Tuesday, October 8, 2013

ဖွဲစီးပုံတွေ ပြောင်းပီတဲ့ ဗျာ ။ ပြောင်းလဲနေပါပီ ။ ဒီမိုကရေစီ ခောတ်ဆိုလား ပဲ ပြောနေကြတယ် ကြားနေရတယ် လွတ်လပ်ပွင့်လင်းသွားပီ ဆိုလား ။ ဟုတ်လား ဗျ လို့ မေးမိပါတော့တယ် ။ ဖွဲ့စီးပုံ ဆိုတဲ့အတိုင်း ဟိုတုန်းကဆိုရင် ရွာသူကြီး ပေါ့ဗျာ ။ ခုတော့ ဆယ်အိမ်မှုး ရာအိမ်မှုး အုပ်ချုပ်ရေးမှုး အစုံပါပဲ ။ အုပ်စုကိုယ် အုပ်ချုပ်တော့ အုပ်ချုပ်ရေးမှုး မြို့နယ်ကို အုပ်ချုပ်တော့ မြို့နယ်အုပ်ချုပ်ရေးမှုး ။ ခရိုင်အုပ်ချုပ်ရေးမှုး အများကြီးပါပဲ ။ ပြသနာတော့ မရှိ့ပါဘူး ။ ခေါင်းခံမဲ့ လူကြီးရှိ့တော့ ပြည်သူတွေ လိုအပ်တာ တင်ပြလို့ ရတာပေါ့ ။ ပြည်သူတွေ ရွေးကောက်မဲပေးပီး ခန့်ထားတဲ့ အုပ်ချုပ်ရေးမှုး ပြည်သူကို ချစ်ဘို့ ကာကွယ်ဘို့လိုပါတယ်။ ကျုပ်တို့ မြန်မာပြည်ကလဲ ပေါက်ပေါက်၀၀ များသား ဗျ ။ တစ်ရောက်တစ်ပေါက် စီးမရှိကမ်းမရှိ့  အဆင့်ဆင့် ချစားလာတာ အနှစ် နှစ်ဆယ်ကျော် ။ စစ်တတ်အုပ်ချုပ်ရေး အောက်မှာနေခဲ့ ကြရတာ ။ ပညာဆိုလဲ ချို့ တဲ့ စီးပွားရေးဆိုလဲ ချို့တဲ့ အရင်းရှင် ခရိုနီလောက်ပဲ လုပ်ပိုင်ခွင့်တွေရ ချမ်းသာနေကြတာ မြန်မာပြည်ပါ ။ အလုပ်ကလေး အစင်ပြေပီဆို နောက်ကလိုက်တဲ့ ထောက်လှမ်းရေး တစ်ပုံတစ်ခေါင်း ဗျာ ။ ဒါတွေမခံချင်တော့ နိုင်ငံရေးလုပ်တော့လဲ ထောင်နန်းစံ ရ ပြန်ပါရော။ ၁၉၈၈( ၈၈၈၈ ) လေးလုံးပေါ့ ဗျာ ။ အရေးခင်း ဖြစ်တော့ စစ်တတ်ကပဲ အာဏာသိမ်းလိုက်တာ ၂၀၁၀ ထိအောင်ပါပဲ ။ ဖွဲ့စီးပုံတွေပြောင်းပီ ဆိုတော့ ဒီမိုကရေစီ လမ်းစပေါ်ပီပေါ့ ။ ပြည်သူပဲ စီးကမ်းမရှိတာလား နိုင်ငံရေးလှည့်ကွက်လားဆိုတာ လဲ နားမလည်တော့ပါဘူး ။ ကုလားအရေးအခင်းဆိုပီး ပေါ်လာလိုက်တာ ခုထိပါပဲ ။ ရခိုင် မသီတာထွေးက စလိုက်တာ အိမ်တွေမီးလောင် အသေအပြောက်တွေက မနဲ ။ ကချင်စစ်ပွဲ ဆိုလဲ တိုက်နေတုန်းပါပဲ ။ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ သူက ဆွေးနွေး တိုက်တဲ့သူကတိုက် အလှူခံတဲ့သူက အလှူခံ တော်တော်ကိုရှုပ်နေ ကြတာပါ ။ ဒုက်ခ သည်စခန်းတွေလဲ အများကြီး ။ နိုင်ငံ လူ့အရင်းအမြစ်တွေ ဆုံးရှုံးပါတယ် ။ တိုးတတ်ရမဲ့ အချိန်လေ ဗျာ ။ ဘာသာရေးအသွင်ဆောင်တဲ့ ပြသနာတွေကလဲ ဆိုးပြန်ရော ။ မြန်မာပြည် ဗုဓဒဘာသာ တိုင်းပြည် မှန်ပါတယ်။ ဗုဓဒ ဘာသာဝင် တစ်ယောက်အနေနဲ့ ဘာသာရေးကိုင်း ရှိုင်းကြပီ လား ဆိုတာအရင်မေးကြည့်ရမှာပဲ ။ ရေးလိုက်ကြတဲ့ စာတွေလဲ အများကြီးပါ ။ ကျွန်တော် ဖပ်ရကြည့်ပါတယ်။ အစစအရာရာ ချင့်ချိန်ပီးမှ ယုံစေချင်ပါတယ် ။ ကုလားမကောင်းကြောင်း မြန်မာ မကောင်းကြောင်းရေးနေလိုက်ကြတာ အပြိုင် ။ ကွန်ပြူတာ တွေနဲ့ ပြင် မခံချင်အောင် အပြိုင်တင်နေကြတာ facebook မှာ မြင်ဘူးကြမှာပါ။ မြန်မာတွေ အထွက်အမြတ်ထားတဲ့ ရွှေတိဂုံ တောင် ကွန်ပြူတာ ရှိုတ်နဲ့ ဖြတ်စီးပြနေလိုက်တာ ရင်နင့်စရာတွေ ။ မဖြစ်သင့်ပါဘူး ။ ဘာသာရေး အရ ကိုးကွယ်ကြတဲ့ လူမျိုးအသီးသီး ရှိကြပါတယ် ။ ကိုယ်ကိုးကွယ်ရာ ဘာသာ ရင်ထဲက နှစ်နှစ်ကာကာ ယုံကြည်မယ်ဆိုရင် တစ်ခြားဘာသာ တိုက်ခိုက်နေစရာတောင်မလိုပါဘူး ။ ဖြစ်ပီးတော့လဲ ဒုကခသည်တွေက အများကြီး ။ မြန်မာ ဖြစ်စေ ကုလားဖြစ်စေ နိုင်ငံသားတွေပါ ။ လူမျိုးရေးအရ ဘာသာရေးအရ ကွဲပြားကြပေမယ့် လူတွေပါပဲ ။ ဘာကြောင့်တိုက်ခိုက်နေရမှာ လဲ ။ ဘာသာရေးအရ မတည့်တဲ့ လူမျိုးတွေကိုယ် ရန်စ သွေးထိုးနေတာ နိုင်ငံရေးသမားတွေ ။ ပြည်ပနိုင်ငံရေးသမားတွေ ။ ခရိုနီတွေ ။ တိုင်းပြည်ဆူပူ မှ သရော်သွေးခွဲမဲ့ လူမျိုးတွေ ။ ခင်ဗျားတို့ ဘာကြောင့်တိုက်ခိုက်နေရမှာလဲ ။ မြန်မာဆိုလဲ မြန်မာလူမျိုး ဖြစ်စေ အမျိုးသားရေးဆိုပီးကြွေးကျော်နေလိုက်တာ ။ အမျိုးသားရေးဆိုတာ ရှိ့ပါတယ်။ ကိုယ့်ခြံစီးရိုး မြန်မာအမျိုးသမီးတွေ စီးကမ်းရှိကြပီလား ။ သေချာတွေးကြည့် စေချင်ပါတယ်။ တွေကြမှာပါ မြင်ဘူးမှာ ကျုပ်တို့မြန်မာ တွေ ကုလားတွေ အစ်နေ့ အမဲသားဝေတာ သွားတန်းစီနေလိုက်တာ မြင်မကောင်းပါဘူး ။ ဆင်းရဲသားလူထုပေါ့ ။ ဟုတ်တော့လဲ ဟုတ်ဗျ ။ အမဲသားဈေးတွေကြီးတော့လဲ ဒီလိုရတဲ့ အခွင့်အရေး ဆင်းရဲသားပြည်သူပဲ ရရင်ယူချင်ကြမှာ ။ တစ်ကယ်ဘာသာကိုချစ်ရင် မသွားနဲ့ ပေါ့ ။ ငွေပေါတဲ့ စီးပွားရေးကုလားတွေဘာကြောင့် အမဲလိုင်စင်တွေ ရနေလဲ ။ မြန်မာလူမျိုးအထွတ်အမြတ်ထားတာ ကျေးဇူးရှင်လို့ သတ်မှတ်ထားတာ နွား တွေ ဗျ ။ မြန်မာလူမျိုးတွေ အမျိုးဘာသာ သာသနာကိုယ်ချစ်ရင်ဘာလို့ အမဲသားစားနေကြလဲ ။ သတ်သတ်လွတ်စားကြပေါ့ ဗျာ ။ ကျွန်တော် အပြစ်ပြောတာမဟုတ်ပါဘူး ။ မြန်မာလူမျိုးတွေရဲ့ အပြောနဲ့ အလုပ်မညီကြလို့ပါ ။ ကျွန်တော်လည်း ဗုဓဒဘာ သာ လူမျိုးတစ်ယောက်ပါ ။ ကိုဖြစ်ချင်တာတွေရေးမိတာတော့ ခွင့်လွှတ်ကြ ပါ ဗျာ ။ မခံချင်လို့ပါ ။ စီးပွားရေးသမားတွေ ရဲ မြှောက်ထိုး သွေးထိုးရန်စ တာတွေနဲ့ ဆူပူလိုက်တာ ၁၄၄ ပုဒ်မ ကအမြဲ ထ်ုတ်တယ်လေ ဗျာ ။ စီးကမ်းရှိမယ်ဆိုရင် ဒီမိုကရေစီခောတ်မျာ ဒါတွေမလိုအပ်တော့ ပါဘူး ။ ကုလား ဗလီဆောက်တာ တစ်မြို့တစ်လုံးနီးပါး ။ ထားပါ ။ ဗုဓဒ ဘာသာတစ်ယောက်အနေနဲ့ မကြည့် ချင်မမြင်ချင်ပါဘူး ။ လူမျိုးရေးအရ ဘာသာရေးအရပါ။ ဒါပေမဲ့ စစ်အုပ်ချုပ်ရေးတုန်းက ဒါတွေ ကုလားဗမာ ဆူပူမှု့ ဆိုတာ မကြားရဘူး ဗျ ။ ဒီမိုကရေစီလေး အရောင်သန်း လုပ်ပိုင်ခွင့်တွေရပီဆိုမှ စီးမရှိ့ကမ်းမရှိ့ဖြစ်နေလိုကတာ ဗျာ ။ ရင်နင့်စရာတွေ ။ ၀ီစကီလေး အရသာခံသောက်ပီး မကြည့်ချင်ပါဘူး ။ ဒုက်ခ ရောက်တော့ပြည်သူ အဖမ်းခံရတော့လဲ ဆူပူမှုစတင်သူတွေ ။ ဆူပူလိုက်ရုံနဲ့  တစ်ကယ်ပဲ ပီးသါားမှာလား ။ အမုန်းပွားမှုတွေက ပိုဆိုးလာမှာ ဗျ ။ အချိန်တန်စစ်တပ်က ၁၄၄ ထုတ်အာဏာသိမ်းရင် ခင်ဗျားတို့ အရင်လိုပြန်နေကြရမှာ ။ ကုလားက ပိုပီးတောင်ပျှော်အုန်းမှာ ။ စစ်တပ်နဲ့ သူတို့ က စစ်အုပ်ချုပ်ရေးမှာထဲက ငွေပေး ပီးလုပ်ပိုင်ခွင့်ရနေတာ ။ လတ်လုပ်လတ်စား ဆင်းရဲသားပဲ နစ်နာတယ် ဗျ။ တ်ုငးပြည်တုးတတ်စေချင် အမျိုးသားရေး စိတ်ပြင်းပြရင် ဦးနှောက်နဲ့ ချင့်ချိန်လုပ်စေချင်ပါတယ်။ အကြမ်းဖက်တာမကောင်းပါဘူး ။ ခွေးတစ်ကောင်ကို ဂျောင်ပိတ်ရိုက်ရင်ခွေးက ပြန်ကိုက်မှာပါ။ ပါးရိုက်ရင် နားပြန်ကိုက်တတ်ပါတယ် ။ သူများဘာသလဲ မတိုက်ခိုက်ပဲ အမျိုးသားရေးလဲ မထိခိုက်ပဲ ။ ကိုယ့်ဘာသာ ကိုယ်ကောင်းအောင်လုပ်ပါ ။ ကို့လူမျိုးကိုယ်ကာကွယ်ပါ ။ အသိပညာ အတတ်ပညာ ပြည့်စုံမှ သာ အမျိုးဘာသာ သာသနာကိုယ် ကာကွယ်နိုင်ကြမှာ ပါ။ နောင်လာမဲ့ ကျုပ်တို့မျိုးဆက် အသိပညာ အတတ်ပညာတွေပေးကြမှသာ အမျိုးဘာသာ သာသနာ နိုင်ငံလူမျိုးကိုယ်ကာကွယ်နိုင်မှာပါ။ အမဲဆတ်တွေ ပေးခဲ့ရင် အမဲဆတ်ကြောင့် အမုန်းပွားကြပီး တိုင်းပြည်က ချောက်ထဲ ပဲရောက်နေအုန်းမှာ ။ တိုင်းပြည်တိုးတတ်စေချင် ရင် ကို့ကိုယ်ကိုကောင်းအောင် စီးကမ်းရှိအောင်နေကြည့် ပါ ။ သင်စီးကမ်းရှိ့ပီလား ။ ဒီမိုကရေစီနဲ့ ထိုက်တန်ပီလား ဆိုတာ ပြည်သူနဲ့ ပဲဆိုင်ပါတယ်။ အမုန်းမပွား ကြပါနဲ့ ဗျာ ။ ခင်ဗျားတို့ မုန်းနေကြ လို့ရော ခင်ဗျားတို့ ပြသနာတွေ ပီးမှာမဟုတ်။ အားငယ်နေတဲ့ မျက်လုံးတွေ အားငယ်နေတဲ့ အကြည့်တွေ နဲ့ ကျုပ်တို့ မျိုးဆက်အတွက် ကို့ကိုယ်ကိုကောင်းအောင်ကျိုးစားကြပါစို့ ။

No comments:

Post a Comment