Wednesday, October 2, 2013

ပရဟိတ အကြောင်းလေးပြော ကြည့်မယ်နော် ။ ပရဟိတဆိုတာ လူတစ်ဖက်သား ဒုက်ခကို ကူညီချင်းဟာ ပရဟိတ ပါ။ တောသဘာဝက ပဲ စပြောကြပါ စို့ ။ တောမှာတော့ ဗျာ ဧည့်သည်လာပီ ဆို ကိုနဲ့ မသိသော်လည်း ထမင်းခေါ်ကျွေး ဧည့်ခံ တတ်ကြတယ်။ ဧည့်သည်လိုအပ်တာ ဖြည့်စီးပေး တတ်ကြပါတယ်။ ရိုးရှင်းသော ဘ၀လေးတွေပါ။ ဟုတ်တော့လဲ ဟုတ် ဗျ။ လူဆိုတာ သေမျိုးလေ။ သေရင်ကိုယ့် နောက်ဘာမှ မပါဘူး ဗျ ။ မသေခင်ကူညီ ဖေးမကြရင်း လူ့ ဘသကို ဖြတ်သန်းကြ ရင်နွေးထွေး မှု့ ရကြမှာပါ ။ ဦးကျော်သူ ဆိုရင် ကျွန်တော် သိပ်သဘောကျ တဲ့ အနုပညာရှင်ပါ ။ ဦးကျော်သူ နာရေးကူညီ မှု့ အသင်းဆိုရင် လူတိုင်းသိမှာပါ။ မွန်မြတ်တဲ့အလုပ်ဆိုလဲ မမှားဘူးပေါ့ ဗျာ ။ သေသောသူသည် သုဒ်သာန်သို့ သတ်သတ်သာသာ သွားရမည် ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ ရှေသို့ ချီတတ်နေတဲ့ အသင်းကြီး ပေါ့ ။ ကျုပ်တို့ နိုင်ငံမှာ စီးပွားရေးမပြည့်စုံ တဲ့ မိသားစုတွေမနည်းပါဘူး ။ သေရင်တောင် ဗုဓဒဘာသာ ထုံးတန်းနဲ့ အညီ ဆွမ်းမသွတ် နိုင်ကြပါဘူး ။ ဘယ်လောက်ရင်နာဘို့ ကောင်းလဲ ဗျာ ။ လူသေလို့ ပူပင်ရတာ အပြင် နာရေးမြေချဘို့ အတွက် ပူပင်ကြရတဲ့ မိသားစု တွေ ရင်နင့်စရာ ပါပဲ ဗျာ ။ မျက်ရည်တွေ သောကတွေ ပူတွေကို ကူညီ မှု့ ညိမ်းအေးပေးတာ ပရဟိတပါ။ လူဆိုတာ တစ်နေ့ သေရမှာဆိုတာ တရားသဘောအရ လူတိုင်းနားလည်ကြ မှာပါ ။ သေချင်းတရားက တစ်နေ့ကြုံ တွေရမှာ လောက သဘာဝပါ။ ဘာကြောာင့်သေချင်းတရားကို ကြောက်နေရမှာလဲ ။ မသေခင်လောဘ ဒေါသ မောဟ တွေ ငြိမ်းအေးစေချင်ပါတယ်။ သေတာတောင် တစ်ချို့ဆို လမ်းဘေးမှာ သေကြရတယ် ။ ရေထဲမှာသေကြရတယ် ။မသိလိုက်ရလို့ ရုပ်ပြတ်ဆင်းပြတ် ပုတ်ပွ နေတဲ့ နာရေးတွေလဲ မနည်းပါဘူး ။ လူဆိုတဲ့ အမျိုးကလဲ ဗျာ မသေခင်သာ ချစ်နေကြတာ မခွဲနိုင် မခွာနိုင် ။ သေပီးရင် မကိုင်မထိ ချင်ကြဘူး ။ လူဆိုတာ သေရင်ပုတ်ဆော် က သိပ်နံ ဗျ ။ ပုတ်ပွနေတဲ့ အသေကောင် မိသားစု မပြောနဲ့ ဘယ်သူက ကိုင်ချင်မှာလဲ ။ စကားတွေကွန့် ပီးမိသားစုက ငိုတော့ ပိုဆိုးသေး ။ နာရေးရှု တဲ့ပရိတ်သတ်က မျက်ရည်ပဲ ကျရတော့ မလို။ ရင်တွင်းကပါလား ဆိုတော့လဲ ကာရကံရှင်ပဲ သိမှာလေ။ မြန်မာစကားပုံ ကလဲ သေသောသူ ကြာရင်မေ့ ဆိုတော့ လဲ ဗျာ ။ သေသောသူက တော်တော်အထီး ကျန်ကြ ပါတယ်။ ဒီကြားထဲ မိသားစုအစင်မပြေလို ဖျာလိပ်နဲ့ နာရေးပို့ရတာလဲ မနည်းပါဘူး ။ ရင်နင့် စရာတွေ ပါ ။ လူသားတိုင်းရဲ့ ပူပင်မှု့ တွေကို ချွေးသိပ်ပေးရင် မွန်မြတ်ပါတယ် ဗျာ ။ ဒါတင်မက ပါဘူး လမ်းဘေးမှာ သတ်ကြီးရွယ်အိုတွေ တောင်းရမ်းစားသောက်နေကြတယ် ဗျ ။ ကျုပ်တို့ မိသားစုတွေ မဟုတ်ပေမယ့် ကျုပ်တို့ နိုင်ငံသား တွေပါ ။ အစိုးရအနေနဲ့ ကူညီနိုင်လားဆို တော့ ကူညီမဲ့ အပြင်အသင်းအဖွဲ့ ဥပဒေတောင်တား မြစ်ထားပါသေးတယ်။ နောက်ကြောင်းလိုက်တဲ့ ထောက်လှမ်းရေးက မနည်းပါဘူး ။ ဒါတွေလိုအပ် လို့ လား ဗျာ ။ ပရဟိတ နိုင်ငံရေးမဟုတ်ပါဘူး ။ ကူညီမှု့ သတ်သတ်ဖြူစင်ကြပါတယ် ။ ကူညီမှု့ အသင်းတွေကို ကူညီတာ မွန်မြတ်ပါတယ် ။ ဆင်းရဲနွမ်းပါး တဲ့ သူကိုကူညီကြပါ ဗျာ ။ ခုဆိုရင် ကူညီမှု့ အသင်းတွေ အများကြီး အားရစရာကြီး ပါ ။ ဆင်းရဲနွမ်း ပါးတဲ့ သူတွေအတွက် အားဆေးပေါ့ ။ လိုအပ်နေပါသေးတယ် ။ စီးကမ်းမရှိတာလား စွန့် ပစ်ခံ ရလို့လား သံယောဇဉ်ကြောင့် လားဆိုတာ တော့မပြောတတတ်ပါဘူး ။ ဘုရားဇောင်းတမ်း ကားလမ်း ပလတ်ဖောင်း တွေမှာ ပွဲဈေး ဘုရားဈေးတွေမှာ သတ်ကြီးရွယ်အိုတွေ တောင်းရမ်းစားသောက်နေကြတာ ရင်နင့်စရာ ပါ ။ ကျွန်တော်တို့ ဘာတွေလုပ်ပေးနိုင်လဲ ဆိုရင် လိုအပ်မှု့ကို မဖြည့်စီးနိုင်သေးပါဘူး ။ ဒါ့အပြင် ပညာသင်ရမဲ့ အရွယ်ကောင်း ညီငယ် ညီမငယ် တွေလဲ အသတ်နဲ့ မမျှအောင် ချို့ တဲ့တောင်းရမ်းနေကြတယ်။ အားငယ်နေတဲ့ မျက်လုံးလေးတွေနဲ့ တိုင်းပြည်ရဲ့ လူ့ အရင်းအမြစ်တွေ စုံးရှုံးနေကြပါတယ်။ ဖြူစင်မှု့နဲ့ ကူညီကြ ပါ ဗျာ ။ ကျွန်တော်လဲ စင်းစားနေပါတယ်။ ဂီလာန လူအိုရုံနဲ့ မိဘမဲ့ ဂေဟာ ဖွင့်လစ်ဘို့ ကျိုးစားနေပါတယ်။ စိတ်သွားတိုင်းသာ ကိုယ်ပါရင်တော့ ကျုပ်ဒီစာကိုယ်ရေးမနေတော့ ပါဘူး ။ ကျုပ်အဖြစ်ချင်စုံး ကတော့ အားငယ်နေတဲ့ မျက်လုံးတွေနဲ့ ကျုပ်တို့ လူမျိုးတွေ ရဲ့ ဘ၀ရှေ့ရေး လမ်းပြပေးချင်ပါတယ်။ လူတိုင်း ပရဟိတ ကိုများများလုပ်ကြပါ ဗျာ ။ မွန်မြတ်တဲ့ လုပ်ငန်းလေးပါ ။ ပီတိကိုယ်စား အားဖြစ်ပါတယ် ဗျာ ။ အားလုံး အမျိုးကိုယ်ချစ်ပီး ကိုယ့်လူမျိုးကို စောင့် ရှောက်နိုင်ပါစေ ။

No comments:

Post a Comment