Monday, October 14, 2013

တစ်မိုးအောက် တစ်မြေထဲ နေ တစ်ရေထဲ သောက်တဲ့ တိုင်းရင်းသားတွေ စိတ်ဝမ်းတွေဘာကြောင့် ကွဲနေကြမှာလဲ ။ နွားကွဲရင် ကျားစွဲတတ်တယ်ဆိုတဲ့ စကားပုံက ရှိပြန်ရော ဗျာ ။ ခုဆို ကျူပ်တို့ နိုင်ငံ ဖြစ်နေတာ တွေက ပြည်ပျက်ကိန်းဆိုက်နေပီ ။ အမျိုးသားရေးက စလိုက်တာ ပြသနာက အများကြီး ။ အမျိုးသားရေး ဆိုတာရှိ့ပါတယ်။ ရှေ့ မြန်မာမင်းအဆက်ဆက် က ။ ကချင် ကယား ကရင် ချင်း မွန် ဗမာ ရခိုင် ရှမ်း တိုင်းရင်းသားတွေ ရှိ့ခဲ့ ကြတာ ကိုး ။ မြန်မာ သတ်တ မွန်လေးဝ ရှမ်းကသုံးဆယ် ခြောက်ဆယ်ကုလား စာဆိုတွေလည်း ရှိ့ခဲ့ကြပါတယ် ။ အားလုံးကတော့ လူတွေပါပဲ ဗျာ ။ ဘာကြောင့် မုန်းနေကြမှာ လဲ ။ အမုန်းဆိုတာ အငြိုး ပြိုင်ဆိုင်မှု မာန အတ်တတွေ ကြောင့် စခဲ့ ကြတာပါ။ စီးပွားရေး လူမှု ရေး အကုန်ပါပဲ ဗျာ ။ လူဆိုတာ တစ်ထပ်တည်း ကျတယ်ဆိုတာ ဘယ်သူမှမရှိကြပါဘူး ။ ဖြစ်ခဲ လှတဲ့ လူ့ဘ၀လေးမှာ အမုန်းတွေနဲ့ တိုက်ခိုက်ကြရင်း လူဘ၀ ကိုယ် အဆုံးရှုံး ခံတော့မှာလား ။ လူ့စီး ဘီလူးစီး ဆိုတဲ့ စကားပုံကရှပြန်ရော ဗျ။ စီးကမ်းရှိရင် အမုန်းပွားစရာ အကြောင်းမရှိ့ကြပါဘူး ။ ဘာသာ သာသနာမှာလည်း အဲလိုပါပဲ ။ တစ်ဦးဘာသာ တစ်ဦးမပုတ်ခတ်ပဲ စီးကမ်းရှိ့ရှိ့ နေကြရင် ပြသနာဆိုတာ ဖြစ်လာစရာ မရှိ့ပါဘူး ။ ခုဆို မြန်မာနိုင်ငံ မှာဖြစ်နေကြတာ ကုလား မြန်မာ အဆိုးဆုံး ။ ထစ်ကနဲ ဆိုဆော်ကြပြန်ပီ ။ ကုလား vs မြန်မာ ။ ပြသနာ အစတွေကတော အများကြီးပါ ။ ဘယ်သူပဲ လွန်သည်ဖြစ်စေ ဘယ်သူပဲမှားတယ် ဖြစ်စေ အမုန်းမပွားကြပဲ မှားတဲ့ သူကိုယ် တရား ဥပဒေ အရစိုးမိုး နိုင်ခဲ့ရင် ဒီပြသနာ တွေဖြစ်လာစရာအကြောင်း မရှိ့ကြပါဘူး ။ မျိုးနွယ်စု ဆိုတာကလည်း မျိုးတုန်းဘို့ဆိုတာ ခဲရင်းလှပါတယ်။ ဘာပြောပြော ဘယ်ဘာသာ ပဲကိုးကွယ် ကိုးကွယ် အားလုံးကလူတွေ ပါ ။ ပြသနာ ဖြစ်တိုင်း ကြားထဲကပြည်သူ အနေဆင်းရဲ အစားဆင်းရဲ ကယ်ဆယ်ရေးစခန်းတွေမှာ နေကြရတယ်။ ဒုက်ခသည်ဆိုပီး သူများလှူ မဲ့ အစားအစာကိုယ်စား နေကြရတာ ခင်ဗျားတို့ ကိုယ်ချင်းစာကြည့်စေချင်ပါတယ် ။ အားလုံးက မြန်မာနိုင်ငံအတွင်းမှာနေတော့ ပြည်သူပေါ့ ဗျာ ။ ကျုပ်တို့ တိုင်းပြည်ထဲမှာ နေသမျှတော့ တိုင်းရင်းသားလည်း ကျုပ်တို့ပြည်သူ ကုလားလည်းကျုပ်တို့ ပြည်သူပါပဲ ။ ဘယ်သူမျ မနစ်နာစေချင်ပါဘူး ။ ကျုပ်တို့ မြန်မာနိုင်ငံ ပြည်သူတွေကလည်း ခောတ်အဆက်ဆက် စစ်အစိုးရလတ်အောက်မှာ နေခဲ့ကြတော့ ပညာ ဆိုလည်း မဖူလုံကြပါဘူး ။ အသိပညာ အတတ်ပညာ အားလုံး ချွတ်ချုံ အသိပညာ အတတ်ပညာ နည်းခဲ့ ကြတယ်ဗျ ။ ပညာတတ်လူတန်းစား အနည်းစု ကြတော့ နိုင်ငံခြားထွက်နေကြပြန်ရော။ ခေါင်းစီး ပိုင်းနေရာတိုင်းကို စစ်ဗိုလ်တွေကြီးဆိုးထား တော ပိုဆိုး ။ ဘယ်မှာလည်း ကျုပ်တို့ပြည်သူ လုပ်ပိုင်ခွင့် လူ့အခွင့်အရေးတွေဆုံးရှုံးခဲ့ ကြပါတယ် ။ အားလုံး ရဟန်းသံဃာ ကျောင်းသား အလုပ်သမား လယ်သမားအစုံပါပဲ ဗျာ။ ဆုံးရှုံးခဲ့ကြပါတယ်။ ကျောင်းသားဆိုလည်း ပညာရေး နိမ့်ကျခဲ့ကြတယ်။ ဘုန်းကြီးဆိုလည်း လွတ်လပ်စွာဟောပြောခွင့် အလုပ်သမား လယ်သမားဆိုလည်း အစိုးရရဲ့ ချမှတ်ထားတဲ့ ဥပဒေစီးမျဉ်းကြား မှာလုပ်ပိုင်ခွင့်တွေဆုံးရှုံးခဲ့ကြတယ်။ ကိုယ်လုပ်ချင်တာ လုပ်ပိုင်ခွင့်မရကြရင် လူ့အခွင့်အရေးနဲ့ မညီဘူးပေါ့ ဗျာ ။ လူ့အခွင့်အရေး ဆိုတာလည်း စီးကမ်းရှိမှ ထိုက်တန်တာဗျ ။ လူ့အခွင့်အရေးဆိုပီး စီးမဲ့ ကမ်းမဲ့ မင်းမဲ့တိုင်းပြည်လိုလုပ်နေရင်တော့ ဘယ်သူနဲ့ မှမထိုက်တန်ပါဘူး ။ ကျုပ်တို့နိုင်ငံက ခုမ ဒီမိုကရေစီ အလင်းရောင်သန်းကာစ ။ လုပ်ပိုင်ခွင့်ရပီ ဆိုပီး ဆနဒ တွေထုတ်ဖော်ကြတာ အပြစ်မပြောပါဘူး ။ လုပ်သင့်တယ်လေ။ ဆုံးရှုံးခဲ့ တဲ့ အခွင့်အရေးတွေ ကိုး ။ ဒါပေမယ့် ဗျာ လုပ်ပိုင်ခွင့်ရတယ်ဆိုပီး ပြသနာ တွေကမနည်း ပြန်ဘူး ။ အားလုံးပေါ့ ဗျာ ။ ဘယ်သူမှမဖြစ်စေ မနစ်နာစေချင်ပါဘူး ။ ဦးသိန်းစိန် အစိုးရ သမ်မတ သတ်တန်း (၅) နှစ်နဲတောင် မတန်ဘူး ရှင်းလိုက်ရတဲ့ ပြသနာတွေ။ သစ်ခုတ်သမား ပုံပြင်လိုပေါ့ ဗျာ ။ ရဲဒင်း ပြောက်လို့ ကူညီတဲ့ ရုပ်ကစိုး သစ်ခုတ်သမားကို ရဲဒင်း သုံးခုပြပီ မေးတယ် ဗျ ။ ရိုးသားတဲ့ သစ်ခုတ်သမား ဘယ်လောက်ပဲ ရွှေရဲဒင်း ငွေရဲဒင်းတွေ ပြနေပေမဲ့ သူပိုင်တဲ့ သစ်သားရိုး ရဲဒင်းသာ အမှန်ဖြစ်ကြောင်းပြောခဲ့တဲ့ အတွက် ရိုးသားလို့ဆိုပီး ရွှေရဲဒင်း ငွေရဲဒင်းပေးလိုက်တယ် ဗျ ။ လောဘ ကြီးတဲ့ သစ်ခုတ်သမား ကလည်းသူနည်းသူဟန်အတိုင်း လုပ်ကြည့်တော့ ရုပ်ကစိုးက ကူညီရပြန်ရော ။ ရွှေရဲဒင်း ငွေရဲဒင်း သံရဲဒင်း ကိုပြတော့ ။ လောဘကြီးတဲ့ သစ်ခုတ်သမားက အကုန်လုံး သူဟာ ဆိုတော့ ကဲဘယ်လိုလုပ်ပမလဲ ။ ရုပ်ကစိုးက လောဘကြီးတယ်ဆို ပီး အကုန်မပေးတော့ ဘူး တဲ့ ဗျာ ။ ပုံပြင်ပါ ။ ကျုပ်တို့ ပြည်သူလည်း အဲလိုဖြစ်နေကြပါတယ် ။ အလိုကြီး နေကြတယ် ဗျ ။ နိုင်ငံရေးသမား ကလည်းများ ပ ။ ပါတီဆိုလည်း မနည်းပါဘူး ။ ခေါင်းဆောင်လုပ်ချင်သူကလည်း အများကြီး ဗျ ။ မင်းသားကြီးမလုပ်ရ ပါတ်မကြီးထိုးဖေါက်မဲ့ လူမျိုးတွေက လည်းရှိ့ပြန်ရော ။ တိုင်းပြည် တိုးတတ်မှုနှောက်နှေးပါတယ် ။ အရေးခင်းတွေကလည်း ထစ်ကနဲဆို ချနေကြတယ် ဗျာ ။ စိတ်ပျက်စရာ ပါ။ ကျုပ်တို့ ပြည်သူတွေ ဘယ်သူမှ မဝေဖန်မပုတ်ခတ်ပဲ တိုင်းပြည်တိုးတတ်ရေး အတွက် ကျိုးစားကြစေချင်ပါတယ်။

No comments:

Post a Comment