Sunday, April 27, 2014

ကျွန်တော်ကို ဦးလေးတစ်ယောက်က မေးဘူးတယ် ဗျ -----ငါ့တူကြီးရင် ဘာဝါသနာပါလဲ ဘာလုပ်မလဲ တဲ့ ---- ဘယ်သူကို ချစ်မှာလည်း တဲ့ --- ဗျာ ---အဲဒီ အရွယ်ကျွန်တော်တော် ငယ်ငယ် ကလေးဘ၀တုန်းကပါ -- အသက် ၈ နှစ် ၉ နှစ်လောက်က ဗျ ---။ ကျွန်တော်ကလည်း မွေးထဲက ရှာအရမ်း ရှည် အမေကတောင် ပြောသေး နင့်အဖေတောင် အဲလောက်မရှည်ဘူး တဲ့ --- ဟောဗျာ အရင်းမရှိ့ အဖျားမရှိ့  မရှည်နေပေါ့ အမေပဲသိမှာပေါ့ လို့ ပြန်ပြောလိုက်တာပေါ့ ------ ။ ကြီးလာတော့လည်း ပြန်မပြော နားမထောင် ဘယ်လောက်နားသတ်သာလိုက်လဲ ဟုတ်ကဲ့ပါ ဆိုပီးလမ်းဘေးမူးလဲနေတဲ့ အချိန်ကများတာကိုး ---- ။ အဲလိုပေါ့ သူမေးတဲ့ မေးခွန်းတွေကို ကျွန်တော် ၈ နှစ်အရွယ်က စိတ်စိတ်ရှည်ရှည် ရှာရှည်ရှည်နဲ့ ဖြေပေးလိုက်ပါတယ် ---- ။ ကျွန်တော်ကြီး ရင် ၀ါးစီကြီးကိုင်ပီး ဆေးပြင်းလိပ်ကြီး လတ်ကြားညုပ်ပီး မော်တော်ပီကယ်လုပ်ချင်တာပေါ့ ပြောလိုက်တယ် -- ကုသိုလ်လည်းရ ၀မ်းလည်းဝ လေ ။ အဖြူဝမ်းစပ်ကြီးနဲ့  အဝေးကကြည့်ရင် ဖိုးသူတော်ကြီး အလှူခံနေတယ်ပေါ့ ဗျာ ။ အဲဒါနဲ့  ဘယ်သူကို အချစ်ဆုံးလဲ ဆိုတော့လည်း ကျွန်တော်ဘကြီးကို အချစ်ဆုံးလို့  ပြောလိုက်တယ် -- ဟာကွာ မင်းကလည်း အမေမဟုတ်ဘူးလားတဲ့ -- ဦးလေးကလည်း ပေါ့ အမေလူဖြစ်အောင် အဘလုပ်ခဲ့လို့  လူဖြစ်ခဲ့တာလေ --- ကျွန်တော်ကလည်း တစ်လမ်းမောင်းသမား ဗျ --- ဦးလေးကလည်း အင်းဟုတ်ပါပီတဲ့ အဘနို့ ဘိုး ဘယ်လို ကြေအောင်ဆပ်မလည်း တဲ့ ဗျာ ။ သူကလည်း ကလေးနဲ့  တုပီး ကပ်မေးတာကိုး ။ ကျွန်တော်ကလည်း ဘယ်ရမလဲ အဘနို့ ဘိုး နေနေသာ အဘ ဘောတစ်လုံးဘိုးတောင် မကျေသေးပါဘူး ဦးလေးရယ် -- အဘ ဘောက အကြီးကြီးတွေလေ တစ်လုံးတစ်လုံး ထန်းသီးလုံးလောက်ရှိ့ တယ် ဗျ ---- ။ ဦးလေး လဲလတ်ဖျားခါသွားလောက်အောင် ရှာကရှည်တာကိုး --- ။ အဘကျေးဇူးတွေက ကျွန်တော်အပေါ်မနဲ ပါဘူး ---- အဘက ဆေးတွေဘာတွေ ဖေါ်တယ် ဗျ ။ လေဆေးတဲ့ ဗျာ -- ။ ကျွန်တော်တို့  ရွာနဲ့  နီးတဲ့မြို့ မှာ ဆေးဖေါ်ဘို့ သွားဝယ်ရင် ကျွန်တော် အမြဲပါနေကြ ဗျ --- နွယ်ချိုတို့  လေးညှင်းတို့  အစုံပါပဲ ဗျာ ။ အဘက စာအုပ်ကြီးသမား ဆိုတော့ ဆေးစာအတိုင်း ဖေါ်ရတာကိုး ---------- လေဆေးကို မိသားစု စားဘို့ ဆိုပီး တစ်နှစ်စာ ဖေါ်ရတယ်လေ ----- ။ အဘက ဆေးလိုက်တယ်ပဲ ပြောရမလား ခွေး ကိုက်ရင်လည်း မန်းပေးနေကြ ဂါတာက ဥုံ ဥုံ ဥုံ နဲ့ ၀မ်းခေါင်းသံကြီးနဲ့ ဆိုတော့ သတွေးတွေ စင်တာကိုး --- ဒါပေမဲ့ ပြောက်သွားတတ်တယ် ---- ဆေးဖေါ်ပီးရင် သူအရင်စားတယ် ပီးရင်အမေကြီးကိုကျွေးတယ် ကောင်းတယ်လို့ ပြောရင် တစ်မိသားစုလုံးကျွေးတယ် ဗျ ------- ပီးရင်တော့ အဘလေဆေး လေအောင်တယ်ပဲ ပြောရမှာကိုး-----တစ်မိသားစုလုံး ဘဲဥသာစားလိုက်ရရင်တော့ ဗျာ ပြောမနေနဲ့ တော့ နံလိုက်မဲ့ တစ်မိသားစုလုံး -- အဘက အဲလို ငယ်ငယ်က သူ့ ဘောကြီးမမ ပီး ဂျွန်းထိုးသင်ပေးတာတွေ သူ့ ဘောာကြီးမပီး သိုင်းသင်ပေးတာတွေ ကျွန်တော်ဘကြီး ကျေးဇူးတွေမနဲ့  ပါဘူး ။ တစ်ခုရှိ့  တာက ကျွန်တော် ဘကြီး သေသာသွားတယ် ဆိုင်ကယ်အရမ်းစီးချင်တာ ဗျ ။ သူဘောကြီးနဲ့  ဘယ်လို့ စီးမရပါဘူး သေသာသွားတယ် ဆိုင်ကယ် မစီးလိုက်ရပါဘူး ဗျာ ။ ----- ၁၃၆၅ တန်ဆောင်မုန်းလဆန်း လပြည့်ကျော် ၁ ရက်နေ့  သူခိုးလေး ညမှာ ဆေးဘတ်ဝင်မယ်ဇလီဖူး သုတ်စားပီး ဦးနှောက်ကျောပြတ်ပီး ဆုံးသွားပါတယ် ။ မြေးထဲက အဘအချစ်ဆုံးမြေးတစ်ယောက်အနေနဲ့  အဘရဲ့  နို့ တစ်လုံးဘိုး မပြောနဲ့  ဘောတစ်လုံးဘိုးတောင်ကျွန်တော်မကျေသေးပါဘူး ဗျာ -- အမေ့ နို့ ဘိုး ကျေအောင် ဆပ်နိုင်ဘို့ ဝေး ကျွန်တော် မြေးဆိုးသားဆိုး ခုအချိန်ထိ ဆိုးမိုက်တုန်း ပါပဲ ဗျာ --------


Thursday, April 17, 2014

မင်္ဂလာ နှစ်သစ်မှာ ပျှော်ရွှင်ကြပါစေ ----------- ။ --တစ်နှစ်ကူး တိုင်း လူတွေလည်း ပျှော်မြူးကြပါတယ် -- ပျှော်ရွှင်ချင်းကို အသတ်လည်း ပျှော်သွားတဲ့ လူငယ်တွေ လည်း မနည်း ပါဘူး -- သင်္ကြန်ဆိုတာ တစ်နှစ်ပါတ်လုံး ဆိုးမိုက်ခဲ့တာတွေ ကို အတာရေနဲ့  ဆေးကြောကြတာပါ -- မြန်မာတို့ ရဲ့  ခါသင်္ကြန်ဆိုတာ တစ်နှစ်မှ လေး ရက် ၀ါနှစ်ခါထက်ရင် ငါးရ့က် လူငယ်တွေ အပျှော်က အားမရတတ်ကြပါဘူး ---လူငယ်တွေပဲ ဗျာ ပျှော်ကြရွှင်ကြ စနောက်ကြ အမုန်းတွေပွား ကြ ရန်မီးတွေ သောကတွေ အပူတွေနဲ့  သင်္ကြန်ရဲ့  အရသာက မအေးမြတော့ပါဘူး -- ချမ်းလာကြပါတယ် ကျောချမ်း ကြောက်ချမ်း တွေနဲ့  ။ အမျိုးသမီးတွေ ဆိုလည်း မြန်မာပြည် အရပ်ရပ်မှာ ချွတ်လိုက်ကြတာ အပြိုင်အဆိုင် ဖင်လိမ်ကသူက က နဲ့ ။ -- ကျုပ်တို့ ရဲ့  သင်္ကြန် ဟိုတစ်ချိန်က သံချပ်တွေ အပြိုင်အဆိုင် လူထုရဲ့  ခံစားနေရတဲ့ အပူကို သံချပ်ထိုး ရင်ဖွင့်ကြရင်း ငွေဖလားနဲ့  ရေပါတ်ကြတာ ပျှော်စရာပါ ။ ဘုန်းကြီးကျောင်းမှာ ဥပုဒ်သီလဆောက်တည်ရင်း သတ်သတ်လွတ်စားကြပါတယ် ။ ညစာရှောင်ကြပါတယ် -- ဆယ်ပါးသီလ ကိုလုံအောင်ထိန်းကြရင်း မြန်မာတို့  သင်္ကြန်က အေးမြလှပါတယ် ----- ခုတော့ ဗျာ ---- နိုင်ငံခြား တိုင်းတစ်ပါး သူတွေက မြန်မာရိုးရာဝတ်စုံနဲ့  ရေပါတ်ကြတာ ဂုဏ်ယူစရာပါ -- ကျုပ်တို့ မြန်မာ မတွေမှာ တော့ သံတိုင်ကြီးကိုပါတ်ပီး တွန့် လိန်ကနေလိုက်တာ ဗွီဒီယို ထဲကအတိုင်း -- ။ မင်းသမီး ဖြစ်ချင်ကြတယ်ပါတယ် ။ အနုပညာရှင်မင်းသမီးတွေက စလို့  ချွတ်တော့ အရိုင်းတောသူ တောဂေါ်လီမတွေ အားကျတာ မဆန်းပါဘူး ။ ယျဉ်ကျေးမှု့ တွေ ပြောက်ပါတော့မယ် --- အတာကူးတဲ့ နှစ်ဦး အမူးမပါပဲ မပျှော်ကြတော့ပါဘူး --အရက်ပုလင်းကြီး ခါးခြားထိုး အင်္ကျီကြီး ချွတ်ပီး ဖိုက်တာလုပ်ပီး ကနေလိုက်တာ ဗျာ -- ထားပါ ကိုယ်ပိုင်လွတ်လပ်ခွင့် ဘယ်သူကိုယ်မှ ဒု့က်ခ မပေးရင် ဒီမိုကရေစီ ပေါ့ ။ ဆိုင်ကယ်ကြီး ဗလူးဗလူး နဲ့ လမ်းသလားရင်း ၀င်တိုးမိရင်တော့ ဗျာ -- သေခဲ့ရင် ကျိုးခဲံ့ ရင်အားလုံးက အပူသောက အပူ တွေနဲ့  ကိုအတွက်နဲ့  သင်္ကြန်က သရုပ်ပျတ်ရပါတယ် --- အတာသင်္ကြန်ကြီး အောင်မြင်စွာ ပီးဆုံးသွားတော့လည်း မှု့ ခင်း သတင်းများမှာတော့ လူသတ်မှုတွေ ဆိုင်ကယ်မှောက်မှု့ တွေ ကားတိုက်မှု့ တွေ သွေးသံတွေက ရဲရဲ သွေးနဲ့ ဖြန်းတဲ့ အတာသင်္ကြန်လား ဗျာ ။ ဖေါ်ချွတ်တွေ များတဲ့ အတာသင်္ကြန်လား ဗျာ -- ပျှော်လိုက်ကြတာနော် ------ ။ --တစ်ခုထူးခြားတာက အခါကြီး ရက်ကြီး ပြည်သူတွေသားငါး သတ်တာရှောင်ကြပေမဲ့ သေစေနိုင်တဲ့ သေနတ်ကြီး လတ်နတ်ကြီးတွေနဲ့  ပစ်ခတ်နေကြတာ မြန်မာအစိုးရတတ်နဲ့  ကေအိုင်အေ စစ်တတ် --- ။ ဘယ်အညိုးတွေ ကိုယ်ကျိုးတွေ နဲ့  တိုက်နေကြတာလည်းဆိုတာ မသိပါဘူး ။ စစ်ပြေးပြည်သူတွေလည်း လူပါပဲ ပျှော်ချင်ကြမှာပါ ------။ FB မှာလည်း ဘာသာရေး အမုန်းပွားတဲ့ ရေးသားမှု့ တွေ မြင်မကောင်းပါပဲ ။ ကျုပ်တို့ မြန်မာပြည် အစစအရာရာ ပြု့ ပြင် ပြောင်းလဲနေချိန်မှာ တစ်ယောက်တစ်ပေါက် ဗျာ ။ နိုင်ငံရေးသမားက တစ်မျိုး ဘာသာရေးက တစ်မျိုး အခွင့်အရေးက တစ်မျိုး လယ်သိမ်းယာသိမ်းက တစ်မျိုး စစ်တွေက တစ်မျိုးနဲ့  တစ်နှစ်ကူးပြန်ပီပေါ့ -- ကျုပ်တို့ မြန်မာပြည်က ပေါက်ကွဲတော့မဲ့ ဗုံးကြီးလိုပဲ ဖြစ်နေပါပီ ။ အားလုံးသော ပြည်သူတွေ နှစ်သစ်မှာ ပျှော်ရွှင်စွာနဲ့  ဖြတ်သန်း ရင်း ငြိမ်းချမ်းရေးဆုတောင်းကြရအောင် -------- ယနေ့  နှစ်သစ်မှစ ရွေ့  ကျုပ်တို့  မြန်မာပြည် သောကအပူတွေ ကင်းဝေးပီး ငြမ်းချမ်းပါစေ ဗျာ ----

Tuesday, April 8, 2014

ပြောရရင်တော့ အရှည်ကြီးပါ --- ကျွန်တော်နာမည် မောင်မေ့ -- မေ့ဆိုမှ တော်တော်မေ့ ပါတယ် ဗျာ -- ငယ်ငယ် ကကျောင်းသွားရင်စာအုပ်မေ့ ခဲတံမေ့ ဘော့ပင်မေ့ ဗျ ။ အမေက ဈေးဝယ်ခိုင်းရင်လည်း ဈေးဘိုးပေးဘို့ မေ့တဲ့ ကောင် ဗျ --။ အမေ့ကောင်း နော် ။ အသက်ကလေး ရ လာတော့လည်း လယ်ထွန်သွားနွားမေ့ သူ ဗျ ။ အိမ်က မိန်းမတောင် ခဏ ခဏ မေ့ကျန်တတ်လို့  ရွာကပေးထားတဲ့ နာမည်က ကိုမေ့ ဆိုပါတော့ ဗျာ ---- ။ ဖြစ်ပုံက ဒီလိုပါ ---- ။ လမ်းတွေလည်း စုံခဲ့ပါ တယ် လူတွေလည်း အများကြီးတွေ့  ခဲ့ တယ် အားလုံးက ပြုံးပီး ကြည့်ကြတယ် အားလုံးနဲ့  ငါ မဆိုင်သလို ပြုံးပြရင်း ----။ ရွာမှာ တစ်ပေါင်းလဆို ဘုရားပွဲက တစ်အားစည်ကား တာ ဗျ ။ ကျွန်တော်ရွာတောင်ပိုင်း ဘုရားပွဲပေါ့ ဗျာ ။ နဲနဲ တော့ လှန်းတယ် ဗျ ။ မနီးမဝေး လေးပေါ့ -- ။ ကျွန်တော်ကလည်း ပွဲ ဆိုဝါသနာပါသူ ကိုး ---- ငယ်ငယ်က ဘုရားပွဲမသွားရရင် ထမင်းမစားပဲ နေဘူးတယ် -- တစ်အားချစ်တဲ့ ဘကြီးက လိုက်ပို့ မယ်ဆိုပီး ထမင်းချော့ကျွေးလို့  စားတာ ဗျ ။ ---- ပွဲဝါသနာ အိုးပေါ့ ဗျာ -- ဒါတောင် ဆယ်တန်း မအောင်လို့  အောင်များအောင်ရင်ရွှေမန်းတင်မောင်တို့  လို အနုပညာ ကျောင်းတတ်မဲ့ သူ ဗျ ။ ထားပါ ---- ။ ပွဲဈေးကား တစ်အားစီတော့ ညတိုင်းမသွားရရင် အိပ်မပျှော်ပါဘူး -- ။ အခါတိုင်းညတွေ အိမ်က မိန်းမလုပ်သူက လိုက်တယ် ဗျ ။ ဒီည တော့ သူပွဲကိုက်လို့  တဲ့ ဗျာ ။ ပွဲနောက်ဆုံးည ဆိုတော့ ကျုပ်မှာ နေမရဘူး ဗျ ။ သွားချင်နေတာကိုး -- မိန်းမလုပ်သူ ကလည်း အဖေါ် ခေါ်မရတော့ အခတ်တွေ့ နေတာကိုး ---။ ကြံရာမရတော့လည်း ကျုပ်တစ်ရောက်ထဲ သွားမယ်ဆိုပီး မိန်းမကို ထားခဲ့တာပေါ့ ဗျာ -----။ တောဓလေ့ တောရွာဆိုတော့ အရမ်းပူ နွေအခါဆိုတော့ လည်း --ပူတာကိုး ။ လေပြေလေးနဲ့  ပွဲကြည့်ရရင် အရမ်းကောင်းပေါ့ -- ပွဲဈေးက ဆိုင်းသံကလည်း လာချင်အောင်ခေါ်နေသလား ကောင်း ဗျ ။ တစ်ယေက်ထဲ ပဲ ထွက်လာလိုက်တာ ရွာနောက်လမ်း ချောင်းဘေးက သွားရတာကိုး -- ပူလွန်းတော့ လည်း ရေမြင်တော့ ရေချိုးချင်တာနဲ့  ရေဆင်းချိုးရော ဗျ --- ။ တောရွာဆိုတော့ လည်း ရေအနက်ကို ဆင်းရင်း ပုဆိုးခေါင်းပေါင်း ပီး ရေချိုးကြတာကိုး ။ ကျွန်တော်က လည်း အပေါင်းအသင်းနည်းတော့ လည်း တစ်ယောက်ထဲ လွတ်လွတ်လပ်လပ် -- ။ရေချိုးလို့  ၀ မှပဲ ပွဲဈေး ဆတ်သွားတာပေါ့ ။ ဆိုင်းကလည်း ကောင်း ဗျာ ----- ။ ပွဲဈေးရောက်တော့ ပွဲထွက်တယ် ထင်ပါတယ် လူနည်းနည်းတော့ ပါးသွား တာကိုး ---။ လူတွေက ကျွန်တော်ကို ကြည့်ပီး ပြုံးကြတယ် ဗျ -- မဟုတ်မှလွဲရော မင်းသာနဲ့  များမှားနေသလားပေါ့ အလိုက်သင့် ပြန်ပြုံး ပြလိုက်တယ် --- ။ နေရာတိုင်းမှာ ပြုံးကြည့်နေကြတာ -- ရှက်လာတာပေါ့ ဗျာ ။ ပွဲဈေးခဏ ပတ်ပီး ပွဲထဲဝင်တော့ လည်း ပြု့းကြည့်နေလိုက်ကြတာ ဘာမှန်းကိုမသိပါ ဗျာ ။ ပွဲနောက်ဆုံးလည်း အဆင်မပြေ ဗျ ။ မင်းသားနဲ့ များ မှားနေသလား ပေါ့ ။ ဇတ်စင်ရှေ့  သွားကြည့် ပါရော ။ မင်းသမီးကလည်း အသံကောင်း ။ ဇတ်စင်ရှေ့ ဆိုတော့ မီးကလည်း ကောင်းတာကိုး ။ ဆင်ထောင့်လေး ကပ်ပီးကြည့်တယ်ဆိုရင်ပဲ ပရိတ်သတ်က ရယ်လိုက်ကြတာ ဗျာ -- ။ မင်းသမီးက ရယ်စရာမပြော ပဲ သူဟာသူ သီချင်းဆိုနေတာ ဗျ ။ ကျွန်တော်လည်း ရောရောင်ပီး ရယ်လိုက်တာပေါ့ ။ ပီးတော့ ကလားကါ ချလိုက်ရော ။ ဇတ်ဆင်ထည်က ဇတ်အဖွဲသားတွေ ကုလားကါ ပေါက်က လာလာ ချောင်းတယ် ဗျ ။ ပီးတော့ ပြုံးတယ် ။ ဇတ်ကလည်း ပြန်မထွက်သေးဘူး ပရိတ်သတ်ကလည်း တစ်ဟားဟား နဲ့  ရယ်လိုက်ကြတာ --။ ပွဲကြည့်ချင်ပါတယ်ဆိုမှ ကျုပ်ကို ၀ိုင်းအကြည့် ခံနေရတယ် ဗျ ။ ကြာတော့ ကျုပ်လည်း ပြန်ချင်လာတာ နဲ့  ပြန်လာပါရော ။ ပြန်လာတော့ လည်း ပြုံးပီးကြည့်တယ် ဟားတိုက်ရယ်ကြ တယ် -- ။ ဟော ဗျာ -----ဘာမှန်းကိုမသိ -- ။ မှန်ဆိုင်ရှေ့  ရောက်တယ်ဆိုရင် မင်းသားနဲ့  ဘာတွေတူနေလည်းလို့  ကြည့်မိပါတယ် --- ဟောဗျာ ။ ကျုပ်ဖွားဖတ်တော်က ပြူးကြည်ပီး ခေါင်းခါနေတယ် -- မှန်ဆိုင်ပိုင်ရှင်အဒေါ်ကြီးက ရယ်လိုက်တာ -- ပွဲဈေးတန်းထဲက လူတွေက ရယ်-- ဘာလုပ်လို့  ဘာကိုင်ရမှန်းမသိပါဘူး ။ ရှက်ရှက်နဲ့  ပြေးမိပြေးရာ ပြေးရော ဗျာ ။ လမ်းပေါ် စုန်ပြေးတာပေါ့ ။ လမ်းမှာလည်း ရယ်လိုက်ကြ ကျုပ်ဦးတည်ရာ ကျုပ်ပြေးတာပေါ့ ။ အိမ်ရောက်တော့ မိန်းမ က မီးအိမ်လေးနဲ့  ထွက်လာရော -- ကျုပ်ကတော့ မောတုန်း -- ။ ဟောတော် ကိုမေ့ လုပ်ချလိုက်ပြပီ --- သူက လတ်ညိုးထိုး ရယ်တာပေါ့ ဗျာ -- သူထိုးတဲ့ နေရာကြည့်မိမှ ဖွားဖတ်တော်က ရမ်းတုန်း ဗျ ။ ပြေးလာတဲ့ အချိန်နဲ့  ဆိုတော့ -- လည်း -- ကျုပ်လည်း ပုဆိုးဘယ်မှာ ထားခဲ့မိသလည်း ခေါင်းကုတ် စဉ်းစားမှပဲ ဟောဗျာ ကျုပ်ပုဆိုး ရေချိုးတုန်းက ခေါင်းမှာ ခုထက်ထိ ခေါင်းမှာ ရှိ့ တုန်းပါပဲ ဗျာ -- ----- ---