Sunday, October 27, 2013
အဘရေ ။ အဘ အသေစောလိုက်တာ ဗျာ ။ ခုဆို ခေတ်ကြီးက သိတ်တိုးတတ်နေပီ အဘ ရေ ။ အဘ က ခေတ်တိုးတတ်လာပီး လူတွေစီးကမ်းမရှိ့  ရင် အဘပြောခဲ့ တာ ဖာနိုင်ငံဖြစ်မယ် တဲ့ ။ အဘရေ သိပ်တိုးတတ်နေတဲ့ ခေတ်ကြီး တဲ့ ဗျာ ။ အဘတို့ ခေတ်နဲ့  ကွာပ အဘရေ ။ အဘတို့ ခေတ်က အမျိုးသမီး တွေ ရင်ဖုန်းအင်္ကျီ တွေ ရိုးလွန်းပါတယ် အဘရေ ။ ဒီခောတ်က အလန်းဇယား ခေတ် ဗျ ။ အဘ သိပ်မုန်းတဲ့ ရင်ဟိုက်အင်္ကျီ တွေ အမျိုးသမီးတွေ သိပ်ကြိုက် ဗျ ။ အဘရေ အဘတို့  ခေတ်နဲ့  ကွာပ ။ အဘရေ အဘတို့  ခေတ်က မြန်မာ အမျိုးသမီးတွေ ဆို တစ်လင်တစ်မယား စနစ် ဗျ ။ ဘုန်းကြီး ဆွမ်းလောင်း ဘုရားပန်းကပ်နဲ့  သိပ်ကျက်သရေရှိတာ အဘရေ ။ ခေတ်မှီ သွားပီအဘရေ ဘုန်းကြီးကျောင်းထက် နိုက်ကလပ် ညဈေးတွေ မှာ အချိန်ကုန်နေပီ အဘရေ ။ အဘတို့  ခေတ်နဲ့  ကွာပ ။ အဘရေ အဘတို့  ခေတ်က မြန်မာအမျိုးသားတွေ ကျားကျားယားယား ဘိုကေ ဆံပင်နဲ့  သိပ်ခန့်  ဆို ။ ဒီခောတ်မြန်မာ အမျိုးသားတွေ ကတော့ ဆံပင် ဖို့ ရိုဖားယား မိန်းမအလား တောင် နွဲ့ နှောင်းကြတယ် အဘရေ ။ အဘတို့  ခေတ်နဲ့  ကွာပ။ အဘရေ အဘတို့  ခေတ်က စကားတစ်လုံး ဂတိတစ်လုံး လူတိုင်း တည်ကြတယ် ငါးပါးသီလ လုံကြတယ် နော် ။ ရိုးအကြပါတယ် အဘရယ် ။ ဒီခေတ်က လိမ်နိုင် လှည့် နိုင်မှ ပါတ်ဆံ ရတာ ဗျ ။ လိမ်နေကြတာ မုသားမဆို လင်္ကာမချော ဆိုတာ ဒီခေတ် ဗျ ။ အဘတို့  ခေတ်နဲ့  ကွာပ ။ အဘရေ အဘတို့  ခေတ်က မုန့်  ဘိုးငါးမူး ဆို ဗိုက်ရိုက်စား လို့  ရတယ်ဆို ။ ဈေးပေါတာကိုး ။ အဘရေဒီခေတ်က ငါးမူးမပြောနဲ့ ( ၁၀၀၀) တောင် မုန့်  ဘိုးမလောက်ဘူး အဘရေ ။ မျက်လုံးမပြူးနဲ့  နော် ။ အဘတို့  ခေတ်နဲ့  ကွာ ပ ။ အဘရေ အဘတို့  ခေတ်က စစ်ထဲ ၀င် ဂျပန်ကို တိုက်ချင် တိုင်းပြည်ကို ကွာကွယ်ဘို့  စစ်ထဲ ၀င်ကြတာ နော် ။ ဒီခေတ်က အဘရေ ကို့  လူမျိုးချင်း သူပုန်ဆို ၀ါဒသွင်းပီ တိုက် ။ ဘယ်မှာလည်း တိုင်းပြည်ကာကွယ် ဘို့  ။ စစ်ဘေး သင့်ပြည်သူတွေ မနည်းပါဘူး အဘရေ ။ သူပုန် သူပုန် တောထဲနေ အဖြတ်သမားတဲ့ ဗျာ ။ တောခိုတယ် တောထွက်တယ် စုံလို့  ပါပဲ ။ ဒီခေတ်မှာ စစ်ထဲ ၀င်တာ လုပ်ပိုင် ခွင့်တွေရချင်လို့  အဘရေ ။ အဘတို့  ခေတ်နဲ့ ကွာပ ။ အဘရေ ပြည်ထောင်စု အစိုးရ သမ်မတ ခေတ်ရောက်ပီတဲ့ အဘရေ ။ ပါတီ တွေပေါလာလိုက်တာ အားကြီး ။ အဘတို့  ခေတ်က သန့် ရှင်း တည်မြဲ အငြင်းကပွားကြတယ် ။ အဘနဲ့  အမေကြီးတောင် စကားများတယ် ဆို ။ ဒီခေတ်မှာ ပါတီတွေ အားကြီး ဗျ ။ ခေါင်းဆောင်လုပ်ချင်ကြတာ ကိုး ။ ခေါင်းဆောင်တဲ့ ပါတီလား ခေါင်းရှောင်တဲ့ ပါတီ လား ဆိုတာ အပြောကတော့ ရွှေမန်းတွေ အဘရေ ။ ထင်ရောင်ထင်မှား ဖြစ်စေအောင် အပြောကောင်းတယ် အဘရဲ့ ။ ယူနီဖေါင်းတွေ ပြောင်းကြတယ်အဘရေ ။ မင်းသားကြီးတွေ လုပ်ချင်ကြတာကိုး ။ အဘတို့  ခေတ်နဲ့  ကွာပ ။ အဘရေ အဘသေတာ စောတယ် ဗျာ ။ မြင်စေချင်လိုက်တာ အဘရေ ။ လှေပြိုင်ပွဲ မနိုင်သေးဘူး ။ တတ်မထောင်ချင်သူတွေ အများကြီး ။ စီးကမ်းမရှိသူတွေ အများကြီး ။ ပြည်သူကိုချစ်ပါတယ်ဆိုတဲ့ အစိုးရလုပ်ချင်သူတွေ အများကြီး အဘရေ။ ပြည်သူကတော့ မွဲတုန်း ဆင်းရဲတုန်း ပါပဲအဘရေ ။ အဘရေ အဘတို့  ခေတ်က ရန်ကုန် ကောလိပ်ကြီးက အာရှမှာ အကောင်းဆုံး ကျောင်းကြီးဆို ။ စင်္ကပူတောင် အားကျတဲ့ နိုင်ငံဆို အဘရေ ။ ( ဟား ဟား ဟား ) အဘရေ ကျုပ်တို့  မြန်မာတွေ စင်္ကပူတောင် ပြန်အမှီလိုက်နေရပီ အဘရေ ။ တိုင်းတစ်ပါးမှာ ထွက်အလုပ်လုပ်နေရပီ အဘရေ ။ အဘတို့ ခေတ်နဲ့  ကွာပ ။ အဘရေ ။ အဘချစ်တဲ့ မြန်မာပြည် သယံဇာတ တွေ ပေါကြွယ်ဝတယ် ဆို အဘရေ ။ ရေချို မြစ်ချောင်း သစ် သဘာဝသယံဇာတ တွေ သိပ်ပေါသိပ်များဆို ။ အဘ ပြောပီး ဂုဏ်ယူနေတဲ့ နုင်ငံ လေး အဘရေ ။မြေယာတွေ ပေါကြွယ်ဝတယ်ဆို ။ ဒီခေတ်တော့ အဘရေ ပြည်သူတွေ နေစရာအိမ်တောင်မရှိ့  လို့  လမ်းဘေးမှာနေနေရတယ် အဘရေ ။ အဘတို့  ခေတ်နဲ့  ကွာပ ။ အဘရေ အဘ တို့  ခေတ်က အလုပ်မလုပ်လို့  မြန်မာနိုင်ငံမှာ ထမင်းငပ်မသေဘူးဆို ။ ဒီခေတ်တော့ အဘရေ အလုပ်မရှိ့  လို့ ထမင်းငပ်သေတဲ့ မသာတွေအများကြီး ဗျ ။ အဘတို့  ခေတ်နဲ့  ကွာပ ။ အဘရေ တို့ ခေတ်က ဆရာဝန်တွေ သိပ်ဖြူစင်တယ် ဆို ။ အသပြဆရာမဟုတ်ဘူး ဆို ။ ရောဂါကလည်း ရှားပါးတာကိုး ။ ဒီခေတ်မတော့ အဘရေ ဖြူစင်ယုံမက မဲပြောင်နေကြပီအဘရေ ။ အပြင်ဆေးရုံတွေ မှိုလိုပေါက်ပေါ နေတဲ့ ခေတ် ကြီး အဘရေ ။ ပါတ်ဆံ မရှိ့  ဆေးဘိုးမလောက် အသေခံနေရတယ်အဘရေ ။ အဘတို့  ခေတ်နဲ့  ကွာပ ။ အဘရေ အဘတို့  ခေတ်ကပြည်သူတွေ အစိုးရကို သိပ်ချစ်တယ် ဆို ။ အဘတို့  သေတော့ ငိုလိုက်ကြတာ မိုးတောင် ရွာတယ်ဆိုပဲ အဘရေ ။ ဒီခေတ်တော့ အဘရေ ။ အစိုးရကို ချစ်တဲ့ ပြည်သူရှားပါးနေပီ ။ အစိုးရလုပ်ချင်သူများနေကြတာကိုး ။ ထမင်းသုံးနပ် မှန်မှန်စားပီး သတ်စေ့လေး နေရရင် တော်ပီဆိုတဲ့ ပြည်သူကအများကြီး အဘရေ ။ အဘတို့  ခေတ်နဲ့  ကွာပ ။ အဘရေ အဘပြောတဲ့ စီးကမ်းမရှိရင် ဘယ်ပါတီ ဘယ်အစိုးရတတ်တတ် ဖာသယ်လို တိုင်းပြည် ဖြစ်နေမယ်ဆို ။ အဘပြောတဲ့ စကားနားထဲ ကြားမိတိုင်း သိပ်မှန် တယ်အဘရေ။ အစစအရာရာ အစိုးရ က ဦးမနိုင် ပဲ့မနိုင် ခေတ်ကြီးမှာ သိပ်မလိုတော့ဘူး အဘရေ ။ အဘတမလွန်က သတ်ပြင်းတွေ အခါခါ ချရင်း အဘတို့  သိပ်ချစ်တဲ့ တိုင်းပြည် ဘယ်လောက်တိုးတတ်နေတယ်ဆိုတာ မြင်စေချင်လိုက်တာ အဘရေ ။ အဘမြေးတွေ သားတွေ စိုးပေတေ နေတာမြင်ရင် အဘ ဆုံးမပေးပါအုန်း အဘရေ ။ အဘကိုသိပ် ချစ်တဲ့ မြေး ။ အဘကောင်းရာ သုဂတိက ယောက်ပါစေ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment