Friday, October 11, 2013

လူဆိုတာသေမျိုး ။ သေမျိုး ။ ခင်ဗျားတို့ နေရလည်း အသက်( ၈၀ ) (၁၀၀) ပေါ့ ။ ကျုပ်နေရလည်း (၈၀) (၁၀၀) ။ ဘာကြောင့် မသေခင် မုန်းနေကြတာလည်း ။ သေရင် ခင်ဗျားတို့နောက် ဘာမှမပါဘူး ဗျ ။ ဘယ်သူသေသေ ဘယ်သူနောက်မှ ဘာမှ မပါဘူး ။ ၀န်ကြီးသေလည်း ဘာမှမပါဘူး ဗျာ ။ ကုန် ကုန်ပြောမယ် ဘယ်သူသေသေ ဘာမှမပါဘူး ။ သေရင်ပါသွားတာ ခင်ဗျားတို ပုဒ်ဆော်နံနေတဲ့ ဘယ်သူမှမကိုင်ချင် မထိချင်တဲ့ ခနတာ ကိုယ်ပဲ ဗျ ။ လူဆိုတာ မသေခင်သာ ချစ်တယ်ပြောနေကြတာ ။ သေပီးရင်း အားပါးပါး ဝေး ဝေးသေး ။ မထိချင် မကိုင်ချင်ကြဘူး ။ သိပ်ချစ်ပါတယ် ဆိုတဲ့ ချစ်သူတောင် မူးသလိုမေ့သလိုနဲ့ ရှောင်ပြေးတတ်ကြတာ ။ ချီးမွန်း ( ၇ ) ရက် ကဲ့ ရဲ့ ( ၇) မမေ့ နိုင် (၁) ပေါ့ ဗျာ။ စိတ်ကုန်စရာ တွေ ။ မသေခင်ဘာကြောင့် အငြိုး အာဃာတ တွေထားနေမှာလဲ ။ လူတွေပါပဲ ချစ်ချစ်ခင်ခင်နေကြရင် ပျှော်စရာကောင်းပါတယ်။ သာယာတဲ့ လူ့ဘ၀လေးပါ ။ ရခဲ လှတဲ့ ဘ၀လေး ဘယ်သူမဆိုပျှော်ပျှော်နေသွားချင်ကြပါတယ်။ စိတ်ညစ်စရာ တွေကိုမေ့ထားပီး တိုတောင်းလှတဲ့ ဘ၀လေးမှာ အားလုံးချစ်ခင်ကြရင်ဘယ်လောက်ကောင်းမလဲ ။ ကျွန်တော်ဖြစ်ချင်တာတွေ ရေးနေမိပြန်ပီ။ လတ်တွေမှာ တစ်လွဲ ။ လူဆိုတဲ့ အမျိုး အငြိုးကြီးကြပါတယ်။ မာနကိုရှေ့တန်းတင်တတ်ကြပါတယ်။ အားလုံးကလူတွေမှန်ပေမယ့် စီးပွားရေးကြောင့် သော်မိသားစုအရေးသော် ဘာမဟုတ်တဲ့အငြိုးတွေထားတတ်ကြတယ် ။ အားလုံး အစုံပါပဲ ဗျာ ။ ချမ်းသာရင်လည်း မာနကြီးကြပြန်ရော ။ ဆင်းရဲတဲ့ သူလည်း ဆင်းရဲတဲ့ မာန ချမ်းသာသူလည်း ချမ်းသာတဲ့ မာန လူတိုင်းက ကိုယ်စီမာနတွေ အပြိုင်ရှိကြပါတယ်။ ဟောဗျာ ။ တွေးကြည့်တော့ လည်း အားလုံးက တစ်လှေထဲ သွားမဲ့ ခရီးသည်တွေ ပါ ။ ဘာ့ကြောင့်မုန်းနေကြမှာလဲ ဗျာ ။ မသေခင်ဘာလုပ်ကြမလဲ ။ ဘယ်သူတွေအကျိုးရှိအောင် လုပ်ကြမလဲ ။ လူဆိုတဲ့ အမျိုးက ဆင်းရဲချမ်းသာ မတူညီကြပါဘူး ။ ချမ်းသာတဲ့ လူကြ တော့လည်းချမ်းသာလိုက်ကြတာ ဗျာ ။ ဆင်းရဲတဲ့ လူကြတော့ လဲ ကုန်းကောက်စရာနေစရာမရှိအောင်ဆင်းရဲ ကြတာ ဗျာ ။ ရှေးဘ၀က ကုသိုလ်ကံပါသလို လုပ်တိုင်းလဲ မဖြစ်ကြတဲ့ သူတို့ဘ၀တွေ ။ ပညာပဲ နည်းသလား လူကပဲ ပြင်းလို့ လားဆိုတာ သူတို့နဲ့ ပဲဆိုင်ပါတယ် ။ ဒါပေမယ့် ဘုရားဟော ကျမ်းစာတွေမှာ ကို့ထက်နိမ့် ကျတဲ့ သူကိုကူညီကောင်းပါတယ်။ ကျုပ်တို့ နိုင်ငံ ပညာရေးစီးပွားရေး အားလုံးက နိမ့်ကျခဲ့ တော့ လူအတန်းစားက များပြန်ရော ။ ဆင်းရဲတဲ့ လူတွေကပိုများတယ် ဗျ ။ နိုင်ငံက စိုက်ပျိုးရေးဦးစားပေး နိုင်ငံလေ။ ခုမှစက်မှု နိုင်ငံကိုချီတတ်တုန်း ။ ရေးရရင်လည်း စိတ်ပျက်စရာတွေပါ ။ နိုင်င့ရေးတွေပါ ကုန်မှာ ဗျ ။ အားငယ်နေတဲ့ မျက်လုံးတွေ သိမ်ငယ်နေတဲ့ မျက်လုံးတွေ ကအများကြီး ။ လူတန်းစား အမျိုးမျိုး အလွှာအမျိုးမျိုးမှာ ရှိကြပါတယ်။ အကူညီလိုနေသူတွေလဲ အများကြီး ပါ။ လိုအပ်နေတဲ့ နေရာတွေအများကြီး ။ အစိုးရ မလုပ်နိုင်တဲ့ နေရာတွေအများကြီး ။ အစိုးရကို အားကိုးလို့ မရတဲ့ နေရာတွေအများကြီး ။ ကျုပ်တို့ လုပ်နိုင်တာ ပရဟိတ အနေနဲ့ ကူညီကြဘို့ ပါ ။ လူထဲက လူတွေဖြစ်တဲ့ အတွက်လူသားချင်းစာနာတဲ့ အနေနဲ့ ကူညီနိုင်တာ ကူညီနိုင်ကြရင် အားငယ်နေတဲ့ မျက်လုံးတွေအတွက်နှစ်သိမ့်ရာ ရောက်ပါတယ် ဗျာ ။ ကြီးသူရိုသေ ငယ်သူသနား ရွယ်တူလေးစား ဆိုတဲ့ အတိုင်း ကျုပ်တို့ အနာဂါတ်လူငယ်တွေ လူအရင်းအမြစ် ဆုံးရှုံးနေတဲ့ လူတွေအများကြီး ။ အဆိုးဆုံးက ခင်ဗျားတို့ လည်းတွေ့ ဘူးမှာပါ ။ လမ်းဘေးတောင်းစားနေကြတဲ့ ညီငယ်ညီမငယ်တွေ အများကြီး ။ သတ်ကြီးရွယ်အိုတွေလည်း အများကြီး ဗျာ ။ သူတို့ရဲ ဘ၀ပေးကံအရ မပြည့်ဆုံကြတာ ဆိုပေမယ့် ကူညီကောင်းပါတယ်။ ကျုပ်တို့ တိုင်းပြည်လူတန်းစားအတွက် ကျုပ်တို့အနေနဲ့ အရိပ်တစ်ခုတော့ ပေးသင့်ပါတယ် ဗျာ ။ ကျုပ်တို့ အစိုးရ မလုပ်နိုင်တဲ့ အလုပ်တွေကိုယ် နိုင်ရာတာဝန်ထမ်း ရင်း ကျုပ်တို့ ပရဟိတအနေနဲ့ ကူညီကြရင် ကျုပ်တို့ မြန်မာပြည်က အလှပေါင်းဆုံနဲ့  ပြည့်ဆုံမှာ မလွဲပါ ။ ကျုပ်တို့ လူငယ်တွေ အနာဂါတ်မျိုးဆက်သစ်အတွက် လူငယ်ကောင်းတွေမွေး ထုတ်ပေးနိုင်ခဲ့ ရင်ကျုပ်တို့ သေရကျိုးနပ်မှာပါ ။ မသေခင် ဘုရားတစ်ရား အလုပ် လုပ်ကြရင်း ပရဟိတအနေနဲ့ အားငယ်နေတဲ့ မျက်လုံးတွေကို ကူညီကြရင် သဘာဝတစ်ရားကြီးက ပိုပီးသာယာလှ ပမှာမလွဲပါ ဗျာ ။

No comments:

Post a Comment