Saturday, October 26, 2013

လူတစ်ယောက်ရဲ့ အရိုးစွဲနေတဲ့ အယူ ၀ါဒကိုဖြောက်လို့ မရပါဘူး ။ စိန်ပေးမလား ငွေပေးမလား မေ့ပြောက်လို့ မရနိုင်ပါဘူး ။ ကျုပ်တို့  မြန်မာလူမျိုးတိုင်းမှာ အယူအစွဲတွေက အမျိုးမျိုးရှိကြပါတယ် ။ နတ်ယုံတဲ့သူ ဗေဒင်ယုံတဲ့ သူ ရိုးယာဓလေ့တွေများသလို အယူအမျိုးမျိုးရှိကြပါတယ် ။ အယူသည်း မှု့ ရှိကြတဲ့ မြန်မာလူမျိုးတွေရဲ့  ခေါင်းထဲက အယူဝါဒကိုတော့ မေ့ပြောက်လို့  မရနိုင်ကြပါဘူး ။ ရိုးယာအစွဲတွေ ရှိ့ခဲ့ ကြတာကိုး ။ တိုင်းရင်းသား လူမျိုးစုတိုင်းရဲ့  ယုံကြည်မှု့ ကို ခြိမ်းခြောက်ပီး မေ့ပြောက်ခိုင်းမလား သေနတ်နဲ့  ချိန်းခြောက်မလား ဒါးနဲ့  ချိန်းခြောက်မလား မေ့ပြောက်လို့  မရနိုင်ပါဘူး ရင်ထဲက လကတော့ သာနေစဲပါ ဗျာ ။ ကျွန်တော် ပုံပြင်လေးတစ်ပုဒ် ပြောပြမယ် ။ ကျွန်တော် ပုံပြင်မဟုတ်ပါဘူး ။ ဆရာအကြည်တော် ပြောပြတဲ့ ပုံပြင်လေးပါ ။ ( ဟိုတုန်းက ဘုရင်ကြီးတစ်ပါး ရှိပါတယ် ။ ဘုရင်ကြီးက ဘုန်းတန်းခိုး သြဇာကြီးမားတဲ့ ဘုရင်ကြီးပါ ။ စစ်ဘတ်ရေး ရာမှာလည်း သူမတူအောင် တတ်ကျွမ်း ပရိယယ် ကြွယ်ဝသူဆိုတော့ စစ်တိုက်ခြင်တဲ့ ဘုရင်ကြီးတစ်ပါး ပါ။ စစ်တိုက်ရင်း နယ်မြေတွေ သိမ်းပိုက်နေတဲ့ အာဏာရူးဘုရင်ကြီးပါ ။ စစ်ပရိယယ် ကြွယ်ဝသူဆိုတော့ စစ်တိုက်တိုင်းအောင်မြင်ခဲ့ သူပေါ့ ။ နယ်မြေတွေ တိုးချဲ့  နယ်မြေတွေသိမ်းပိုက်ရင်း မြေတွေ နယ်မြေ ဧကပေါင်းများစွာ ပိုင်ဆိုင်တာ ဂုဏ်ယူနေသူ ဘုရင်ကြီး ။ သိမ်းပိုက်ထားတဲ့ တိုင်းပြည်တွေ ကုန်တော့ စစ်သေနာပတိချုပ် နယ်မြေအားလုံး ပိုင်တဲ့ ဘုရင်ကြီး ပေါ့ ဗျာ ။ စစ်သေနာပတိချုပ်ဘုရင်ကြီး လသာသာညတစ်ည ၀ရမ်တာ လေသာပတင်းပေါက်ကနေ လကြီး ကိုမြင်တော့ အရမ်းနှစ်သတ်သွား ပါတယ်။ လကြီးကို ပိုင်ဆိုင်ချင်တယ် သိမ်းပိုက်ချင်တယ်ပေါ့ ဗျာ ။ လ ဆိုတောစစ်တိုက်ပီး သိမ်းပိုက်လို့ မရဘူး လေ။ အဲ ဒီတော့ ဘုရင်ကြီး ဘယ်လိုသိမ်းပိုက်မလဲ ။ သူတစ်ရောက်ထဲ ပိုင်ဆိုင်အောင်ဘယ်လို လုပ်မလဲ ။ အမျိုးမျိုး အကြံထုတ်တော့ တာပေါ့ ။ လကိုဘုရင် ကြီး ပိုင်ဆိုင်ဘို့  ဆိုတာ ဘယ်လိုမှမဖြစ်နိုင် ။ ဒါပေမယ့် အရာရာအောင်နိုင်သူ ဘုရင်ကြီးဆိုတော့ သူလကိုသူတစ်ယောက်ပဲ ကြည့်ခွင့် ယူမယ်ပေါ့ ။ ညဘတ် လကိုသူတစ်ယောက်ပဲ ကြည့်ချင်သူ ပိုင်ဆိုင် ချင်သူ ။ အဲဒီတော့ အမိန့်  ထုတ်ပြန်စေတယ် ။ မူးမတ်တွေ ကို တိုင်းတစ်ကာ လှည့် ရွာတစ်ကာ လှည့်စေပီး မောင်းခတ်ကြော်ငြာစေခဲ့ တယ်။ တိုင်းသူပြည်သား လူအများတို့  ကျွန်နုပ်တို့  ရဲ့  စစ်ဧကရဇ် ဘုရင်ကြီး သည် ညဘတ် လ မင်းကြီးအား ပြည်သူများအနေနဲ့  ကြည့် ခွင့်မရှိ့ ကြောင်း အမိန့်  အားထုတ်ပြန်လိုက်သည် ။ ( ၁) ကြည့်ရှုနေသူအား ပထမဆုံး အနေနဲ့ တွေ့ ရှိ့ပါက ထောင်ဒဏ် ။ ( ၂) နှစ်ကြိမ်မြောက်တွေ့  လမင်းကြီး အား ကြည့်ရှုနေသူအား တွေ့ ရှိ့ပါက မျက်လုံးအား ဖောက်ထုတ်မည် ဖြစ်ကြောင်း ။ ( ၃ ) သုံးကြီမ်မြောက် ကြည့်ရှုသူ အားတွေ့ ရှိ့ ပါက သေဒဏ် ။ စစ်ဧကရဇ် ဘုရင်ကြီး၏ အမိန့်  သည် ယနေ့  မှစပီး အမိန့်  ထုတ်ပြန်လိုက်သည်။ ပြည်သူတွေကတော့ ဘုရင်ကြီး အမိန့်  ဆိုတော့ ကြောက်ကြတာပေါ့ ။ ဘယ်ကြည့်ရဲကြပါမလဲ ။ ဒါပေမယ့် ဘုရင်ကြီးမှာ ညတိုင်း သူပိုင်တဲ့ လမင်း ကြီးကိုတစ်ယောက်ယောက်ကြည့်နေမှာပဲ ဆိုတဲ့ သံသရ စိတ်ကြောင့် ညတိုင်းအိပ်မပျှော် ။ ကင်းတွေပတ် ပီး ညတိုင်း တိုင်းခမ်း လှည့်လည်ကြည့်တော့တာပေါ့ ။ တစ်ညမတွေ့  တစ်လမတွေ့  တစ်နှစ်မတွေ့  ဒါပေမယ့် ဘုရင်ကြီး ဇွဲမလျှော့ ။ သူပိုင်တဲ့ လမင်းကြီး အတွက် ဘယ်သူများခိုးကြည့်နေမလဲ ဆိုတဲ့ သံသရစိတ်က ကိန်းအောင်နေတော့ ညတိုင်းအိပ်မပျှော် ။ လသာသာ ညတစ်ည ဘုရင်ကြီးတိုင်းခန်း လှည့်လည်ရင်း ကလေး တစ်ယောက် အုန်းမှုတ်ခွပ် ကလေး ငုံကြည့်နေတာ တွေတော့တာပေါ့ ။ ဘုရင်ကြီးက တစ်ခွထဲခေါ်ခိုင်းပီး မေးတော့ တာပေါ့ ။ ကလေးကလည်း ဘုရင်ကြီး အမိန့် ကိုကျွန်တော်မျိုး နာခံပါတယ် ။ ဘုရင်ကြီးပိုင်တာက မိုးပေါ်က လ ။ ကျွန်တော်မျိုး ပိုင်တာက အုန်းမှုတ်ခွပ်ထဲက လပါ ကျွန်တော်မျိုး ဘုရင်ကြီး လကို မော်မကြည့်ဝင့်ပါ ။ ဒါပေမယ့် ဘုရင်ကြီးက ဘယ်လတ်ခံမလဲ ။ သူပိုင်တဲ့ လ ဘယ်လိုပဲ ကြည့်ကြည့် သူ့  တစ်ယောက်သာ ကြည့်ခွင့် ရှိ့ တဲ့ လ ။ ကလေးကို မကြည့်နဲ့  ပေါ့ ။ နောက်တစ်ခါဆို မင်းကို ဒဏ်ခပ်မယ် ပေါ့ ။ ကလေးရဲ့  အုန်းမှုတ်ခွပ်ကလေး ကိုခွဲပစ်လိုက်တာပေါ့ ။ ဒါပေမယ့် ကလေးက လတ်မခံ ။ အနီးအနား မှာ ရှိ့နေတဲ့ ရေကန်ထဲ က လ ရိပ်ကို သွားကြည့်တာပေါ့ ။ ဘုရင်ကြီး ထပ်စေပြန်ပီး မေးပြန်တာပေါ့ ။ အရှင် ဧကရဇ်မင်းကြီး ရဲ့  လ ကို ကျွန်တော်မျိုး မကြည့် ၀င့် ပါ ။ အရှင်မင်းကြီး ပိုင်တာ မိုးပေါ်ကလ ။ ကျွန်တော်မျိုး ကြည့်ခွင့်ရတာ ကန်ထဲက လရိပ်ပါ ။ အရှင်မင်းကြီး ရဲ့  အမိန့်ကို မလွန်စံ ၀င့်ပါ ။ ဒါပေမယ့် ဘုရင်ကြီးက လတ်မခံ ။ သူချတဲ့ အမိန့်  ကိုကလေး တစ်ယောက် အတွက် ဘယ်အပျက်ခံ မလဲ ။ ကလေး ကို မျက်လုံး ဖေါက် ထုတ်စေခဲ့ တာပေါ့ ။ ဘုရင်ကြီးက လ မင်းကြီးကို သူတစ်ယောက်ပဲ ကြည့်ခွင့် ရချင်သူ လေ ။ သူတစ်ယောက်ပဲ ပိုင်ဆိုင် ချင်သူလေ ။ ဒါပေမယ့် ကလေး အပြုံးမပြတ် ။ အရှင်မင်း ကြီး ဘယ်လိုပဲ တားတား ။ ဘယ်လောက်ပဲ ပိုင်အရှင်မင်းကြီး ပိုင်ဆိုင်တယ် ပြောပြော ။ ကျွန်တော် မျိုး ခုဆို လင်မင်းကြီး ကို လှပစွာ မြင်နေရပီ ။ သိပ်လှလိုက်တာ အရှင်မင်းကြီးရယ်။ အရှင်မင်းကြီး ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုး လမင်း ကြီးကို ကြည့်ခွင့် ပိုင်ဆိုင်ခွင့် ရသွားပါပီ ။ ကျွန်တော်မျိုးရဲ့  အသိ ကျွန်တော်မျိုးရဲ့  အတွေး ကျွန်တော်မျိုးရင်ထဲ က လမင်းကြီးက အရှင်မင်းကြီးရဲ့  လထက်သိပ်လှ တယ်ဗျာ ။ အရှင်မင်းကြီး ကျွန်တော်မျိုးရင်ထဲ ၀င်ကြည့်စေချင်ပါတယ် ။ ကိုယ်ပိုင်လလေးကို ပိုင်ဆိုင်နေပါပီ ။ ဘုရင်ကြီး မျက်လုံးပြူး တာပေါ့ ။ ကလေးရဲ မျက်လုံးကို ဖေါက် ထုတ်လိုက်ပြီ လေ ။ ဒါပေမယ့် သူရင်ထဲ က လ ကိုတော့ ဘယ်လိုမှ မဖြတ်နိုင်တော့ ) ပုံပြင်လေးက တော့ ဒါပါပဲ ။ လူမျိုး တိုင်းဘာသာ တိုင်းမှာ သူတို့  ယုံကြည်ရာ ရင်ထဲက ကိုယ်ပိုင်လတော့ ရှိ့  ကြပါတယ်။ ဘာကြောင့် အမုန်းပွားနေကြမှာ လည်း ။ လာကြောက် တိုက်ခိုက်နေကြမှာလည်း ။ ရင်ထဲက လကို အစွမ်းကုန် လင်းနိုင်သမျှလင်းအောင် အလင်းရောင်ပေးနိုင် အောင် သာလိုက်ကြပါတော့ ဗျာ ။

No comments:

Post a Comment