရေးကောင်းအောင် GSM / CDMA ထုတ်ပေးတယ်ရေ ။ မီးတို့  သုံးနေတဲ့  HUAWEI ဖုန်းက ၀တို့  ထုတ်တာရေ ။ မီးတို့ မယုံ မှာစိုးလို့  တစ်ရုတ်စာတောင် ထည့်ပေးလိုက်တယ်ရေ ။ လာမယ် လာမယ် မီးတို့  မြန်မာတွေ တီရုတ် စကားတင်ထားတော့ ။ မီးတို့  မယ်တော် တောင် ၀တို့  ကို အားကိုးလာပီ ရေ ။ မီးတို စက်မှု့  နိုင်ငံ လုပ်မယ်ချို တီရုတ် စကားသာတင်ထား ။ မီးတို့  တီရုတ်စကားတတ်တော့ ၀ တို့  စေတနာကို မီးတို့  နားလည်မရေ ။ ၀ တို့ ကမီးတို့ ကို စေတနာ တွေထားပါရယ် ။ မီးတို့  ၀ တို့ စေတနာ နား လည်အောင် ကောင်မလေးလှလှ လေးတွေ နယ်စပ်မှာ ၀တို့  ၀ယ်နေတာ တိရား ။ ၀ တို့ နဲ့  မီးတို့ က ပေါက်ဖာကြီးတွေပါ ဟာ ။ မီးတို့  မြန်မာပြည် အမြန်တိုး တတ်အောင် ၀ တို့  မီးခိုးတောက်ရှောက် ကူညီနေတယ်ရေ ။ ၀ယ်အုန်းမှာ တောင်တွေ ။ မီးတို့  ဘာကြောကြော ၀ တို့  စေတနာကို တောင်စောင့် နတ်ကြီး တိပါတယ် ။ ဟီး ဟီး ။ ( စိတ်ပေါက်ပေါက်နဲ့  ရေးထားချင်းပါ ။ သရော်စာအနေနဲ့  ဖပ်ကြည့်စေချင်ပါတယ် ။ )

Sunday, November 3, 2013

လူတိုင်းမှာ အစွမ်းအစ တွေရှိ့ ကြပါတယ် ။ မမြင်နိုင်တဲ့  အစွမ်းအစတွေပေါ ဗျာ ။ အတတ်ပညာတိုင်း မှာလည်း ငါသိငါတတ် ဆိုပီး မန်တတ်နေဘို့  မလိုပါဘူး ။ မထင်မှတ်တဲ့ သူတိုင်းမှာ ကိုမတတ်တဲ့  ပညာတွေ ရှိနေတတ်ကြပါတယ်။ ကလေးကလေး အထင်မသေးနဲ့  ကလေးကြီးရင်လူကြီး ဖြစ်တယ် ။ လူကြီးဖြစ်ရင်စားမယ် ၀ါးမယ်ပေါ့ ဗျာ ။ ခေတ်ကကြီးက ကလေးတွေ စီက ပြန်သင်နေရပါပီ ဗျ ။ ကျုပ်တို့  ငယ်ငယ်တုန်းက ဆို TV တောင်ကောင်းကောင်း မဖွင့်တတ်ကြ ပါဘူး ။ အောက်စက် ဆိုဝေး ။ ကျုပ်ကို တောကျတယ် ပြောကြပါစေ ။ ကျုပ်အသက် ( ၂၀) ကျော်မှ အောက်စက် မြင်ဘူးတာ ဗျ ။ တော်တော် နိမ့်ကျခဲ့ ပါတယ် ။ ကျုပ်တင် မဟုတ်ပါဘူး ။ ကျုပ်တို့  ရဲ့ အဘိုးအဖွားတွေ ဘယ်လောက်သနားဘို့  ကောင်းလိုက်သလည်း သေသာသွားကြတယ် TVမမြင်ဘူးကြဘူး ဗျ ။ ဓါတ်ရှင် ဓါတ်ရှင်နဲ့  ကြည့်ခဲ့ ကြတာကိုး ။ ပိတ်စအဖြူ ကြီးကို မီးစလိုက်နဲ့  ဇကောလောက် အခွေကြီးတွေနဲ့  ကြည့်ခဲ့  ရတဲ့ခေတ်တဲ့ ဗျာ ။ သူတိုမှာ အရမ်းထူးဆန်းခဲ့  ကြတယ် ။ ပြောလို့ မဆုံးနိုင်အောင်ပါပဲ ။ ရေဒီယို ဆိုလည်း တစ်ရွာလုံး စုပီးနားထောင်ခဲ့ ရတဲ့ ခေတ် ဗျ ။ အမျိုးသားရေးစိတ်တော့ ပြင်းထန်ကြတယ် ဗျာ ။ ရေဒီယို တစ်လုံး တစ်ရွာလုံးနားစိုက်ထောင်ကြရင်း ။ မြန်မာများ ဂိုးပီဆို ဂျွန်းတောင် ထိုးကြတယ် ဆိုပဲ ။ ဒါတင်မကကြပါဘူး မြန်မာအသင်း အညစ်ခံရပီဆို မမြင်ရပဲ သူတို့ မှာဒေါသတွေ အလိပ်လိုက် ။ ရေဒီယို ပဲရိုက်ခွဲတော့ မလို တစ်ဒုန်းဒုန်းတစ်ဒိုင်းဒိုင်း တောက်တစ်ခေါက်ခေါက် ဗျ ။ မမြင်ရပဲ အမျိုးသားရေးစိတ်ရှိ့ ခဲ့ ကြတာ် ဗျ ။ ကျုပ်တို့  ဘိုးဖွားတွေ ဘယ်လောက်သနားဘို့ ကောင်းလိုက်ကြသလည်း ။ ရေဒီယို လေးအသံထွက်တာ အထူးအဆန်းလုပ်ပီး လာကြည်လိုက်ကြတာ ။ ချီးမွန်းလိုက်ကြတာ ။ တော်တော် ခေတ်မမှီ ခဲ့ ကြသူတွေ ပါ ။ ခုဆိုခေတ်တွေက တစ်အားတတိုး တတ်လာပီ ဗျ ။ လူတိုင်းမှာ လုပ်ပိုင်ခွင့် တွေရလာကြပါပီ ။ ရဲရဲ တင်းတင်း လုပ်ကြပါ ။ မရှက်ပါနဲ့  မကြောက်ပါနဲ့  ။ မဟုတ်တာလုပ်ကြ သူတွေသာ ရှက်စရာကောင်းပါတယ် ။ မှန်တယ်ထင်ရင် လုပ်ကြပါ ။ လူတိုင်း မှာအစွမ်းအစတွေ ရှိကြပါတယ် ။ ဟို တုန်းကာ သူဌေးကြီးတစ်ဦး ရှိတယ် ဗျ ။ သူကတစ်ယောက်ထဲ နေတာ ဆိုတော့ အထီးကျန်တာပေါ့ ဗျာ ။ အမွေ ဆက်ခံ မဲ့ သားမြေး မျိုးဆက်ကလည်း မရှိ့ ဆိုတော့ ။ သူရဲ့  ကြွယ်ဝချမ်းသာ ချင်းက အချင်းအနှီး ။ ခြံကြီးကလည်း အကျယ်ကြီး ပေါ ဗျာ ။ တစ်နေ့  သူစဉ်းစားတယ် ဗျ ။ သူရဲ့ အမွေ တစ်ချို့ တစ်ဝှတ်ကိုယ် ထိုက်တန်တဲ့  သူကို သူပေးမယ်လို့  ဆုံးဖြတ်လိုက်တယ် ။ သူတို့  မြို့ ပေါ်က ဆင်းရဲ ချမ်းသာ လူအကုန်လုံး ကို သူ့ ခြံထဲမှာ ပါတည်ပွဲပေး ဘို့  ဖိတ်ခေါ်တယ် ဗျ ။ သူဌေးကြီးရဲ့  ပါတီပွဲဆိုတော့ အစားအသောက်ကအစုန် ။ ကြီးကျယ်ခန်းနားတဲ့ ပါတီပွဲဆိုလည်း မမှားဘူးပေါ့ ဗျာ ။ ညနေဆောင်းတော့ သူဌေး ကြီးက သြ၀ါဒ စကား အဖွင့် အမှာစကားပြောတယ် ဗျ ။ လူအားလုံး ကိုဖိတ်ခေါ်လိုက်တယ် ။ သူရဲ့  ခြံနောက်ကို ပေါ့ ။ ရေကန်ကြီးပေါ့ ဗျာ ။ ရေကန်ကြီးက မထူးဆန်းသလိုပါပဲ ။ ထူးဆန်းနေတာက သူဌေးကြီး လတ်ထဲမှာ အမဲသားတွဲ တွေ ။ လူတွေကတော့ ဘာထူးမှာလည်း ။ သူဌေးကြီးနောက် လိုက်လာကြတာပေါ့ ။ ကန်ကြီး အစပ်နားရောက်တော့ သူဌေးကြီးက အမဲသားတုန်းတွေ ပစ်ချ လိုက်တယ် ဗျ ။ အမဲသားတုန်းတွေကို သုံးဆောင်နေတာ ကာ များစွာသော မီးချောင်းတွေ ။ အများကြီး ။ လူအားလုံးက မျက်စိပြူးတာပေါ့ ။ မီးချောင်းတွေ အဲလောက်အများကြီး သူဌေးကြီး ဘာလို့ မွေးထားသလဲ ပေါ့ ။ သူဌေးကြီး က ဒီကန်ကိုယ် ဖြတ်ကူးရဲတဲ့ သူကို သူ၏ပိုင် ဆိုင်မှု ထဲက လိုတာတောင်းယူနိုင်ကြောင်း စိမ်ခေါ်လိုက်တယ်လေ ။ နှစ်ခါစိမ်ခေါ် တော့လည်း ဘယ်သူမှ မရှိ့ ။ သူရဲကောင်း ဘယ်လုပ်ရဲမလဲ ။ အရိုးတစ်ချား အသားတစ်ချား ဖြစ်မဲ့ ဟာတော့ ဘယ်သူကရင်းရဲ မလည်း ။ ဘယ်သူမှ မထွက် ။ နောက်ဆုံးအကြိမ်ထက်ပြောတော့ လည်း ဘယ်သူမှ မထွက် ။ တိတ်ဆိတ်နေစဲ ။ကဲရပါပီ အားလုံး မကျိုးစားရဲရင်ပါတီ ပွဲအစားအစာ သုံးဆောင်ဘို့  ဖိတ်ခေါ်ပါတယ် ။ နောက်ကြောင်းပြန်အလှည့် ၀ုန်းကနဲ ဆို ကန်ထဲ လူတစ်ယောက် ကျသွားလေ ရဲ့  ။ မီးချောင်းတွေက ၀ိုင်းလိုက် လူကကူးလိုက် ။ သဲထိတ်ရင်ဖို ။ လူတွေဝိုင်းကြည့် နေကြတာကိုး ။ ရေးကူးရင်းကူးရင်း ကမ်းစပ်ရောက်သွားပါရော ။ မီးကျောင်း တွေ ရန်ကလွတ်ပီ ဆိုပါတော့ ။ အဲဒီမှ သူဌေးကြီး က ကြောက်ကန်မောဟိုက်နေတဲ့ လူငယ်လေးကို သွားမေးတော့ တာပေါ့ ။ အသင်ကလူစွမ်းကောင်း သင့်ကိုချီးကျူးပါတယ် ။ သင်ကျုပ်စီက လိုအပ်တာ တောင်းနိုင်ပါ ပီ ။ လူငယ်လေးက ဒေါကြီးမောကြီး နဲ့  ပြောလိုက်တာပေါ့ ။ သူဘာမှမလိုဘူး ။ ရျွှေမလိုဘူး ငွေမလိုဘူး ။ လူဘ၀မှအရေးကြီး တာ အသတ်။ အသတ်ကိုရင်းပီး ဘယ်သူကမိုက်မဲ ချင်မှာလည်း ။ သူ ခုအချိန်မှာ သူလိုအပ်တာ အသိချင်ဆုံးက သူကို့  ကန် ထဲတွန်းချတဲ့ သူတဲ့ ဗျာ ။ ပုံပြင်လေးက အဲဒါပါပဲ ။ သိတ်တော့ မထူးဆန်း ပါဘူး ။ လူတိုင်းမှာ ကိုပိုင်အစွမ်းအစ တွေရှိ့ကြပါတယ် ။ ထုတ်မသုံးကြတာ ပါ ။ တိမ်ပြောက်နေကြတာပါ ။ ထုတ်မသုံးပါများရင် လူက ငတုန်းဖြစ်ရော ဗျ ။ ကြာတော့ ကို့ ကိုယ်ကို အထင်သေး လာတတ်ကြပါတယ် ။ ကိုယ်ပိုင်အရည်အသွေးတွေ ကို ထုတ်သုံးကြပါ ။ ဘာမှမကြောက်ကြပါနဲ့  ။ ဘာမှ ကြောက်ရမဲ့ ခေတ်မဟုတ်တော့ ပါဘူး ။ လူတိုင်းမှာ သူကျွမ်းကျင်ရာ အတတ် ပညာ အရည်အချင်းတွေ ရှိ့  ကြပါတယ် ။ ထုတ်သုံးကြပါ ဗျာ ။ မသွေးပဲထားတဲ့ ဒါး တုန်းပီး ဘာမှသုံးမရတော့ပါဘူး ။ လူတွေရဲ့  ဦးနှောက်အရည်အသွေးတွေလည်း မသုံးပဲထားရင် တုန်းအသွားတတ်ကြပါတယ် ။ ကျိုးစားကြပါဗျာ ။