Monday, October 7, 2013

ရွာဦး ကအုန်းမောင်းအသံ နဲ့ အတူ ဆွမ်းခံကြွကြတော့ မည်ဆိုတော့ အိပ်ယာမှထကြပါပီ ။ အလုပ်သွားကြရမည်ဆို တော့ ဇိမ်ခံနေလိုမရနိုင်ပါ ။ မြို့မှာလို ကွေးနေလို့မရ ပါဘူး ။ ဇနီးမယား ယောက်ခ မက ဆူပူမှု့ ကိုမခံလိုပါ။ တောသဘာ ၀ပဲ ဗျာ ။ အလုပ်မရှိ့ အလုပ်မလုပ်ရင် ဘယ်မိန်းမ ဘယ်ယောက်ခမ မှမကြည်ဖြူကြ။ သမိုင်းပေးတာဝန်အရ လုပ်ငန်းကိုယ်စီ ၀င်ကြရတော့မှာပေါ့။ တစ်ရွာလုံးနည်းပါး အိုတိုက်ချွတ်သံ ပုဂံဆေးသံ တောက်ခေါက်သံတွေ သက်ကြီးရွယ်အိုများရဲ့ ဘုရားစာ ရွတ်သံတွေနဲ့ သာယာလှတဲ့ မနက်ခင်းလေးက တစ်နေ့မဟုတ်။ နေလုံကရောင်ချီ သန်းကာစ ငှက်ကလေးများရဲ့ အဆာရှာနိုးထသံတွေနဲ့ ဆိုတော့ တောရွာလေးရဲ့မနက်ခင်းက သဘာဝတရားနဲ့ ပြည့်စုံလှပါတယ်။ ခြံပေါက်နွားတစ်ရှင်းနဲ့ လတ်ဆွဲတော်ကြိမ်လုံး ထွန်းတုံးကို ထမ်းပိုးမှာ ချိတ်ပီး နွားမောင်းရတာကိုယ်က ပျှော်စရာကောင်းတာကိုး ။ လာကြည့်စေချင်ပါတယ် ဗျာ ။ တောဆိုတာက တောသားဖြစ်မှ လယ်သမားချောင်းသမားတွေရဲ့ဘ၀ ကိုမြင်းစေချင်ပါသည်။ ကောက်စိုက်မ ဆေးသူကြီး ဒေါ်စွာကျယ်ရဲ့ အသံက နာမည်နဲ့ လိုက်အောင်စွာလွန်းလှပါတယ်။ လှရည်တို့ ထွေးကြည်တို့ ဘယ်အချိန်ရှိပီလဲ ။ လုပ်စားကြမှာလားအေ။ ညည်းတို့ဒီပုံစံ နဲ့ ဆို ဘယ်ယောက်ကျားက ကြိုက်တော့မှာလဲ ။ မိးကလေးဆိုပီး ပြင်းနေလို့ မရဘူးဟဲ့ ။ ဆေးသူကြီး ဒေါ်စွာကျယ် ရဲ့ လတ်သုံးစကားပေါ့ ။ ဘယ်လောက်မန်မန်ဆူဆူ တောသူလုံမေပျိုတွေမရှက်နိုင် ။ ထမိန်ကိုတိုတို ၀တ်ပီး သနတ်ခါး ပါးကွက်ကြား ကြီးကြီးကွက်ပီး အလုပ်ဆင်းကြတာပေါ့ ။ ပြောမနာ ဆိုမနာ လျှိုဝှတ်မှု ဆိုတာဘာမှမရှိ လွတ်လပ်ပွင့်လင်းကြပါ သည်။ ခြင် ဖြုတ် မှတ်ကျား မျှော့ ကျွတ် အစုံပါပဲ ။ တောသူတောင်သား လယ်သမားတွေရဲ့ ရနသူတွေပေါ့ ။ လယ်ထဲရောက်တော့ လဲ ယားလို့ မှမကုတ်အား လုပ်ငန်းခွင်ဝင်ကြရတာ မပင်ပန်းနိုင်ပါ ။ စပါးပေါ်ချိန် ယာပေါ်ချိန် သားတော်မောင်ရှင်ပြု ဘို့ကရတတ်မအေး နိုင်။ လယ်လုပ်အကူ ထမင်းလာပို့မှာ ခေါင်းရှည်မတတ် မျှော်ရင်း ပင်ပန်းနေတဲ့ နွားနှစ်ကောင်မောင်းရတာ ပင်းပန်းလှပါတယ်။ တောသူတောသား ခြေသလုံးကြီး ကျမ်းမာထွားကျိုင်းတာလဲ အလုပ်လုပ်ကြရတာကိုး ။ မြို့သူ လုံမေပျိုတွေလို ပျော့ပျော့ပြောင်းပြောင်း နွဲ့ နွဲ့ နှောင်းနှောင်းနေလို့မရတာ လေ။ ဟော့ဟော့ဒိုင်းဒိုင်း ကြမ်းကြမ်းရမ်းရမ်း ဇတ်ကြမ်းမှကားမှကြိုက်ကြသူတွေ ဘ၀ပေးကံက ကြမ်းတမ်းနေတာကိုး ။ အချစ်ဆိုတာ မခံစားနိုင် ။ မိဘကပေးစားတဲ့သူ အလုပ်ကြမ်းလုပ်နိုင်တဲ့သူကို ဦးစားပေးဘ၀ပေး ကြင်ဖေါ်အဖြစ်ရွေးတတ်ကြပါတယ်။ တောသူတွေပဲ ဗျာ ။ မြို့သူတွေ ရွာကိုအလည်တစ်ခေါက်ရောက်ခဲ့ကြရင် ချောကြေင်း လှကြောင်းကို ကောက်ဆိုက်ရင်းအမွှန်းတင်လို့ မဆုံးနိုင်။ ထမိန်းခြား မျှော့တွယ်တော့လဲ လတ်ရဲဇတ်ရဲ ခွာလိုက်ကြတာ တောသူပီသပါပေတယ်။ လယ်ရှင်လူပျိုလေးများ ပါရင်ကြနောက်ကြ ပြောင်ကြ ပျှော် စရာပါ ။ ဘယ်လောက်စစ စိတ်မဆိုးကြစတမ်း အလုပ်ပီးရေးသာ လုပ်ငန်းခွင်ဝင်ကြရတာကိုး ။ တောသဘာဝပဲ မိုးရေလဲ မမှု နေပူတာလဲ မမှု ရွှံမကြောက် ရေမကြောက် မျှော့မကြောက် ယားလို့မှ မကုတ်အားတဲ့ဘ၀တွေ ။ စာနာမြင်စေချင်ပါတယ်။ နွားနောက်ကို တစ်နေကုန်တစ်ကောက်ကောက်လိုက် ကြရင်းပင်ပန်းလှတဲ့ ဘ၀တွေ တောင်သူဦးကြီး များရဲ့ ပျှော်စရာက ကန်သင်းစုန်မှာ စောင့်စောင့်ထိုင်အရက်သောက်ရတဲ့ ရှုခင်းက ဘာနဲ့မှမလဲ နိုင်။ ပျိုးလတ်စား ပျိုးအကူ နှုတ်ကြတဲ့ လယ်လုပ်သား သူငယ်ချင်းတွေနဲ့ အတူ ဘယ်ကောက်စိုက်သမ စိုက်နိုင်ကြောင်းကို ပြောရတာအမော ။ ခရုသုတ် ဂျင်းသုတ် လက်ဖက်သုတ်နဲ့ အရက်မြည်းကြရင်း စကြနောက်ကြပြောင်ကြနဲ့ ပျှော်စရာ ပါ။ ဇနီးလုပ်သူ သားလုပ်သူမျှော်ရော့ ပေါ့ ဒီအချိန်ဆို သီးချင်းတွေဆိုရင်း အလုပ်သိမ်းကြပါပီ ။ နေ၀င်ချိန်မှောင်စပျိုးနေပါပီ။ ယောက်ခမရဲ့ မရိုးနိုင်တဲ့ ဆုံးမစကား ကြားရတော့ မည်။

No comments:

Post a Comment