Wednesday, October 23, 2013
ကျွန်တော် တို့ လူမျိုးတွေ ကို ကြည်ပီး အားမရဘူး ဗျ ။နုန်အကြပါတယ် ။ လူတိုင်းတော့ မဟုတ်ပါဘူး ဗျာ ။ မလိုအပ်တာတွေ အသုံးများကြပါတယ် ။ လိုအပ်နေတဲ့ နေတဲ့ နေရာတွေကြ ရှောင်သွားတတ်ကြ တယ်။ အလှူ အတန်းဆိုလည်း ချမ်းသာတဲ့ကျောင်းတွေသာ ထပ်ကာထပ်ကာ လှူတန်းကြရင်း သာသနာ ပြုနေလိုက်ကြတာ ပိတ်ပင်တော့ မဟုတ်ပါဘူး ။ လှူကြပါ သေရင်ကိုယ့်နောက်ပါတယ်ဆို တာ မရှိပါဘူး ။ ကိုယ်ပြုခဲ့ တဲ့ ကောင်းမှု အစုစု သာ နောင်ဘ၀အတါက်ပါကြတာ ပဲ ဗျာ ။ လှူရမှာ ပေါ့ ။ လိုအပ်နေတဲ့ နေရာတွေကို လှူစေချင်ပါတယ် ။ တိုက်ကြီးတွေဟီးနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို ကျောင်းတွေ ဆောက်လှူကြတယ် ဗျ ။ ဆောက်စရာနေရာမရှိတော့ ရွှေတွေချကြ တယ် ။မွန်မြတ်လိုက်တာ ဗျာ ။ ပုဒ်ဘမုန်စ ပရစေတနာပဲ ပြောရမလား ။ ပြိုင်လှူနေကြတယ်ဆိုရင် ထိရောက်မယ်ထင်ပါတယ် ။ ဘုရားဟောတရားမှာ ဆိုရင်တော့ လူ့ဘ၀ကိုစိတ်ပြတ် လို့ ဘုန်းကြီးဝတ် ကြတာ ဗျ။ ဒါပေမယ့် လှုဘ၀ အသုံးအဆောင်တွေ အများကြီး လှူကြတန်းကြတယ် ။ မွန်မြတ်တာ ကိုး ။ သိပ်တော့ ပြောလို့ မကောင်းပါဘူး ။ ကျွန်တော်လည်း ဗုဓဒ ဘာသာ လူမျိုးတစ်ယောက်ဖြစ်နေတော့ ကို့ပေါင်ကိုယ် လှန်ထောင်းနေသလို ဖြစ်နေမှာ ။ ဘုန်းကြီးတိုင်း လူတိုင်းတော့ မဟုတ်ပါဘူး ။ ဝေဖန်တယ် ဆိုတာ လည်း ဖြစစေချင်တဲ့ စေတနာနဲ့ ပါ ။ ဟိုတုန်းက ဆိုရင်ဘုန်းတော်ကြီးကျောင်းတွေ မှာ ယျဉ်ကျေးမှုနဲ့ ကျောင်းစာတွေ သင်ပေးကြတယ် ဗျ ။ ခုလည်းရှိပါတယ် ဒါပေမယ့် ရှားတယ် ဗျ ။ ကျွန်တော်တို့ ဘိုးဖွားတွေ ဆို ဘုန်းတော်ကြီးဆို တစ်အားရိုသေကြပါတယ်။ ဘုန်းတော်ကြီးတွေ ရဲ့  သြဇာကိုယ်နာခံကြ ရတာပါ ။ ဘုန်းကြီး လမ်းမှာတွေ့ ရိုသေကိုင်းရှိုင်း စွာ ဦးချ ကန်တော့ တတ်တာ ဟိုတုန်းက မြန်မာတွေ အကျင့် မွန်မြတ်တဲ့ အကျင့်တွေ ပါ ။ ရွာထဲ ဘုန်းကြီးသြဇာ နာခံကြရတာကိုး ။ နိုင်ငံခြား တစ်ခြားဘာသာ တွေတောင် မြန်မာလူမျိုး တွေကို အားကျယုံ မက ဘာသာကိုပါ အားကျလာကြတယ် ။ ဧည့်သည်လာရင် ဧည့်ဝတ်ကျေကြတယ် ဗျ ။ ခုတော့ တစ်ချားစီ ဗျာ ။ ဘုန်းကြီး လမ်းမှာတွေ ၀င်တိုက်မသွားတာ ကံကောင်း ။ အဲလို ဗျ ဘုန်းတော်ကြီး ကျောင်း ဘုရားကျောင်း ၀န်းထဲ လည်းချိန်းတွေ့ ကြအတွဲတွေ ဗျ ။ ဖြစ်နေလိုက်ကြတာ ။ ဘုန်းတော်ကြီးတွေလည်း မမြင်ချင်ရှောင်သွားကြပေါ့ အဲလိုဖြစ်နေကြတာ ပါ ။ ပါးစပ်က ဘုရား ဘုရား အော်နေလို့ မရပါဘူး ။ ပါးစပ်က ဘုရား တနေပီး အရက်ဆိုင်မှာ ရောက်နေရင်တော့ ဗျာ ။ အမျိုးဘာသာ သာသနာ ကိုဘယ်လို ကာကွယ်ကြ မှာ လည်း ။ မြန်မာ လူမျိုးက နိမ့်ကျနေပါတယ် ။ ပညာရေး ကျမ်းမာရေး စီးပွားရေ အစစအရာရာ နိမ့်ကျနေပါတယ် ။ မြှင့်တင်ဘို့ ဆိုတာကလည်း ပြည်သူအားလုံး စီးကမ်းရှိဘို့ လိုပါတယ် ။ မလိုအပ်တဲ့ ပြိင်ဆိုင်မှု တွေ များနေကြတယ် ဗျ ။ ထရံကာ ဓနိမိုး တောကျောင်းတွေလည်း အများကြီး ။ စာသင်ကျောင်း ဘုန်းကြီးကျောင်း အားလုံးပါပဲဗျာ ။ ပြည်သူဆင်းရဲ တော့ လည်း မလှူနိုင်မပြင်နိုင်ဘူး ပေါ့ ။ သုများတွေလှူတာ အားကျနေတဲ့ ပြည်သူတွေလည်း အများကြီး ပါ ။ မထိရောက် တဲ့ အလှူကျတော့ လည်း ပိုးသာကုန်မောင်ပို ဆောင်းမတတ်ပေါ့ ။ အဲလိုဖြစ်နေတာ ။ ခေတ်ကတိုးတတ် လာပီ ဗျ။ ခေ တ်တိုးတတ်လာ တာ နဲ့ အညီ လိုက်လို့မမှီတဲ့ နည်းပညာ တွေအများကြီးပါ ။ ငါသာသိစေ သူများမသိစေဆိုတဲ့ စိတ်ဓါတ်ထားရင်လည်း တိုင်းပြည်တိုးတတ်မှု နှောက်နှေးပါတယ် ။ စိတ်မကောင်းစရာက တိုင်းပြည် တိုးတတ်နေပါတယ်အော်နေပီး စာမတတ်တဲ့ ကလေးပြည်သူတွေ အများကြီးဆို ယုံမှာလား ။ အများကြီး ဗျ ။ စာမတတ်တဲ့ ကလေးတွေ အများကြီး ။ စားဝတ်နေရေးကြောင့်ပဲ ပြောရမှာပေါ့ ။ ထာပါး သူတို့မိဘတွေ အသုံးမကျလို့ ကိုသားသမီးကို စာတတ်အောင်သင်မပေးနိုင်ဘူးပေါ့ ။ နေနိုင်ရင်တော့ နေလို့ရပါတယ်။ သူတို့ရဲ့ အားငယ်နေတဲ့ မျက်လုံးတွေတော့ ရင်မဆိုင်နိုင်ပါဘူး မကြည့်ရက်နိုင်ပါဘူး ။ ငါသားလေးအရွယ် ငါ့သမီးလေးအရွယ်လေး ဒီလိုဖြစ်နေပါလားဆိုတဲ့ အသိက မြန်မာလူမျိုးတွေ မှာရှိပါတယ် ။ ကိုယ်ချင်းစာ တစ်ရား ထားတတ်ကြပါတယ်။ မိဘမဲ့ ဂေဟာတွေအများကြီးပါ ။ ဘိုးဖွားရိပ်သာတွေအများကြီးပါ ။ မပြည့် စုံကြပါဘူး ။ ဘုန်းတော်ကြီးတိုင်းကလည်း ကျောင်းကြီးတွေဟီးအောင်ဆောက် ကားကြီးတွေစီး နေကြတာ ဘုန်းကံကြောင့် ပါ ။ ပရဟိတ အနေနဲ့ ကလေးသူငယ်တွေ ကိုယျဉ်ကျေးမှု စာတွေသင်မပေးနိုင်ရင်လည်း ဘုန်းကြီးကျောင်းနဲ မညီညွတ်ပါဘူး ။ ဘုန်းကြီးဖြစ်ပီး ဖုန်းတစ်လုံးနဲ အချိန်ကုန်နေရင်လည်း မဟုတ်သေးပါဘူး ။ ၀တ်နည်းတွေ အများကြီး ဘုန်းကြီးတွေ ပိုသိပါတယ်။ တစ်ချို့ ဘုန်းကြီးတွေဆို မိန်းမတွေနဲ့တောင်ရှုပ်ကြပါသေးတယ်။ အစိုးဆုံးက ခိုးပြေးကြပါတယ် ။ ကျွန်တော်တို့ သာသနာ မှာ ဒါမျိုးတွေ မဖြစ်သင့် ပါဘူး ။ ဘာသာသာသနာ တိုးတတ်အောင်လုပ်တဲ့ နေရမှာ ဘုန်းကြီးတွေ အဓိကပါ ။ ပြည်သူရဲ့ လေးစားမှု ရိုသေကိုင်းရှိုင်းမှုရမှ သာ ဘာသာအကျိုးသာသနာ အကျိုးကိုဆောင်ရွက်နိုင်ကြမှာ ပါ။ ဘုန်းကြီးကျောင်းတွေမှာ ယျဉ်ကျေးမှုစာပေတွေ သင်တန်းတွေ ပေးစေချင်ပါတယ် ။ အလုပ် လုပ်တဲ့ဘုန်းကြီးတွေ ရှိသလို ဘာမှမလုပ်တဲ့ ဘုန်းကြီးတွေ လည်းရှိပါတယ်။ အပြစ်ပြောတာတော့ မဟုတ်ပါဘူး ။ ဘာသာသာသနာ အကျိုးဆောင်ရွက် နိုင်တာ ဦးဆောင်နိုင်တာ ဘုန်းကြီးတွေ ပါ။ ခုဆိုဘာသာရေး ပြိုင်ဆိုင်မှု များလာတဲ့ ခေတ်ကြီး မှာ ။ ဘာသာတိုင်းက သူတို့ဘာသာပြန့် ပွားအောင်လုပ်နေကြတဲ့ ခေတ်ကြီးမှာ ကျုပ်တို့လူမျိုးကျုပ်တို့ ကလေးတွေ စာတောင် မဖပ်တတ်ဘူးဆိုရင် တော့ ဗျာ ။ ရင်နာစ၇ာတွေပါ ။ လှူကြတယ် ဗျ ။ အကျိုးရှိ့ရှိ လှူကြစေချင်ပါတယ် ။ ပြည့်နေတဲ့ အိုးကိုရေ ထပ်ထည့် ရင် ရှန်ကြမှာပါ ။ လိုအပ်နေတဲ့ မပြည့် သေးတဲ့ အိုးတွေအများကြီး ပါ ဗျာ ။ ကျုပ်တို့ဘာ သာ ကျုပ်တို့ သာသနာ ကို တစ်ကယ်နှစ်နှစ်ကာကာ မြတ် နိုးကြရင် ကျုပ်တို့ရဲ မျိုးဆက်သစ် လိုအပ်နေတဲ့ အားငယ်နေတဲ့ မျက်လုံးတွေ အများကြီး ပါ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment