Sunday, October 6, 2013
လယ်သမားတွေ ဘ၀ပြောပြရရင် အများကြီး ။ ပင်ပန်းကြတာတွေ အစုံပါပဲ ။ အနေဆင်းရဲ အစားဆင်းရဲ အ၀တ်ဆင်းရဲ ဗျ။ လူချင်းအတူတူ ထမင်းသုံးနပ်စားရတာချင်းအတူတူ လူနေမှု လည်းနိမ့်ကျ ကြပါတယ် ။ မြို့မှာဆို မိုးအေးအေး ကွေးလို့ရကြမှာပါ ။ အိပ်လို့ပျှော်ကြမှာလေ။ တောမှာတော့မရကြပါဘူး ။ မိုးရွာရင်လည်း လယ်တွေရေနစ်မှာတွေးပူကြ ရတာကိုး ။ မိုးမရွာရင်လည်း မိုးခေါ်ရပြန်ရော။ ကြက်ရိုးခေါက် လွန်ကြိုးစွဲ ဒုန်းပြေးပွဲ တွေ စီတိုသံတစ်ညံညံ မိုးခေါ်ရတာ ပျှော်ပွဲရွှင်ပွဲ တစ်ခုပေါ့ ။ ပြောပြရအုန်းမယ် လွန်ကြိုးဆွဲပွဲလေး အကြောင်းပေါ့ ဗျာ ။ တောဓလေ့တောသဘာဝ အလွန်လဲ ပျှော်ဘို့ကောင်းပါတယ် ။ ရွာသူ ရွာသားအစုံ ပါကြတာကိုး ။ ကိုကိုကာလသားများအတွက်ကလည်း ကိုချစ်တဲ့သူ ကိုပိုးနေတဲ့သူ ပါရင်မြှောက်ပေးရင် ဂွေးတတ်အောင်ကမဲ့ အိုက်တင်အပြည့် ။ လော်စပီကာ အသံဖမ်းမန်နေဂျာကလည်း ဟွန်းသံတစ်ကျွီကျွီ ။ ပြောနေလိုက်တာကလည်း ရွာထဲက အေးကြည်မ မီးဖွားတာက အစအကုန်ပါ ။ ဘိတ်သိတ်ဆရာလေသံလိုတစ်မျိုး ၀င်းဦးအသံလိုတစ်မျိုး နတ်ကတော် လှကြည်အသံလိုတစ်မျိုးမရိုး နိုင်အောင် ပြောနေလိုက်တာ သူအမလင်နောက်လိုက်တဲ့ အတိုင်းအပျှော်ကြီးပျှော်လို့ပေါ့  ။ တောသူတောသား ရိုးအကြပါတယ် ။ တစ်ဖက်နဲ့ တစ်ဖက် လူစုခွဲ ပီး နွယ်ကြိုးကို အပြိုင်ဆွဲကြချင်းပါ ။ ရွှေဖလား ငွေဖလား ဒဏ်ဖလား တစ်လုံးမှ မပါပေမယ့် မိုးရွာရေရှိရေးကို မိုးခေါ်တဲ့ ရိုးရာပွဲလေးပေါ့ ။ (OB ) ဆိုင်မှာတစ်နေကုန်သောက် စောစောရောက်ပီး ကနေကြသူတွေက အရက်သမား လူပျှော်ကြီးများ ။ စီတိုသံ စီးချက်နဲ့ ဟန်မပြတ်တန်းကနေကြသူတွေ ။ ပျှော်စရာ ကြီး ဗျ ။ သူအားပေးတဲ့ ဘက်ကနိုင်များနိုင်သွားရင် ဖင်မဲမဲကြီးတွေပေါ်အောင် ဂျွန်းတွေထိုးလိုက်တာ ဘာမှမရှက်နိုင် ။ အသင်းသားများကလဲ တစ်ဖက်နဲ့ တစ်ဖက်မခံချင်အောင်စနောက် နေကြတာ ပျှော်စရာကောင်း ကြပါတယ်။ တောသဘာဝ ပီသကြတာကိုး ။ ပွင့်ပွင့်လင်းလင်း ဒုတ်ထိုးအိုးပေါက်ပြောနေလိုက်ကြတာ မိန်းမကြောက်တာက အစ အကုန်ပါ ။ အမျိုးသမီးတွေဆိုလဲ ပြောနေလိုက်ကြတာ ညည်းယောက်ျားငပိန် ခြေသလုံးပလွေရိုး မျိုးရိုးကဘာဆိုလဲ မသိပါဘူး ပျှော်စရာအလွန်ကောင်းပါတယ် ။ အားကျစရာလည်းကောင်းပါတယ် ။ နိုင်များနိုင်ခဲ့ရင် ဂျွန်းတွေထိုး ပီးအောင်ပွဲခံနေလိုက်ကြ ဖလားရတဲ့ အတိုင်း ပါပဲ ။ ပျှော်စရာအလွန်ကောင်းသလို ပင်ပန်းကြပါတယ်။ မိုးလေးနည်းနည်းရွာတာနဲ့ မြေသြဇာအတွက် မြေဆွေး ကြာချေး တွေကိုလှည်းနဲ့ တိုက် ပီး လယ်ထဲမှာ ဖြန်ကြရပါတယ်။ မိုးသတ်လေနဲ့ အတူသီးချင်းတစ်အေးအေး နဲ့ ဆိုတော့ ပင်းပန်းတယ် မထင်ရလောက်အောင် ချွေးတစ်ပြိုင်ပြိုင်းနဲ့ လုပ်ငန်းခွင် ၀င်ကြရတာ ကိုး ။ မိုး များများရွာတာနဲ့ ပျိုးခင်းဝင် လယ်လုပ်ငန်းဆင်းကြရပါပီ ။ မနက်စောစော ထပီး လယ်ထဲအလုပ်ဆင်းကြရပါပီ ။ ပျှော်စရာပါ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment