Thursday, October 17, 2013

ကျုပ်တို့ နိုင်ငံ ရေမြေ အနေအထားက သဘာဝ သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံ လေးပါ ။ အင်္ဂလိပ်လတ်ထက် ဂျပန်လတ်ထက် ခောတ်အဆက်ဆက် ကျွန်နိုင်ငံ ဖြစ်ခဲ့ တဲ့ တိုင်းပြည်ဆိုလဲ မမှားပါဘူး ။ ကျွန်ဖြစ်ပီ ဆိုမှ တိုင်းပြည် သယံဇာတတွေ ထုတ်ယူကြတာပေါ့ ။ အင်္ဂလိပ်လည်း ထုတ်ယူ ဂျပန်လည်းထုတ်ယူ သည့်တိုင်အောင် မကုန်နိုင်ပဲ ပေါကြွယ်ဝတဲ့ နိုင်ငံလေးပါ ။ လွတ်လပ်ရေးရပီး စစ်အစိုးရလတ်ထက်မှာလည်း လုပ်ပိုင်ခွင့်ရသူ ခရိုနီလုပ်ငန်းရှင်တွေ ထုတ်ယူကြပြန်ရော ။ ကျွန်း သစ်မွှေး ရေနံ သဘာဝဓါတ်ငွေ့ ပေါကြွယ်ဝ တဲ့ နိုင်ငံဖြစ်ပေမယ့် ပြည်သူတွေ မှာ ဆင်းရဲတုန်း မွဲတုန်း ပါပဲ ။ အံ သြ စရာတော့ မဟုတ် ဘူး ဗျ ။ ခောတ်အဆက်ဆက် ကျွန်ဖြစ်ခဲ့ ကြတာ ကိုး ။ ပြည်သူ တိုင်းတော့ မဟုတ်ပါဘူး ။ အကပ်ကောင်းတဲ့ သူတွေကြပြန်တော့ လည်းအစင်ပြေ ကြပြန်ရော ဗျ ။ တရားတော့ ကျဘို့ ကောင်းတယ် ဗျ ။ ဆင်းရဲချမ်းသာ ဆိုတာ ဘယ်တော့ မှ မညီ မျှ နိုင်ပါဘူး ။ လတ်တောင်အတိုအရှည် မညီမျှတာ လူဆိုတော့ ဘယ်ပြောကောင်းမလဲ ။ ကျုပ်တို့ ပြည်သူတွေ ပညာတွေ နိမ့်ကျ ခဲ့ ကြတာကိုး ။ ဟိုတုန်းကဆို ဘုန်းတော်ကြီးကျောင်း ပညာရေး လောက်သာ သင်ခဲ့ကြရတာ ။ လွတ်လပ်ရေးရ တော့ ကျောင်းတွေ ဆောက်ကျရော ဗျ ။ ဒါပေမယ့် စိတ်ပျက်စရာကောင်းတာ စာသင်ကျောင်းတွေကို စစ် အစိုးရလတ်ထက်မှာ ရွာတိုင်းမှာ မဆောက်နိုင်ပါဘူး ။ ခုထက်ထိ ပါပဲ ။ စာသင်ကျောင်းမရှိတဲ့ ရွာတွေ အုပ်စုတွေ အများကြီးပါ ။ ကျေးရွာ အချို့ ခေါင်ခိုက်တဲ့ ရွာအချို့ကြ တော့လည်း ကိုထူကိုထ စာသင်ကျောင်း တဲ့ ။ ရပ်ရွာ လူကြီး တွေကိုထူကိုယ်ထ ဆောက်လုပ်ကြရတာ ကိုး ။ ထရံကာ ဓနိမိုး ရိုင်လုလု ကျောင်းလေးတွေ ။ တစ်နှစ်တစ်ခါ အမိုးတောင်မမိုး နိုင်တဲ့ ကျောင်းတွေ ဆိုရင်နင့်စရာပါပဲ ။ အစိုးရက လမ်းဘေးကျောင်းတွေသာ ဦးစားပေးစနစ်နဲ့ ပြုပြင်နေကြတော့ တောကျောင်းတွေ မျက်နှာငယ်ကြပါတယ် ။ ပြည်သူတွေ ဘာကြောင့် ဆင်းရဲလည်း ဆိုပြန်တော့ ပညာ မတတ်ကြလို့ပါ ။ လတ်မှတ်တောင် ကောင်းကောင်း မထိုးတတ် သင်္ချာဆိုဝေး လာဝေး ။ ကောင်းကောင်းမတွက်တတ် တဲ့ ပြည်သူတွေ အများကြီး ဗျ ။ ကျုပ်တို့ မြန်မာလူမျိုး ဖြတ်ထိုးဥဏ်တော့ ကောင်းကြပါတယ်။ တစ်ကယ်ပြုပြင်သင်ကြား မယ်ဆို မြန်မာလူငယ် ပညာရှင်တွေ ပေါများလာမှာ မလွဲပါဘူး ။ အစစအရာရာ အစိုးရကိုလွှဲချပြန်လည်း မဟုတ်ပြန်ပါဘူး ။ ပြည်သူတွေလည်း အများကြီးလိုပါတယ်။ စီးကမ်းမရှိတဲ့ ပြည်သူတွေလည်း အများကြီး ဗျ။ ကျုပ်တို့နိုင်ငံ တိုးတတ်ဘို့ဆိုတာ စိးကမ်းကလည်း အရေးကြီးပါတယ်။ စီးကမ်းကောင်းမှ လူမှုဘ၀တိုးတတ်မှာ ဗျ ။ ကျုပ်တို့ ပြည်သူတွေ ပညာနည်းပါး ကျတော့ အရာရာကို မျက်စိသူငယ် နားသူငယ်နဲ့ ယုံလွယ်ခဲ့ကြပါတယ် ။ ယုံလွယ်တော့ အလိမ်ခံကြရပါတယ် ။ လူလိမ်တွေရဲ့ လိမ်လည်ချင်း အစိုးရရဲ့ နိုင်ငံရေးပေါ်လစီ လိမ်လည်မှု့တွေပါခံ ကြရတယ်။ ယုံလွယ်ကြတာကိုး ။ လမ်းဘေး မျက်လှည့်တွေ ရဲ လိမ်လည်မှုကို ခံနေကြရတာလည်း ရယ်စရာကြီး ။ အဓိအဆိုးဆုံး ဘာမဟုတ်တဲ့ ယောက်ျားစင်စစ်ကနေ မိန်းမလိုဝတ်စားထားတဲ့ အခြောက်တွေရဲ့ အလိမ်ခံရတာ အဆိုးဆုံး ။ ဘယ်လောက်ဆိုးလိုက်လဲ ဗျာ ။ နတ် မေး ဗေဒင်မေး တာကလည်း ကျုပ်တို့ ပြည်သူတွေရဲ့ ယုံကြည်မှု ဆိုပေမယ့် လိမ်ဇတ်ကြီးကို သိသိကြီးကြီးနဲ့ ဘာကြောင့် ယုံနေကြတာလည်း ဗျာ ။ နတ်ပွဲတောင် ပျှော် ပွဲ ရိုးယာပွဲ ဘာတွေမှန်းမသိပါဘူး ။ ကျုပ်တို့ ပြည်သူတွေ အသိပညာတွေနည်းပါး ကြတာကိုး ။ နတ်တွေကတော့ အများကြီးပါပဲ ဗျာ ။ ကျုပ်သိတာတောင် ( ၁၀၇ ) မင်းလောက်ရှိတယ် ဗျ ။ ဒါတွေက အရေးမကြီးပါဘူး ။ ဆင်းရဲတာလည်း အဓိကအချက်အနေ နဲ့ ပါတာပေါ့ ဗျာ ။ ကျုပ်ကတော့ မယုံရေးချာ မယုံ ပါဘူး ဗျာ ။ ဘုရားဟောတဲ့ တရားအရ ဘ၀ပေးက့မကောင်းလို့ အခြောက်ဖြစ်နေကြတာ သူတို့ စကားကိုယ်ဘာလို့ ယုံနေကြရမှာလည်း ။ တောရွာတွေမှာ အယူသည်းမှုက ခုထိရှိတုန်းပါပဲ ဗျာ ။ ဘာမဟုတ်တဲ့ အခြောက်မတွေ စကား ယုံကြမှတော့ ကိုယ်ရောင်ကိုဝါ ထည်ဝါတဲ့ လူတွေစကားတော့ ပြောမနေပါနဲ့ ယုံကြည်ကြမှာ မလွဲပါ ။ ပြည်သူတွေ မှာ နောက်တစ်ချက်ရှိပါသေးတယ် ။ ယုံလွယ်ရုံတင်မဟုတ် အပျှော်အပါး ခုံမင်ာကပါတယ် ။ လူဆိုတာ ပျှော်ချင်ပါး ချင်တဲ့ လူဆိုပေမယ့် များလွန်းတော့ လည်းမကောင်းပါဘူး ။ အဓိက အိမ်ထောင်ဦးစီး အဖေတွေပေါ့ ဗျာ ။ သားသမီးကျောင်းထားဘို့ ထက် အပျှော်အပါးကို ပိုမမတ်မောတဲ့ အဖေတွေအများကြီး ပါ။ အရက်ဆိုင် နဲ့ ဘီယာ ဘားတွေမှာသာ အချိန်ကုန်ပီး သားသမီးနဲ့ မိသားစုအရေးကို ပစ်ထားလိုက်ကြတာ ရင်နင့်စရာပါပဲ ။ ကလေးငယ်ငယ် ညီငယ်ညီမငယ်တွေ ပညာသင်ရမယ့် အရွယ်စီးပွားရှာနေလိုက်ကြတာ သနားစရာတွေပါ ။ ကလေးငယ်တွေ နောင်ရေးကမတွေး ၀င့်စရာ ပါ ။ လူ့အရင်းအမြစ်တွေ ဆုံးရှုံးနေကြပါတယ် ။ ကျုပ်တို့ နိုင်ငံမှာ ။ အစိုးရက ဘာလုပ်ပေးနိုင်သလဲ ။ ပြည်သူတွေ ဆင်းရဲ ဒါတွေပါတယ်။ နိုင်ငံ မှာပညာ ရှင်မရှိ့လို့ ပြည်သူဆင်းရဲတာ ဆန်းတော့မဆန်းပါဘူး ။ ပညာရှင်မွေးထုတ်ပေးမယ့် အစိုးရကျောင်းတွေ ကြည့်ပြန်တော့ လည်း ။ ငွေနဲ့ ရင်းပီး ကျောင်းထားနေရတဲ့ မိဘတွေ အများကြီး ။ အပြင်ကျောင်းတွေ ပေါ်လာတော့လည်း ပိုဆိုးပြန်ရော ။ တိုင်းပြည်တိုးတတ်တာ အားပေးပါတယ်။ အနစ်မပါတဲ့ ပြုပြင်ပြောင်းလဲ မှုကြတော့ ပြည်သူကို မထိရောက်ပါဘူး ။ ပညာရေးနဲ့ စီပွားရေးနဲ့ ဆိုင်တယ် ဗျ ။ စီးပွားမကောင်းလို့ ထမင်းတောင်နပ်မမှန်တဲ့ မိသားစုတွေ ကြကျောင်းထားဘို့ ဝေးလာဝေး ။ လမ်းဘေးပေါ့ ဗျာ ။ ဆရာ ဆရာမတွေလည်း မလိုက်နိုင်တဲ့ ကျောင်းသာတွေအတွက် ကျူရှင်သင်ကြပြန်ရော ။ သူတို့ပြောတော့လဲ အဟုတ် ။ အစိုးရလစာ မလောက်ငှ လို့ပေါ့ ။ လူဆိုတာ အမြဲ တန်းလိုအပ်နေတဲ့ အမျိုးဆိုတော့ လည်း မပြောသာပါဘူး ။ သင်ကြားရေးစနစ်မှာ ဆရာဆရာမတွေ မှာလည်း အဓိကကျပါတယ်။ ကျောင်းသားနားမလည်တိုင်းသာ ကျူရှင်သင်ရမယ်ဆိုရင်တော့ ဗျာ ။ ဒီခောတ်ထဲ ကလေးတွေ အရမ်းသနားဘို့ကောင်း လာတယ် ဗျ ။ အားလပ်ချိန် ကစားချိန်ဆိုတာ ဝေလာဝေး ။ကျောင်းကပြန် ကျူရှင် ကျူရှင်ကပြန် ကျောင်း လုံးချာလိုက်နေတာ ဗျာ ။ ( ၈ ၉ ၁၀ ) တန်းဆို ထားပါ ။ ခုတော့  သူငယ်တန်း တစ်တန်း တွေတောင် ပြိုင်ဆိုင် မှု တွေနဲ့ အပြိုင်ကျောင်းထားလာကြပါတယ် ။ တတ်စေချင်ကြတာ ကိုး ။ ပြိုင်ဆိုင်မှုကလည်း မိဘနဲ့ ကလေးတွေပါမဟုတ်တော ။ ဆရာ ဆရာမတွေပါ ပြိုင်ဆိုင်လာ ကြတာ ဗျာ ။ သူ ကျူရှင်လာ မှ ငါ့ကျူရှင်လာမှ ပဲစာမေးပွဲအောင်တော့ မလို လို ။ မဖြစ်သင့်ပါဘူး ။ ကျောင်းမှာ စာသင်တာ ပေါ့လာကြတယ်။ ဟေးလားဝါးလား သင်ရင်တော့ ကျောင်းသား အလိုလိုက်သလိုဖြစ်နေမှာ ။ ကျုပ်မြင်တာတော့ ကျောင်းဆရာ ဆရာမတွေက ကျုပ်တို့ခောတ်နဲ့ သိပ်ကွာသွား ပါပီ ။ အချို့ဆရာ ဆရာမတွေဆို ကျောင်းသားနဲ့ တန်းတူ သာသာလောက်ရှိတာဆိုတော့ ကျောင်းသားတွေ ဘယ်ခန့်ကြတော့ မလဲ ။ ထားပါ ။ အဓိက ပညာရေးဆိုတော့ ကောင်းပါတယ်။ ငွေ လိုက်နိုင်မှ ဆရာ ဆရာမ ဖြစ်တဲ့ ခောတ်လေ ဗျာ ။ ပြည်သူတွေ အသိပညာ နိမ့် ကျတာလည်း ဒါတွေပါတယ်။ ပြည်သူတွေ ဆင်းရဲ ကြတာ အစိုးရနဲ့ ပိုဆိုင်တယ်ဆို လည်း မမှားပါဘူး ။ အခမဲ့ ကျောင်းပညာ ရေးသာဆိုတယ် အစင့်စင့် ချစားနေကြတော့ သေအောင် ပြုပြင် ကျုပ်တော့ မထင်ပါဘူး ။ နိုင်ငံတော်အစိုး ရအနေနဲ့ ပြည်သူတိုင်း ကို အဆင့်မှီတဲ့ ပညာရေးစီမှန် ချက်တွေ ရေးစွဲစေချင်ပါတယ် ။ ကျောင်းပီး လို့ရောင်ချာချာ နဲ့ လူငယ်တွေပေါတဲ့ ကျုပ်တို့ နိုင်ငံ မှာ ဆင်းရဲတာတော့ ပြောစရာ မရှိ့ပါဘူး ။ ကျောင်းတွေက သင်ကြားပေးတာ စာ တွေပါပဲ ။ ပညာပါပဲ ။ လတ်တွေ့မဟုတ် ပါဘူး ။ လတ်တွေ ပညာရေးဆိုရင်တော့ တစ်မျိုး ။ ကျောင်းပီးလို့ အလုပ်ရှောက်တော့လည်း ရိုက်သတ်လို့မကုန်အောင် ပေါတဲ့ ဘွဲ့ရတွေကအများ ကြီး ။ လူတိုင်းကို အလုပ်မပေး နိုင်ကြပါဘူး ။ လူငယ်တွေ ရွေးချယ်ခွင့် မှမရကြတာ ။ ၀ါသနာ ပါတာ မှမလုပ်ကြရတာ ။ ယောင်ခြောက်ဆယ်တွေ များတာတော့ မဆန်းပါဘူး ။ အစင့်စင့် ချစားမှု အကပ်ဆိုတာကလည်း လူငယ်တွေကျိုးစား မှု လျော့ကျစေပါတယ်။ အစိုးရကလည်း ပြည်သူတွေအပေါ် ဖြစ်စေချင်တဲ့ ဆနဒ နဲ့ ပြုပြင်ပြောင်းလည်းပေး မယ်ဆိုရင် တော့ ဗျာ ။ ပြည်သူက လည်း ကိုင်းကျွန်းမှီ ကျွန်းကိုင်း မှီ ကျိုးစားကြရင်တော့ ကျုပ်တို့ တိုင်းပြည်တိုး တတ်မှာ ပါ ။ ကျုပ်ကလည်း ဖြစ်စေချင်တာတွေ လျှောက်ရေးနေမိတာ ။ လူတွေ ဖြစ်ချင်တိုင်း ဖြစ်ခွင့် ရ ကြရင်တော့ စာရေးဆရာ ဦးသုခ ဘ၀သံသရာ သီးချင်းကို ဘယ်ရေးတော့ မလဲ ဗျာ ။

No comments:

Post a Comment