Tuesday, October 1, 2013

ရာသီဥတုကပြောစရာမရှိ့။ ကျီးကန်း ကတစ်အားအား နားခါးမှာပေါ့ ။ ခွေးတွေက တစ်အူအူ ။ ကြယ်မစုံ လကမိုက် ဘယ်လိုမှခံစားလို့ မရတဲ့ ညတစ်ညပေါ့ ။ ကြည်နူးနေသူက ချက်ကြီး အပြုံးတွေနဲ့ ဘာတွေမှန်းမသိ ။ ပါးစပ်က ပွစိပွစိ။ ဟဲ့ ချက်ကြီး ။ ဗျာ ။ အာ အမေကလဲ အိမ်မတ်က ကောင်းနေတာ ဗျ။ ထဘူး ဗျာ ။ ဟဲ့အကောင် နင့်ကိုယ်နင် အသေအချာကြည့်အုန်း ။ ဘာဖြစ်လို့လဲ ။ ချက်ကြီး မျက်လုံးမဖွင့် ။ ဟဲ့ အကောင် နင်အိပ်နေတာ ဘယ်နေရာလဲ ဆိုတာ ထကြည့် အုန်း ။ ဟုတ်တော့လဲ ဟုတ်ပ ။ ဖုန်အလိမ်းလိမ်း နဲ ခြံစီးရိုးဘေး ၀က်ခြံမှာ ချက်ကြီးဇိန် ကျနေချင်းပါ ။ ဟာကွာ အမေကလဲ ကျုပ်အိပ်ယာလေ ဗျာ ။ ဒေါ်ခင်တုတ် အနုနည်းနှင့် မရတော့ ။ ချက်ကြီး ၀က်မကြီးကို ဘာအတွေးနဲ့ မသိ ဖက်တောင်ထားလိုက်သေး ။ ၀ုန်း ။ ဟာ အမေကလဲ ဗျာ ။ ခုမှ ချက်ကြီး အတင်းကုန်း ထတော့တာ။ ဟာ အမေ သားဘယ်ရောက်နေတာလဲ ။ ချက်ကြီး မမှတ်မိ။ မူးလာရင် ပေါက်တတ်ကရတွေ လုပ်ပီးမမှတ်မိတာ ချက်ကြီး အကျင့် ။ သူဘာတွေလုပ်မိပါလိမ့် ။ အမေ သူ သူ သက ။ ၀က်မကြီးကို လတ်ညိုးထိုးပီး ။ ဟာ ဟင် အမေ သားဒီကို ဘယ်လိုရောက် ။ ဟာ ဘာတွေလုပ်မိသေးလဲ မသိ။ ထထ ။ အိပ်ချင်အိမ်ပေါ် တတ်အိပ် ။ ဘယ့် နဲ့ သောက်ချင်တိုင်း သောက်ပီး ကို့အိပ်ယာတောင် ကိုယ်မပြန်နိုင်တဲ့ အဖြစ်။ အင်း ။ ခုမှသတ်ပြင်း ချနိုင်တော့ တယ်။ ချက်ကြီး ညက အမူးလွန် ပေါက်ကွဲ ပီး မပြန်နိုင် ချင်းပါ ။ ပြန်အိပ်လို့ မရတော့ ။ နေကတော်တော် မြင့်နေပီလေ။ ယောက်ဖကို ငြိုးထားတဲ့ အငြိုးကြောင့် သူနှမ အုန်းခင်ကို ပိုးရမဲ့ အလုပ်ကရှိသေးတော့ ပြန်မအိပ်တော့ ။ အုန်းခင် လာရာလမ်း မျှော် မှန်းကာ ချက်ကြီး ကြွမြန်းတော့ မယ်။ ဟဲ့ အုန်းခင် ။ အုန်းခင် ။ နင်ကလဲ တစ်သားမွေး တစ်သွေးလှပါလား ဟ ။ ချက်ကြီးစကားမရှီစကားရှာနေချင်းပါ။ နင့် အဖေ ဘောအောင့်လို့ ဆို ။ အဲ ရောင်လို ။ နင်ခု ဘယ်လဲဟ ။ နင်တို့ကရင်လူမျိုး ဆိုတော့ အသားဖြူတယ်နော် ။ နင်အဘကလဲ ကရင် နင့်အမေကလဲ ကရင် ။ နင့်မောင် ငါ့ယောက်ဖကလဲ ကရင် ဆိုတော့ ။ ငါလဲ ကရင်ဖြစ်ပီနော်။ ဟယ် ဘဆိုင်လို့လဲ ။ နင်တို့နဲ့ ငါတို့က အမျိုးတော်ပီလေဟာ။ အဲဒီတော့ ငါလဲ ကတုန်ကရင်ပေါ့ ။ ဟီး ။ဘာတွေမှန်းမသိ ။ ဘာတွေပြောမှန်းမသိ။ ပြောလိုက်တာ ငယ်ငယ်က ချီးချောက်ကောက်စားတာ အကုန်ပါ။ ချက်ကြီးတို့က အဲလို။ ကောင်မလေးနဲ့ စကားပြေရမယ်ဆို သရေတွေ ပါးစပ်လေဖြတ်အောင်ပြောမယ့် လူစားမျိုး ။ ရုပ်ကိုက နာမည်နဲ့ လိုက်တဲ့ ရုပ်ကို ပိုင်ဆိုင်ထားတာ ကိုး ။ ပါးရိုးကားကား လေးထောင့်ကျကျ ။ အမြဲတန်း ကုတ်ကိုင်းကိုင်း ။ စကားပြောရင် လတ်ကားရားခြေကားယား ။ တစ်ခါတစ်ခါ နှတ်ချီးတောင် ကော်ပီးလုံးလိုက်သေး။ အလုပ်ကလဲ လတ်ကျောမတင်း ။ ဘာမှရစရာမရှိ့ အရေခွံ စုတ်နေလှမ်းရင်တောင် ကျီးကန်းတောင်မထိုးမဲ့ ရုပ်မျိုး ။ အရက်ကြတော့ တစ်ခွပ်တစ်ခွပ် ဆက်လျှက်တစ်နေကုန်။ အုန်းခင်အနေနဲ့ အာရုဏ်နောက်တာပေါ့ ။ သူယောက်ကျားသေပီးထဲ က ဘိုသီဘတ်သီ ဘာမှပြင်စင်မှု့မရှိ့တဲ့ အုန်းခင် ချက်ကြီး ဘာမြင်ကြိုက်တာလဲ ဆိုတာ အုန်းခင်စင်းလို့မရ။

No comments:

Post a Comment