Friday, October 11, 2013

တောသူတောင်သား တွေရဲ့ ပျှော်စရာက အဖြူအမဲ TV လေးကို ၁၂ ဗို့ ဘယ်ဒီလေးဖြင့် အပန်းဖြေကြ ချင်းဖြစ်သည်။ အိမ်ပြန်ရောက်ပီဆိုပါက လုပ်ငန်းအကြောင်းဆွေးနွေးကြရင်း အပန်းဖြေကြသည်။ ပျိုးဆေးနှီး ဖျာသူက ဖြာကြသည်။ တောအကြိုက် ခက်ကြမ်းကြမ်း မြန်မာကားလေး ကြည့်ရင်းနဲ့ ပေါ့ ။ ငိုစရာရှိ့လည်း ငိုလိုက်ကြ ရယ်စရာရှိလည်းရယ်လိုက်ကြ ပွင့်လင်းကြပါတယ်။ လမ်းမီး လျှပ်စစ်မီးကမရှိကြတော့ ရေနံဆီ မီးအိမ်တွေ ဆွဲရင်း အိမ်လည် ကြရတာ သဘာဝ ကျလှပါတယ်။ ညဘက်ပင်ပန်း တော့ လည်းစောစောအိပ်ကြ ပါသည် ။ မိုးဆောင်းနွေ လယ်အလုပ်တွေ ပီးကြတော့ လည်း မအားလပ်နိုင်ကြပါ ။ မိသားစု စားဝတ်နေရေး မီးဖိုချောင် ဖူလုံရေးအတွက်အလုပ်လုပ်ကြ ရပါတယ်။ လျှပ်စစ်မီး ရှကြတော့ ထမင်းဟင်းချက်၇န်လောင်စာအဖြစ် ထင်း မီး သွေး ကိအသုံးပြုကြရတာ ကိုး ။ အများဆုံးက ထင်းပေါ့ ။ ထင်းမရှိ့ရင် ထမင်းချက်လို့ ဟင်းချက်လို့ အဆင်မပြေနိုင် ။ တောတတ် ထင်းဖြတ်ရာလည်း တောသူတောင်သားတွေရဲ့ အလုပ်တစ်လုပ် ။ မနက်အစောကြီး ထ ပီး ထင်းတောတတ်ရတာကိုး ။ နွားတွေ နဲ့ အတူ လူတွေနဲ့ အတူ လူတွေလည်းပင်ပန်းကြပါတယ်။ မနက်စော စော မိုးဆိုဆို နဲ့ မိုးနှောင်းပိုင်းထင်းတောတတ်ရ တာလည်း ပင်ပန်းကြတာကိုး ။ ဖြုတ်ကိုက်ချင်ကိုက် ပင်ပန်းကြ ပေမဲ့ အမြဲ တန်း လုပ်နေကြ အလုပ်ဆိုတော့ လဲ တောသားပဲ ဗျာ ။ ပင်းပန်းမှာပေါ့ ။ စာမဖွဲ့ လောက်။ တောထဲ ရောက်တော့ လဲ စစ်ဆေး အင်သား ထင်စိုက်လို့ ကောင်းမဲ့ အသားတွေထင်းခုတ်ကြရင်း ပျှော်စ၇ာပါ ။ မိုးနှောင်းပိုင်း နေပူ မိုးရွာ မှိုပေါက်တဲ့ရာသီ။ မှိုဖြူများ ရလိုက်ရင်တော့ ။ တောသားတွေ သုံးနေကြစကား မှုရတဲ့မျက်နှာ ဆိုသလို အပျှော်ကြီး ပျှော်ကြပါတယ်။ တောစာ အသီးအရွက်လည်း တစ်ဖက်တစ်လှမ်းက ရှာကြသေးတယ်။ ယင်းပြားရွက် တောကတတ် အစုံ ပါ။ အိမ်သူမယား ကို ယင်းပြားရွက်သုတ်ခိုင်း ပီး ရေနွေးကြမ်းနဲ့ မြီးကြရင်း အပန်းဖြေကြတာ ပေါ့ ။ ပုတတ် ဖွတ် ငှက်ကလေးများ ရကြရင်တော့ သူငယ်ချင်းစုံ အရက်နဲ့ ပေါ့ ။ တော ရွာအချို့ မှာ အများဆုံးက မီးမရကြသေး ။ မီးရတဲ့ ရွာဆိုတာ ရှားပါတယ်။ ကိုထူကိုထ မီးပေးကြရင်း စီးပွားရေးအဖြစ် လုပ်ကိုင်ကြပါတယ်။ တောသူတောသူဌေး ပေါ့ ။ ဖွဲ မီးသုံးလှပ်စစ်ဓါတ်အားပါ။ ဘယ်သူတွေ ဘာပြောပြော တောသားတွေ ဂရုမစိုက် ။ ကို့ဘ၀ကိုယ်ရုန်းကန်ရင်း မိသားစုနဲ့ ပျှော်ပျှာ်နေကြရင်း ရိုးအကြပါတယ်။ လူရည်လည်သူများ ကတော့ နွားပွဲစား လုပ်ကြရင်း စီးပွားရှာကြပါတယ်။ စပါးရောင်း ချပီး စားဝတ်နေရေး ဖြေရှင်း ရင်း ရက်တွေကုန်လ တွေဖြစ် အလုပ်ကတော့ မအားနိုင်ကြ ပါ။ မိုးအကုန် ဆောင်းရောက်ပီ ဆိုပြန်တော့ စပါးသိမ်းချိန်ရာသီ ကိုး ။ ၀င်းဝါနေသော စပါးခင်းကြီးက တောသားတွေအတွက်အားဖြစ်စေပါတယ်။ မိန်းမတောင်းရေး ရှင်ပြု့ ရေး သားရေးသမီးရေးအတွက်ရတတ်မအေးနိုင်ကြပါ ။ သီချင်းတစ်ကျော်ကျော်ဆိုရင်း မနက် စောစော မြူနှင်းနဲ့အတူ စပါးလှဲရတာလည်း ပျှော်စရာ ပါ ။ စပါးအထွက်ကောင်းတဲ့ မိမိ လည်ကွင်းအတွက် ဂုဏ်ယူလို့မဆုံး ။

No comments:

Post a Comment