Wednesday, October 23, 2013

ချက်ကြီး တစ်ယောက် စိတ်ညစ်ညစ်နဲ သောက်လိုက်တဲ့ အရက် တစ်နေကုန် ။ သူ ခံလိုက်ရတဲ့ အကြောင်းလဲ ပြောလို့ မဆုံး ။ ဟုတ်ပ အသလွတ်ခံလိုက်ရတာ ဘယ်ပြောလို့ ဆုံးပါမလဲ ။ မိစွာ ဆိုတဲ့ မိန်းကလေး ကို ရန်ငြိုးဖွဲ့ နေလိုက်တာ ဆယ်သတ်မကြေ ဆိုပဲ ။ ဟား ဟား ဟား ချက်ကြီး ကွ လူကွ တာကိုယ်ပဲ ကြည့် တစ်ချက်ထဲ ရှိတယ် ။ နှစ်ချက် ရှိရင် အနှိပ်သည်နဲ့  ခေါ်ဖြတ်ပြစ်မယ် ကွ ။ ဘာတွေမှန်း မသိမူးမူး နဲအော်နေချင်းပါ ။ မိစွာဆိုတဲ့ ကောင်မလေးက ဘယ်ကမှန်း မသိ ။ ချက်ကြီးသာ ၀ါးစားမတတ်အော်နေချင်း ပါ ။ နေ၀င် ဖြိုးဖြတ် ရွာထဲ မှာ ခွေးတစ်သီသီ နဲံ ချက်ကြီး လည်ကတုန်း အဖြူ ပုဆိုးလည်ပင်း သိုင်း လျှက် ။ ချက်ကြီးကွ လာမဟောင် နဲ့  ပြန်ကိုက် ဆို တစ်ကောင်ချင်းကိုက်ရဲ တယ် ။ ချက်ကြီးသွေး အေဘီ သွေးကွ နီတယ် ရဲ တယ် စိမ်းတယ် ၀ါတယ် ဟား ဟားဟား ချက်ကြီးနော် ။ ဘာတွေ မှန်းမသိ မူးမူး နဲ့  ပြောနေလိုက် တယ် ရွာခြံစီး ရိုး လမ်းအပြည့် ။ ဟားဟား အမေ့ ရေ အမေ့သားကို ကြည့် လှည့်ပါအုန်း ။ အမေ့ရေ ။ ငါ့ကိုမဆွဲ နဲ့ ငါ့ကိုမဆွဲ ပါနဲ့  ဆိုကွာ ။ ခြံစီးရိုး မှာ ချက်ကြီး ပုဆိုးငြိ လျှက် ။ မင်း မဆွဲ နဲ့  ဆိုကွာ ငါ့စိတ်ကိုလာ မစွနဲ့  ချက်ကြီးကွ ဟားဟား ။ ဟဲ့ ကောင် နင့် ဘယ်သူက စွဲနေလို့ လဲ ။ ငါတို့ သားအမိမြင်လို့ ရန်ရှာ တား လား ။ ဟ ဟာ ဟာ ။ ခင်ဗျား ခင်ဗျား ။ ကျုပ်ကို မနှောက် ရှက်ပါနဲ့  ။ ကျုပ်ကြောက်ပါတယ် ရှစ်ခိုးပါတယ် ဗျာ ။ ချက်ကြီး မူးမူး နဲ့  ဘာတွေ ပြောမှန်းမသိ ။ သူကြိမ်းဝါး ထားတာနဲ့ ကတစ်လွဲ ။ ဟာ ဘာလုပ်တာ လဲ ဗျ ။ သွား နင်သွားတော့ ။ ဒေါ်မိစွာ ချက်ကြီး ငြိနေတဲ့ ပုဆိုး ကို ဖြုတ်ပေးနေချင်းပါ ။ ဟာ ။ ဒီကောင်ကို ကျုပ်ဆုံးမရမယ် ။ ကျုပ်သိုင်းပညာ တွေ ကို ခင်ဗျား ကြည့် နေ။ ကျုပ်ပြမယ် ။ ချက်ကြီး ရွာလည် လမ်း ဂျွန်း နှစ်ပတ် သုံးပတ် ထိုးနေတာ ကိုး ။ ပါးစပ်က လဲ ကျွိ ကျွိ နဲ့  ဘာတွေမှန်းမသိ ။ ဒေါ်မိစွာ ငိုရမလို ရယ်ရမလို ။ ချက်ကြီး အဖြစ်က လတ်ကားယား ခြေကား ယား တစ်ရုတ်ကွန်ဖူး အလား ခုန်ပျံ့နေတာ ဘာတွေ မှန်းမသိ ။ ပေါရမယ်ဆို သူမတူ အောင် ပေါတဲ့ ချက်ကြီး ။ မူးမူးနဲ့ ဘာတွေ လုပ်မှန်းမသိ ။ ဒေါ်မိစွာ လည်း ချက်ကြီးကြည့် ပီး ရယ်နေတာပေါ့ ။ အားပေးတဲ့ သူများရှိ့ရင် သူမတူအောင် ချက်ကြီး ပေါပြပါပီ ။ မူးနေတဲ့ အမူးတွေတောင် ဘယ်ရောက်မှန်းမသိ ။ ကျွိကျွိ နဲ့ အော်ရတာ မိစွာလည်း မရှိတော့ ။ ချက်ကြီးသတိရလို့ ကြည့်မိတော့ ချက်ကြီး ရှောင်ဘို့ အချိန်မရတော့ ။ ဒေါ်ခင်တုတ် ကျိမ်လုံးက ချက်ကြီး ကျောပေါ် ဖြန်းကနဲ ကျမှ ချက်ကြီး ပြေးရပါပီ ။ အမေ့ ။ ကယ်ကြပါအုန်း ဗျာ ။ ကျုပ်အမေ ဒေါ်ခင်တုတ် ကျုပ်ကို နှိပ်ဆက်နေလို့ ဗျ ။ အား ။ ချက်ကြီး ဒုန်းသိုင်းပါပီ ။ ရေနံစီ မီးခွပ် ခပ်မှိန်မှိန်အောက် ချက်ကြီး ထမင်းစားနေချင်းပါ။ ဒေါ်ခင်တုတ်က အလုပ်မလုပ်တဲ့ ချက်ကြီးကို စေတနာတွေ ဘလပွ နဲ့  ။ မြို စို့ ။ နင့်ကြောင်း ငါရှက်တယ် ချက်ကြီး ။ ကို့ရွာ အလည်လာ တဲ့ သူကိုမှ သွားနှောက်ရှက်ရတယ် ။ အဲဒါ သူကြီး တူမဟဲ့ ။ နင်ဘာထင်နေလဲ ။ နင့်ကြောင့် နော် ။ ဟွံန်း ။ ဒေါ်ခင်တုတ် ချက်ကြီး ကိုဆုံးမနေချင်း ပါ ။ သားတော်မောင် ချက်ကြီး အတွက်က တစ်ဖက် က၀င် တစ်ဖက်က ထွက် ။ ဘယ်လောက် ဆုံးမနိုင်မလဲ ။ ထမင်းအစား မပြတ် အပြုံးမပြတ် ။ ဟဲ့ သေနာ နင့် နှမ လင်ရသွားတာ အေးတယ် ငါ့ကိုဘာ အပူအပင် မှ မပေး ဘူး ။ နင်သာငါ့ကိုသေအောင်သတ်နေတာ ။ ဘာတွေမှာ မှန်း မသိ ။ ချက်ကြီးကလည်း သူနှမ ချက်ကြီးရဲ အချစ်ဆုံး သယ်ရင်း နဲ့ ယူပီးထဲ က သေခန်းပြတ် ။ ဘာမှမစဉ်းစားတော့ ။ သူလုပ်ပြတာ သူသာအသိဆုံးလေ ။ ဘာမှပြသနာ မရှာ ။ မိစွာ တို့သားအမိကို သူဘာမှ မလုပ် ။ သူတို့သာ ဆော်သွားကြချင်းပါ ။ အမေ့ရယ် အမေ့ သား ချက်ကြီး သေမထူး နေမထူးကို ပဲ ဆုံးမနေသေး ။ ကလေးတွေခေါ်ပီး ဆုံးမပါလား အမေ့ရယ်။ အမေလည်း အကျိုးရှိတာပေါ့ ။ ဟီး ။ ဟဲ့ သေနာကောင် နင်က ငါ့သား နင့်အဖေ မကောင်းလို့ နင့်လိုကောင်မျိုးမွေးထား ရတာ ။ အမလေး တော် တော်ကြီး လာကြည့် လှည့်ပါအုန်း ။ တော့် သား ငပေကြီး က သေမထူး နေမထူး တဲ့တော် ။ အမေလေး ငါသေချင်တယ် ။ ငါသေချင်တယ် ။ ဒေါ်ခင်တုတ် အသံက မီးမရှိ့တဲ့ ရွာလေးအတွက် တိတ်ဆိတ်နေတဲ့ ညလေး ကို အန်တုလျှက် သားတော်မောင်ချက်ကြီး ကိုဆုံးမနေချင်း ပါ ။ ချက်ကြီးကတော့ စားသောက်ပီး ဟောက်လျှက် ။ အိပ်မော ကျ လျှက် ။

No comments:

Post a Comment