Tuesday, October 1, 2013
နိုင်ငံရေးကို နဲနဲဝေဖန်ကြည့်မယ်နော်။ ပြည်သူတွေရဲ့ လူနေမှု့ ကျမ်းမာရေး စီးပွားရေး အစုံပေါ့ ။ ပညာရေးကိုအရင်စပြောရမှာ ပဲ။ ကျောင်းတွေမှာ မီဒီယာတွေ ဖွင့်ကြတယ် ဗျ။ ဘာမှသင်မပေးကြပါ ဘူး ။ အပြစ်ပြောတာ မဟုတ်ပါ ဘူး ။ မြင်တာကိုပြောပြတာ ပါ။ သင်ရိုးညွှန်း ကိုမပြင်သေး ပါဘူး ။ ပြင်တယ်ဆိုတာကလည်း လတ်တွေ သင်ခန်းစာတွေကိုယ် သင်စေချင်ပါတယ်။ သူငယ်တန်းဆိုလည်း သူငယ်တန်းနဲ့ နိုင်သမျှပေါ့ ။ ခုတော့ ဘာတွေမှန်းမသိ ။ ၁၀ တန်းအောင်လို့ မှ အင်္ဂလိပ် စာကောင်းကောင်းနားမလည် ။ စီးပွားရေးဆို ပိုဆိုး ဗျ ။ လတ်တွေရင်ဆိုင်နေရတဲ့ ဘာသာရပ်တွေကို သင်ရိုးညွှန်းအဖြစ်သင်စေချင်ပါတယ် ။ စိတ်ဓါတ် စီးကမ်း ပညာပေါ့ ဗျာ ။ ကျမ်းမာရေး ဆိုလည်း မထိရောက်ဘူး ဗျ ။ ဆရာဝန်တွေ လုပ်စားပိုင်ခွင့်လောက်သာ ဆေးဝါး က မလုံလောက်ပါဘူး ။ နေမကောင်းလို့ ဆေးတစ်ပေါက်ထိုး ၂၅၀၀ ၊ ၃၀၀၀ တစ်နေ့လုပ်စာ တစ်နေ့စားနေတဲ့ ပြည်သူ ဘယ်လိုလုပ်ပါ မလဲ ။ ၀င်ငွေ ထွက်ငွေ ဘယ်လိုမှ မညီမျှတော့ အသေခံ ရုံပေါ့ ။ အလုပ်အကိုင်က ရှားပါးတော့ ပိုဆိုး ဗျ ။ စေတနာ ဆရာဆိုတာ မရှိသလောက် ရှားပါးလာတော့ ပိုဆိုးသေးတယ် ။ အလကား ကုချင်လို့တော့ မဟုတ် ပါဘူး ။ ဆရာဝန်ဆိုတာ အစိုးရလစာ စားနေတာလေ။ အစိုးရ၀န်ထမ်းပေါ့ ။ ဘာကြောင့်ဆေးဘိုးအပြင် ကန်တော့နေကြရလဲ ဆိုတာ မြန်မာလူမျိုးတွေရဲ့ ကြောက်တတ်တဲ့ အကျင့်တွေကြောင့် ပါ ။ ဘာကြောင့် ကြောက်နေကြလဲ ဆိုတော့ ဗျာ ဘယ်လိုပြောရမလဲ ။ ပညာတွေ သင်ကြရတယ် တရားတွေ နာကြရတယ် ဗျာ ။ အသိပညာ ဗဟုသုတတော့ ရသင့်တာပေါ့ ။ ရိုးအကြတယ် ဗျာ ။ စာသင်ရိုးညွှန်းတွေး ကြောင့်လို့ ကျွန်တော်ထင်ပါတယ်။ ခင် ဗျားတို့လည်းသင်ဘူးမှာ ပါ ။ ဘာတွေထိရောက်လဲ ဘာတွေ အကျိုးပြခဲ့ လဲဆိုရင် ခင်ဗျားတို့ ဘယ်လိုမြင်မလဲ ။ ကျုပ်ကတော့ နိုင်ငံတစ်ကာနဲ့ ရှင်ရင်တော်တော်နိမ့် ကျနေတာ ဗျ ။ ပညာရေးပါ နိမ့် ကျခဲ့တော့ လတ်တွေ့မကျတဲ့ ပညာရေးကြောင့် ကျောင်းပီးရင် အပြင်အလုပ် လုပ်ကြသူတွေမနဲပါဘူး ။ အပြင်အလုပ်ကြတော့လဲ ကုန်ဈေးနုန်းနဲ့ ၀င်ငွေ ဘယ်လိုမှ မမျှတ ။ မိဘအခြေခံ စီးပွားရှိတဲ့ လူတန်းစားတော့ အစင်ပြေကြတာပေါ့ ။ အောက်ခြေလူတန်းစား ဘယ်လိုစားကြမလဲ ။ နေလို့တော့ ရနေကြပါတယ် စားလို့တော့ရနေကြပါတယ် ။ မပြည့်စုံတဲ့ ဘ၀တော့ဘယ်သူတွေနေချင်ကြမှာလဲ ဗျာ။ ကိုယ်တိုင်ကြုံမှ သိရမဲ့ ဘ၀တွေ။ ပြည်သူတွေ ။ အောက်ခြေကစ ဘယ်လောက် ချမ်းသာတဲ့ လူပဲ ဖြစ်ပါစေ ပြည်သူတွေ ပါပဲ ။ သနားစရာကောင်းပါတယ်။ ပြည်သူဘ၀ ကိုယ်မြှင့်တင်ပေး နိုင်တာ လွှတ်တော်ဝန် ကြီး ပါတီခေါင်းဆောင်တွေပါ။ ကိုယ်ကျိုးကို မကြည်ကြပဲ့ ပြည်သူ့ အကျိုးကို ပြု့ ပြင်စေချင်ပါတယ်။ ပြောခွင့်ရတုန်းပြောကြည့်တာ ။ ကျုပ်ကတော့ အမြင်မတော်တာ ကျုပ်သိသလောက်တော့ ပြောပြနေမှာပါ ။ နိုင်ငံတော်အစိုးရ ဦးသိန်းစိန် နှင့် လုပ်ပိုင်ခွင့် ပြောင်းလဲခွင့် ပြောပိုင်ခွင့်ရနေကြသော လူကြီး ဘဘ အပေါင်းကိုလဲ ပညာရေးက အစ ပြည်သူ လူနေမှု့ အသိပညာ တိုးတတ်အောင် ပြောင်းလဲ ပြု့ ပြင်ပေးစေချင်ပါတယ်။ ဘဘ ကြီးများ ပြည်သူကို ချစ်ရင် ခောတ်နောက် ပြန်မဆွဲကြပါနဲ့ တော့ ဗျာ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment