Saturday, October 5, 2013

မြန်မာ ။ ကျုပ်တို့ မြန်မာ ဆိုတာ ဟိုတုန်းကအာရှတိုက်မှာ စံပြ နိုင်ငံဆိုရင် ခင်ဗျားတို့ ယုံမှာလား။ အရှေတောင်အာရှမှာ မြန်မာကိုအားကိုအားကျတဲ့ နိုင်ငံတွေထဲ စင်္ကာပူ ကထိပ်ဆုံးကပေါ့ ။ ခုတော့ ဗျာ ။ စင်္ကာပူ ကိုပြန်အမှီ လိုက်နေရပါပီ ။ တစ်အားတိုးတတ်သွားပါတယ်။ စီးပွားရေး လူမှုရေး ပညာရေးတွေက အစ ခောတ်မှီသွား ပီ။ မြန်မာကပြန်အားကျ နေရပီပေါ့ ။ ပြည်သူတွေ မှာကုန်းကောက်စရာမရှိအောင် မွဲတေကြသူတွေ အများကြီး ။ ဘာ့ကြောင့်လဲ ဆိုရင် စီးပွားရေး မှာအစိုးရက ဥပဒေတွေထုတ်ပြန်ချယ်လှယ်ထားတာကိုး ။ ခရိုနီလုပ်ငန်းရှင်တွေရဲ့ လဒ်လာပ နဲ့ ချမ်းသာနေကြတဲ့ ဘဘကြီးတွေ အများကြီး။ ဟိုတုန်းက ဆိုရင် စစ်တတ် သိမ်းလိုက်တဲ့ မြေတွေ လတ်ညိုး ညွှန်ရာ တပ်ပိုင်မြေတွေ မလွဲပါဘူး ။ အတန်းပညာ နည်းပါးပီး တုံးအ နုံချာကြတဲ့ တောင်သူလယ်သမားတွေ သနားစရာ ဗျ။ စစ်တပ်က လယ်တွေသိမ်း ဥပဒေ တွေ ထုတ် တော့ကြောက်ကြတာပေါ့ ဗျာ ။ စစ်တတ်က မြေတွေ လယ်တွေသိမ်းပီး အဆောက်အဦးဆောက်ရင်လဲ တော်သေးပေါ့။ ခုတော့ အဆောက်အဦးလဲ မဆောက် ။ လယ်သမားတွေကို သီးစားခ ဆိုပီး ပြန်ချပြန်ရော။ ဘာတွေမှန်းမသိဘူး ရှုပ်တော့ရှုပ်တယ် ဗျ။ သီးစားခ ဆိုတာက တစ်နှစ်ကို လယ်လုပ်ခ ဆိုပီးချတဲ့ သဘောပါ။ စပါး တစ်ဧက ကို တင်းအရေအတွက်နဲ့ ပေးကြရတယ် ဗျ။ မပေးလို့လဲ မရကြတာ ကိုး ။ တပ်ပိုင်လယ်ကိုဝင်လုပ် ရတဲ့သဘော သတ်ရောက်သွားတာ ကိုး ။ ပြေစာက သူတို့လတ်ထဲမှာ ဗျ ။ အဆင့်ဆင့် လုပ်နေလိုက်ကြတာ ဗိုလ်ကြီးတွေပေါ့ ။ တောင်သူလယ်သမား ဦးကြီးတွေ ဘယ်သူကိုပေးလို့ ဘယ်သူစီရောက်မှန်းမသိ ကြပါဘူး ။ အချိန်တန်တော့ စပါးဈေးကို နှိမ် တရုတ်ကို စပါးပို့ ချစ်နေလိုက်ကြတာ ပေါက်ဖော်ကြီးတွေ ဆိုပဲ ။ ထားပါ ။ အရေးမကြီးပါဘူး ။ အနှိမ်ခံလယ်သမားတွေ ဘ၀ကိုရော အစိုးရဘာတွေပြန်ကြည့်လဲ ။ ဘာမှမကြည့်ဘူး ဗျ ။ သူတို့သိတာ စပါး ။ အချိန်တန် ဒိုင်ကိုချရတာ တောင်သူတွေ ။ စပါးကြတော့ ရွေးလိုက်သေးတယ် ဗျ ။ဟိုတုန်းကပါ ။ ပြန်ပြောပြနေရတာကလည်း သိစေချင်လို့ပါ ။ လယ်သမားတွေဘ၀ လေးစပြောပြပါမယ် ။ ခင်ဗျားတို့ ကိုချင်းစာစေချင်လို့ပါ ။ မနက် ( ၄း၀၀) ရီလောက်ထ ပီးနွားရေတိုက် ရတာ ဗျ ။ လုပ်ငန်းခွင်ဝင်ဘို့ပေါ့ ။ ကြင်သူ ဇနီးမယားကလဲ အကောင်းမနေရပါဘူး ။ ထမင်းထချက်ရတော့ တာပေါ့ ။ (၅း၀၀) ဆိုဆွမ်းအမှီနဲ့ လင်တော်မောင် ထမင်းထုတ်အတွက်ပေါ့ ။ ပင်ပန်းကြပါတယ်။ လုပ်ငန်းခွင်က ဝေးရင် ပိုပင်ပန်းသေးတယ် ။ လယ်သမားပဲ ပင်ပန်းတယ်ပြောရင် လယ်သမားမပီသပဲ နေမှာပေါ့ ။ ခင်ဗျားတို့ပဲ စင်းစားကြည့်လေ ။ ဖအေလုပ်သူနဲ အမေလုပ်သူ မနက်အလုပ်ထလုပ်နေကြတော့ မိသားစုဖြစ်တဲ့ သားသမီးတွေလဲ ဘယ်ဇိမ်ခံနိုင်ပါတော့ မလဲ ။ အကုန်လုံးထ အိမ်အလုပ်ကို ကူလုပ်ကြရတာပေါ့။ တောသဘာဝပေါ့ ဗျာ ။ ကျောင်းသားရှိရင်တော့ ကျောင်းသားဦးစားပေး စာကျက်ခိုင်းကြပါတယ်။ လယ်ထဲရောက်တော့ လဲ ။ ရေစိုဝတ်နဲ့ နေရတာ ဗျ ။ တွေးကြည့်ပါတော့ ခြင်တိုဖြုတ်တို့ ကိုက်တဲ့ ရာသီလေ။ ဘယ်လောက်ယားမလဲ ။ မကုတ်အားကြပါဘူး ။ ထမင်းစားတော့ လဲ မြို့ မှာလို ဆိုင်သန့်သန့် သွားပီး စားကြရတာမဟုတ်ပါဘူး ။ ကျယ်ပေ့ ဆိုတဲ့ ကသင်းစုန် စောင့်စောင့်ထိုင်ပီး စားကြရတာ ဗျ။ အစုံပါပဲ ဗျ ။ မျက်နှာသစ်တော့ ရွှံရေ လတ်ရည်ဆေးတော့ လဲ ဒီရေပဲ ။ လယ်သမားလယ်ရေကို အသုံပြု့ တာ မဆန်းပါဘူး ။ တစ်ခါတစ်လေ ဗိုက်များဆာရင် ထမင်းလာပို့မဲ့ လယ်လုပ်သင် အကူကို မျှော်ရတာ အလုပ်မပီးမှာလဲတွေးပူကြသေးတယ်။ လယ်သမားဘ၀ ပင်းပန်းတာတော့ လူကြီးတွေသိမှာပါ ။ ဒါတွေမပြောတော့ ပါဘူး ။ သဘောပေါက်ကြရောပေါ့ ။ စပါးဈေး ပဲဈေးက နှိမ်တော့ ပိုဆိုးဗျ။ လယ်သိမ်းချိန်လေး ၀င်ငွေ ရှိတဲ့ လယ်သမား စပါးဈေးကျတော့ အကျွေးတော့ ပါတ်ချာဝိုင်းတာ ပေါ့။ လှည်ကွက်တွေက အများကြီး ပါ ။ ဒါနဲများ လယ်သမားတွေ ထမင်းတစ်နပ်ရှောစားပီး ဘဏ်ငွေတွေ စပ်ကြပါတဲ့ ။ပြောရက်လိုက်တဲ့ ၀န်ကြီး ။

No comments:

Post a Comment