Wednesday, October 9, 2013
ကျွန်တော်တို့ ချစ်တဲ့ တိုင်းပြည်ကြီး က တော်တော်ချူချာခဲ့ ပါတယ် ။ စီးပွားရေး ပညာရေး ကျမ်းမာရေး အကုန်လုံး ပါပဲ ဗျာ ။ ပညာရေးဆိုလဲ ကျုပ်တို့ မြန်မာနိုင်ငံစာသင်ကျောင်းတွေ မီဒီယာတွေ ဖွင့်ခဲ့ တယ် ဗျ ။ ဦးခင်ညွန်လတ်ထက်ကပေါ ဗျာ ။ လမ်းဘေးကျောင်းတွေမှာ ဖွင့်လိုက်တာ အားရစရာပါပဲ ဗျာ ။ ကျောင်းတွေမှာ သင်လားဆိုတော့ လဲ ကွန်ပြူတာခန်းဆိုပီး သီမ်းထားလိုက်တာ ။ မသင်ကြရပါဘူး ။ ကျောင်းသားတွေ ။ ကျုပ်တို့ဆိုရင်လည်း တောသားဖြစ်တော့လဲ ကွန်ပြူတာကို ၂၃ နှစ်မှမြင်ဘူး ပါတယ် ဗျာ။ ခောတ်ကမမှိခဲ့တာ ကိုး ။ ခောတ်မမှီတာတော့ ကျုပ်အပစ်ပေါ့ ဗျာ ။ မိသားစု တစ်ခုမှာ အိမ်ထောင်ဦးစီးက အဖေ ဗျ ။ ရွာမှာဆိုရင် သူကြီးပေါ့ ။ မြို့ မှာဆို အုပ်ချုပ်ရေးမှူး ရာအိမ်မှူး ဆယ်အိမ်မှူး ။ အုပ်ချုပ်သူတွေလေ။ ပြည်သူတွေကိုသားသမီး လိုဆောက်ရှောက်နေကြသူတွေ ဆိုတော့ လဲ အဖေတွေပေါ့ ဗျာ ။ တိုင်းပြည်မှာဆို အစိုးရ ပေါ့ ။ ပြည်သူတွေရဲ့ အဖေပေါ့ ။ သားတွေကအဖေအားကိုးသလို နိုင်ငံတော် အစိုးရကို ပြည်သူတွေအားကိုး ကြပါတယ်။ သားသမီးမကောင်းရင်အဖေခေါင်း ။ အဖေမကောင်းရင် သားသမီးေ ခါင်း ။ ပြည်သူမကောင်းရင် အစိုးရခေါင်း ။ အစိုးရမကောင်းရင် ပြည်သူခေါင်းပေါ့ ဗျာ ။ ဟောဗျာ ။ မြန်မာစကား ပုံကလည်း အများကြီး ဗျာ ။ ကျုပ်တို့ နိုင်ငံမှာ ဘယ်သူတွေမကောင်း လဲ ။ ပြောကြည့်ဆိုရင်တော့ စစ်အစိုးရခောတ်ကစပြောရမှာ ပဲ ။ ပြည်သူတွေ စုပ်ပြတ်သတ် မွဲနေပေမယ့် အစိုးရအရာရှိ့ကြီးတွေမှာ လုပ်ပိုင်ခွင့်တွေအများ ကြီးနဲ့ ချမ်းသာနေလိုက်တာ ။ အားကျစရာပါ ။ TVမှာ ဆိုလည်း ပြည်ပအားကိုး ပုဆိန်ရိုး တဲ့ ။ အစိုးဆုံးက ဗွီအိုအေ ညာနေသည် ဘီဘီစီ ရန်တိုက်ပေးနေတယ်တဲ့ ဘာတွေမှန်းမသိ ။ သတင်းနားထောင်ရင်တောင် ထောက်လှမ်းရေး မျက်ဆောင်းထိုးတာ ခံကြရတယ်လေ ။ ငြိမ်ဝတ်ပိပြားရေး ဆိုတဲ့ အတိုင်း ပိပြားကြပါတယ် ။ ပြည်သူတွေနဲနဲ မှလှုပ်လို့မရ ပါဘူး ။ ဆော်မဲ့ စစ်တပ်ကမြေတွေသိမ်းပီး ဖွဲ့စီးထားတာမနဲ ။ ထားပါ ဒါတွေပြောရင် ဒေါပွစရာ ဗျ ။ စိတ်မနာပါဘူး ။ ပြည်ပအားကိုး ပုဆိန်ရိုးဆိုပီး ဘဘကြီးတွေသားသမီးတွေ ကြတော့ နိုင်ငံခြားမှာ ပညာသင်ကြပါတယ် တဲ့ ဗျာ ။ ကောင်းရော ။ ပြည်သူထဲက ပြည်သူတွေထူးချွန်လို နိုင်ငံခြားကျောင်းတတ်ချင်တယ် ဆိုတောင် နောက်ကြောင်း ရှေကြောင်းတွေအကုန် ။ ထောက်လှမ်းရေးက ငရဲမင်း ဖိုင်နဲလာနည်းကား သေသွားတဲ့ လူတွေတောင်လိုက်ခေါ်ရမယ့် ပုံ ။ လုပ်ပေါက်ကိုကြည့် ။ ဒါတွေမလိုအပ်ပါဘူး ထင်ပါတယ်။ စိတ်မနာ နိုင်ပါဘူး ။ ကလေးတွေ ပညာရေးဆိုလည်း ဗျာ ။ သင်နေလိုက်ကြတာ လတ်တွေ့မပါတဲ့ ပညာရေး။ ဘယ်ကလေးက စိတ်ဝင်စားကြမှာလည်း ။ စိတ်ဝင်စားစရာ ဘာသာရပ်ကလည်း ထွေထွေထူးထူး သိပ်မရှိ့ပါဘူး ။ သင်္ချာ သင်တော့လည်း တါက်တတ်ချက်တဲ့ ရုံတဲ့ လေးတန်းပညာရေး ။ လေးတန်းလည်းပီးရော နွားကျောင်းကြပါကုန်ရော။ စီးပွားရေးကြောင့်လဲ ပါတယ် ဗျ ။ မိဘအဆင်မပြေရင် ကျောင်းထားဘို့ဆိုတာ မလွယ်ဘူး ဗျ ။ အလုပ်ကြတော့လည်း အစိုးရက စစ်တမ်းကောက်ပီး အလုပ်ပေးတာ ခင်ဗျားတို့ကြားဘူး ကြလား ။ ရှိ့လဲမရှိသေးပါဘူး ။ ကျုပ်တို့ နိုင်ငံမှာ လုံးဝမရှိသေးပါဘူး ။ အလုပ်နဲ့ ပါတ်သတ်လို့ အေးဂျင့် ဆိုပီးပေါ်လာကုန်ရော။ ပြည်ပအလုပ်ရှာဖွေရေးပေါ့ ။ လုပ်ပိုင်ခွင့်ရတဲ့ သူတွေလုပ်တာကိုး ။ တောသူတောင်သား လယ်ရောင်းပီးသွားတာ အများကြီး ။ ဘ၀ပျက်တဲ့သူတွေလည်း အများကြီး ။ ငွေလိမ်လို့ ပြန်လာကြသူတွေလဲ မနည်းပါဘူး ။ စိတ်မနာပါဘူး ။ အစိုးဆုံးက နိုင်ငံခြား မလေး ပဲစပြောမယ် ။ ဗီဇာ အိုပီး ဒုကခရောက်တဲ့ ပြည်သူတွေ အစိုးရသွား ကူညီတယ်ဆိုတာလည်း ဝေးရော။ ဥပဒေတွေချထားတာ လည်းမနည်း ။ ပြည်သူလုပ်ပိုင်ခွင့်ကဘာရှိတော့ မလဲဗျာ ။ တောတိုး ဆိုက်ကားနင်းပေါ့ ဗျာ ဟုတ်ဘူးလား ။ မိဘအခြေခံရှသူတွေက တော့ အဆင်ပြေကြမှာပေါ့ ။ ဘွဲ့ရအောင်ပညာသင် ပီး နိုင်ငံခြားသွားပီး ကောင်းကောင်း ကျွန်ခံပေါ ။ စိတ်မနာပါဘူး ။ ဟိုရောက်မှ ဘ၀ပြတ်တာ သူ့ကံပေါ့ ။ ကျမ်းမားရေးဆိုလဲ ဗျာ ဆရာဝန်အမှတ်က အများဆုံးဝင်ခွင့် သတ်မှတ်ထားတာ ကိုး ။ အရမ်းတော်တဲ့ သူတွေ တတ်ကြပေါ့ ဆေးကျောင်း ။ စရိတ်ကတော့ မသေးဘူး ဗျ။ မိဘ ၀င်ငွေအင်မတန်ကောင်းမှ တတ်ရမဲ့ကျောင်းတွေပေါ့ ဗျာ ။ စရိတ်ကြီးတော့ လဲ ကျောင်နေတဲ့ စရိတ်က ဘယ်သူမှ မထောက်ပန့် ဘူးလေ ။ သူအတွက်စရိတ်က ဆရာဝန်ဖြစ်မှ ပြန်ရှာရမှာ ကိုး ။ ဆရာဝန်လည်း ဖြစ်ရော ဆေးဘိုးထက် ၀ါးခက မနည်း ။ စိတ်မနာပါဘူး ။ မရျိဆင်းရဲသားပြည်သူ စားဘို့ တောင်အနိုင်နိုင် ဆေးဘိုးများတော့လဲ ဘယ်သူကအသေခံမှာလည်း ။ ပါတ်ဆံ ချီးပီးကုပေါ့ ဗျာ။ စိတ်မနာပါဘူး ။ ပြည်သူတွေ အသတ်ပြင်းတယ် ဗျ ။ သူငယ်တန်းက စလိုက်တဲ့ ပညာရေးလတ်တွေ့ မကျတဲ့ ပညာရေး ပြင်ဘို့ကောင်းပါပီ ။ ပညာတွေသင်ပီး ပြည်သူတွေဘာလို့ အလိမ်ခံနေရသလဲ ။ ယုံလွယ်လို့ပေါ့ ဗျာ ။ တတ်သစ်စ လူငယ် ဆိုတာ ဖျက်လတ်တတ်ကြွနေရမဲ့ အရွယ်ပေါ့ ဗျာ ။ ခုတော့ကျောင်းသွားရင် ကုတ်ချောင်းချောင်း ။ ထားပါ ။ ကလေးတွေ စိတ်ဝင်စား မဲ့ လတ်တွေဆန်တဲ့ ပညာရေးဆိုရင်တော့ ဗျာ ။ ကျောင်းပျှော်ကြမှာ ပါ ။ ကျောင်းပီး လို့ ဘာတွေတတ်လဲ ဆိုရင် စာပဲ သင်တော့ စာတွေပဲတတ်တော့ပေါ့ ။ စာက လတ်တွေမကျတော့ ဘာအလုပ်မှ မလုပ်တတ်နိုင် ။ စစ်ထဲဝင် စစ်ဗိုလ်ကြီး လုပ်ပေါ့ ။ နောက်ကြောင်းလိုက် မရှင်းရင်ဘ၀ပြတ် ။ ဒါလားပညာရေး ။ စိတ်မနာပါဘူး ။ ဆယ်တန်းဆိုလည်း အပြင်ဘ၀နဲ ပါတ်တဲ့ လုပ်ငန်း ဗဟုသုတ အစုံပေါ့ ဗျာ ။ လတ်တွေကျ တဲ့ ပညာတွေသင်စေချင်ပါတယ်။ ပညာမတတ်ရင် အားလုံးကနိမ့်ကျကုန်ပေါရော ။ စိတ်မနာနိုင်ကြပါဘူး ။ ကိုဝမ်းတစ်ထွာ ကိုရှာစားကြရင်း ရုန်းကန်နေရတဲ့ ပြည်သူတွေ အစိုးရက ချစ်တယ်ဆိုတာ စီးရုံးရေးမှာ ပဲပြောမှာပါ ။ ပြည်သူလုံချုံ ရေးနဲ့ ပြည်သူတွေရဲ ဘ၀တွေကို စင်းစားပေးစေချင်ပါတယ်။ ပညာရေးဆိုလည်း မီဒီယာ မဖွင့်ရသေးတဲ့ တောကျောင်းတွေအများကြီး ။ ကွန်ပြူတာ မမြင်ဘူးတဲ့ ကလေးတွေအများကြီး ။ မီးမရသေးတဲ့ ရွာတွေအများကြီး ။ ဆက်သွယ်ရေးပြတ်နေတဲ့ ရွာတွေအများကြီး ။ စစ်ဘေးခံနေရတဲ့ ရွာတွေအများကြီး ။ လမ်းဘေးတောင်းစားနေတဲ့  မိသားစုတွေအများကြီး ။ ဒါတွေရှိနေမှ တော့ ခင်ဗျားတို့ ပြောတဲ့ ခောတ်မှီဖွင့်ဖြိုး တိုးတတ်သော နိုင်ငံတော်သစ်ကြီးဆိုတာ ဘယ်မှာလဲ ။ ကိုထူကိုယ်ထ လူမှုရေးအဖွဲ တွေဆေးကုပေးလို့ အသတ်ရှင်ရတဲ့ ပြည်သူတွေ အများကြီး ။ ဆေးရုံမတတ်နိုင်လို့ သေတဲ့ ပြည်သူတွေအများကြီး ။ ဆရာဝန်မရှိ့ တဲ့ တိုက်နယ် ဆေးရုံမရှိတဲ တောကျကျရွာတွေအများကြီး ။ စိတ်မနာပါ ဘူး ဗျာ ။ အစိုးရကြီး ကိုချစ်ပါတယ် ။ ပြည်သူတွေကိုလည်း စိတ်ရင်းစေတစ်နာ မျှမျှတတနဲ စောင့်ရှောက်စေချင်ပါတယ် ဗျာ ။ စိတ်မနာပါဘူး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment