Monday, January 20, 2014

ကျွန်တော်က အတင်းထောက်ရတာ ( အဲ ) သတင်းထောက်ရတာ ၀ါသနာပါတယ် ဗျ ။ အရမ်းအမေးအစမ်း ထူတာ ဗျ ။ လတ်ကားယား ခြေကားယားပေါ့ ဗျာ ။ ကျွန်တော်ရဲ့  ၀ါသနာ စပ်စုတတ်တာကို စိတ်စွဲတော့ အိမ်မတ်တတ်ပါရော ။ ဆောင်းတွင်းအိမ်မတ်ဆိုတော့ ဟိုမတ်ဒီမတ်ပေါ့ ဗျာ ။ - - - - - - - အိမ်မတ်ထဲမှာ ဗျ ကျွန်တော်က သတင်းထောက်ကြီး ။ အိမ်မတ်ကလည်း ခေတ်နောက်ကျတယ် ဆိုပါတော့ ။ အိမ်မတ်ပဲ ဗျာ ။ အပူအပင်တော့ ဘယ်ရှိ့ မလဲ ။ ကျွန်တော်က အိမ်မတ်ထဲမှာ သတင်းထောက် ဆိုတော့ အသံဖမ်းစက်ကြီး တစ်ကားကား နဲ့  ဗျ ။ ကင်မလာ ကြီးတစ်ဖြမ်းဖြမ်း မဲမဲ မြင်ရာလျှောက်ရိုက်နေတာ ။ အထင်မမှားနဲ့  နော် ဟီးဟီး ။ အဲဒါနဲ့  ကျွန်တော် အင်းစိန် ထောင်ဘူး ၀ကို ရောက်ရော ဗျ ။ ဆရာ ကျွန်တော် ထောင်သားတွေ သတင်းလေး နဲနဲ လို ချင်လို့  ပါပေါ့ ။ ထောင်ဘူးဝ စောင့်တဲ့ ရဲ ကြီးကို ပြောရော ။ ရဲကြီးကလည်း နဲနဲ တော့ အစ်လိုက်သေးတယ် ဗျ ။ ဘာလုပ်မလို့ လဲ ။ ပါလာတဲ့ ပစ်စည်းတွေလဲ ဟိုကြည့် ဒီကြည့် မမြင်ဘူးတဲ့ အတိုင်း ။ ကျုပ်ကင်မရာ ကို လည်း အမြှောက်မှတ်နေလားမသိ ဗျာ စစ်လိုက်တာ ။ ကောင်မလေးသာ ဆို ကိုဝန်ရလောက်တယ် ဗျ ။ အိမ်မတ် ထဲမှာနော် ။ အဲဒါနဲ့  ကျွန်တော်ကလည်း ခါးခြားက ပါတဲ့ အလိပ်ကလေး ဗျ သူ့ လတ်ထဲ ထည့် ပေးလိုက်ရော ။ သူကလည်း ပြုံးသွားတယ် ။ သွားတဲ့ - -- ။ သွားခွင့်ပြု့ လိုက်ရော ဆိုပါတော့ ။ အထဲရောက်တော့ အဆင့်ဆင့်ဗျ ။ ကျုပ်ကလည်း နပ်သွားပီလေ ။ အလိပ်ကလေးပဲ ပေးလိုက်တယ် ။ စကားရှည်ရှည် မပြောတော့ဘူး ။ ကျွန်တော်က သတင်းရေးချင်တာကိုး ။ အထဲရောက်တော့ ထောင်မှူး နဲ့ တွေ့ ရော ဗျ ။ အဲဒါနဲ့  ကျွန်တော်လည်း လွတ်လွတ်လပ်လပ် မေးချင်ရေးချင်တာနဲ့  အလိပ်ကလေး ထပ်ပေးလိုက်တာပေါ့ ။ x------x အဲဒါနဲ့  သတိုင်ကြားက ထောင်သားတွေကိုလိုက်မေးမယ်ပေါ့ ။ ပထမဆုံး စတွေ့ တာ အမှု့ လေး ပေါ့ ဗျာ ။ ကောင်လေး က ကုတ်ချောင်းချောင်း ဗျ ။ လူပုံကတော့ သူခိုးရုပ်ကလေး ဗျ ။ စိတ်ဝင်စားတာနဲ့  သွားမေးရော ။ ကျွန်တော်က ခိုးမှု ပါတဲ့ ။ ဘာခိုးလို့ လဲ ပေါ့ ။ သတင်းထောက်ဆိုတော့ သေချာမေးရတယ် ဗျ ။ စေ့စေ့ စပ်စပ်မေးရတယ် ။ ကျွန်တော်သွားတုန်းက မိန်းမခိုးမလို့  ဗျ ။ ကျွန်တော်ကောင်မလေးဘတ်က ချမ်းသာတယ် ။ ကျွန်တော်ကို သဘောမတူကြဘူး ဆိုပါတော့ ။ ကောင်မလေးက လည်းကျွန်တော်ကိုချစ်တော့ ခိုးပြေးဘို့ ဆုံးဖြတ်ကြရော ။ ချိန်းတဲ့ညမှာကောင်မလေး သွားခိုးတာကိုး ။ ခိုးမဲ့ည မှာကျုပ်တို့ အစီအစဉ်တွေ သူ့ အဖေက ကြိုသိပီး စောင့်ဖမ်းကြရော ။ ခုခေတ်လို တယ်လီဖုန်းတွေမပေါတော့လည်း စာနဲ့ ချိန်းရတာ ဗျ ။ သူအဖေကြီး သိပီး သူခိုးလုပ်ပီးကျုပ်ကိုစောင့် ဖမ်းကြရော ။ သူကပဲတရားလိုလုပ်ပီး ဖမ်းတော့ တရားသူကြီးကလည်း ငွေများတရားနိုင်လားမသိပါဘူး ။ ကျုပ်ကို သူခိုး ဆိုပီးထောင်ချရောပေါ့ ။ ပြသနာမရှိ့ ပါဘူး ။ ကျုပ်ကောင်မလေးကတော့ သူအဖေ သဘောတူတဲ့ သူနဲ့ ပေးစားလိုက်ပီ ။ ကျုပ်လည်း သူကိုသတိရတိုင်း ဟိုသီချင်းလေး ဆိုမိတယ် ဗျ ။ ( တရားမျှတ လွတ်လပ်ချင်းနဲ့  မသွေ ဒို့ ပြေ ဒို့ မြေ ) ဆိုပီး ဆိုမိပါတယ် ။ ကျွန်တော်လည်း သူခိုးလေးပြောတာ နားထောင်ပီး ၀မ်းနည်းပါတ်လတ် နပ်ချီးတွေ အလိတ်လိုက် ထွက်ရင်း ဟန်မဆောင်နိုင်ပဲ ငိုမိပါရော ။- - -- အရမ်းကြေကွဲ စရာကိုး -- --။ နောက်တစ်ရောက် ၀င်မေးရော ဗျ ။ သူက လူမိုက်ရုပ်ဗျ ။ လူသတ်မှု့ လားပေါ့ ။ စိတ်ဝင်စားရော ဗျ ။ အဲဒါနဲ့ မေးမိပါရော ။ အကိုက ဘာအမှု့ လည်း ။ ကျွန်တော်က ကရင် သူပုန်ပါ ။ ကျုပ်တို့  တိုင်းရင်းသားတွေ အတွက်ကျုပ် ကာကွယ်ရင်းအဖမ်းခံရတယ်လေ ။ စစ်သားတွေ ကျုပ်တို့ ရွာသူ ကိုစော်ကားတာ မကြည့်ရက်လို့  ကျုပ်ထွပ်တိုက်တာ ဗျာ ။ သူတို့ က လူများတော့ ကျုပ်အဖမ်းခံရတာပေါ့ ။ ကျုပ်လည်း သူပုန်ဆိုပီး ထောင်တစ်သတ်တစ်ကျွန်း ချလိုက်တယ် ဗျ ။ ကျုပ်ဝမ်းမနည်းပါဘူး ။ ကျုပ်တို့ လိုချင်တာ ပြည်တွင်းက ပြည်သူ တွေငြိမ်းချမ်းသလို ။ ကျုပ်တို့ တိုင်းရင်းသားတွေ လည်း ငြိမ်းချမ်းစေချင်တာ ဗျ ။ ကျုပ်ညတိုင်း နားထဲကြားရောင်နေတာ ဗျာ -- --( များလူ ခတ်သိမ်းငြိမ်းချမ်းစေဘို့  ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ ပြေ ) ကျုပ်တို့ တိုင်းရင်းသား ကလေးငယ်တွေမြင်တိုင်းကြားရောင်မိတယ် ဗျ ။ အော် ကျွန်တော်လည်း တိုင်းရင်းသား ကြီးအသံကြားရတာ ၀မ်းနည်းမိပြန်ရော ။ အဲဒါနဲ့  နောက်တစ်ရောက် ဗျ ။ သူကတော့ ထူးခြားတယ် ။ သားသားနားနား ဗျ ။ အင်စိန်ထောင်ထဲက ထောင်သားတွေ သူလုပ်စာ ထိုင်စားနေတဲ့ ရုပ်မျိုး ။ စိတ်ဝင်စားတာကိုး ။ တန်းစီး ဖင်ပိန်လား မသိဘူးပေါ့ ။ သူကလည်း ပေကမ်းကမ်း ဗျ ။ သိချင်တော့ လည်း ကြောက်ကြောက်နဲ့  ၀င်မေးရော ။ အန်ကယ်က ဘာအမှု့ နဲ့  ဘယ်လောက်ကျတာလည်းပေါ့ ။ သူကအသံသြသြ ကြီး ဗျ ။ အလွဲသုံးစားမှု့  ။ ဘာကိုလုပ်တာလည်းပေါ့ ။ သိချင်တာကိုး ။ သူကလည်း ခတ်တည်တည် ပဲ ။ မင်းငါကို မြင်ဖူးဘူး လား ။ ကျုပ်ကလည်း အမှန်အတိုင်းပဲ ။ မမြင်ဘူးပါဘူး ။ အေး ငါက ဟိုတုန်းက ၀န်ကြီးကွ ။ ဟိုတုန်းက ဘာကြီးဖြစ်ဖြစ်ခုထောင်ထဲမှာလေ ။ နိုင်ငံတော်ငွေ အလွဲသုံးစားမှု့ တဲ့ ဗျာ ။ သူပဲမကြောက်မရွံ့  ဗျာ ပြည်သူပိုင် ပစ်စည်းပဲ အလွဲသုံးစားလုပ်ရတယ်လို ။ ကျုပ်ကစိတ်ထဲ အဲလို တွက်ရုံရှိ့ သေး ။ သူကသိတဲ့ အတိုင်း မင်းတို့ ပြည်သူတွေ ဘာတွေသိလို့ လဲ ။ ငါတစ်ယောက်ထဲမဟုတ်ဘူး ။ အများကြီးပဲ လုပ်နေကြတာ ။ ငါညံ့ လို့  ငါခံ၇တာ ကွ ။ အော် အပြင်မှာ သူ့ လို့ လူတွေ အများကြီးပဲတဲ့ ။ နုင်င့တော် သီချင်းမှာတောင် ပါသေးဗျာ - - ( ပြည်ထောင်စု အမွေအမြဲ တည်တံ့  စေ အဓိဌန်ပြု မလေ ထိမ်းသိမ်းဆို့ လေ ) ။ သူကိုတော့ မသနားဘူး ဗျ ။ပြည်သူအမွေ သယံဇာတပဲ အလွဲသုံးစားလုပ်ရတယ်လို့  ဗျာ ။ ကျုပ်လည်းကျောခိုင်းပီး ပြန်မယ်လုပ်တော့ xxxxxx - - -- ကမ္ဘာ မေၾက ကမ္ဘာ မေၾက ဆုိပီး နိုင်ငံတော်သီး ချင်းကိုကြားတော့ ကျုပ်လည်း လန့် နိုးလာာပါတယ် ။ ကျုပ်ဖုန်း ရိမ်းတုန်း နိုးစက်က ကမ်ဘာ မကြေ နိုင်ငံတော်သီချင်း ဗျ ။ နာရည်ကြည့် တော့ ၇း၀၀ ကျုပ်လည်း စောသေးတာ နဲ့  မှေးရင်း စင်းစားနေမိတယ် ။ အိမ်မတ်နဲ့  မြန်မာနိုင်ငံ နိုင်ငံတော်သီချင်း ရဲ့  ကမ်ဘာ မကြေ ဆိုတဲ့ အပိုဒ်ကို တွေးနေမိတယ် ။ ဘယ်ကမ်ဘာ ကိုမကြေ ခဲ့ လည်းမသိပါဘူး ဗျာ xxxxxxxxxxxxx။


Thursday, January 16, 2014

ရန်ကုန်မှာ နေပါများတော့လည်း ဗျာ --ကား ကြပ်ကြပ်မှာ တွယ်စီးတတ်လာပီ ခိုးစီးတတ်လာပါပီ ။ လူကြပ်ကြပ်မှာနေရသလို အခန်းကြပ်ကြပ်မှာ အိပ်တတ်လာပါပီ ။ ထူးခြားတာက အဆောင်မှာရေချိုးရဲလာပါပီ ။ လူတောသူတော စကားပြောရဲလာသလို လူပါးလဲဝလာတာကိုး ။ ရွာမှာဆိုရင်တော့ ဗျာ -- လူကြားထဲ စကားဝင်မပြောရဲဘူး ဗျ ။ လူတောမတိုးရဲ ဘူးပဲပြောကြပါစေတော့ ။ သ၊ီချင်းကတော့ ဆိုရဲတယ် ။ လူတော့ထဲစကားဝင်မပြောရဲ တဲ့ဆိုးကျိုးကတော့ ဗျာ စကားပြောရမှာကြောက်တတ်လာပီး စကားတွေ ထစ်လာတတ်တယ် ဗျ။ ပြောရဲဆိုရဲ ရှိမှလည်း စကားမထစ်တော့ မှာ ။ ရန်ကုန်မှာ နေတာတစ်လ လောက်ပဲရှိသေးတယ် လူကတော့ ဘာမှဖြစ်မလာဘူး ဗျ ။ စက်မှု့ ဇုန်ထဲတော့ သွားတတ်လာတတ်နေပါပီ ။ အင်တာ ဗျူးမေးတဲ့ မန်နေဂျာတရုတ်ကြီးတွေရဲ့  မေးခွန်းကိုမထစ်မငေါ့ ဖြေတတ်ပီ ။ လူက ကြွဆောင်းဆောင်းနဲ့  ရွာစရိုက်ပြောက်ပီး ပဲများတတ်လာခဲ့ပီ ။ ပါတ်ဆံကတော့ မရှိ့  ။ ဒီလိုပါပဲဗျာ ။ လူဆိုတာ ရှိ့ တာလေးနဲ့  ရောင့်ရဲပီး နေတတ်ရင်လူဖြစ်တာပဲနော့ ။ ထားပါ အလုပ်မရှိ့  အလုပ်မရလို့  ပါတ်ဆံမရပေါ့ ။ ဘ၀ထဲ အကြာကြီးနေရအုန်းမှာပဲ အေးအေးဆေးဆေးပေါ့ ။ ဆားပလင်းနှင်းမောင် လိုဆေးပြင်းလိပ်ကြီးဘေးတစ်ဆောင်းကိုက် ၀င်းဦးလို ဟားတိုက်ရယ်လိုက်ချင်ပါတယ် ။ အလုပ်က လိုက်လေပြေးလေ ဗျ ။ အလုပ်နောက်လိုက်တော့ မရဘူးဗျ ။ မလိုက်ပဲနေတော့လည်း အဆောင်သူငယ်ချင်းတစ်ယောက်ရဲ့  စက်ရုံက လူလိုတယ်တဲ့ ။ လိုက်ပေါ့ ။ တစ်ခါတည်း ခန့် တာ ဗျ ။ အမွှေးတိုင် ဖရောင်းတိုင်စက်ရုံပေါ့ ။ ၀င်းဝင်း စက်ရုံ ဗျ ။ အကြမ်းသမားပေါ့ ။ တစ်နေ့  ၁၂၀၀ နေ့ စား အစမ်းခန့်  တစ်လ တဲ့ ဗျ ။ အလုပ်မရှိ့ တာနဲ့  စာရင်အလုပ်ရတယ်ပေါ့ ။ လမ်းလျှောက်ရတာတော့ ဝေးလိုက်တာ ဗျာ ။ အဆောင်နဲ့ ဆို ( ၂ ) မိုင်လောက်ရှိ့ တယ် ။ တစ်ခါတစ်ခါလည်း အမေ့ကိုတမိပါတယ် ။ ရွာမှာ လယ်ထွန်တာက ခရီးနီးတော့မသိသာပါဘူး ။ စက်ရုံကတော့ ဝေးတော့ လမ်းလျှောက်ရတာ သိတ်ပင်ပန်း ။ အလုပ်က ပြန်လာရင်ဘာမှမလုပ်ချင်လောက်အောင် ။ လူက ပြင်းလို့ လားမသိပါဘူး ။ ဒါပေမဲ့ ကျုပ်စားစရိတ်နဲ့  ကျုပ်ဘ၀တော့ ရပ်တည်နိုင်တယ်လေ ။ အိမ်ကိုတော့ ပါတ်ဆံပို့ ဘို့ နေနေသာသာ မိန်းကလေးဆို ဖာဖြစ်မဲ့ လစာလေဗျာ ။ ထားပါ မြန်မာပြည်ရဲ့  အစိုးရကလည်း အလုပ်သမားဘတ်က မရပ်တည်ခဲ့ တာကိုး ။ အလုပ်သမားတွေ ရုပ်ရုပ်လုပ်မှ အလုပ်သမားရေးရာတွေလာပီးပွစိ ပွစိ ပြောပီး ပိးသွားတာပါပဲ ။ ၂ကျပ်တိုး ၃ကျပ်တိုးပေါ့ ဗျာ ။ ကျုပ်မကောင်းပြောတာ မဟုတ်ဘူး ဗျ ။ တစ်ကယ်ဖြစ်နေတာ ။ အလုပ်သမားတိုင်းသာ အခွင့်အရေးအပြည့်အ၀ ရခဲ့ရင် မြန်မာပြည် မာဆတ်တို့  KTV ဘယ်ပေါ်တော့ မလဲဗျာ ။ ခေတ်ကကို ဖာခေတ် ဖြစ်နေတာ ။ ထားပါ ။ ရတဲ့လစာလေးနဲ့  နေလာပီး ဟိုဟာပေါင်ဒီဟာပေါင်နဲ့  အဆောင်ခလေး ပေးပေါ့ ဗျာ ။ ဒါပေမဲ့ ကျုပ်ကံဆိုးလာခဲ့ တယ်ဆိုပါတော့ ။ စက်တင်ဘာ ရွှေဝါရောင်သံဃာ အရေးအခင်းဆိုတာကြီးပေါ်လာရော ဗျ ။ အလုပ်တစ်ဖပ်နဲ့  ဆိုတော့ လည်း ပေါက်ပေါက်၀၀တော့ ကြားတာပေါ့ ။ ရန်ကုန်မှာတော့ အစိုးဆုံးပေါ့ ။ ဆူးလေ မြို့ ထဲဘတ်ပေါ့ ဗျာ ။ ကျုပ်တို့ က လှိုင်သာယာဆိုတော့လည်း ဝေးတယ်ဗျ ။ ဒါပေမဲ့ ဘုရင်နောင် တံတား အောင်ဇေယျ ကြိုးတံတား ရွှေပြည်သာ တံတားတွေက (၁၀)နာရီ ကျော်တာနဲ့  စစ်သားတွေအပြည့်  ။ ကျုပ်တို့ အလုပ်သမားတွေက ဘာမှမသိဘာမှမဟုတ်ပဲ အလုပ်နားရတယ်ဗျ ။ စက်ရုံတွေဆူပူမှာဆိုးလို့ ထင်ပါတယ် ။ ကုန်ဈေးနုန်းကြောင့် ဖြစ်ခဲ့တဲ့ရွှေဝါရောင်တော်လှန်ရေး ကျုပ်တို့ က အလုပ်မရှိ့ တော့ နေ့ စားခက တစ်ဝတ်တဲ့ ဗျာ ။ ဘယ်လိုလုပ်ပမလဲ ။ တစ်ရက်နဲ့ လည်းမပီးတော့ ရွာပြန်ပီးပါတ်ဆံယူဘို့  ဆုံးဖြတ်တာပေါ့ ။ အကိုကလည်းအလုပ်နားတယ်လေ ဗျာ ။ အကိုအလုပ်က ၀မ်းတီး စက်ရုံဗျ ။ တစ်နေ့  ၁၂၀၀ ။. အကိုက စီးပွားစီမံနဲ့  ကျောင်းပီးထားတာ ။ လုပ်ရတဲ့ အလုပ်က ဘွိုင်လာ ထင်းမီးထိုး ။ ကောင်းရောပေါ့ ဗျာ ။နေ့ စားခက ၁၂၀၀ နေစားလရှင်းတဲ့ ဗျာ ။ သန်းရွှေခေတ်ကြီး ဗျ ။ ဒါပေမဲ့ လူတစ်ယောက်ထမင်းစားဘို့  ကို့ ဘ၀ ကိုယ်ရပ်တည်ရမှာလေ ။ အလုပ်ရ


Wednesday, January 8, 2014

ကြက်ဖ ကြီးက ကြက်မကြီးကိုပြေးခွပ်လိုက်တယ် ---- အောက်အီး ----အစ် --ဗွတ်-။ ကြက်မကြီးက လည်း----ကတော် --ကတော် ကတော်နဲ့  -ကြက်ပေါက်ကလေး ပြေးခွပ်လိုက်တယ် ဗျ ---။ ကြက်ပေါက်ကလေး ကလည်း ပိညှပ် ပိညှပ် ---နဲ့  အနားမှာရှိတဲ့  ပိုးကောင်လေး ကို ကောက်စားလိုက်တာကိုး - -- -သို့  လော --သို့ လော သို့ လော-- ။ အဆင့်ဆင့် ဆင့် ချစား ကြီးနိုင် ငယ်ညှင်း ဖြစ်နေတဲ့  သဘာဝတရားကြီး ထဲမှာရှင်သန်နေထိုင်နေတဲ့ သတ်ရှိ့ တွေရဲ့  လျှင်သူစားစတန်း စရိုက်တွေက သက်ရှိ့ တွေရဲ့ စရိုက်တွေ ပါ ။ ဘယ်သတ်တ၀ါ ကြည့် ကြည့် လျှင်သူစားနေကြတာပါပဲ ။ ရှင်သန်ဘို့ အတွက် ရုန်းကန်နေကြတဲ့ သဘာဝ လောကမှာ ခွန်အားရှိ့ သလောက် အားရှိ့ သလောက် အာဏာရှိ့ သလောက် ဥဏ်စွမ်းရှိ့ သလောက် ရုန်းကန်လှုပ်ရှားနေကြမှာ မလွဲပါ ။ အားလုံးက သတ်ရှိ့ တွေလေ ။ မိသားစု သားသမီး ဆွေမျိုး အသိုင်းအ၀ိုင်း အတွက် အာဏာက မတ်မောမှု့ ဆိုလည်း မမှားဘူး ဗျ ။ ကျုပ်တို့ နိုင်ငံ ဆိုရင် စကားတွေ ကြွယ်တော့ အများကြီးပါ ။ ဆွေဂုဏ် မျိုးဂုဏ် အာဏာလေးများ ရှိ့ ရင် ဆွေမျိုးကြားမှာ မျက်နှာရသလို လူတိုင်းက ခေါ်ချင်ပြောချင် ဗျ ။ ဂုဏ်ဒြပ် ဂုဏ် ဆွေရှိမှ အမျိုးတော်ကြတဲ့ ခေတ်ကြီးလိုပါပဲ ။ ပါတ်ဆံချမ်းသာ ကြွယ်ဝသူ နာရေး မှာ သေတာတောင် မျက်နှာလုပ်ချင်သူတွေအများ ကြီး ဗျ ။ လမ်းဘေးနေတဲ့ ကောင် သေကြည့် မြေချမည်သူတောင်မရှိ့  ဗျ။ နာရေးအဖွဲ့  တွေပေါ်လာမှ အားကျတယ် ထင်ပါရဲ့  ။ မသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဆိုပီး လိုက်ပို့ လာကြတာ ။ လူ့ လောက ကြီးကလည်း တစ်ခါတစ်လေများ စိတ်ပျတ်စရာ ကြီးနော် ။ ကျုပ်တို့ မြန်မာ လူမျိုးတွေ အရိုးစွဲနေတဲ့ အရူအစ မတူမတန် ဆတ်ဆန်ချင်တဲ့ စိတ်ဓါတ်တွေကြား မှာ နိုင်ငံရေးသမားတွေက ဒီမိုကရေစိ ဆိုတာ တောင်းကြရော ဗျ ။ စစ်အစိုးရခေတ်ကတော့ ချမှတ်ထားတဲ့ ဥပဒေတွေက များတော့ ထောင်ကျပေါ့ ။ ယုံကြည်မှု့ အတွက် ထောင်ကျခံခဲ့ ကြတယ် ။ ကိုပိုင်လွတ်လပ်ခွင့် ဒီမိုကရေစီပေါ့ ဗျာ ။ အစိုးရအနေနဲ့  ချမှတ်ထားတဲ့ ဥပဒေ တွေကလည်း လူတစ်ရောက် အိပ်နေရင်းတောင်ထောင်ချ လို့ ရတဲ့ ဥပဒေဗျ ။ ဒီမိုကရေစီ တောင်းတာတော့ မဆန်းပါဘူး ။ ဒါပေမဲ့ ပြည်သူ ကြည့်ပြန်တော့ လည်း အရိုးစွဲတဲ့  စရိုက်တွေနဲ့  ပြင်ဘို့ က လိုလာပြန်ရော ။ ပြည်သူအားလုံး စိတ်ဓါတ်တွေ ပြင်နေကြပီလား ။ စီးကမ်းရှိ့ ပီလား မေးစရာဖြစ်လာရော ။ လူတွေ ပါတ်ဆံရှိ့  ရှိ့ သလို မတူမတန် ဆတ်နေကြတဲ့ စိတ်ဓါတ်စရိုက်တွေ ကြားမှာ ဒီမိုကရေစီရရင် နှိတ်ဆက်ညှင်းပန်းမှု့  တွေ များလာနိုင်တာကိုး ။ အစိုးရအသစ်က ဒီမိုကရေစီတော့ ပေးလိုက်ပီ ။ ပြု့ ပြင်စရာတော့ ပြု ပြင်နေပါပီ ။ ပြည်သူတွေ စီးကမ်းရှိ့ ဘို့ လိုသလို ----အစိုးရကလည်း ချစားမှု့ တွေ ရှိ့ တုန်းဗျ ။ ဘဘ ကြီးက အပွင့်ကြီးကို ခေါ်ပီး ကြိမ်းလိုက်တယ် ။ အပွင့်ကြီးက အပွင့်လေး ကို ခေါ်ကြိမ်းလိုက် တယ် ။ အပွင့်လေးက အခွေလေးကို ခေါ်ရစ်လိုက်တယ် ။ အခွေလေးက အရစ်ကလေး ကိုခေါ်ရစ်လိုက်တယ် ။ အရစ်ကလေးက ရစ်စရာမရှိ့ တော့ အနားမှာ ရှိ့  တဲ့ ဘာမှမသိ ဘာမှမရှိ့ တဲ့ သူကိုဖြဲလိုက်တာပေါ့ ။ ဒါတွေမရှိ့  သင့်တော့သလို ပြည်သူတွေလည်း စီးကမ်းရှိ့ ဘို့  လိုလာပါပီ ။ ပါးစပ်က ဘုရား ဘုရား မိန်းမက နှစ်ယောက်သုံးရောက် ဖြစ်နေလိုက်ကြတာ စီးကမ်းမရှိ့ မှု့ နောက်မှာ ကိုယ်ကျင့် တရားတွေပြောက်နေကြပါတယ် ။ ကျုပ်တို့ နိုင်ငံတိုးတတ်ဘို့  ဆိုတာ အားလုံးပြင်မှ အားလုံးကောင်မှာ ပါ ။ အရိပ်ကောင်းမှ ငှတ်ပျော်သလို အစိုးရတော်မှ ပြည်သူပျှော်မှာပါ ။ ပြည်သူ စီးကမ်းရှိ့ မှ တိုင်းပြည်ငြိမ်းချမ်းမှာ ပါ ။ ဒီမကရေစီ ရတယ်ဆိုပီး မိသားစုအတွက်သာတစ်ဘို့ ကောင်း စဉ်းစားနေကြရင်တော့ ပြည်သူလည်း ဒီမိုကရေစီနဲ့  မတူမတန်ပါဘူး ။ ဒီမိုကရေစီ ရတယ်ဆိုပီး လုပ်ချင်တိုင်း လုပ်နေကြရင်--- ဖာသည်တွေ ဖုန်းကိုင်သလို ဖာသည်တွေများလာ ပီးတိုင်းပြည် ဖြစ်မှာပါ ။ အားလုံးအတွက် စီးကမ်း ကိုယ်ပိုင်အရည်အချင်း ကိုယ်ပိုင်ကျိုးစားမှု့  ရိုးသားမှု့ တွေ လိုနေကြပါပီ ။ အားလုံးတိုးတတ်ရန် နိုင်ငံတန်ခိုးထွက်ရန် အားလုံးကိုကျိုးစွန့်  စီးကမ်းရှိ့ ကြပါဗျာ ။ ဘုရားတရားတော်တွေ မှာ သေရင်ဘာမှ မပါဘူး ဆိုတာ ဘုရားဟောခဲ့ပါတယ် ။ လူ့ ဘ၀ ခဏလေး လွတ်လပ်စွာ ပျှော်ရွှင်နိုင်ကြပါစေ ။


Tuesday, January 7, 2014

ရန်ကုန်ဆိုတာ က တစ်နေ့ စရိတ်တစ်နေ့  သိသာလှပါတယ်။ စက်ရုံ အလုပ်တစ်ခုရဘို့  များ ဗျာ ။ တောမှာဆိုရင် ပုဆိုး လည်ပင်းသိုင်းပီး လိုက်သွားရုံပါပဲ မဟုတ်လား ။ ခုတော့ ဗျာ လေဘာတွေ ရော ထောက်ခံစာတွေရော စုံလို့  ။ စက်မှု့ စုံ လမ်းတွေ အလွတ်ကျက်ရင်း စက်ရုံတွေ တိုင်းကို လိုက်ကြည့်ရတာအမော ။ အထည်ချုပ်စက်ရုံ ဖိနပ်စက်ရုံတွေ ပေါတော့ အမျိုးသမီးတွေ နေရာရတယ် ဗျ ။ အလုပ်ခေါ်တဲ့ ဆိုင်းဘုတ်တွေ ကြည့်လိုက်ရင် ( ၀န်ထမ်းအလို ရှိ့ သည် --။ လုံချုံရေး --ကျား/ ၅ ဦး ။ အထွေထွေ အမျိုးသမီး ဘွဲ့ တစ်ခုခုရ ( ၅၀) ဦး ။ ရုပ်ရည်ချောမောပြေပြစ်ပီး ဆက်ဆံရေး ကောင်းမွန်သူ ဦးစားပေးမည် ) ။ ဟော ဗျာ ကျုပ်တို့ ယောက်ျားတွေ လုံချုံရေးလောက် ပေါ့ ဗျာ ။ ချိုချဉ်စက်ရုံ သကြားကြို ရုံနဲ့  သံရည်ကြို စက်ရုံ ဘီယာ ဆိုင်စားပွဲထိုး အကြမ်းအလုပ်များအတွက်သာ ယောက်ကျားလေး ခေါ်ကြ ပြောကြတာ ။ စက်ရုံလစာ နဲ့ ယေက်ျားလေး အသုံးစရိတ်က မလောက်နိုင်တာကိုး ။ ပါတ်ဆံများများကိုင်ချင် အကြမ်းအလုပ်ပေါ့ ။ ရန်ကုန်ရောက်ကာစ ဆိုတော့လည်း အဆက်အသွယ်မှ မရှိ့ သေးတော့ စက်ရုံအလုပ်ပဲ လုပ်မယ်ပေါ့ ။ တစ်နေကုန် စက်မှု့ ဇုန် မရိုးနိုင်အောင် လမ်းလျှောက်ရင်း ခေါ်လေမလားဆိုပီး လိုက်ကြည့်ရတာအမော ဗျ ။ စက်ရုံတစ်ရုံ အလုပ်လျှောက်တာ အင်တာ ဗျူးပါသေးတယ် ။ လျှောက်တာက လည်း မတ်မတ်မောမော ဟုတ်ဘူးဗျ ။ ဥယျဉ်မှူး ခေါ်တာဗျ ။ စက်ရုံက ပလပ်စတစ် ခုံတို ဘာတို့ လုပ်တဲ့ စက်ရုံ ဗျ ။ ဥယျဉ်မှူးခေါ်တယ်ဆိုတော့ လည်း ထူးတော့ထူးဆန်း ဗျ ။ ဥယျဉ်မှူး အထွေထွေ အလိုရှိ့ သည် ။ ကျား ( ၃ ) ဦး ။ ရုပ်ရည်အသင့်အတင့်ရှိ့ ရမည် ။ ( ၁၀ ) တန်းအောင်မြင်ပီး လုပ်ငန်းအတွေ့ အကြုံ ရှိ့ သူ ဦးစားပေးမည်။ ဟောဗျာ မြန်မာနိုင်ငံ ခေတ်ကြီးက လည်း ပညာရေးကို မြှင့်တင်နေပါလား ။ အံ့သြမိတာကိုး ။ နောက်ဆိုရင် ( ၁၀ ) အောင် ဘွဲ့ ရ ဆိုက်ကားသမားတောင်ရွေးစီးကြမလား မသိဘူးနော် ။ ထားပါ ။ အင်တာ ဗျူး ၀င်ဆိုတော့လည်း အလုပ်ပဲ ရ လေမလားပေါ့ ။ ဥယျဉ်မှူး ခေါ်တယ်ဆိုတော့ ကိုကလည်း တောသားဆိုတော့ လုပ်နိုင်တာကိုး ။ သူမေးသမျှတော့ ဖြေနိုင်မှာ ပဲလေ ။ ဘာစိုက်မလဲ လာပေါ့ ဗျာ ။ ပြည်သူတွေ စားသုံးနေတဲ့ စပါးတောင် စိုက်နေတာ ကျန်တဲ့ အပင်လာ ကြိုက်သလို လာ စိုက်နိုင်တာကိုး ။ ကျုပ်အလှည့် ရောက်တယ်ဆိုရင်ပဲ ကြောက်တာကိုး ။ အင်တာဗျူး အတွေ့ အကြုံ လည်းမရှိ့ လေတော့ ရင်တော့ခုန်တာပေါ့ ။ ပါတဲ့ ပါတ်ဆံက ပြတ်တော့မယ်လေ ။ အလုပ်ကလေးတစ်ခုတော့ လိုချင်တာကိုး ။ ရုံးခန်းတယ် ၀င်သွားတယ်ဆိုရင်ပဲ ။ စကားမပီ တဲ့တရုတ်ကြီး ဗျ ။ နှဖူးကပြောင်တော့ မျက်နှာချိုတယ် ထင်ရတာကိုး ။ ရယ်စရာကြီးလေ ။ သူကပဲ မိတ်ဆတ်တယ် ဗျ ။ ကျုပ်ဖေါင်တွေ စာရွက်တွေ သူလှန်ဖတ်ရင်း မီးက အလုပ်ကို တစ်ကယ်လုပ်မှာလားတဲ့ ။ ကျွန်တော်ကလည်း လုပ်မယ်ပေါ့ ။ မျှော်မှန်းလစာ ဘယ်လောက်လိုချင်လဲ ဆိုလာပြန်ရော ။ မြန်မာပြည်မှာနေပါများတဲ့ တရုတ်ကြီးဆိုတော့ စကားသာမပီတာ အကုန်သိ ။ ဦးသန်းရွှေ မွေးနေ့ တောင်သိရင်သိနေမှာ ဗျ ။ ကျုပ်ကလည်း စက်ရုံကပေးမဲ့ လစာရရင်တော်ပီပေါ့ ။ တရုတ်ကြီးသဘောကျသွားတယ် ထင်ပါတယ် ။ ပြောင်နေတဲ့ နှဖူးကို ကိုင်ရင်း လုပ်ငန်းအတွေ့ အကြုံ ရှိ့ လား တဲ့ ။ ဟဟား ကျုပ်ဆိုတဲ့ ကောင်စိုက်ပျိုးရေးနဲ့  ပါတ်သတ်လို့  ဘွဲ့ သာမရတာ မျိုးရိုးအလိုက် လုပ်လာတဲ့ လုပ်ငန်းလေ ။ ပြောပြတာကိုး ။ စပါးကိုဘယ် လိုစိုက်တယ် နွားကိုဘယ်လိုမောင်းတယ် ထယ်ပြန်ပါတ်ပီးမှ ထယ်ထိုးရတဲ့အကြောင်း ပျိုးခင်းကို မိုးလေးဖွဲဖွဲကျမှ ကျဲရတဲ့အကြောင်း ရေများရင် မျိုးစပါးတွေ ရေနဲ့ မျောပါနိုင်ကြောင်း ဖြုတ်ကိုက်ကြောင်း ချင်ပါကိုက်ကြောင်း ရှင်းပြတာပေါ့ ။ သူကလည်း သဘောကျတယ် ထင်ပါတယ် ။ခေါင်းညှိန့် နေတာကိုး ။ ပြောအားရှိ့ တော့လည်း စပါးသိမ်းတာက အစအကုန်ပြောပြလိုက်တာပေါ့ ။ တရုတ်ကြီးကပဲ ဒီစက်ရုံမှာ အထွေထွေ အကုန်လုပ်ရမှာတဲ့ ။ အင်းပေါ့ ။ လစာကောင်းရင်တော့ လုပ်ရ လုပ်ရလေ ။ တရုတ်ကြီးကပဲ စက်ရုံ ကပေးတဲ့လစာက အစမ်းခန့် မှာ ( ၂၅၀၀၀) တဲ့ ။ လေးလ ပါမစ်နစ်ရမှ တိုးပေးမှာ တဲ့ ။ ကျုပ် မျက်လုံးပြူးသွားတော့ ။ အဆောင်ခတင် ( ၁၃၀၀၀ ) ဧည့်စာရင်းက တစ်ပါတ်သုံးရာ ဗျ ။ စားစရိတ်က ဆီနဲ့ ဆားနဲ့ စားတောင် မိန်းကလေးဆိုရင် တော့ပြတ်စီးမဲ့ပုံ ဗျ ။ အလုပ်ရရင်မဆိုးဘူးပေါ့ ။ ဖြစ်သမျှအကြောင်းအကောင်း ။ တရုတ်ကြီးကပဲ နှပ်ချီးကော်ရင်း နောက်နေ့  အောင်စာရင်း ချိတ်မယ် ဆိုပဲ ။ စက်ရုံက ပြန်ထွက်တယ်ဆိုရင်ပဲ ။ ဥယျဉ်နဲ့  တူတာမတွေ့  ။ ဘယ်ဟာကိုစိုက်ခိုင်းပီး ဘယ်ဟာလုပ်ခိုင်းမှာလည်း မတွေးနိုင်ပါဘူး ။ အဲလိုဗျ ။ အလုပ်လျှောက်တဲ့ သူချင်းမေးကြည့်တော့ ခေါ်တာသာ ဥယျဉ်မှူး ပီးရင်အကုန်ခိုင်းတာကွ ။ အထွေထွေပါ ပါတယ်တွေ့ လား ။ မင်းကိုခိုင်းပြပါလိမ့်မယ် တရုတ်တွေက မိန်းကလေးတွေသာ မျက်နှာသာ ပေးတာ ။ ကျားဆိုရင်တော့ ကွာ ထမင်းတောင် လမ်းလျှောက်ရင်းမစားရ ကံကောင်းတဲ့ ဗျ ။ အော်ရန်ကုန် ရန်ကုန် ။ ( ဆတ်ရန် )


Sunday, January 5, 2014

အလင်းရောင် ----သဘာဝကပေးတဲ့ အလင်းရောင် လူတွေ အားလုံးရဲ့  ရင်ထဲက အလင်းရောင်---အင်မတန်လိုအပ် အသုံးဝင်ပါတယ် ။ လူတစ်ယောက်က မျှော့်လင့်ချက်မရှိ့ ဘူးဆိုရင် သေတနဲ့ ဘာမှမထိုးသလို ။ သစ်ပင်တွေ သတ်မဲ့အရာတွေတောင် အလင်းရောင်ရှိ့ မှ ရှင်သန်နိုင်ကြပါတယ် ။ လူ့ ဘ၀ မျှော်လင့်ချက် အနာဂါတ်မဲ့ အောင် လူတွေဘာကြောင့် ဖန်းတီးခဲ့သလဲ ။ ကျုပ်တို့  အနာဂါတ်မျိုးဆတ်သစ် ကလေးတွေမှာ ရည်မှန်းချက်အလင်းရောင်ဆိုတာ ရှိထားသင့်ကြပါတယ် ။ ကျွန်တော်ငယ်ငယ်တုန်းက ရည်မှန်းချက်ဆိုတာ ဘာမှန်းမသိခဲ့ဘူး ။ တစ်ကယ်ရောဖြစ်မှာလား ဆိုတဲ့ အတွေးလဲမတွေးခဲ့ဘူး ။ ခေတ်အခြေအနေအရ မိဘတွေရိုးအခဲ့ကြတာကိုး ။ ဘ၀မှာ ရည်မှန်းချက်မရှိ့ ခဲ့ဘူးဆိုပါတော့ ။ သားလေးကြီးရင်ဘာလုပ်မလဲ --မေးတဲ့သူတွေတော့ ရှိ့ ခဲပါတယ် ။ ကျွန်တော်တို့ ခေတ်တုန်းကဆိုရင် ရဲကိုကို ဘရိတ်ဒန်အက ကခေတ်စားဗျ ။ လူ့ ဘ၀ကိုပေါ့ပေါ့လေးပါပဲ ။ ကလေးဘ၀ ဆိုတော့လဲ --ဘာမှမစဉ်းစားခဲ့ဘူး ဗျ --( ဘီယာကျန်သေးလား ဟေ့---ဆိုပီး ဒန့် --ဒန့် --ဒန်--လုပ်မယ် ) လူကြမ်းမင်းသားတွေ ၀တ်တဲ့ လောင်းကွပ်အရှည်ကြီး ခြေသလုံးဖုန်းအောင်ဝတ် ဆေးလိတ်ကြီးကိုက်ပီး ဆိုင်ကယ်ကြီး စီးပေါ့ဗျာ ---ဘာမှမတွေးခဲ့ဘူး ။ စစ်ဗိုလ်ကြီး ဖြစ်ချင်တယ် ရဲသားကြီးဖြစ်ချင်တယ် ဆရာဝင်ကြီးဖြစ်ချင်တယ် လွှတ်တော်အမှတ်ဆိုတာတော့ ဝေးလာဝေး ဘာမတွေး ဘာမှမဆွေး ခဲ့ --။ မျှော်လင့်ချက်အလင်းရောင်ပြောက်မှန်းမသိ ပြောက်ခဲ့ကြတာကိုး ။ ကျွန်တော် တီဗွီ ဇတ်ကားထဲကြည့်ရတယ် ဗျ ။ နိုင်ငံခြားကား ဘာမှတော့မဟုတ်ပါဘူး ဟာသကားလေး ဗျ ။ ဇတ်လမ်းက ရယ်စရာကောင်းပေမဲ့ အတွေးအခေါ်တစ်ခုရခဲ့တယ် ဗျ ။ ဇတ်ကားထဲမှာ အရမ်းချမ်းသာတဲ့ မိသားစု လူ့ ဘုဂလန့် တွေ ရဲ့ စံအိမ်ပေါ့ဗျာ ။ အရမ်းဂွကျတယ် သူတို့ အိမ်မှာပဲ ကလေးတွေကို ပေါက်တတ်ကရ အတတ်ပညာတွေသင်ပေးရင်း နေကြတယ်ဗျ ။ ကလေးတွေ အသတ်ကကျောင်းနေရမဲ့ အရွယ်ရောက်တော့ သူတို့ ကတော့ ကျောင်းဆိုတာပြောလည်းမပြဘူး ။ ကျောင်းလည်းမထားဘူး ။ သူတို့ အစိုးရက ကလေးစာရင်းရှိ့ တယ်ထင်ပါတယ် ။ ကျောင်းနေရမဲ့ အရွယ်ရောက်တော့ ကျောင်းတတ်ဘို့  စင့်ခေါ်စာတွေပို့ တယ် ။ မိဘတွေက တော့မထားဘူးပေါ့ ။ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မှ ခေါ်စာနဲ့ မလာတော့ အစိုးရ ပညာရေး လူကြီးကိုတိုင် လာခေါ်တယ်ဗျ ။ လူကြီးမင်းသားသမီးတွေ ကျောင်းနေရမဲ့အရွယ်ရောက်နေပါသောကြောင့် လာရောက်ခေါ်ရတာပေါ့ ။ ကျောင်းနေရမဲ့အရွယ် ကျောင်းမပို့ ရင် အစိုးရက ဒဏ်ငွေအရိုက်ခံရမယ် ဘာညာပေါ့ ။ တော်တော် အတုယူဘို့ ကောင်း ပါတယ် ။ ဇတ်ကားလေးက ဟာသကားဆိုပေမဲ့ သူတို့ နိုင်ငံရဲ့  ကလေးတွေရဲ့  အလင်းရောင်ကို အစိုးရကိုယ်တိုင်ပဲ လမ်းပြပေးတယ် ဆိုပါတော့ ။ ကျွန်တော်တို့  နိုင်ငံမှာ ဒါမျိုးတွေ မရှိ့ သေးပါဘူး ။ ကျောင်းနေရမဲ့ အရွယ်တွေ အများကြီး ။ ကလေးက မနေလို့ ပဲ ဖြစ်ဖြစ် မဘက မထားခဲ့ ဆိုသော်လည်း အစိုးရအနေနဲ့  ခေတ်အဆတ်ဆတ် ဘာမှလုပ်မပေးခဲ့ ပါဘူး ။ အနာဂါတ်ကလေးတွေ အနေနဲ့  အလင်းရောင်ဆိုတာဘာလဲ ။ ကျွန်တော်တို့ နိုင်ငံ အစိုးရအဆတ်ဆတ် ဥပဒေတွေကြောင့် ပဲ ဆိုပါတော့ ။ အစစအရာရာ ချစား လဒ်စား ပညာရေးတွေ နိမ်ကျပီး လူတွေရဲ့ ဘ၀တွေလဲ နိမ့်ကျလာပါတယ် ။ အလင်းရောင် ပညာအလင်းရောင် စီးပွားရေးအလင်းရောင် လူမှု့ ရေးအလင်းရောင် အမှောင်အမှောင် အမှောင် ။ မှေင်နေတုန်းပါပဲ ။ အလင်းရောင်ကို လိုနေသူတွေအများကြီး ။ အဘိုးကြီး အဖွားကြီး အများကြီးပါ ။ စာမတတ်တဲ့ ကလေးတွေလဲအများကြီး စာမသင်ခဲ့ရတဲ့သတ်ကြီးရွယ်အိုတွေ အများကြီး ။ အများကြီးပါ ။ ကိုယ့်နိုင်ငံတွင်းနေပီး ပြည်နယ်ဘယ်နှခု တိုင်းဘယ်နှခု ဘယ်နေရာမှာ ဘာရှိ့ တယ်ဆိုတာမသိ မျက်စိသူငယ် နားသူငယ်သူတွေ များလာတော့ ပြည်သူချစ်တဲ့အစိုးရက ရေဒီယိုနားထောင်တာတောင် ထောက်လှမ်းရေးကချောင်း တော့ ပြည်သူ ပြည်သူ ကြောက်လိုက်တာတုန် ။ လုပ်ချင်တိုင်းလုပ် ချယ်လှယ်ချင်တိုင်းချယ်လှယ်ခဲ့ကြတာကိုး ။ ပညာ ပညာ အလင်းရောင် အမှောင်ချခဲ့တာပါ ။ လွန်ခဲ့သော လွန်ခဲ့သော အစိုးရပေါ့ ဗျာ ။ ထားပါ ။ ချလိုက်တဲ့ ဆောင်ပုဒ်တွေက များတော့ ဖတ်လို့ ကောင်း ဆိုလို့ ကောင်း ဗျ ။ ကာရံနဗေ တွေနဲ့  ဆိုတော့လည်း ကဗျာဆရာပေါ စကားကြွယ်တဲ့ နိုင်ငံဆိုပီး ဂုဏ်ယူလို့ ကောင်းတာပေါ့ ဗျာ။ ထွန်းပေါက်တဲ့ ကဗျာဆရာ အမှန်ကို အမှန်ထင်တဲ့ ကဗျာဆရာ ထောင်ထဲရောက် အစိုးရထောင် ကိုအိမ်ထောင်နဲ့ မှား အရောင်ရောင်အမှားမှားနဲ့  လူ့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ကြ ရတဲ့ လူမှု့ ရေးအလင်းရောင် ။ ဘယ်လောက်ဆိုးခဲလည်း ။ စီးပွားရေးဆိုလဲ မမြင်ရတဲ့ ဥပဒေ နဲ့ ချိန်းခြောက် လူတစ်ယောက် အိပ်နေရင်းတောင်ထောင်ချလို့  ရတဲ့ဥပဒေ ဆိုတော့လည်း အခွန်တွေကများ နေရာတိုင်းမှာ လုပ်ပိုင်ခွင့်ရဘဘ ကြီးတွေက အုပ်စိုးနေရာရ ဘယ်မလဲဗျာ ။ ပြည်သူ့ အတွက် မျှောင့်လင့်ချက်အလင်းရောင် ဗျာ ။ ထားပါ စီးပွားရေး လူမှု့ ရေး ပညာရေးတွေမှာ အမှောင်ချထားခံရတဲ့ ကျုပ်တို့ နိုင်ငံ အမှောင်ထဲနေပါများတော့ အလင်းကိုတမ်းတနေပါပီ ။ သစ်ပင်တွေ အလင်းရောင် လိုအပ်သလို --အနာဂါတ်ကလေးငယ်တွေ ပညာအလင်းရောင်ကို လိုအပ်နေကြပါပီ ။ ရေထဲကငါးလေးတွေ နွေးထွေးတဲ့အလင်းရောင်လိုအပ်နေသလို တောထဲက တိုင်းရင်းသားတွေ ငြိမ်းချမ်းရေးအလင်းရောင်လိုအပ်နေပါပီ ။ လေထဲက ငှက်ကလေးတွေ လွတ်လပ်ချင်းအလင်းရောင်ကို နှစ်သတ်သလို ပြည်သူတွေလည်း လွတ်လပ်ချင်းဒီမိုကရေစီ အလင်းရောင်ကို လိုအပ်နေကြပါပီ ။ ပြောင်းလဲနေပါပီ တိုးတတ်နေပါပီ ။ ခုလူက အရင်လူနဲ့ မတူ ။ ပြောင်းလဲပေးပါ ကျုပ်တို့ နိုင်ငံ တိုးတတ်ဘို့ အတွက် ခင်ဗျားတို့ ပေးဆပ်လိုက်ပါ ။ လုပ်ပိုင်ခွင့်ရတုန်း ခင်ဗျားတို့ ချစ်တယ်ဆိုတဲ့ ပြည်သူကို ပေးဆပ်ပေးပါ ။ လိုအပ်နေတဲ့ အလင်းရောင်အတွက် ပြည်သူတွေ အသတ်တွေ ပေးဆပ် ဘ၀တွေပေးဆပ်တိုက်ပွဲဝင်ခဲ့ ကြတယ်ဆိုတာ ခင်ဗျားတို့ သိပါတယ် ။ ကျုပ်တို့ အနာဂါတ်မျိုးဆတ် တောက်ပခြင်းအလင်းရောင်တွေ နဲ့  ငြိမ်းချမ်းရေးအလင်းရောင်တွေ ပညာဥဏ်အလင်းရောင် ဗဟုသုတအလင်းရောင် တွေ လိုအပ်နေပါတယ် အမှောင်တွေကို ဖယ်ပါတော့ ဗျာ ။ ကလကာတွေ ဖွင့်ပြပါတော့ ဗျာ ။ စလိုက်မီးတွေနဲ့  မီးမောင်းထိုးပြပါတော့ ဗျာ -- - -အလင်းရောင်--သန်ခေါင်ယံ ညနက်ထဲ -- အလင်းရောင်- အလင်းရောင်---။