Tuesday, July 22, 2014

အာဇာနည်နေ့  ရောက်တိုင်း ကလေးတွေက ကျော်းပိတ်တော့ ပျှော်ကြတယ် ဗျ-- ကျွန်တော်တို့  ငယ်ငယ်ကလည်း အာဇာနည်နေ့ ရောက်ပီဆို ဘာမှန်းမသိပဲ ၀မ်းနည်းရမှန်းမသိ ကျောင်းပိတ်လို့  ပျှော်တောင်နေသေး -- လူကြီးတွေ စကားဝိုင်း သူတို့ ခေတ်က ဘယ်လို ဥသြစွဲတာ ဘယ်လောက်ဝမ်းနည်းရတယ် စိတ်မ၀င်စားပါဘူး--- ကျောင်းပိတ်ရင်ဆော့မယ်ကစားမယ် ဒါလောက်ပါပဲ -- ခုခေတ်ကလေးတွေ လည်း ဒီလိုပဲဗျ --- အာဇည်နေ့ ပါဆိုမှ အဆိုတော် အာဇာနည် live showe လားတဲ့ ဟော ဗျာ --- သူတို့ မှာလည်း အပစ်မရှိ့ ပါဘူး သူတို့ တစ်ကယ်မှ မသိခဲ့တာကိုး --- ငါတို့  နိုင်ငံတော်ကို အသတ်သွေးချွေးတွေနဲ့  ပေးဆပ်ခဲ့တဲ့  ဗိုလ်ချုပ်အောင်ဆန်းနဲ့  နိုင်ငံခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ တဲ့နေ့ ကွ July 19 ရက်နေ့ ကွ --- အဲဒီ သမိုင်းလေးကို လေးလေးနက်နက် သိခဲ့ ရင်တော့ သူတို့ လည်း ဘယ်နေပမလဲ ----။ ခုတော့ ဗျာ ဗိုလ်ချုပ်ပုံပါတဲ့ ပါတ်ဆံတွေ တောင်ပြောက်ပျတ်ပီး အ၀တ်မပါတဲ့ ခြင်္သေ့ ကြီး ပဲ သူတို့ မတ်မတ်မောမော သုံးနေကြရတာ---- သူတို့ မမြင်ဘူးတာလဲ မှားမယ်မထင်ပါဘူး --- အခြားနိုင်ငံတွေ ဆိုရင် ဗျာ နိုင်ငံခေါင်းဆောင် ပုံ အထွတ်အမြတ်ထား ငွေပါတ်ဆံတွေမှာ ရိုက်နိုတ်ထားလေရဲ့  --- တန်ဘိုးထားကြတာ ဗျ -- အလေးအမြတ် ထားတာ--- ကျွန်တော်တို့  ခေတ်ကတော့ မှီလိုက်ပါသေးတယ် သူငယ်တန်းအရွယ် ဗိုလ်ချုပ်ပုံ ပါတဲ့ ငါးကျပ်တန်လေး တစ်ရွက်အဖေ ကမုန့် ဘိုးပေးလိုက်ရင် ပျှော်လို့ မဆုံးပါဘူး --- သုံးလို့ မကုန်နိုင်အောင်လည်း ငွေတန်ဘိုးက မြင့်တယ် ဗျ----- ခုတော့ ဗျာ ဗိုလ်ချုပ်ပုံ ပြတိုက်လိုက်ပြရမဲ့ ပုံနော် -- ကျေးလတ်နေကလေးတွေကြတော့ ဝေးသွားပြန်ပါရော --- အာဇာနည်နေ့  ကို ခေတ်အဆတ်ဆတ် ချိုးနိုမ်ခဲ့ တယ် ဗျ ---- ထောက်လှမ်းရေးခေတ်က ဆိုလဲ အာဇာနည်နေ့  အာဇာနည်ခေါင်းဆောင်ကြီးတွေ ရည်စူး ဆွမ်းကပ်တာတောင် ထောက်လှမ်းရေးကချောင်း နိုင်ငံရေးသမားပါ ဆိုပီး ထောင်ထဲထည့် ဟောဗျာ --- အာဇာနည်နေ့ ကို ပိတ်ပင်ခဲ့ တာ--- ဥသြစွဲခွင့်မပေး အလေးပြု့ ခွင့်မပေးနဲ့  သူတို့ များလာလို့  အလေးများပြု့  ဘဘကြီးများခေါ်လို့ ကတော့ ရွှေဘောတော်တွေကျပီး သဘောတော်တွေ ခွေ့ နေလေရဲ့  --- အာဇာနည် နေ့  ကျုပ်တို့ ခေါင်းဆောင် နိုင်ငံလွတ်လပ်ရေးရအောင် ယူတဲ့ ခေါင်းဆောင်ကြီးတွေ ကျဆုံးတဲ့ နေ့  ဘာ့ကြောင့် ပြည်သူကို ဆင်နွှဲခွင့်မပေးတာလည်း ဗျာ ---- နောင်လာတဲ့ မျိုးဆတ်သစ် ကလေးတွေ နိုင်ငံခေါင်းဆောင်ကြီးတွေ ကျဆုံးတဲ့ နေ့ တောင်သိခွင့်မရခဲ့တဲ့ အဖြစ် ဘယ်လောက်ဆိုးလိုက်လဲ -- သမိုင်းကိုလိမ်လို့ မရပါဘူး ခင်ဗျားကြီးတို့ လည်း သမိုင်းတွေ ကျန်ခဲ့မှာပါ --- ဘုရားတည်ကျောင်းဆောက် လမ်းတွေဖေါက်ရုံနဲ့  ခင်ဗျားကြီးတို့  အပစ်တွေကျေမယ်ထင်နေလား --- ကျွန်တော်တို့  ချစ်တဲ့ ဗိုလ်ချုပ် နတ်ပြည်က ကြည့်နေပါတယ် သူချစ်တဲ့ ပြည်သူ ယနေ့ ထိ သူ့ ကိုအမှတ်ရနေတုန်း ချစ်တုန်း လေးစားတုန်းဆိုတာ ------- ရင်ထဲက လာတဲ့ လေးစားမှု့ ကို ခင်ဗျားကြီးတို့  ဘာဥပဒေ နဲ့ မှ ချုပ်လို့ မရပါဘူး ဗျာ-----