Sunday, October 6, 2013

ဥသြက အသံပြာလဲ့လဲ့ လွမ်းနေလိုက်တာ ဆိုတေးလိုလို ဘာလိုလို ဟဲနေလိုက်တာ လေးခွနဲ့ ပစ်ချင်စရာပါ ။ ကျီးကန်းက တစ်အားအား ခံစားခက်အပြည့် မုအပြည့် သဘာဝတော့ကျချင်စရာ ။ မိုးမရွာလေမတိုက် နေကပူ ရင်ပါပူနေသူက ချက်ကြီး ။ မူးချင်လို့ အရက်သောက်တော့လဲ ဒဏ်ရာဟောင်းက တစ်နုန့်နုန့် ။ ဗိုက်နာသလို အီးပါချင်သလို ဖြစ်နေသူက ချက်ကြီး ။ သူချစ်မိတဲ့ အုန်းခင် သူငယ်ရည်းစားက မယားမှတ်မှတ်သားမှတ်မှတ်ပေါင်းမယ်ဆိုပီး တောင်းရမ်းကြတဲ့နေ့ ချက်ကြီးဘယ်တော့မှ မမေ့ ။ အဲဒီနေ့ ကသူဝက်မကြီး သားပေါက်ခဲ့တာကိုး ။ ကံကောင်းလား ကံဆိုးလား ဆိုတာချက်ကြီးမပြောတတ်တော့ ။ပေါက်လိုက်တဲ့ ၀က်အာရုံနောက်ချင်စရာနေကလေး ဖြစ်ခဲ့တာကိုး ။ ချက်ကြီးအမေ ဒေါ်အုန်းခင်ကမျှော်လင့် ချက်အပြည့် ။ ၀က်ကလေးများကြီး သူသားချက်ကြီး ကိုပုဇင်းခံ ပေးချင်တာလေ ။ ချက်ကြီးအတွက်က နားခါးချင်စရာ ။သူက မိန်းမလိုချင်နေသူ လေ။ အမေကလဲဗျာ ဒီအရွယ်ကြီးကြမှ ရှက်စရာကြီး ဗျာ ။ ဘုန်းကြီးမ၀တ်ချင်ပါဘူး ။ သားရယ် အမေ ရဟန်ဒကာမကြီး ဖြစ်ချင်သေးတယ်လေ ။ သားငယ်ငယ်က ရှင်ပြု့ပီးထဲက အမေမှာ အလှူမပေးရသေးဘူးလေ။ အမေမသေခင် အလှူပေးချင်ပါသေးတယ်။ ဒေါ်ခင်တုတ် ပြောတော့လဲ ဟုတ်ပ ။ သူအတွက်မြေးက မျှော်လင့်လို့ မရသေးတော့ လတ်ရှိ အလဲ အ လိမ်လည်းလိမ် တုန်းလဲတုန်းတဲ့ အလိမ်မာတုန်း ချက်ကြီးကို ချစ်နေရချင်းပါ ။ ခုတော့ သားတော်မောင် ချက်ကြီး အမူးကြီးမူး ကွဲလဲကွဲ အသဲတွေကွဲနေချင်းပါ ။ ရက်ဆက်တဲ့ အုန်းခင် ရက်ဆက်လိုက်တာ ဗျာ ။ ဘာတွေမှန်းမသိ ပြောချင်ရာပြောပီး ပေါက်ကွဲနေချင်းပါ ။ ညိုမောင် နောက်တစ်လုံး ။ ဟုတ် ။ အာစရိကလဲ ဗျာ ။ တော်ပါတော့ မူးနေတဲ့ ဟာကို ။ အကြွေးရောင်းရလို့မဟုတ်ပါဘူး ။ အာစရိတော်တော့ပါ ဗျာ ။ ဟာ ။ ညိုမောင် မင်းတော်တော် ရှာရှည်ပါလား ။ ဒီနေ့ဘာနေ့လဲ သိလား ။ ဟုတ်သိတယ် ။ အမေများနေ့ လေ ။ ဘာ ။ ငါလုပ်လိုက်ရ ။ ဒီနေ့ ငါ့အသဲတွေ ဆားစိမ်တဲ့ နေ့ကွ။ ပြောပုံလဲ ကြည့် ။ ချက်ကြီးအသည်း ဆားစိမ်တဲ့နေ့ဆိုပီး အလုပ်ပိတ်ကျောင်းပိတ် အစိုးရရုံးပိတ်ရက် လုပ်ပေးရမဲ့ ပုံ ။ ညိုမောင် မင်းငါ့အသည်းကို ချက်ကနေလာချောင်း ကြည့်စမ်း ။ ဟာ ဗျာအာစရိက လဲ ကြည့်ချင်ပါဘူး ။ ဘယ်လိုလုပ်မြင်ရမှာလဲ ။ တောက် ။ မင်းကိုသဘောပြောတာကွ ။ သွား ငါ့အနားမနေနဲ့ ငါ့အချစ်တွေ မင်းစီ ရောက်သွားလိမ့်မယ်။ ဟောဗျာ ။ ညိုမောင်မသွားလို့ မရတော့ ။ ကျောချမ်းချင်စရာကြီး ။ ( ခေါင်းလောင်းသံ တစ်ညံညံပေးတဲ့ ရွာကျောင်းကို ပြေးမြင်မိ ရင် မီးရှိုချင်တယ် သယ်ရင်းရေ ) မီး ဗျို့ မီး မီး ။ ဟ ဘယ်မှာလဲ ဘယ်မှာလဲ ။ အာစရိကလဲ ဆေးလိပ်မီးပေးတာ ။ ညိုမောင် မနောက်နဲ့ နော် ။ နောက်တစ်ခါ လူမလာဘူး ဟိုဟာအရင်လွှတ်လိုက်မယ် ။ ဘာမှန်းမသိ သူပြောတဲ့ ဟိုဟာကြီးက ကြောက်စရာကြီး ။ ညိုမောင် ပါးစပ်ပိတ်သွားပါပီ ။ ချက်ကြီးရဲ့ ရင်ကွဲသံ စဉ်ပြန်စပါပီ ။ ( ရွှေရုပ်နဲ့ နိုင်းလို့ ရွှေရုပ်ပင်ရိုင်းသလား ကွယ် ချစ်တဲ့သူ အုန်းရယ်က သာလိမ့်မယ်ထင်တယ် ။ သံယောဇဉ်သမားတစ်ဦး မှာကွယ် သူအတွက်ဆိုရင်တစ်ကယ် ညှစ်လိုရာ ညှစ်ပါစေကွယ် . .မွေးအဖေပေးသော ဘောကိုယူကာ ကလရာနွဲ နှောင်းစီပြေးလာ ခိုက်မယ် ခရီးလမ်းမဗွေအလယ် ခလုပ်ကသင်းတိုက်ကာလဲ အဖေ့ဘောက စကားပြောလာပီ ကွယ် ) ( သားလူလေး ငါ့ဘောပြန်ပေး ) ဟာာာ ညိုမောင် မနောက်နဲ့ ငါ့အဖေဘော မင်းစီရောက်သွား လိမ့်မယ် ။ တော်တိတ် ။ ဘာတွေမှန်းမသိ ချက်ကြီး မူးမူးနဲ့ သီချင်းဆိုပီး ကနေချင်းပါ ။ တစ်ခါတစ်ခါ ကြော်ငြာသီးချင်းက ပါလိုက်သေး ။ ဘာတွေမှန်းမသိ ( အားရှိရဲ့  လား အားရှိရဲ့ အားရှိ့ရင် အကြာကြီး ခံ ) ချက်ကြီးပေါက်တတ်ကရတွေ ဆိုနေချင်းပါ ။ ( လုပ်သားမောင် လုပ်သားမောင် ၀မ်းနုတ်ဆေးကို အမြဲ တမ်းသောက်ပါကွာ ချစ်ကလေးရာ ) ဘာတွေမှန်းမသိ။ ချက်ကြီး မူးရင်ဒဏ်ခံရ သူက ညိုမောင် ။ အရက်လဲ အကြွေးတိုက်ရသေး ။ စိတ်ညစ်စရာကောင်းလောက်အောင် အသံပြဲ နဲ့ ပေါက်တတ်ကရတွေဆိုလိုက်သေး ။ ငယ်သူငယ်ချင်းဆိုတော့ လဲ သီးခံရတာပေါ့ ။ ချက်ကြီးတစ်ချက်ထဲ ရှိ့တယ် ကွ ။ ဟောဗျာ နှစ်ချက်ရှိရင် လတ်သည်ခေါ်ပီး ချက်ကြိုး ဖျက်မယ် ဒါပဲပြောအုန်းမှာ ။ ညိုမောင် ငါအတွက်ပါဆယ်ထုတ်ထား ။ ဒါပဲ ။ သူ့ ကြည့်တော့ ချက်ကြီး မြေကြီးမှာ သတင်းသုံးနေပါပီ ။ ( နောက်ရက်မှ ဆက်ရေးတော့မယ် အိပ်ချင်နေပါပီ မျိုးလေး )

No comments:

Post a Comment