Monday, October 7, 2013
တစ်နေ၀င် တစ်နေထွက် နေ့ရက်တွေ စမ်းစစ်ကြည့်တော့ ရက်တွေကလဖြစ် လတွေကနှစ်ဖြစ် အုန်းခင်တောင်ကလေး ဗိုက်ပူနေပါပီ။ မပြောင်းလဲနိုင်သူက ချက်ကြီး ။ တစ်ချက်ပဲရှိတာကိုး ။ မူးလိုက်ရူးလိုက် ပျှော်လိုက်ပါးလိုက် ။ ဘ၀ဆိုတာသင်္ခါရ ဘာအပူမှရှာ။ ကချင်က ခုန်ချင်ခုန်ချက်ကြီးဘ၀က လွတ်လပ်သူ လူပျိုတစ်ရောက်။ အသတ်ကသာ စကားပြောလာချင်းပါ ။ ရွာထဲက ဘယ်အပျိုမှ ချက်ကြီးကို ပြန်မကြိုက်ကြ ။ ရုပ်ကိုက စမူစာရုပ်လေ။ ဥသြ ငှက်ကအသံမပီတစ်ပီ ချက်ကြီးဒေါသထွက်လို့မစုံး ။ မိန်းမ မရလို့ ထွက်တဲ့ဒေါသ အုန်းခင်လင်ရလို့ထွက်တဲ့ဒေါသ အရက်မူးလိုကထွက်တဲ့ဒေါသ အားလုံးပေါင်းရင် ဥသြငှက် ချက်ကြီးအစိမ်းစားမိမှာ မလွဲ ။ ထွက်လာတဲ့ အလိပ်လိုက်အလိတ်လိုက်ဒေါသတွေ ကိုအရက်နဲ့ မျှောချရင်း မူးလိုကမဆုံးနိုင် ။ ဟဲ့ ချက်ကြီး ။ အန်အမေ ဘာတုန်း ။ နတ်ကတော် ခင်တုတ်က နင့်ကိုခေါ်ခိုင်းလို့ ။ ဗျာ အမေ ဘာတုန်း ။ ဘာလုပ်ဘိုကလဲ ။ ဒီမှာသောက်တုန်း မအားဘူး ။ နင်ခုလိုက်ဆို လိုက်လိုက်ခဲ့ ။ ဒါပဲ မတ်ပဲ ဘိုကိတ်။ ဘာတွေမှန်းမသိ ချက်ကြီးအမေဒေါပွနေချင်းပါ။ ကောင်းစေချင်လိုက အမြှင့်တင်ပေးတယ် နင်ကမြင့်တယ်ဆိုပီး ခုန်ချချင်တာလား ။ နင်မလိုက်ရင်ငါအမွေ ပြတ်စွန့်လွှတ်တယ်။ ဒေါ်ခင်တုတ် ပါးစပ်ကပွစိပွစိ ။ ချက်ကြီး နားမခံနိုင်တော့ ။ အာာာ ဗျာ။ ခုလိုက်မယ်အမေ့ရာ ။ သွားရှေ့ကသွား ။ ချက်ကြီး စိတ်ထဲကတော့ မကြည် ။ ရေချိန်မကိုက်သေးဘူးလေ။ မူးပြဲပုလဲ ပီး မြေကြီးမှာ သီတင်းသုံးမှ ချက်ကြီးရေချိန်က ကိုက်တာကိုး ။ ဟာ ရှုတ်ပါတယ် ။ အရေးထဲ နတ်ကတော်က တစ်မှောင့် ။ အိမ်ရောက်တော့ အုန်းပွဲ ငှက်ပျောပွဲ တွေကအပြည့် ။ မုန်ဖပ်ထုတ် မုန့်လုံးရေပေါ် အများကြီး ။ စားတော့စားချင်စရာ ။ ဒေါ်ခင်တုတ်က အရက်နဲ့ မတဲ့ဘူးဆိုလို့ သာ ချက်ကြီးညိမ်နေတာ ။ ဒါတောင့် ကွန့်လိုက်သေး ။ အမေ့ရယ် မင်းကြီးမင်းလေး တို့ ဦးမင်းကျော်တို့ဆို ပွဲတစ်ကာပွဲ နှံနေပီ ။ သူတို့ဆိုအားကြီးကြိတ်တယ်လေ။ မတည့်သာမတည့်ရင်သေလောက်ပီ ။ ဒေါ်ခင်တုတ်ဘာမှမပြော ။ ချက်ကြီးပြောတော့လဲ ဟုတ်နေတာကိုး ။ သား ဒီမှာလာထိုင် ။ နတ်ကတော်အသံက နားခါးချင်စရာ ။ သွားသွား ခုသွားလိုက်။ ချက်ကြီးနားမလည်။ ထိုင်ဆိုလဲထိုင်ပေါ့လေ။ နတ်ကတော်ဘာမှမပြော ။ နှဖူးနဲ့ လတ်နဲ့ ရိုက်၇င်း လူကကတုန်ကရင်။ သားတော်မောင်ချက်ကြီး ။ အန် ။ နတ်ကတော်အသံက အရင်အသံမဟုတ်။ အသံကပြာအဲ့ အဲ့ ။ ဘာတွေလဲ ချက်ကြီးနားမလည်။ အပြောင်းအလဲ မြန်လိုက်တာနော် ။ ဒေါ်ခင်တုတ်ကပဲ ၀င်ပီး အမေကဘယ်နတ်လဲဆိုတာ မိန့်ပါအုန်း ဘုရား ။ ဟဲ့ ။ ငါ့အသံမမှတ်မိဘူးလား ။ ငါမရွှေဥ ။ အဲ ( ရောင်လို့ ) မနှဲလေးဟဲ့ ။ မသိလို့မေးမိတာ သမီးတော်အမိုက်မကို ခွင့်လွှတ်တော်မူပါ ။ ဘာတွေမှန်းကိုမသိ ။ အမေနဲ့ နတ်ကတော် ဘာတွေပြောမှန်းမသိ။ လူကပိုမူးနေပီ လေ။ ဟဲ့သားတော်မောင် ဘာလို့ ဘာမေးချင်လဲ ။ လူမှုရေးလား စီးပွားရေးလား ။ ချက်ချက်ကြီးစိတ်ဝင်စားတာ မပါ။ အချစ်ရေးလား ဟဲ့ ။ ဟုတ်ဟုတ် ဟုတ်တယ် အမေ့ ။ ချက်ကြီးတောင်ရောင်ပီး အမေခေါ်မိ သွားပီ။ ငါ့သားတော်မောင်ရုပ်က အမဲခြောက်နေလှမ်းတဲ့ ရုပ်ဆိုတော့ ဘယ်ကောင်မလေးက ကြိုက်မလဲ ။ နဲနဲတော့ တင်းသွားပီ။ သူညားတားတမီး မှိုချိုး မျှစ်ချိုး လေ။ မြန်မာစကားအတိုင်း မပြောသာ အောင့်ကာနမ်း ပေါ့ ။ ဟုတ် ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment