Thursday, October 31, 2013
မြန်မာပြည်ရဲ့  သွေးကျော ဆိုတဲ့ ဧရာဝတီ ။ ရေချိုတွေ မြစ်ကျော တစ်လျှောက်ပြည်သူတွေ ကို အသက်ဆက်ပေးနေတဲ့ ဧရာဝတီ ။ ရေလမ်းအရ ဆက်သွယ် ပေးနေတဲ့ ဧရာဝတီ ။ ကျုပ်တို့  ရဲ့  ကျေးဇူးရှင် ထမင်းရှင် ။ ဧရာဝတီ မြစ်တိန်ကောလို့  မရပါဘူး ။ သန်းပေါင်းများစွာသော ပြည်သူ လူထုမှီခို နေထိုင်ကြလို့  ပါ ။ မြန်မာ ပြည် ရဲ့  သွေးကျော မြစ်ကလေး ဆိုပီး စာဆိုတွေ ဆိုခဲ့ ကြတာ ကိုး ။ကချင်ပြည် နယ် မြစ်စုံ ကခွဲထွက်လိုက်တဲ့  မေခ မလိခ မြစ်နှစ်စင်း ကမွေးဖွားလိုက်တဲ့ ဧရာဝတီ တောင်ပြာတန်း အကွေ့  အကောက် တွေနဲ့  လှပနေတဲ့  ဧရာဝတီ ။ မြစ်ရိုးတစ်ရှောက် ရွာအစဉ်အဆက် မနည်းပါဘူး ။ လှပလိုက်တာ ဗျာ ။ မြန်မာ ပြည်ကို ချစ်တဲ့ သူတိုင် ဧရာဝတီကို ချစ်ကြမှာ ပါ ။ ရာဇ၀င်တွေ သမိုင်းတွေနဲ့  ပြည်နက်နေတဲ့ ဧရာဝတီ မြစ် ကြီး ခုဆိုတိန်ကောနေပါပီ ။ ကျွန်တော်အမြင် နဲနဲ ပြောကြည့် မယ်နော် ။ ဧရာဝတီ မြစ်တိန်ကောရတာ ကိုဝေဖန်ကြည့် ရအောင် ။ ဧရာဝတီမြစ်ရိုး တစ်လျှောက် သတားတွေက အများကြီး ။ လမ်းပန်းဆက်သွယ်ရေး ကောင်းအောင်အစိုးရက ဆောက်လုပ်ပေးထားချင်းဖြစ်ပါတယ် ။ သံတားတွေ မှ နာမည်တွေ အမျိုးမျိုး ။ ဧရာဝတီ မြစ်ကူး န၀ဒေး သံတားပဲ စပြောကြည့် မယ်နော် ။ သံတားများချင်းက မြစ်ကိုတိန်ကောစေ ပါတယ်။ သံတားတိုင်စိတ်လေ ပိုတိန်ကောလေပါ ။ ပြည်သူတွေ ဆက်သွယ်ရေးကောင်းဘို့  အတွက် သံတားတွေ ဆောက်တာ ကောင်းပါတယ်။ အစိုးရက အကုန်ခံဆောက်တာ ကိုး ။ လှပလိုက်တာ ပြောစရာမရှိ့  ။ ဒါပေမယ် သံတားမှန်သမျှ တိုင်တွေက စိတ်တယ် ဗျ ။ ကျွန်တော်အထင်ပြောပြတာ ။ သံတားတိုင်စိတ်တော့ ရေစီးအား တားသလိုဖြစ်ပီး သဲသောင်တွေ ထွန်းပါရော ဗျာ ။ ခုဆို ဧရာဝတီ မြစ်ရိုးတစ်လျှောက် သောင်ခုံတွေ အများကြီးပါ ။ ငွေရောင်သဲ ပွင့်တွေနဲ့  ပိုပီးလှပတယ် ထင်ရပေမယ် မြစ်နဲ့  မလိုက်ဖက်တဲ့ အလှတွေ ဖြစ်ကုန်ပါရော ။ မြစ်ဆိုတာ ရေရှိ့  မှ ။ အမှီပြု နေတဲ့  တောတောင်စိမ်းလန်းတာကိုး ။ ရွာစဉ်ရွာဆက်တွေ လည်းအများကြီးပါ ။ မြစ်ဘေးနေပီး ရေရှားပါးနေတဲ့  ရွာတွေ ရှိ့ တယ်ဆို ယုံချင်စရာတော့ မဟုတ်ပေမဲ့ လတ်တွေ ဗျ ။ သောင်တွေ ထွန်းလာတော့ ရေက ရွာနဲ့  ဝေးပီး အဝေးရောက်သွားပါရော ။ ရေစီ လှည်းတွေနဲ့  ညနေပိုင်းဆို အရမ်းပျှော်စရာကောင်းပါတယ် ။ အရမ်းလည်း လှတယ် ဗျ ။ မြစ်ဝကျွန်းပေါ် ဓလေ့စရိုက်ကို ပေါ်လွင်စေပါတယ် ။ အလှအပက သိပ်ခံစားနေလို့  မရပါဘူး ။ မီးလောင်ပီဆို ပြသနာက စပါရော ။ ရေ အဲလောက်အလှမ်းဝေးတာ လောင်ပီဆိုလောင်ပေါ့ ။ အဝေစိတွင်းကလည်း ရွာတိုင်းမှာ တူးမရကြပါဘူး ။ ရေကျော မြေကျော အရ ကျောက်ဖျာတွေ က ခံနေတယ် ဗျ ။ အဲဒီပြသနာ ကနွေမှာ ဗျ ။ မိုးတွင်းလည်း ပြသနာ ကရှိသေး ။ မြစ်က တိန်ကောလာတော့ ရေ ဟေ့ဆို တတ်လွယ် ကျလွယ် ။ ယာသမား ကိုင်သမားတွေ အများဆုံးခံ ကြရပါတယ်။ မြစ်ရိုးတစ်လျှောက် နေထိုင်ကြတဲ့ ရွာတွေ အကုန် ဧရာဝတီ မြစ်ရဲ့  ဒဏ်ကို ခံကြရတယ်။ သဘာဝက ပေးတဲ့ ဒုက်ခလို့  ပြောလို့  ရသလို လူတွေကဖန်တီးနေကြတာပါ ။ စီးပွား ရေးသမား တွေ ။ အပြစ်ပြောလို့  မရပြန်ဘူး ဗျ ။ ဧရာဝတီ မြစ်ထဲ ဆိုတော့ သဲစုပ် ကျောက်စုပ် လုပ်ငန်းက အများဆုံး ။ ကိုင်းကျွန်း ယာ ကတော့ မြစ်ရေကျမှ လုပ်ကိုင်ကြရတာကိုး ။ မြစ်ရိုးတစ်လျှောက် စုန်ဆန်နေတဲ့ သင်္ဘောက အများကြီး ။ ထားပါ ။ အဲဒီလုပ်ငန်းတွေ အပေါ် မှိခိုနေကြတဲ့ ဆင်းရဲသားအလုပ်သမားက အများကြီး ။ မိသားစုတွေ အများကြီး ။ တစ်ဖက်ကပြန်ကြည့်တော့ မြစ်ရိုးတစ်လျှောက် အခြေချနေထိုင်နေတဲ့ မိသားစုတွေလည်း ရှိကြပြန်ရော ဗျ ။ ပြသနာတွေနဲ့  အများဆုံး ရင်ဆိုင်ကြရတာ မြစ်ကမ်းပါး ရွာတွေ ဗျ ။ ကမ်းပါးတွေ ပြို လမ်းတွေ ပြိုတာအများကြီး ။ မိသားစုတွေ ကမ်းပါးပြို လို့  ရွာပြောင်းရတာအများကြီး ။ အိမ်ပြောင်းရတာ အများကြီး ဗျ ။ ပြသနာတွေက မနည်းကြပါဘူး ။ မြစ်သဲကျောက်လုပ်ငန်း ဆိုလည်း များစွာသော အခွန်အခ တွေနဲ့ အစိုးရ ကပဲ ချပေးထားကြတာ ။ စီးပွားရေးအရတော့ ပြောစရာမရှိပေမဲ့ ။ ဒုက်ခ ခံရတဲ့ ပြည်သူတွေအတွက် ကိုယ်ချင်းစာဘို့  တော့ လိုပါပီ ။ တစ်ဖြည်းဖြည်း သောင်တွေထွန်း ပီး မြစ်ရိုးပြောက်လာ တဲ့ ဧရာဝတီ မြစ်ကြီးကို အားနာဘို့  လိုပီထင်ပါတယ် ။ ဧရာဝတီ မြစ်ကိုယ်မှီ ခိုနေထိုင်ကြတဲ့ ကိုင်းကျွန်းလယ် ရာသမားတွေကို ကိုယ်ချင်းစာဘို့  လိုပါပီ ။ ရေနစ်ပီဆို ဆုံးရှုံးတာ များပါတယ်။ ရေအဆုံး ကုန်းတစ်ဝတ် စကားပုံက ရှိ့ ခဲ့ တာကိုး ။ အစိုးရအနေနဲ့  ဘာတွေလုပ်ပေးနိုင်လဲ ။ လွှတ်တော်အမတ်တွေ အနေနဲ့  ဘာတွေတင်ပြနိုင်လည်း ။ မူကြမ်းတွေ ရေးစွဲနေရင်တော့ ဧရာဝတိ မြစ်ကြီးပြောက်သွားမှာ ပါ ။ မြစ်ကြောင်းတူဖေါ်ရေး အစီအစဉ်တွေ ကြားမိသေးတယ် ဗျ ။ ကျုပ်တော့ မမြင်ရသေးပါဘူး ။ ထားပါ မူကြမ်းတွေရေးစွဲ တုန်းဆိုတော့ ကျုပ်ပဲ အရင်လိုနေသလားပေါ့ ။ ဒါပေမယ် ဧရာဝတီမြစ်ကြီး တိမ်ကောလာတာ တော မျက်စိအောက်တင်ပါပဲ ။ ကမ်းပါးပြိုမှု့  ချင်းတွေ ရှောင်သွားတဲ့ ရွာတွေ ကျုပ်မျက်စိအောက်တင်ပါပဲ ။ လမ်းတွေ ပြိုကျနေတာ ကျုပ်မျက်စိအောက်တင်ပါပဲ ။ ပြည်သူတွေက သနားစရာ ဗျ ။ ဖြစ်လာသမျှ ပြသနာ သဘာဝကိုလွှဲ ချ ။ ဖြစ်သမျှအကြောင်း အကောင်းမြင် ပီး ပြောင်းဆိုပြောင်း ကြရတာ ။ သဘာဝကို ဘယ်သူတွေ ဖန်တီးသလည်း ။ ဧရာဝတီ ကို ဘယ်သူတွေ တိန်ကောအောင်လုပ်နေကြသလည်း ။ ဒုက်ခ တွေ ဘယ်သူတွေ ခံစားနေရသလည်း ဆိုတာ ပြည်သူတွေသာ အသိဆုံးပါ ။ ဧရာဝတီမြစ်ကြီး မထိန်းသိမ်းမဆောက်ရှောက်ပဲ ထားရင်တော့ ဗျာ ။ ပြည်သူကတော့ ကမ်းပါးပြိုတိုင်း ရှိစုမဲစု နဲ့ တော့ ပြောင်းရွှေ နေကြမှာပဲ ။ မြစ်ကြီးကတော့ တစ်ဖြည်းဖြည်း တိမ်ကော ပြောက်ကွယ်သွား မှာပါ။ ဧရာဝတီ မြစ်ကြီးရဲ့  ကျိမ်စာကိုတော့ အသာနေပီး အသေနာမဲ့ မြစ်ရိုးတစ်လျှောက် ပြည်သူတွေခံကြရမှာပါ ။ လုပ်ငန်းရှင်တွေကတော့ တစ်နေရာမကောင်းတစ်နေရာ တော့ ပြောင်းရွှေနေထိုင်ကြမှာပါ ။ သဘာဝနဲ့  ဧရာဝတီရဲ့  ကျိမ်စာကိုတော့ မြစ်ရိုးတစ်လျှောက်နေထိုင်ကြမဲ့ ပြည်သူတွေ ရင်စီးခံကြရမဲ့ အဖြစ်တွေ ။ ဧရာတီ တိမ်ကောလို့  ပြောက်ကွယ် လို့  မရပါဘူး ။ ဧရာဝတီ ရေချိုကို သောက်သုံးမှီတင်းနေထိုင်ကြတဲ့ ပြည်သူတွေရှိ့  လို့ ပါ ။ ဧရာဝတီ မြစ်ကြီး သောင်တွေ နဲ့  လှပတိန်ကော နေပါပီ ။ အားလုံးကယ်တင်ကြပါ ဗျာ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment