Sunday, February 2, 2014

ကျမ်းမာ ရေး ကျမ်းမာရေး --------ကားသမားတွေ လို အပေါ့ သွားခိုင်းတာမဟုတ်ဘူးနော် ။ -----အပေါ့ သွားချင်လို့ ပဲ ဖြစ်ဖြစ် အီးပါချင်လို့ ပဲ ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဗျာ ----ကျမ်းမာရေးက အဓိက ဗျ ။ ကျွန်တော် ဗျာ --နှစ်ရက်ကလေး ၀မ်းသွားမိ တယ် ---ဟဲဟဲ ရုပ်ကို ချောင်ကျသွား တာ ----။ ၀မ်းသွားတော့ စိတ်ဓါတ် ရော လူ ဓါတ်ရော အကုန် ကျ ။ တစ် ဗျူးဗျူး နဲ့  ဗျာ ( အဲ ) အကုန်ကျ တယ်ပေါ့ ဗျာ ။ တစ်ယောက်ထဲ နေပါများတော့ ပိုဆိုး စိတ်ဓါတ် ကျ နေမကောင်းတော့ အားငယ်လာတယ် ဗျ ---။ ခြောက်ခြား လာတယ်ဆိုပါ တော့ ဗျာ ။ အရာရာ ကို ကြောက်နေမိသလို ---ခံစားနေရတာကိုး ---။ နေမကောင်းဘူး ဆိုတော့လည်း ဘယ်လိုလို ဖြစ်ဖြစ် ဆေးထိုးမှ သတ်သာ မယ် ဆိုပါတော့ ဗျာ ။ မြန်မာပြည်က ကျုပ် ကျုပ်ဖြစ်တဲ့ ကျုပ်ရောဂါ အောင့်မခံနိုင်တော့လည်း သေရင်ဘာမှမပါဘူးဆိုတဲ့ အတွေးနဲ့  ဆေးထိုးသွားပါရော ။ လူက ၀မ်း ကိုက်တာ ဆိုတော့ နားရဘူး ဗျ ။ ဆေးခန်းရောက် တော့ မြန်မာပြည်က စီးကမ်း ကောင်းတာ တွေ့ ပါရော ။ ဆေးခန်းမှာ တုံကင်နဲ့  ဆေးပြရတဲ့ စနစ် ။ တုံကင်နံပါတ်က လည်း နောက်ဆုံး ။ ပြောင်းပြန်လည်း လှန်မရ အတည့်လည်းထားမရ ဗျာ ( ၃၃ ) တဲ့  ။ ဘယ်လောက်ဆိုးလဲ --။ လူကလည်း များတာကို ။ ဆရာဝန်ကို ဓါတ်ပုံရိုက်ပီး ( facebook ) ချင်စိတ်တွေ တဖွားဖွားပေါ်မိတယ် ။ ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့ ။ ကျုပ်က လည်း လူကနေပေမဲ့ အောက်ကမနေဘူး ။ လူက စိတ်ရှည်ပေမဲ့ အောက်က စိတ်မရှည် ဘူး ဗျာ ။ တစ္ကြီကြီ ----။ မိုးတွင်း အော်တဲ့ ဖားသံကျယ် ( ၁၀) ကောင်လောက် ဗိုက်ထဲ ထည့်ထားနည်းကား ။ လူက တွန့် လိမ်နေတာကိုး ---။ ဘေးက အဖွားကြီးက လှည့်ကြည့် လှည့်ကြည့် ။ နှာခေါင်းလေး ပိတ်နေတာကိုး--ကြာတော့ ရှက်လာပါတယ်--။ ကျုပ်ကလည်း ကျုပ်အဖြစ်နဲ့  ကျုပ် ။ လူနာချင်း ကိုယ်ချင်းစာ မှပေါ့ ။ ခုတော့ ဗျာ ----လူနာချင်းအတူတူ သူက နှာခေါင်းပိတ်ထားတော့ ကျုပ်ကပဲ ပုတ်ဆော်နံ နေသလိုလို --ဟော ဗျာ --ပြောလေကဲ လေ မာန်လေ ပြဲလေ--ကျုပ်က တစ်ချက်တွန့်  သူက တစ်ခါပိတ် ။ မိနစ်တွေ နာရီတွေကလည်း ကြာပိတ် ။ ဘယ်အရာမှ စိတ်မရှည်ချင်တော့ ဘူး ။ အရေးထဲ ဆရာဝန်ကလည်း လူနာတစ်ဦးတိုင်းကို ရဲ စစ်ပလိပ်စစ် အကုန် ကိုယ်ရေးရာဇ၀င်က စမေးနေတယ် ထင်ပါရဲ့  ။ ကျုပ်ပြန်ရမဲ့ ခရီးကလည်း ဝေးတော့ စိတ်မရှည်တော့ဘူး ။ ရှိ့ သမျှ အရှည်တွေ အကုန်ဖြတ် ပြန်ခဲ့ရော ဗျာ ။ ကျုပ်ဒေါသနဲ့  ကျုပ်--။ ပြန်ခဲ့တဲ့ ည ပါပဲ ။ ရန်ကုန်ကနေ ကချင်ပြည်လမ်းရှောက် သလားထင်ရအောင် အိမ်သာနဲ့  အိမ် တစ်ကိုယ်တော် လမ်းလျှောက်ရပါရော ဗျာ ----။ သီးစုံဓါတ်ဆားရည် ကို အရက်အမှတ်နဲ့ သောက်ရင်း လမ်းလှောက်ပွဲ ဆင်နွှဲ ခဲ့ ရတဲ့ အမှတ်တရ ---ဘယ်သူကို ဆနဒ ပြရမှန်း မသိပါတော့ဘူးး ။ ငါပြု့ သမျှ ငါမကောင်း-----ကိုယ်ဖြစ်ကိုယ်ခံ မတောင်းပန်နဲ့  ဆိုတဲ့ စကားလေးကိုရွတ်ရင်း ----နာရီကလည်း ကြာ အချိန်ကလည်းကြာ မိုးကလည်း လင်းခဲ ----- ကို့ ကိုယ်ကို သာ ဆဲမိပါတော့ တယ် -----ငတုန်း ----။